ကရင်ပါတီအမတ်များကို မဲပေးကြစို့ …
S. မင်းခိုက်သူ
၂၀၂ဝ ပြည့်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို အဖြေပေးမည့် ပါတီစုံ အထွေထွေ ရွေးကောက် ပွဲကြီးကို တတိယအကြိမ်အဖြစ် ကျင်းပပါတော့ မည်။
ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့သည်မှာ နှစ်ကြိမ်ရှိသွားပြီး ဖြစ်သည်။ ၂၀၁ဝ ပြည့်တွင် စတင်ကျင်းပစဉ်က ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးက အနိုင်ရ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ကျင်းပသည့် အခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြီးက အနိုင်ရရှိပါသည်။ ယခုတစ်ဖန် ၂၀၂ဝ ပြည့်တွင် တတိယအကြိမ် အဖြစ် ကျင်းပမည်။
ယခု ပါတီကြီးနှစ်ခုတွင် မည်သည့်ပါတီကြီး က အနိုင်ရမည်နည်း။ နိုင်ငံရေး စိတ်ဝင်စားသူ တိုင်း ရွေးကောက်ပွဲကြီးကို စိတ်ဝင်စားသလို နိုင်မည့်ပါတီကိုလည်း ပိုမိုစိတ်ဝင်စားမည်။ ပြည်သူများက မိမိတို့ နှစ်သက်သော ပါတီများ ကိုလည်း တစ်ခဲနက် မဲပေးကြပြီး စောင့်ကြည့်ကြ မည်မှာ အမှန်ပင်ဖြစ်သည်။
ယခု ၂၀၂ဝ ပြည့်ရွေးကောက်ပွဲတွင် နိုင်ခြေ အများဆုံးပါတီကြီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟု တွက်ထားကြလေသည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် အပြတ်အသတ်နိုင်ခဲ့ပြီး အစိုးရဖွဲ့ကာ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရရှိခဲ့သည်။ ယခု လည်း ဆက်လက်ပြီး အုပ်ချုပ်နိုင်ရန် ရွေး ကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ကြိုးပမ်း လျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်သည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သည် ၂၀၁၅ ခုကလို ရာနှုန်းပြည့် အနိုင်ရရှိရန် မှာ အားနည်းလာသည်ဟုလည်း နိုင်ငံရေး လေ့လာသူများက ပြောဆိုထောက်ပြကြသည်။ နိုင်တာတော့ နိုင်မည်။ ယခင်ကလို အပြည့်အဝ နိုင်ခြေမရှိဟု ဝေဖန်ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိုင်းရင်း သားပါတီများသည် ငါးနှစ်အတွင်း အစိုးရ၏လုပ်ဆောင်မှုကို အားမလိုအားမရ ဖြစ်ခဲ့ကြသဖြင့် မိမိတို့ပါတီများအား အင်အားတွေမွေးထုတ်ပြီး ယခု ၂၀၂ဝ ပြည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် လာကြလျက်ရှိသည်ကို တွေ့ရလေ သည်။ သို့တွက်ကြောင့် တိုင်းရင်းသား ဒေသ ဆိုင်ရာ ဖြစ်သော ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်၊ ကယား တိုင်းရင်းသားတို့သည် မိမိတို့ ကိုယ်တိုင် မိမိကိုယ်ကို အားကိုးရမည်ကို သိရှိ လာကြပြီး မိမိတို့ဒေသအသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နေ့မအားညမအား ကြိုးပမ်း အားထုတ်လာကြလေသည်။ ထို့တူ တိုင်းဒေသ ကြီးတွင် ရှိကြသော တိုင်းရင်းသားပါတီများ သည်လည်း အနိုင်ရရှိရေးအတွက် ဝင်ရောက်ယှဉ် ပြိုင်ရန် အဆက်မပြတ် စည်းရုံးရေးဆင်းလျက် လှုပ်ရှားလာကြသည်။
သို့သော် တိုင်းရင်းသားများ နိုင်ခြေရှိသော အချို့ ပြည်နယ်ဒေသတို့၌ ရွေးကောက်ပွဲ ကော် မရှင်က မဲပေးမည့်နေရာအချို့ကို ခိုင်မာသော အကြောင်းပြချက်မရှိဘဲ ပိတ်ပစ်မှုများ ရှိလာ သဖြင့် မကျေနပ်မှုများလည်း တွေ့လာရလေ သည်။ မည်သို့ပင်ဖြစ်စေ ယခုအခါ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူလူထုများသည် သက်ဆိုင် ရာ မိမိတို့၏ တိုင်းရင်းသားပါတီများကို မဲပေး ရန် နိုးကြားလို့လာသည်ကို တွေ့ရလေသည်။
ကျေးလက်တောရွာဒေသတွင် စားသောက် လုပ်ကိုင် နေထိုင်ကြသော တိုင်းရင်းသားအများစု သည် မိမိတို့အမျိုးသား ပါတီအမတ်များ အနိုင် ရရှိရေးအတွက် နိုင်ငံရေးတွင် နိုးကြား ကြိုးစား လို့လာကြပြီးဖြစ်သည်။
ကရင်လူမျိုးတို့သည်လည်း အမျိုးသားရေး အသိစိတ်ဓာတ် ပြည့်ဝစွာဖြင့် မိမိတို့၏ ကရင် ပါတီများ၌ ဝင်ရောက်အရွေးခံမည့် ကရင်အမတ် လောင်းများကို မဲပေးရန် ခွန်အားအပြည့်ဖြင့် စောင့်ကြိုနေကြပြီးဖြစ်သည်။
သာမန်အသိစိတ်ဖြင့် နိုးကြားလာခြင်း မဟုတ်ဘဲ အမျိုးသားရေးအသိစိတ်ဖြင့် နိုးကြား လာကြသည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး၊ အမျိုးဂုဏ် ဇာတိဂုဏ် ပေါ်လွင်ရေး၊ မိမိတို့လူမျိုး ပါတီ လွှတ်တော်အမတ်များကို လွှတ်တော်ထဲ ရောက်ရှိရေး၊ အမျိုးသား အခွင့်အရေးများ တန်း တူရရှိရေးသည် တိုင်းရင်းသား ပြည်သူများ၏ နှလုံးသားတွင် ထင်ရှားစွာတွေ့ရပြီး တိုင်းရင်း သားပါတီများကို အင်အားပြ ထောက်ခံလျက် ရှိသည်ကို ကြည့်ခြင်းအားဖြင့် တွေ့ရမည် ဖြစ် သည်။
တိုင်းရင်းသားများ၏ နိုးကြားလာမှုသည် အံ့ဩမခန်းပင် တွေ့ရလေသည်။ မိမိတို့၏ တိုင်းရင်းသား ပါတီများကို အင်းတိုက်အားတိုက် အားပေးထောက်ခံလျက် ရှိကြသည်။ နှစ်ပေါင်း များစွာ ကိန်းအောင်းလာသော အမျိုးသားရေး အသိသည် ယခုတွေ့ရပြီဖြစ်သည်။
ထိုအခါ မလိုလားသူများက တိုင်းရင်းသား ပါတီများ နိုင်တော့ကော ဘာလုပ်လို့ရမည် နည်းဟု ဝေဖန် ပြောဆိုလာကြသည်ကို ကြားရ လေသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေး၌ ပါဝင်လှုပ်ရှားခြင်း၊ ညီညွှတ်ခြင်းများကို မလို လားသူတို့က အန်ထုတ်လာကြသည့် အယုတ် စကားပင်ဖြစ်သည်။ အာဏာရှင် ဆန်ချင်သည့် နိုင်ငံရေးသမားများ၏ အပြောအဆို များလည်း ဖြစ်သည်။
ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်၊ ကယား စသော တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး နိုင်ငံရေးတွင် ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် တိုးတက်ရန် အတူလက်တွဲလျက် အားပေး အားမြှောက်မှုအဖြစ် ကြိုဆိုရမည့်အစား တိုင်း ရင်းသားများကို တန်းတူရေးအတွက် မဆက်ဆံ ချင်ကြပေ။
တိုင်းရင်းသားများ လိုချင်သည်မှာ တန်းတူ ရေးနှင့် ဖက်ဒရယ်စနစ်ပင် ဖြစ်သည်။ သို့သော် ပေးလာသည်က တိုင်းရင်းသားဒေသများ၌ ရုပ်ထုများ လိုက်စိုက်သည်။ ချောင်းဆုံတံတားကို ဗိုလ်ချုပ်နာမည် ပြောင်းလိုက်သည်။ ရာမည တံတားလည်း ပျောက်ကွယ်သွားသည်။ ဆန့် ကျင်ဘက် ပြုလုပ်လာသဖြင့် တိုင်းရင်းသားများ သည် ရင်နာစွာခံစားလာကြရသည်။
ထို့အပြင် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်တွင် အင်န်အယ်ဒီပါတီသည် တိုင်းရင်းသားလူမျိုးများ ၏ သဘောထားနှင့် မကိုက်ညီသော တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ် ရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၂၆၁)ကို ပြင်ဆင်ပေးဖို့ တစိုက်မတ်မတ် ပြောကြားပေး ခဲ့သော်လည်း ယင်းပြောကြားချက်ကို ပြည်ခိုင် ဖြိုး အစိုးရက လျစ်လျူရှုခဲ့လေသည်။
သို့သော် ယခုအင်န်အယ်ဒီအစိုးရ လက်ထက် တွင် တိုင်းရင်းသားပါတီများက ယင်းဥပဒေ ပုဒ်မ(၂၆၁)ကို ပြင်ဆင်ပေးဖို့ အင်န်အယ်ဒီအစိုး ရထံ တင်ပြတောင်းဆိုခဲ့သည့်အခါ အင်န်အယ်ဒီ အစိုးရက လိုက်လျောခြင်း မရှိဘဲ ပယ်ချခဲ့ပြန် သည်။
သို့တွက်ကြောင့် ကရင့်အရေးကို ကရင်က လွဲ၍ မည်သူကမှ လာပြီးဆောင်ရွက်ပေးမည် မဟုတ်သောကြောင့် မိမိတို့ကိုယ်တိုင် မိမိကိုယ် ကိုသာ အားကိုးရမည်ဖြစ်ပါသည်။
တကယ်စင်စစ် တိုင်းရင်းသားများ မပါဝင်သော မြန်မာ့နိုင်ငံရေးသည် ဘယ်သောအခါမှ တန်းတူရေး ဖြစ်မည် မဟုတ်ပေ။ တိုင်းရင်းသား ပြည်သူများ သည် မိမိတို့လူမျိုးအားလုံးက မိမိတို့ တိုင်းရင်းသား ပါတီများကို အားပေးထောက်ခံလျက် အားလုံးဝိုင်းပြီး မဲပေးကြပါလျှင် တိုင်းရင်းသားအမတ်လောင်း အား လုံးသည် လွှတ်တော်ထဲသို့ ရောက်ရှိပြီး အစိုးရမဖွဲ့နိုင် သည့်တိုင်အောင် မိမိတို့ လိုလားသော နိုင်ငံရေး အရွေ့တစ်ခုမက ]ဖက်ဒရယ် ပြည်ထောင်စုသို့} အရွေ့များစွာကို ရွေ့ရှားပေးသွားမည်မှာ သေချာ သည်။
တိုင်းရင်းသားများ၏ အသိစိတ်ဓာတ်သည် လွန်စွာ မြင့်မားလို့လာခဲ့သည်။ ညီညွှတ်မျှတစွာ ခွဲဝေပေးနိုင်သော တန်းတူအခွင့်အရေးသည် ဖက်ဒရယ်စနစ်ဖြင့်သာ ချီတက်ရလေသည်။ ထိုသို့ ဖက်ဒရယ်စနစ် ဖြစ်ပေါ်ရန်မှာလည်း တိုင်းရင်းသား ပြည်သူများက မဲထည့် ရွေး ကောက်လိုက်သော တိုင်းရင်းသား လွှတ်တော် အမတ်များသည် လွှတ်တော်ထဲသို့ များစွာ ရောက်ရှိရန် လိုအပ်လှပေသည်။
တချို့က ပါတီကြီးများကိုသာ ပုံအောပြီး မဲ ပေးလိုက်ပါ။ အာဏာရှင်များကို တိုက်ထုတ်လိုက် လို့ ပြီးသွားရင် တိုင်းရင်းသားအားလုံး လိုလား သော ဖက်ဒရယ်ကို ရစေရပါမည်။ ဆောင်ရွက် ပေးပါမည်။ စသောပြောဆိုသံများလည်း ကြားရလေသည်။ ပြီးခဲ့သော ငါးနှစ်အတွင်း အာဏာရှင်များကို တိုက်ထုတ်လို့ မရဘဲ ရှိနေ သည်ကို အားလုံးအသိပင် ဖြစ်သည်။ ရန်သူကို မိတ်ဆွေအဖြစ် မပေါင်းတတ်ခြင်းလည်း ဖြစ် သည်။ ယင်းသို့ ပါတီကြီးများကိုသာ မဲပေးပြီး သူတို့ကိုပဲ အာဏာရှင်ကို တိုက်ခိုင်းမည် ဆိုပါ လျှင် တိုင်းရင်းသားများ၏နိုင်ငံရေး အခန်းကဏ္ဍသည် ကွယ်ပျောက်သွားလိမ့်မည် ဖြစ်သလို တိုင်းရင်းသား လူမျိုးများသည်လည်း သူများ အားကိုးနေသောလူမျိုး ဖြစ်နေပါလိမ့်မည်။
စင်စစ် တိုင်းရင်းသားလူမျိုးများသည် ခေတ် အဆက်ဆက် မြန်မာ့နိုင်ငံရေးနှင့် လုံးဝကင်းကွာ လို့ မနေခဲ့ကြပေ။ တိုင်းရင်းသားများသည် အဂင်္ လိပ် နယ်ချဲ့၊ ဖက်ဆစ်ဂျပန် တို့ကို ပါဝင် တော် လှန်ခဲ့ကြသလို လွတ်လပ်ရေး ကြိုးပမ်းရာတွင် လည်း ပါဝင် ကြိုးပမ်းခဲ့ကြသည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော်လည်း တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသော ဖက် ဒရယ်စနစ်သည် ပေါ်ပေါက်လာခြင်းမရှိဘဲ တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးခဲ့ရလေ သည်။
ဖက်ဒရယ်ကိုပင် ပညာမဲ့စွာ ခွဲထွက်ရေးဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ယခုအခါ ဖက်ဒရယ် စနစ်ကို ချီတက်ဖို့ရန် တိုင်းရင်းသားအပါအဝင် မြန်မာနိုင်ငံသား အားလုံးတို့သည် နားလည် သဘောပေါက်လာကြပြီဖြစ်၍ မြန်မာ့နိုင်ငံရေး တွင် တိုင်းရင်းသားများ မပါလို့ လုံးဝ မရတော့ ပေ။
ထို့ကြောင့် တိုင်းရင်းသားပါတီများတွင် အရွေးခံကြသော တိုင်းရင်းသား ကိုယ်စားလှယ် များကို တိုင်းရင်းသားပြည်သူများက အသိစိတ် ဓာတ်ရှိရှိဖြင့် မဲပေးကြဖို့ များစွာလိုအပ်လေသည်။ တိုင်းရင်းသားများစွာ လွှတ်တော်ထဲတွင် ရောက် ရှိမှသာလျှင် တိုင်းရင်းသားများ၏ လိုလားချက် တွေကို ပိုမိုသိရှိလာကြပြီး တိုင်းရင်းသားများကို အရေးထား လေးစားလာမည်ဖြစ်သည်။
တချို့မှာ ကရင်များ၌ ကရင်ပါတီအများကြီး ရှိလို့အကြောင်းပြပြီး မည်သည့်ပါတီကို မဲပေး ရမည်ကို ပြောဆိုမှုလည်း ရှိလေသည်။ စင်စစ် ကရင်ပါတီများသည် မြန်မာပါတီများလောက် မများပေ။
မြန်မာပါတီများသည် အဆပေါင်းများစွာ ကရင်ပါတီများထက် များပြားလှပေသည်။ ကရင်များ၌ ကရင်ပါတီများစွာ ရှိနေသည်မှာ လုံးဝ မဖြစ်သင့်သလို ညီညွတ်မှု မရှိသည်ကို လည်း ပြသရာရောက်နေပါသည်။ သို့သော် ကရင်ပါတီ၌ လေးပါတီလောက်သာ ရှိပါသည်။ (ကေအင်ဒီပီ)ပါတီ၊ (ဖလုံစဝေါ်)ပါတီ၊ (ကေပီပီ)ပါတီ၊ (ကေအင်ပီ)ပါတီ တို့အသီးသီးဖြစ်ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်။ ယင်းပါတီများ၏ အမတ်လောင်းများကို လေ့လာပြီး ကရင်ပြည်သူ များက မိမိတို့နှစ်သက်သော ကရင်ပါတီတစ်ခုခုရှိ အမတ်များကို မဲပေးရပါလိမ့်မည်။
ခြုံကြည့်ပါက (ကေပီပီက-၇၄)နေရာ၊ (ကေအင်ဒီပီက-၂၉)နေရာ၊ (ကေအင်ပီက-၁၃)နေရာ၊ (ဖလုံစဝေါ်က-၃)နေရာတို့ ဝင်ပြိုင်ကြ မည်။ မဲပုံး လေးပုံးရှိရာတွင် ၁။ပြည်သူ့လွှတ်တော် မဲပုံး၊ ၂။အမျိုးသား လွှတ်တော်မဲပုံး၊ ၃။တိုင်း ဒေသနှင့် ပြည်နယ်ဒေသ လွှတ်တော်မဲပုံး၊ ၄။ ကရင်တိုင်းရင်းသားရေးရာမဲပုံး တို့ဖြစ်ကြပါ သည်။ (၁)နှင့်(၂)တွင် အနိုင်ရသည့် ကိုယ်စား လှယ်လောင်းများက နေပြည်တော် ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းအထဲ တွင် သမ္မတကိုရွေး၍ အစိုးရဖွဲ့မည်။ ကျန်သော (၃)နှင့်(၄)တွင် အနိုင်ရ ကိုယ်စားလှယ်လောင်း များသည် မိမိတို့၏ တိုင်းဒေသနှင့် ပြည်နယ် ဒေသများမှာပင် တာဝန်ယူဆောင်ရွက်မည်ဖြစ် သည်။ အထူးသဖြင့် ကရင်များမဲပေးရန်မှာ မိမိတို့လူမျိုးတည်ထောင်သော ကရင်ပါတီများ၌ အရွေးခံသော ကရင်အမတ်လောင်းများကိုသာ မဲများပုံအော ထည့်ပေးဖို့ လိုအပ်ပေသည်။ သို့မှသာ မိမိတို့လူမျိုး မျှော်မှန်းသော ဖက်ဒရယ် စနစ်ဆီသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
စင်စစ် ကရင်တိုင်းရင်းသားများသည် မိမိ တို့၏ကရင်အမတ်လောင်းများကို မည်သည့် တိုင်းရင်းသားများမှ လာ၍မဲပေးမည် မဟုတ်ပေ။ မိမိတိုင်းရင်းသား ကရင်များကသာလျှင် အခြား သောအမတ်လောင်းများကို မဲပေးရလေ့ ရှိပါ သည်။ မိမိတို့ကရင်လူမျိုးအတွက် ရပ်တည်ပြီး ဆောင်ရွက်ပေးမည့်သူမှာ ကရင်အမတ်သာလျှင် ဖြစ်သည်။ မည်သည့်အမတ်များက လာ၍ ဆောင်ရွက်ပေးမည် မဟုတ်ပေ။ ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် ကရင်နိုင်ငံရေးပါတီ ၅ ပါတီ၌ အမတ်ပေါင်း ၂၀၃ ဦး ပါဝင်ယှဉ်ပြိုင်ကြရာတွင် ကရင်ပြည်သူ့ပါတီမှ အမတ်လောင်းတစ်ဦးသာ အနိုင်ရရှိခဲ့သဖြင့် ကရင့်သမိုင်းတွင် လွန်စွာ အရုပ်ဆိုး အကျည်းတန်ခဲ့သည်။ ယခု ၂၀၂ဝ ပြည့် ရွေးကောက်ပွဲတွင် အရုပ်ဆိုးသည့် ကရင် သမိုင်းမဖြစ်ဖို့ ကရင်ပြည်သူများသည် အမျိုး သားရေး အသိစိတ်ဓာတ် ရှိရှိဖြင့် ကရင်အမတ် များကို အားလုံးမဲပေးကြရပါလိမ့်မည်။
ကရင်များသည် မိမိတို့ဘဝကို နားလည်ပါ လျှင် မိမိတို့ကရင်တိုင်းရင်းသား ပါတီများ၌ အရွေးခံမည့် ကရင်အမတ်လောင်းများကိုသာ မဲပေးသင့်ပါသည်။ ကရင်အမတ်တွေ လွှတ်တော် ထဲ များများရောက်ရှိဖို့ရန် ကရင်ခေါင်းဆောင် အများစုကလည်း တိုက်တွန်းနှိုးဆော်ထားပြီး ဖြစ်သည်။ မိမိတို့သည် အမျိုးသားရေးအတွက် တထောင့်တနေရာအဖြစ် ပါဝင်ချင်ပါလျှင် မိမိ တို့လူမျိုး အကျိုးကို ထမ်းဆောင်ပေးမည့် ကရင် အမတ်လောင်းများကို မဲပေးခြင်းဖြင့် အမျိုး သားရေးတွင် တထောင့်တနေရာအတွက် တာဝန်ကျေပြီးဖြစ်သည်ဟု ခံယူနိုင်ပါသည်။
ထို့ကြောင့် အမျိုးသားရေး တာဝန်ကျေရန် ကရင်တိုင်းသည် မိမိတို့၏ ကရင်ပါတီများ၌ အရွေးခံမည့် ကရင်အမတ်လောင်းများကို မဲပေး ကြရန် အထူးတိုက်တွန်း နှိုးဆော်လိုက်ရပါ သည်။
S. မင်းခိုက်သူ (P.T.N)