Home ရွေးကောက်ပွဲသတင်း မြဝတီမြို့ရှိ မဲရုံတစ်ခုတွင် မီဒီယာများ သတင်းရယူခွင့် ဟန့်တားခံခဲ့ရ

မြဝတီမြို့ရှိ မဲရုံတစ်ခုတွင် မီဒီယာများ သတင်းရယူခွင့် ဟန့်တားခံခဲ့ရ

2511

နိုဝင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ‌ရွေး‌ကောက်ပွဲဆိုင်ရာ သတင်းရယူ ခွင့်အတွက် သက်‌သေခံကဒ် ထုတ်‌ပေးထား‌သော မြဝတီမြို့က မီဒီယာ ၄ ဦးမှာ အမှတ် ၄ ရပ်ကွက်ရှိ မဲရုံတစ်ခုတွင် သတင်းဓာတ်ပုံရိုက်‌နေစဉ် ဟန့်တားခံခဲ့ရ‌ကြောင်း သိရသည်။

မြဝတီ မြို့ အမှတ် ၄ရပ်ကွက်၊ မြို့မအားကစားကွင်း မဲရုံအမှတ်(၇) တွင် ကန့်သတ်ထား‌သော မဲ‌ပေးခန်းအတွင်းသို့ မဟုတ်ဘဲ မဲရုံပရဝုဏ်ဝင်း၏ ကိုက် ၅၀ဝ အတွင်းရှိ မဲ‌ပေးသူပြည်သူများ အား သတင်းဓာတ်ပုံရိုက်‌နေသည့် မြဝတီမြို့က သတင်းမီဒီယာ ၄ ဦးကို ယင်းမဲရုံမှူးနှင့် မဲရုံတာဝန်ကျသူတို့တစ်ချို့က တားမြစ်ခဲ့ခြင်းဖြစ်သည်။

“ညွှန်ကြားချက်အရ မဲရုံပရဝုဏ်အတွင်းသို့ ဝင်‌ရောက်ခွင့်မပြုပါဘူး။ ဓာတ်ပုံရိုက်ခွင့်လည်း မပြုပါဘူး”ဟု ၎င်း မဲရုံ၏ ‌ရွေး‌ကောက်ပွဲလုံခြုံ‌ရေးနှင့် စီမံခန့်ခွဲ‌ရေးတာဝန်ခံ ဦးဆန်းထွန်းက ‌ပြောသည်။

ထိုသို့ သတင်းရယူခွင့် ဟန့်တားခံရမှုနှင့်ပတ်သက်၍ “ ဒါက‌တော့ မဖြစ်သင့်ပါဘူး။ ကျ‌နော် တို့က ပြည်သူ‌တွေရဲ့ လျှို့ဝှက်မဲ‌ပေးခွင့်ကို မ‌နှောင့်ယှက်ဘဲ မဲ‌ပေးခန်းထဲမှာ ဓာတ်ပုံ ဝင်ရိုက်တာ မဟုတ်ဘူး‌လေ။ မဲ‌ပေးခန်းနဲ့ ကန့်သတ်ထားတဲ့ အပြင်ဘက်မှာ သတင်းယူတာပါ။ ဒီအတွက်လည်း မြို့နယ်‌ကော်မရှင်ထံ ဥပ‌ဒေထုတ်ပြန်ချက်နဲ့အညီ သတင်းရယူခွင့် မီဒီယာ သက်‌သေခံကဒ်ပြားလည်း ထင်သာမြင်သာ ချိတ်ဆွဲပြီး သတင်းယူကြတာဖြစ်တယ်”ဟု မြဝတီမြို့မှ Eleven သတင်း‌ထောက် ကို‌ရွှေသိန်း က ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အတွင်း‌ရေးမှူး
ဦးလင်းနိုင်စိုးအား မီဒီယာများမှ သွား‌ရောက်‌မေးမြန်းကြရာတွင် မဲ‌ပေးခန်းပြင်ပရှိ ကန့်သတ်စည်းကို ‌ကျော်လွန်ပြီး မဲရုံအတွင်းကို ဝင်‌ရောက်ဓာတ်ပုံရိုက်ကူးခွင့်၊ သတင်းရယူခွင့်မရှိ‌ကြောင်း၊ မဲ‌ပေးခန်းအပြင်ဘက် မဲရုံပရဝုဏ်အတွင်းတွင် သတင်းရယူခွင့်ရှိ သည်ဟု ‌ဖြေကြားသည်။

ထို့အတူ ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ ဖားပြမဲရုံတွင်လည်း မဲရုံပရဝုဏ်အတွင်း သတင်း ဓာတ်ပုံများ ဝင်‌ရောက်ရိုက်ကူးခွင့်မ‌ပေးသည့်အတွက် သတင်းရယူမှုအပိုင်းနှင့်ပတ်သက်၍ အဆင်မ‌ပြေမှုများကြုံ‌တွေ့ရ‌နေရသည်ဟု ထိုမဲရုံတွင် ‌ရောက်ရှိ‌နေသည့် ‌ကေအိုင်စီ သတင်း ‌ထောက်က ‌ပြောသည်။

မြဝတီ မြို့တွင် တပ်မဲရုံ ၁၁ ရုံ အပါအဝင် မဲရုံ‌ပေါင်း ၈၃ရုံရှိပြီး မဲ‌ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ ၁၇၂,၀၂၅ ဦးရှိကာ ‌အောက်တိုဘာလ ၂၉ ရက်‌နေ့မှ နိုဝင်ဘာလ ၆ရက်‌နေ့ထိ ကြိုတင်မဲ‌ပေးခဲ့သူ ၁၆,၀၀ဝ ‌ကျော်ရှိ‌ကြောင်း သိရသည်။