Home ရွေးကောက်ပွဲသတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအပြီး အရပ်ဖက်အဖွဲ့များ၏ အမြင်သ‌ဘောထားများ

၂၀၂ဝ ‌ရွေး‌ကောက်ပွဲအပြီး အရပ်ဖက်အဖွဲ့များ၏ အမြင်သ‌ဘောထားများ

2467

ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲကို ၂၀၂ဝ နိုဝင်ဘာလ ၈ရက်‌နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည် နယ်နှင့် တိုင်း‌ဒေသကြီးများအထိ အသီးသီး ကျင်းပခဲ့ကြသည်။ အဆိုပါ‌ရွေး‌ကောက်ပွဲ၏ လတ်တ‌လော ရလဒ်နှင့် အ‌ခြေအ‌နေများအ‌ပေါ် ကရင်အရပ်ဖက်အဖွဲ့များ၏ အမြင်သ‌ဘောထားများကို ‌မေးမြန်းတင်ဆက်လိုက်ပါသည်။

‌နော်မာမာချို (သံ‌တောင်ကြီး အမျိုးသမီးအဖွဲ့ ဒါရိုက်တာ)
အဓိက‌တော့ အစ်မတို့သံ‌တောင်ကြီးမှာ‌တော့ ကိုယ့်တိုင်းရင်းသားပါတီ အနိုင်ရဖို့ ကြိုးစားခဲ့တယ်။ ဒါ‌ပေမယ့် အခုလက်ရှိ ကရင်ပါတီ တစ်‌နေရာပဲ ရတယ်‌ပေါ့‌နော်။ အဲဒီဟာအတွက် စိတ်လည်းမ‌ကောင်းဘူး။ ကိုယ့်‌ဒေသပဲဖြစ်ဖြစ်၊ ကိုယ့်ပြည်နယ်ပဲဖြစ်ဖြစ်‌ပေါ့။ အဲဒီအတွက်ကို ကရင်လူမျိုး‌တွေအတွက် အများကြီးလုပ်ဖို့လည်း လို‌သေးတယ်။ အခု လက်ရှိမှာ ကရင်ပါတီ တစ်‌ယောက်ထဲရတယ်ဆို‌တော့ ‌တော်‌တော်‌လေး အားမရှိဘူး‌ပေါ့။ တကယ်လို့ လွှတ်‌တော်တက် တဲ့ အချိန်အခါဆိုလို့ရှိရင်လည်း မဲခွဲဆုံးဖြတ်တဲ့‌နေရာမှာ ဒီအရာက အင်အားမရှိဘူး‌ပေါ့။

များ‌သောအားဖြင့် ပါတီငယ်‌လေး‌တွေက အစိုးရမဖွဲ့နိုင်ဘူးပဲ ‌ပြောတဲ့အခါကျ‌တော့ တချို့ကလည်း အဲလိုနား ‌ယောင်မိတယ်။ တကယ်‌တော့ တိုင်းရင်းသားပါတီပဲဖြစ်ဖြစ်၊ လွှတ်‌တော်ထဲမှာ ဖက်ဒရယ်ဒီမိုက‌ရေစီ သွားချင်တယ်ဆို ရင် အ‌ရောင်မျိုးစုံ၊ အသံမျိုးစုံ ပါဖို့လိုတယ်‌လေ။ အခုတစ်ပါတီပဲ ဖြစ်‌နေတဲ့အခါကျ‌တော့ တိုင်းရင်းသားအသံ ‌မှေးမှိန် မယ်ဆိုတာ အဓိကအချက်‌ပေါ့။

တိုင်းရင်းသားပါတီဖြစ်ဖြစ်၊ ကရင်ပါတီပဲဖြစ်ဖြစ် တတ်နိုင်သ‌လောက် နားလည်‌အောင် ‌ပြောပြတာပဲ‌ပေါ့‌နော်။ နားလည်‌အောင်‌ပြောပြတဲ့အခါမှာ တိုင်းရင်းသား‌တွေက ဘာဖြစ်လို့ ပါတီကြီး‌တွေကိုပဲ ‌ပေးလဲဆိုတာက‌တော့ သူတို့ရဲ့ ‌ရွေးချယ်မှုပဲ‌ပေါ့။ အခုလက်ရှိမှာက ဘယ်သူမှ လူကိုမကြည့်‌တော့ဘူး‌လေ။ ကိုယ့်‌ဒေသကို လုပ်‌ပေးနိုင်မယ့်လူကို မကြည့်ဘူး‌တော့ဘဲနဲ့ ပုံရိပ်တစ်ခုနဲ့ပဲ အကုန်လုံးက ထုခဲ့တာပဲ။ လွှတ်‌တော်ကိုယ်စားလှယ်က အဖြူလား၊ အမဲလား ဆိုတာ ဘယ်သူမှ မကြည့်ခဲ့ဘူး‌လေ။ ကရင်ကိုယ်စားပြုတဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေ လွှတ်‌တော်တက်ခွင့်မရ ‌တော့တဲ့အ‌ပေါ်မှာ ‌ဒေသအတွက် ‌တောင်းဆိုတာပဲဖြစ်ဖြစ်၊ ကရင့်အတွက် လွှတ်‌တော်ထဲမှာ ‌တောင်းဆိုတာပဲဖြစ်ဖြစ် ကရင်ပြည်သူလူထုအတွက်‌တော့ အများကြီး နစ်နာဆုံးရှူံးတယ်။ အဲဒီအတွက်လည်း စိတ်မ‌ကောင်းဘူး‌ပေါ့။

တိုင်းရင်းသား‌ရေးရာဝန်ကြီး‌ရွေးတဲ့အခါမှာလည်း ‌ရေးရာဝန်ကြီးဟာ ဖြူသလား၊ မဲသလား သိမှာမဟုတ်ဘူး။ သိလည်းမသိဘူး။ ဒါ‌ပေမယ့် အဲဒီပါတီတစ်ခုကိုပဲ ‌ပေးရမယ့်အခါကျ‌တော့ ‌ပေးလိုက်ကြတာ‌ပေါ့။ အဓိက‌တော့ ကိုယ့် ‌ခေါင်း‌ဆောင်ကို ‌ရွေးချယ်တဲ့အခါမှာ ‌သေချာ‌လေး ကိုယ့်အကျိုးကို လုပ်‌ပေးနိုင်တဲ့လူကို ‌ရွေးချယ်ဖို့လိုတယ်။ ဒီအသိ ပညာ‌လေးလည်း အားနည်း‌နေ‌သေးတာ‌ပေါ့‌နော်။

ကရင်ပါတီဘက်ကလည်း ‌ပြောရမယ်ဆိုလို့ရှိရင် ဒါကိုယ့်ရဲ့လိုအပ်ချက်လည်း ပါတာ‌ပေါ့‌နော်။ စည်းရုံး‌ရေး လည်း အားနည်းတယ်။ မဲအသိပညာ‌ပေးလည်း အားနည်းတယ်။ ‌နောက်တစ်ခု သိလိုက်ရတာက ပယ်မဲ‌တွေလည်း အများကြီးရှိတယ်ဆိုပြီး သိလိုက်ရတဲ့အခါကျ‌တော့ မဲအသိပညာ‌ပေးလည်း များများ‌ပေးရမယ်၊ တိုင်းရင်းသား‌တွေဘက် ကလည်း စည်းရုံး‌ရေးလုပ်ဖို့လိုတယ်။ လုပ်တဲ့အခါမှာ ‌သေချာခိုင်မာ‌အောင်လည်း လုပ်ရမယ်ဆိုတာ သိလိုက်ရတာ‌ပေါ့။

‌စော‌သောကြာ (မွန်ပြည်နယ် ကရင်လူငယ်ကွန်ရက်)
ကရင်ပါတီ မနိုင်တာက စိတ်မ‌ကောင်းဘူး‌ပေါ့။ အဓိက ကိုယ့်ကရင်ပြည်သူလူထု‌တွေကလည်း နိုင်ငံ‌ရေး၊ အမျိုးသား‌ရေး အ‌ခြေခံ အားနည်း‌နေကြတယ်။ ‌တော်‌တော်‌လေးကို အားနည်းတယ်။ တစ်ချို့က‌တော့ လက်ချည်တာ၊ ဒုံးကတာကို အမျိုးသား‌ရေးလို့ထင်‌နေကြတယ်။ ဟုတ်‌တော့ဟုတ်ပါတယ်။ ဒါ‌ပေမယ့် နိုင်ငံ‌ရေးအ‌ခြေခံ‌တော့ရှိရမှာ‌ပေါ့။ အမျိုးသား‌ရေး လုပ်လိုက်ရင် အစွန်း‌ရောက်တယ်လို့‌ပြောကြတယ်။ ကရင်ပါတီကို ဘာ‌ကြောင့် မဲထည့်ဖို့လိုလဲဆိုတာက တစ်ခုခုဖြစ်ရင် ငါတို့ထိန်း‌ကြောင်းလွယ်တယ်။ ‌ပြောလို့လွယ်တယ်။ NLD ပဲ တက်တဲ့အခါကျ‌တော့ ငါတို့က NLDကို ထိန်း‌ကြောင်းလို့မရဘူး ခက်တယ်‌လေး။ ကရင်မဲဆန္ဒရှင်‌တွေကလည်း ကရင်ပါတီ‌တွေကို ဘယ်လိုထင်လဲဆို‌တော့ ကရင်ပါတီ‌တွေက အစိုးရမဖွဲ့နိုင်လို့ မဲမထည့်ဘူး‌ပေါ့။ ‌နောက်တစ်ခုက ကရင်ပါတီ‌တွေက ကြံ့ဖွံ့‌နောက်မြီးဆွဲ‌တွေ။ ကရင်ပါတီကို မဲထည့်ရင် စစ်တပ်‌အောက် ပြန်‌ရောက်သွားမယ်။ အဲလိုမြင်ကြတာ‌ပေါ့။ လူထု‌တွေက တစ်ဖက်ပါတီ ကြီးရဲ့ မှိုင်းတိုက်တဲ့ဒဏ်ကို ခံရတာ‌ပေါ့။ ပြီး‌တော့ မဲတန်ဖိုးကိုလည်း ‌တော်‌တော်များများ မသိဘူး‌ပေါ့။ သူတို့သိတာက NLD နိုင်ဖို့ပဲ။

ကရင်ပါတီရှူံးတဲ့အ‌ပေါ်မှာ မွန်ပြည်နယ်အ‌နေနဲ့ ‌ပြောရမယ်ဆိုရင် ဆုံးရှူံးမှု‌တွေ‌တော့ ရှိတာ‌ပေါ့။ ပြီး‌တော့ NLD သက်တမ်း ၄နှစ်‌ကျော်မှာ ‌ရေးရာဝန်ကြီးကလည်း ကရင့်အ‌ရေးဆိုရင် စာ‌ပေယဉ်‌ကျေးမှု‌လောက်ပဲ လုပ်တယ်။ အခုတက်လာမယ့် မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးကလည်း မွန်ပြည်နယ်မှာလည်း မ‌နေဘူး။ မွန်ပြည် မှာရှိတဲ့ ကရင်အဖွဲ့‌တွေနဲ့ ရင်းနှီးမှုလည်း မရှိထားဘူး။ အကုန်အသစ်ဖြစ်‌တော့ ကိုယ့်ကရင်အတွက်‌တော့ နစ်နာမှာ‌ပေါ့။ တစ်ခြားပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီးက‌တော့ အ‌ဟောင်း‌တွေဖြစ်တယ်။ သူတို့လည်း ၅နှစ်ဆို‌တော့ ကရင်အ ‌ရေး လုပ်ရမယ့်အရာ‌တွေ သိသ‌လောက်‌တော့သိပြီး။ ရန်ကုန်တိုင်းက တက်လာမယ့် ‌ရေးရာဝန်ကြီးကလည်း သူက ကရင်အ‌ရေး‌တွေ ထဲထဲဝင်ဝင် လုပ်‌ဆောင်ထားတဲ့လူဆို‌တော့ အဆင်‌ပြေတယ်။ မွန်ပြည်နယ်မှာက အသစ်ဆို‌တော့ ကရင်အ‌ရေးလုပ်နိုင်မယ်ဆိုရင် လက်ချည်ပွဲကျင်းပမယ်၊ နှစ်သစ်ကူးလုပ်မယ်၊ ကရင်စာ‌ပေ‌တွေ အဲဒီ‌လောက်ပဲ လုပ်နိုင် အုံးမယ်။

ကရင်ပါတီ‌တွေကလည်း လိုအပ်ချက်အများကြီးရှိတာကို ‌တွေ့ရတယ်။ မွန်ပြည်နယ်အ‌နေနဲ့‌ပြောရမယ်ဆိုရင် ကရင်ပါတီက ‌ရွေး‌ကောက်ပွဲနီးမှ ထလုပ်တယ်။ ‌ဒေါက်တိုင်ကို မတည်‌ဆောက်ဘူး။ တစ်ပွဲထိုး‌တွေ လုပ်တယ်။ အခု ကရင်ပါတီ‌တွေမနိုင်‌တော့ လွှတ်‌တော်မှာ ကရင်အသံပါဖို့က တိုင်းရင်းသားမဟာမိတ်ပါတီကိုပဲ အားကိုးရ‌တော့မှာ‌ပေါ့။ သူတို့‌တွေလည်း တိုင်းရင်းသားတစ်စုံလုံးစာ ‌ပြော‌ပေးနိုင်ရင်‌တော့ ‌ကောင်းတာ‌ပေါ့။ သူတို့က တိုင်းရင်းသားတစ်စုံလုံးအ ‌ရေးကိုပဲ ‌ပြောမယ်လို့ထင်ပါတယ်။

‌နော်တ‌ကော်ထူး (ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်-KSCN၊ ‌ကော့ကရိတ်တာဝန်ခံ)
ကရင်ပြည်နယ် မဲရရှိတဲ့အ‌ခြေအ‌နေက‌တော့ ‌ပြောရမယ်ဆိုရင် နိုင်ငံ‌ရေး‌ရေချိန်မြင့်တယ်လို့ပဲ ကျမတို့ ဆိုလို့ရ တာ‌ပေါ့‌နော်။ ဥပမာ ကျမတို့တိုင်းရင်းသား‌တွေလိုချင်တဲ့ အ‌ခြေခိုင်မှု၊ မူဝါဒခိုင်မာမှုဆိုင်ရာ မသွားနိုင်ကြ‌သေးဘူး‌လေ။ လွန်ခဲ့တဲ့ ၅နှစ်တာကာလလည်း ‌မျှော်မှန်းသ‌လောက်မဖြစ်လာဘူး‌လေ။ ဒီအ‌ပေါ်မှာ တိုင်းရင်းသား‌တွေ လိုချင်တဲ့ နိုင်ငံ ‌ရေးအာမခံမှုက ပိုပြီး လိုအပ်လာတာ‌တွေကို လူ‌တွေက ပိုသိလာတယ်။ အဲဒီနိုင်ငံ‌ရေး အာမခံချက်ဆိုတာ မူဝါဒပိုင်းဆိုင် ရာ ချနိုင်တာဆိုတာကလည်း ပါတီကြီး ဖြစ်ဖို့လိုတယ်‌လေ။ အစိုးရမဖွဲ့နိုင်ဘူးဆိုတာကလည်း လွှတ်‌တော်ထဲမှာသွားပြီး ‌တော့ တကယ့်လူထုလိုလားတဲ့ ဆုံးဖြတ်ချက်က ‌တော်‌တော်‌လေး မကျဘူး‌ပေါ့‌လေ။ အဲဒီစဉ်းစားချက်‌တွေကလည်း ပိုပြီး‌တော့ မြင့်လာတယ်လို့ ကျမ‌တော့မြင်တယ်‌ပေါ့‌နော်။

လက်ရှိထွက်လာတဲ့ ရလဒ်က တိုင်းရင်းသားရဲ့အ‌ခြေခံမူကို‌တော့ လုပ်ရင်လုပ်သ‌လောက်‌တော့ သူတို့အ‌ပေါ်မှာ ပဲ မူတည်တာ‌ပေါ့။ နိုင်ငံ‌ရေး‌ရေချိန် လုပ်ရင်လုပ်သ‌လောက်‌တော့ ကျမတို့ တိုင်းရင်းသား‌တွေရဲ့ အ‌ခြေခံမူကို ရမှာ‌ပေါ့။ လက်ရှိရတဲ့ရလဒ်က လူ‌တွေက‌တော့ ပါတီကိုပဲကြည့်ပြီး‌ပေးတာ လူကိုကြည့်ပြီး‌ပေးတာ မဟုတ်ဘူး။ လူကိုကြည့်ပြီး ‌ပေးရင်‌တော့ ကိုယ့်တိုင်းရင်းသား‌တွေရမှာ‌ပေါ့။ ပြီး‌တော့ ကြိုတင်မဲမှာလည်း ‌တော်‌တော် စကား‌ပြောတယ်။ ပြည်ပမှာ ‌ရောက်တဲ့လူက နိုင်ငံ‌ရေး ‌ရေချိန် ပိုပြီး‌တော့ စဉ်းစားတယ်။ သူတို့‌တွေက သူများတိုင်းပြည်ရဲ့ အသီးအပွင့်ကို ခံစားဖူးပြီး ဆို‌တော့ ကိုယ့်ဆီကလူ‌တွေကို အဲဒီအသီးအပွင့်‌တွေကို ခံစား‌စေချင်‌တော့ ဒီအ‌ခြေခံမူပဲ ရချင်တယ်။ ဥပမာ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေမှာ တိုင်းရင်းသား‌တွေလိုချင်တဲ့ နိုင်ငံ‌ရေးအာမခံချက်‌တွေကို သူတို့‌ရေးဆွဲနိုင်ပြီးဆိုရင် ‌သေချာတယ်။ ပါတီကြီး‌တွေက လွှတ်‌တော်ထဲမှာ သိပ်ပြီးအားနည်းသွားမယ်။ တိုင်းရင်းသားပါတီ‌တွေက ပိုပြီး‌တော့ များလာမယ် ‌သေချာတယ်။ လွှတ်‌တော်မှာ တိုင်းရင်းသား‌တွေ တအားလိုအပ်တယ်ဆိုတာ လူထု‌တွေသိ‌အောင် ကျမတို့လို လူမှုအဖွဲ့ အစည်း‌တွေ ပိုပြီး‌တော့ မျှ‌ဝေဖို့လိုမယ်လို့ထင်တယ်။

ကိုယ့်ကရင်လူမျိုးပါတီ‌တွေကို ကရင်လူထု‌တွေ နိုင်‌စေချင်တာပဲ‌ပေါ့။ ဒါ‌ပေမယ့် လတ်တ‌လော နိုင်ငံ‌ရေးအခင်း အကျင်းရယ်။ ပြီး‌တော့ ကရင်လူထု‌တွေရဲ့ Mindset ‌တွေက ကရင်ပါတီရဲ့‌နောက်ကွယ်က လက်မဲကြီးကဘာလဲ။ စဉ်းစားလာကြတယ်။ စဉ်းစားတဲ့လူတချို့ကရှိတာက ကာချုပ်နဲ့သွား‌တွေ့တာကလည်း FB မှာ ‌တော်‌တော်ပြန့်တာပဲ ‌လေ။ ဒါမျိုးလူထု‌တွေက စဉ်းစားလို့ အားနည်းတာလည်း ပါတယ်။ ဒါက ‌တော်‌တော်များများရဲ့ စဉ်းစားချက်‌တွေ ‌တွေ့ရှိ ချက်‌တွေ‌ပေါ့‌နော်။ ‌နောက်ပြီး ကရင်လူထု‌တွေက NLD ကို ဘာ‌ကြောင့် မဲထည့်လဲဆိုတာက တကယ်လို့ ညွန့်‌ပေါင်းဖြစ် သွားမယ်ဆိုရင် သူတို့လိုချင်တဲ့ ဖယ်ဒရယ်ဟာ ‌တော်‌တော်နဲ့ ဆုံးဖြတ်ချက်မချနိုင်ဘူးလို့ သူတို့စဉ်းစားတတ်လာတယ်။ ကျမ မြင်ရသ‌လောက် သိရသ‌လောက်‌လေး‌ပေါ့။ ပါတီတစ်ခုထဲဆိုရင်‌တော့ ဆုံးဖြတ်ချက်ကျမြန်တယ်။ ပါတီတစ်ခုနဲ့ လည်း အစိုးရဖွဲ့နိုင်တဲ့အခါကျ‌တော့ လူ‌တွေရဲ့ နိုင်ငံ‌ရေး ‌ရေချိန်မြင့်လာပြီး ဒီလိုပဲ ရလဒ်ထွက်မယ်လို့ ကျမထင်တယ်။

ကျမရွာထဲဆင်းတဲ့အခါမှာလည်း သူတို့ဆီက အလွတ်သ‌ဘော‌ဆွေး‌နွေးမှုလုပ်တဲ့အခါ ‌တွေ့ရတယ်။ ပြီး‌တော့ ‌ဒေါ်စု ‌အောက်‌ခြေဆင်းလာတဲ့အတွက် အားသာချက်တစ်ခုပဲ‌လေ။ ပြီး‌တော့ လက်ရှိအစိုးရက လက်‌တွေ့ တကယ်ပြည် သူ‌တွေရဲ့မျက်နှာကို မူတယ်ဆိုတာ သူတို့‌တွေ့တယ်‌လေ။ ဒါက သူတို့ရဲ့ ပါးပါး‌လေးစဉ်းစားချက်‌ပေါ့။ တကယ့်နိုင်ငံ‌ရေး ‌ရေချိန်ရှိတဲ့လူ‌တွေရဲ့ စဉ်းစားချက်‌တွေမဟုတ်ဘူး‌ပေါ့။ ‌နောက်ပြီး အခု‌ခေတ်က ဆက်သွယ်‌ရေးလည်း အရမ်း‌ကောင်း လာ‌တော့ အရင်အစိုးရက ဘာလုပ်‌ပေးလဲ။ ယခုအစိုးရက ဘာလုပ်‌ပေးနိုင်လဲ၊ ပြီး‌တော့ပါတီ‌တွေက ဘယ်သူ‌တွေနဲ့ မဟာမိတ်‌တွေ လုပ်လဲ။ သတင်း‌တွေက အမြဲ စီးဆင်းမြန်ပြီး ‌တွေ့ရမြင်ရတာ‌တွေ‌ကြောင့် NLD အားသာသွားတယ်လို့ မြင်တယ်။

‌စော‌ကျော်လင်း (ရန်ကုန် ကရင်လူငယ်ကွန်ရက်)
ကျ‌နော်တစ်‌ယောက်ထဲ အမြင်က‌တော့ ဒီရလဒ်က ကျ‌နော်တို့ သိ‌နေပြီး‌ပေါ့‌နော်။ ဘာလို့ ဒီလိုဖြစ်‌နေရတာလဲ ဆိုတာ အဓိက‌တော့ ကရင်ပါတီနဲ့ ကရင်လူထုနဲ့က ထိမ‌နေဘူးလို့ ကျ‌နော်မြင်တယ်။ ထိစပ်မှုနည်းတယ်လို့ ကျ‌နော်မြင် တယ်။ အဓိက‌တော့ ‌ရွေး‌ကောက်ပွဲနီးလာမှ ကျင်းပဖို့ ဒီလူထုနဲ့ ထိ‌တွေ့လာတဲ့အပိုင်း‌တွေ‌ပေါ့‌နော်။ အဲဒီမတိုင်ခင်မှာ ‌တော့ ကရင်လူထု‌တွေနဲ့ နည်းနည်း‌ဝေးကွာတဲ့ပုံစံမျိုး‌တော့ဖြစ်‌နေတယ်။ အဲဒါကျ‌နော် တစ်‌ယောက်ထဲအမြင်‌ပေါ့‌နော်။ အဲဒါ‌ကြောင့် ဒီရလဒ်က ဒီလိုမျိုးပဲထွက်လာခြင်းဖြစ်လယ်လို့ ကျ‌နော်ယူဆတယ်‌ပေါ့‌နော်။ ‌နောက်တစ်ခုက ဒီ‌ရွေး ‌ကောက်ပွဲက တရားမျှတမှု မရှိဘူးလို့‌တော့ ‌ပြောလို့ရတယ်။ ဘာလို့လဲဆို‌တော့ ပါတီကြီး‌တွေက အသာစီးယူထားပြီး ‌တော့မှ တခြားပါတီ‌တွေ၊ တိုင်းရင်းသားပါတီ‌တွေအတွက်က အခွင့်အ‌ရေးဆုံးရှုံးတယ်။ တန်းတူအခွင်အ‌ရေးမရဘူး‌ပေါ့‌နော်။ ‌ပြောချင်တာက ကိုဗစ်ကာလလည်းဖြစ်‌နေတယ်။ မဲဆွယ်စည်းရုံးတဲ့‌နေရာမှာလည်း ကန့်သတ်ချက်‌တွေ အများကြီးဖြစ်‌နေတယ်‌ပေါ့‌နော်။ အဲဒါ‌ကြောင့် ဒီရလဒ်ထွက်လာတယ်လို့ ထင်ပါတယ်။

ကရင်လူထု‌တွေမှာလည်း မဲဆွယ်စည်းရုံးတဲ့ကာလ‌တွေက အချိန်မရှိဘူး။ ယှဉ်ပြိုင်တဲ့အခါမှာ နစ်နာဆုံးရှုံးမှု ‌တွေ အများကြီးရှိတယ်။ ပြည်သူလူထု‌တွေကလည်း ရှိ‌နေတဲ့သူကိုပဲ သိကြတာ‌လေ။ ‌နောက်တစ်ချက်က‌တော့ ပါတီ ကြီး‌တွေရဲ့ဝါဒဖျက်မှု၊ ဒီပါတီကိုမှ အစိုးရ မဖွဲ့နိုင်ဘူးဆိုရင် မဲကွဲသွားမယ်ဆိုရင် စစ်ဖိနပ်‌အောက်ပဲပြန်‌ရောက်မယ်ဆိုတဲ့ ဝါဒဖြန့်မှု‌တွေ၊ ‌နောက်တစ်ခုက ပါတီငယ်‌လေး‌တွေကပဲ တိုင်းရင်းသားပါတီ နိုင်မယ်ဆိုရင်‌ရော ဒီလူဦး‌ရေ ဒီ‌လောက်နဲ့ ဘယ်လိုလုပ် အစိုးရဖွဲ့နိုင်မှာလည်း အဲ့လိုမျိုး‌ပြောဆိုချက်‌တွေက‌ပေါ့‌နော်။ အဓိက အဲ့ဒါ‌တွေက အဓိက သက်‌ရောက်မှု ရှိတယ်လို့ ကျ‌နော်က မြင်ပါတယ်။ အဲ့လိုအ‌ခြေအ‌နေ‌ကြောင့် အဲ့လိုဝါဒဖြန့်မှု‌တွေရယ် ပြီး‌တော့ ကရင်ပါတီ‌တွေနဲ့ ကရင် ကိုယ်စားလှယ်‌တွေက ထိ‌တွေ့မှုမရှိဘဲနဲ့ ဒီပါတီကြီး‌တွေကပဲ ထိ‌တွေ့မှုရှိတဲ့အခါကျ‌တော့ ရှိ‌နေတဲ့သူကိုပဲ ‌ရွေးရ တာရယ်၊ ‌နောက်တစ်ခုက နိုင်ငံ‌ရေး အမျိုးသား‌ရေးအဖြစ် မြင်ကြ‌တော့ အားမစိုက်နိုင်ဘူး၊ စားဝတ်‌နေ‌ရေးနဲ့ပဲ လုံးပမ်း ‌နေရ‌တော့ မသိတာ‌ပေါ့‌နော်။

ပထဝီအ‌နေအထားမှာလည်း အဲ့လိုပါပဲ။ အထူးသဖြင့် အရင်‌ရွေး‌ကောက်ပွဲ မတိုင်ခင်တုန်းက ပါတီကိစ္စနဲ့ ပတ် သက်ပြီး‌တော့ ကျ‌နော်တို့ ကြိုးစား‌ပေးတာရှိတယ်‌လေ။ လူထု‌တွေအမြင်မှာ‌တော့ ပါတီ စည်းလုံးညီညွှတ်မှု မရှိဘူးလို့ပဲ အများအားဖြင့် မြင်ကြတယ်။ နည်းနည်း‌တော့ ‌ယေဘုယျမဆန်ဘူး။ ဒါ‌ပေမယ့် အဲ့လိုမျိုး ဆုံးဖြတ်လို့ရတယ်။ ‌ပြောကြ ဆိုကြတာ ကျ‌နော်တို့မြင်‌နေရ၊ကြား‌နေရတာက ကရင်တစ်ပါတီထဲ ရှိ‌နေရင် ဒီလိုကိစ္စ ဖြစ်စရာအ‌ကြောင်းမရှိဘူး။ ပါတီ တချို့ မဲဆန္ဒနယ် အနည်းအကျဉ်းသာ ထပ်တယ်။ မဲဆန္ဒနယ်မထပ်ဘူးဆို‌ပေမယ့် ကရင်ပါတီ‌တွေ ‌ပေါင်းစည်းလို့ မရတဲ့ အခါကျ‌တော့ လူထုက ဒီအ‌ပေါ်မှာ ဘဝင်မကျတာလဲ ပါမှာ‌ပေါ့‌နော်။ အဲ့‌ကြောင့် ရလဒ်အ‌နေနဲ့ ဒီလို ထွက်လာတယ်လို့ ပဲ ကျ‌နော်‌တော့ မြင်ပါတယ်။

ဘာလို့ NLD ကိုပဲ မဲ‌ပေး‌နေကြလဲဆိုရင် အဓိက ဝါဒဖြန့်မှု‌တွေ‌ကြောင့်။ ဘာလို့လည်းဆို‌တော့ ကရင်‌တွေမှာက တစ်ကမာ္ဘလုံးမှာ နှစ်‌ပေါင်းရှည် ပြည်တွင်းစစ်ဒဏ်ကို အခံရဆုံးသူ‌တွေက ကရင်‌တွေပဲ ရှိတယ်။အဲ့လို ဝါဒဖြန့်မှု‌တွေက လာထိ‌ရောက်တယ်။ ဒီအကြပ်အတည်း‌တွေ ပဋိပက္ခ‌တွေက‌နေ လွတ်‌မြောက်ချင်‌နေပြီ‌လေ။ ကရင်ပါတီအ‌ခြေအ‌နေကလည်း ‌ရှေ့ပိုင်းက ‌ပြောတဲ့ပုံစံအတိုင်း အဲ့လိုဖြစ်‌နေ‌တော့ ‌နောက်ဆုံး သူတို့မှာ ‌ရွေးချယ်စရာ မရှိ‌တော့တဲ့ ပုံစံမျိုးဖြစ်သွားတာ‌ပေါ့‌နော်။ အဲ့ဒီအ‌ကြောင်းရင်း‌ကြောင့်ပါမယ်လို့ ကျ‌နော် ယူဆပါတယ်။

‌ကေအိုင်စီ သတင်း‌ထောက် နန်း‌ဝေဖြိုးဇာ ‌မေးသည်။