Home COVID-19 ဖားအံမြို့နယ်တွင် ကိုဗစ်ကူးစက်မှု‌နေ့စဉ်တိုးလာ၍ ကန့်သတ်မှုများ ပိုမိုလုပ်‌ဆောင်လာ

ဖားအံမြို့နယ်တွင် ကိုဗစ်ကူးစက်မှု‌နေ့စဉ်တိုးလာ၍ ကန့်သတ်မှုများ ပိုမိုလုပ်‌ဆောင်လာ

1849

ဒီဇင်ဘာ ၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်‌ရောဂါပိုး ကူးစက်မှု ‌နေ့စဉ်တိုးလာသည့်အတွက် ‌ကျေးရွာနှင့် မြို့တွင်း ရပ်ကွက်လမ်းအချို့ကို ကန့်သတ်ပိတ်ပင်မှုများ ပိုမိုလုပ်‌ဆောင်လာသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစု‌ပေါင်း ၈၁၉ ဦးအနက် ဖားအံမြို့နယ် ထဲတွင် ၃၇၂ ဦးပါဝင်သည်ဟု ယ‌နေ့ (ဒီဇင်ဘာ ၄ ရက်ည) ထုတ်ပြန်သည့် ပြည်နယ်ကျန်းမာ‌ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယခုရက်သတ္တပတ်အတွင်း ဖားအံမြို့ ရပ်ကွက်အချို့တွင် ကိုဗစ် ၁၉ ပိုး‌တွေ့လူနာများလာသည့်အတွက် ပိုး‌တွေ့လူနာများ၏ အိမ်နှင့် ရပ်ကွက်လမ်းအချို့တွင် အသွားအလာကန့်သတ်ပိတ်ပင်( Lockdown) ချထား လိုက်သည့်အပြင် အမှတ် ၂ ရပ်ကွက်ရှိ ဖားအံမြို့ ‌ရေ‌ပေါ်‌ဈေးတွင်လည်း ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိ‌သော‌ကြောင့် ‌ဈေးကိုပိတ်လိုက်ပြီး ‌နေရာ‌ပြောင်း‌ရွှေ့ ဖွင့်ထားလိုက်ရသည်ဟု သိရသည်။

ဖားအံမြို့နယ်စည်ပင်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေး‌ကော်မတီအဖွဲ့ဝင် ဦးတင်‌မောင်လွင်က “ ဒီ‌ရေ‌ပေါ် ‌ဈေးမှာ ‌ဈေး‌ရောင်းတဲ့လူ‌တွေထဲက ကိုဗစ်ကူးစက်တာ‌တွေ့‌တော့ ကျန်တဲ့ ‌ဈေး‌ရောင်းတဲ့လူ‌တွေ အဆင်‌ပြေ ‌အောင် ‌ဈေးကိုပိတ်ပြီး ကျ‌နော်တို့က ‌နေရာ‌ပြောင်း ‌ရွှေ့လုပ်ရတာ‌ပေါ့။ ဒီ‌ဈေးမှာ ‌ဈေး‌ရောင်းတဲ့လူ‌တွေထဲက ကို ဗစ်ကူးစက်တာ အားလုံး‌ပေါင်း ၆ ဦးရှိတယ်လို့ သိရတယ်။ ‌ရေ‌ပေါ်‌ဈေးပဲ ‌နေရာ‌ပြောင်း‌ရွှေ့ဖွင့်လိုက်တယ်။ မြို့မ‌ဈေးကြီးက ဖွင့်‌သေးတယ်။ မြို့မ‌ဈေးအ‌ရှေ့လမ်းမှာ‌တော့ ပိုး‌တွေ့လူနာရှိ‌တော့ Lock down ချလိုက် တာရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် လက်ရှိ ဖားအံမြို့တွင် ကိုဗစ်‌ရောဂါကူးစက်မှု ‌နေ့စဉ်တိုးလာ‌သော‌ကြောင့် ပြည်နယ်အတွင်းရှိ ‌ကျေးရွာအချို့မှ ရွာသူရွာသားများသည် ဖားအံမြို့ကို ညအိပ်သွားလာမည်ဆိုပါက ရွာပြန်လာသည့်အခါ အသွားအလာကန့်သတ် ‌စောင့်ကြည့်မှု (Quarantine ) ဝင်ရမည်ဖြစ်‌ကြောင်းလည်း ရွာစည်းကမ်း ထုတ်ပြန် ‌ကြေညာထားသည်။

ကရင်ပြည်နယ်အ‌နေဖြင့် သံ‌တောင်ကြီးနှင့် ဖာပွန်မြို့နယ်တို့မှလွဲ၍ ဖားအံ၊ ‌ကော့ကရိတ်မြို့နယ် ၊ ကြာအင်း ဆိပ်ကြီး၊ လှိုင်းဘွဲနှင့် မြဝတီမြို့နယ်တို့တွင် ကိုဗစ်‌ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ပြီး ပြည်နယ် ကျန်းမာ‌ရေး ဦးစီးဌာန၏ ဒီဇင်ဘာလ ၄ ရက်‌နေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ ပြည်နယ်တွင်း ကိုဗစ်လူနာစုစု ‌ပေါင်း ၈၁၉ ဦးတွင် ၁ဝ ဦး‌သေဆုံးခဲ့ပြီဖြစ်သည်။