အမြင်သဘောထား
၂၀၂ဝ အထွေထွေ ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် အခြေ စိုက် ကရင်နိုင်ငံရေးပါတီ ၄ပါတီက ခေါင်းဆောင်များ၏ အမြင်သဘောထား၊ ပြောဆိုမှုများကို ကေအိုင်စီသတင်း ထောက် စောရှားက ဆက်သွယ်မေးမြန်းထားပါတယ်။
မန်းထိန်ဝင်းစိန် (KNP-ကရင်အမျိုးသားပါတီ၊ ဒုဥက္ကဌ)
ကရင်ပါတီတွေ မဲရှုံးရခြင်းအကြောင်း တွက်လိုက်ရင် အခု ရန်ကုန်(တိုင်းဒေသကြီး)မှာ ရခိုင်ရေးရာအတွက် ဒေါ်ထုမေ က တစ်သီးပုဂ္ဂလအနေနဲ့ ဘာကြောင့်နိုင်လဲ။ အဲတော့ အတီး(ဦးလေး) တို့ ဧရာဝတီတိုင်းမှာ ထင်ထင်ရှားရှား ပြော လိုက်မယ်။ KNP က မန်းမင်းရဲထွေး၊ KPP (ကရင်ပြည်သူ့ပါတီ)က နမ့်ခင်အေးဦး၊ USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က စောလင်းခန့် သုံးယောက်ပေါင်းတဲ့ မဲတောင်မှ NLD က ဂါ့မိုးမြတ်မြတ်သူကို မနိုင်ဘူး။
ဂါ့မိုး အနေအထားကို ကြည့်လိုက်။ ကရင့်အာဇာနည်နေ့ကို အာဇာနည်လို့ မသုံးပါနဲ့တဲ့။ Memory Services ပဲ လုပ်ပါဆိုတော့ အာဇာနည် စောဘဦးကြီးကို သာမန်ကရင်တစ်ယောက် သေသလိုပဲ သတိရခြင်း လုပ်လိုက်တယ်။ ဘယ်လောက်နိုင်ငံရေး အဆင့်နိမ့်သလဲ။ စာကိုထုတ်တာနော်။ နောက်တစ်ခါ သူ့ရဲ့ စည်းရုံးရေး ဗီနိုင်းပိုစတာမှာ ကရင် အလံမှာ သူ့ဓာတ်ပုံရိုက်လိုက်တယ်။ ဒါ အလံတော် ဥပဒေနဲ့ မကိုက်ဘူး။ အဖြူစာတမ်းမှာ ဂါ့မိုးမြတ်မြတ်သူ နာမည်ထိုး ထားတယ်။ အလံတော်ကို စော်ကားတာ။ နောက်တစ်ခါကျတော့ ပြန်ပြင်တယ်။ သူ့ပုံနဲ့ ကရင်အလံကို ခွဲထားလိုက် တယ်။ သို့သော် ကရင်အလံရဲ့အပေါ်မှာ သူ့ပါတီအလံနဲ့ သူ့ပါတီခေါင်းဆောင် ၂ယောက်ရဲ့ပုံ။ အဲဒီလောက် ကရင်အလံ တော်ကို လေးစားရမှန်း မသိတာတောင်မှ ကရင်တွေက မဲထည့်ပြီး နိုင်တယ်။ အဲဒီတော့ ကျနော်တို့ ကရင်တွေရဲ့ နိုင်ငံ ရေးရေချိန် လိုသေးတယ်၊ နိမ့်ပါးသေးတယ်ဆိုတာ အဖြေပေါ်တယ်။
မန်းသန်းဝင်းဦး (KPP – ကရင်ပြည်သူ့ပါတီ၊ အကျိုးဆောင်)
NLD ကတော့ သူတို့ရဲ့ ခေါင်းဆောင်ပုံရိပ်ရော၊ ပါတီပုံရိပ်ရော အများကြီးကောင်းတယ်ပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ မထိုးဖောက်နိုင်ဘူး။ NLD ကလည်း USDP ဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ဆိုပြီး ပြောဆိုနေကြ တာပေါ့နော်။ ဒါကြောင့် ကျနော်တို့ ကရင်တွေကလည်း ဘာပဲပြောပြော NLD ပဲ ကိုယ့်ရဲ့ပြိုင်ဘက်လို့ပဲ ပြန်ယှဉ်ပြိုင် တာပေါ့။ ဒါပေမယ့် တကယ့်တကယ် ရလဒ်ထွက်တဲ့အခါ ပထမ NLD၊ ဒုတိယ USDP နဲ့ ကျနော်တို့ ကရင်ပါတီက တတိယလောက်ဖြစ်နေတဲ့ဟာကို ပြန်စဉ်းစားကြည့်တဲ့အခါမှ ကိုယ့်ကရင်ရဲ့ မျိုးချစ်စိတ်ဓာတ်ဟာ တော်တော်လေး ပါးလွှာနေတာကို တွေ့နေရတာပေါ့။
ရခိုင်လိုမျိုးလို ဖြစ်စေချင်တယ်။ ရခိုင်လူမျိုးတွေက ဘယ်လိုမျိုးသွားလဲဆိုတော့ ရခိုင်လူမျိုးအတွက် ရခိုင်ရေးရာအ တွက် ရခိုင်ပါတီကပဲ ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့ မျိုးချစ်စိတ်ဓာတ်ကို ကျနော်တို့ကရင်မှာလည်းရှိရင် ကောင်းမယ် ထင်တယ်။ ကျန်တာကတော့ လုပ်ပြသလောက်လည်း ဘာမှအသိအမှတ်ပြုခံခဲ့ရတာ မရှိဘူး။ ကျနော်တို့ဆို ဘယ် လောက်ပဲ ကရင်ကိစ္စ လုပ်ခဲ့၊ လုပ်ခဲ့ အဲဒါကို မကျော်ဖြတ်နိုင်ဘူးဖြစ်နေတယ်။ ကျနော်တို့ ကရင်တွေဟာ ကိုယ့်လူမျိုး ကို ကိုယ်သိတဲ့ မျိုးချစ်စိတ်ဓာတ်ကို တော်တော်လေး ပြန်လည် တည်ဆောက်ရမယ်လို့ မြင်တယ်။ ဒီလို ပြန်လည် တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ပြောပြောနေတဲ့ ပညာရေးပဲ။ ကျနော်တို့ ကရင်လူမျိုးရဲ့ ပညာရေးကို ဆွဲမတင်နိုင် သရွေ့ကတော့ နောက် ၅နှစ်၊ အနှစ် ၂ဝ လည်း မရဘူးလေ။
အကျိုးအကြောင်းဆက်စပ်ပြီး စဉ်းစားချင့်ချိန် တိုးထွင်းသိမြင်နိုင်တဲ့ ပညာအခံမရှိဘဲနဲ့တော့ ဘာမှလုပ်လို့မရဘူး။ ဒါကတော့ နောက်လာမယ့် မျိုးဆက်သစ်တွေပေါ့။ မျိုးဆက်ဟောင်းတွေတော့ ထားလိုက်တော့ ကျနော်အခု သွားခဲ့ တယ်ဗျာ။ ရန်ကုန်တစ်တိုင်းလုံးသွားခဲ့တဲ့အခါ ကျနော်တို့မေးသမျှ ကရင်နဲ့ ပတ်သက်တဲ့ဟာတွေ ဘာတစ်ခုမှ မဖြေ နိုင်တဲ့ရွာတွေ အများကြီး၊ အရိုးရှင်းဆုံးပြောရရင် ကရင်နှစ်သစ်ကူးတောင် ဘာမှကို မသိဘူး။ အခြေအနေက အဲလိုဖြစ် နေတယ်။ ဒါတောင် ရန်ကုန်တိုင်းနော်။ ရန်ကုန်တိုင်းဆိုတာ မျက်စိကြီး နားကြီး အဲလိုထင်နေတာ ဒါပေမယ့် ဘာမှမရ ဘူး ဖြစ်နေတယ်။
နန်းစေအွာ (KNDP – ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးရေးရာတာဝန်ခံ)
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တယ်။ ဘာလို့ မဲရှုံးရလဲပေါ့နော်။ ပါတီက သက်တမ်းအားဖြင့် ၂၀၁၈ လောက်မှ ဖွဲ့စည်းပြီး သက်ရှိပေါက်ဖွားလာတာကိုး။ နောက်ပြီး Covid ကြောင့် လူထုနဲ့ တွေ့ဆုံဖို့ အချိန်မလောက်ဘူး။ ကွာရန်တင်း ဝင်ရ တာကလည်း အချိန်ကြန့်ကြာမှုကို ပိုဖြစ်ပေါ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲဟာ စိန်ခေါ်မှု အများဆုံးဖြစ်တာပေါ့နော်။
အားတက်စရာတစ်ခုကတော့ မျိုးဆက်သစ်လူငယ်နဲ့ ပြည်တွင်းပြည်ပတွေရဲ့ လူထုကို ပြန်ကြည့်လိုက်တဲ့အခါမှာ နိုင်ငံရေးစိတ်တွေ နိုးကြားလာတာကို တွေ့ရတယ်။ ဒါက အမျိုးသားနိုင်ငံရေးမှာ အမြတ်ရလိုက်တာပေါ့နော်။ ငါတို့ ပါတီက ရှုံးပေမယ့် အမျိုးသားနိုင်ငံရေးမှာတော့ အနိုင်ရပါတယ်လို့ ပြောချင်ပါတယ်။ ပါတီကို ထောက်ခံအားပေးတဲ့ ကရင် အပါအဝင် ဒေသခံလူထုအားလုံးကိုလည်း ကျေးဇူးအထူးထင်ပါတယ်လို့။ ဆက်လက် အားပေးပါဦးလို့၊ နောက်ထပ်လည်း ကြိုးစားပါဦးမယ်။
ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ပါတီက ကိုယ့်အရပ်ဒေသမှာ တစ်ခါလောက် အုပ်ချုပ်ခွင့်ရချင်လို့ ပြိုင်ခြင်းဖြစ်ပါတယ်။ ကျမတို့ ပါတီက တခြားဘာအညှိုးအတေးမှလည်း မရှိပါဘူး။ ခုက ကိုယ့်ပြည်နယ်အနေအထားနဲ့ ပါတီကို နားလည်မှုမရှိသေး တဲ့အတွက် ရှုံးတယ်ပေါ့နော်။ တခြားတိုင်းရင်းသားပါတီတွေက သူတို့ရဲ့ ပြည်နယ်တွေ အသီးသီးမှာ နိုင်ပေမယ့် ကရင် ကတော့ ဒီအတိုင်းပဲရှိနေသေးတယ်ပေါ့နော်။ လာမယ့် ၂၀၂၅ မှာ သူများ ပြည်နယ်တွေမှာ ဒေသခံပါတီတွေက အနိုင်ရ သလို ကျမတို့ပြည်နယ်မှာလည်း ပြည်နယ်ပါတီအနိုင်ရရှိဖို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေ ဝန်းရံပေးကြပါလို့ ပြောချင် ပါတယ်။
စောခင်မောင်မြင့် (PSDP- ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဌ)
ကရင်ပြည်နယ်ဆိုပေမယ့်လည်း ကရင်တွေအားလုံးက ကရင်ပါတီကို မဲထည့်မယ်ဆိုရင်တော့ နိုင်ခြေ ၆ဝ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကရင်တွေ ကရင်ပါတီမှာမဲမထည့်ဘဲ အခြားပါတီနဲ့ တစ်သီးပုဂ္ဂလတွေမှာ ပါသွားမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မနိုင်နိုင်ဘူးဆိုတာ မောင်ကျော်(ဦး)ပြောခဲ့ဖူးပါတယ်။ လာမယ့် ၅နှစ် ရွေးကောက်ပွဲမှာ ကရင်တိုင်း ရင်းသားတွေအားလုံး ကရင်ပါတီကို ထောက်ခံဝန်းရံဖို့ လိုလိမ့်မယ်ဆိုတဲ့ သင်ခန်းစာလေးတော့ ရလိုက်တာပေါ့။
တချို့ကလည်း NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာဝင်တဲ့ ကိုယ်စားလှယ်တွေလည်း ကရင်ပါပဲဆိုပြီး ဖြေသိမ့်တာ ရှိတာပေါ့။ ဒါပေမယ့် NLD က ကိုယ်စားလှယ်က သူတို့ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ နေနေရတဲ့အတွက် အမျိုးသားရေးတွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရမှာ မဟုတ်ဘူး။ NLD က ကရင်ဆိုပေမယ့် ကရင်တို့ရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း လုပ်ငန်းကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တာ တစ်ယောက်မှ အစဉ်အလာ မတွေ့ခဲ့ရဘူး။
ဒါကြောင့်မို့ ကရင်ပါတီက ကိုယ်စားလှယ်လောင်းတွေသာ အနိုင်ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ စာပေယဉ်ကျေးမှု၊ အမျိုး သားရေးကိစ္စတွေမှာ အထူး အလေးပေးဆောင်ရွက်နိုင်မယ်ဆိုပြီး အစကတည်းက ရည်ရွယ်ပြီး ကရင်ပါတီတွေကို တည်ထောင်ခဲ့တာပါ။ အခုတော့ စိတ်မကောင်းစရာပေါ့လေ။ ကရင်ပြည်နယ်မှာ ကရင်လူထုတွေရဲ့အသံကို လွှတ်တော် ထဲရောက်အောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်လောင်းတစ်ယောက်မှ အနိုင်မရဘူးဆိုတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုလည်း အားရစရာ မရှိသ လောက်ပါပဲ။
တစ်ခုရှိတာက မျိုးဆက်သစ်လူငယ်တွေတော်တော်များများက ကရင်ပါတီကို ဝန်းရံထောက်ခံအားပေးခဲ့တာက အလွန် ကျေနပ်ပါတယ်။ ပွဲကတော့ မပြီးသေးပါဘူး။ နောင် ၅နှစ်တစ်ကြိမ်တိုင်းမှာ မျိုးဆက်သစ်လူငယ်အားနဲ့ ကရင်နိုင်ငံရေး ခရီးကိုဆက်လျှောက်ဖို့ အင်အားသစ်တစ်ခုရရှိတယ်လို့ပဲ မောင်ကျော်ကတော့ မြင်ပါတယ်။ လူငယ်ထုအတွင်းမှာ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံရေးအသိတရားတွေကို ပြန်ပြီးတော့ ဝေမျှပေးနိုင်မယ်ဆိုရင် လာမယ့် ၅နှစ်ကာလမှာ ဒီထက် အောင်မြင်မယ်လို့ မောင်ကျော်ကတော့ ယုံကြည်တယ်။