Home ရွေးကောက်ပွဲသတင်း ဧရာဝတီတိုင်းအတွင်း ကရင်‌ရေးရာ မဲဆန္ဒရှင် ၁ဝ သိန်းခန့်ရှိ

ဧရာဝတီတိုင်းအတွင်း ကရင်‌ရေးရာ မဲဆန္ဒရှင် ၁ဝ သိန်းခန့်ရှိ

2688
‌အောက်တိုဘာ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ဧရာဝတီတိုင်း ‌ဒေသကြီး လွှတ်‌တော်မဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာအတွက် လာမည့် ၂၀၂ဝ အ ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ မဲ‌ပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်ဦး‌ရေမှာ ‌အောက်တိုဘာလ ၁ ရက်‌နေ့စာရင်းအရ ၁ဝ သိန်းခန့်ရှိ‌ကြောင်း သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်းဖြစ်သူ ကရင်အမျိုးသားပါတီ -KNPမှ မန်းမင်း ရဲ ‌ထွေးက “ တိုင်း‌ကော်မရှင်ကို ဒီ‌နေ့ စုံစမ်းကြည့်‌တော့ အကြမ်းဖျင်းအ‌နေနဲ့‌အောက်တိုဘာလ ၁ ရက်‌နေ့ စာရင်း အရ ကရင်‌ရေးရာ မဲဆန္ဒရှင်က စုစု‌ပေါင်း (၉၉၉,၅၃၁) ဦးလို့ သိရတယ်။ အချုပ်က‌တော့ မလာ‌သေးဘူး။ အတိုး အ‌လျှော့‌တော့ရှိမယ်။ အတိုးနည်းနည်း အဆုတ်နည်းနည်းပါပဲတဲ့။ ၁ဝ သိန်း‌လောက် ‌တော့ဖြစ် ‌ကောင်းဖြစ် သွားနိုင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်းရရှိထားသည့် ‌အောက်တိုဘာလ ၁ ရက်‌နေ့ စာရင်းများအရ ဧရာဝတီတိုင်း‌ဒေသကြီး အတွင်း ကရင်လူမျိုးအများစု‌နေထိုင်ရာ မြို့နယ်များဖြစ်သည့် ပန်းတ‌နော်တွင် ကရင်မဲဆန္ဒရှင် ၁ သိန်း‌ကျော်၊ ဝါးခယ်မ ၉၂,၀၀ဝ ‌ကျော်၊ ‌မြောင်းမြ ၈၅,၀၀ဝ ‌ထောင်‌ကျော်၊ ကျုံ‌ပျော် ၈၁,၀၀ဝ ‌ထောင်‌ကျော်၊ အိမ်မဲ ၇၅,၀၀ဝ ‌ကျော်၊ ‌ညောင်တုန်း ၆၇,၀၀ဝ ‌ကျော်၊ ငပု‌တော ၆၅,၀၀ဝ ‌ကျော်၊ ကန်ကြီး‌ထောင့် ၆၂,၀၀ဝ ‌ကျော်ရှိသည်ဟု အကြမ်း ဖျင်း သိရှိရသည်။

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေဖြင့် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်‌နေ့တွင် ပထမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ‌အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်‌နေ့အထိကို ‌နောက်ဆုံး အကြိမ်အဖြစ် သတ်မှတ်ထားသည့်အတွက် ၎င်းကာလအတွင်း မဲဆန္ဒရှင်ဦး‌ရေအ‌ပြောင်းအလဲအနည်းငယ် ရှိနိုင်သည်ဟုလည်း ‌ရေးရာကိုယ်စားလှယ်‌လောင်းများက သုံးသပ်‌ပြောဆိုသည်။

‌အောက်တိုဘာလ ၁၃ ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ အတွင်း‌ရေးမှူး ဦးမြင့်နိုင်ထံ ဆက်သွယ်‌မေးမြန်းချက်အရ ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်‌နေ့အထိ ပထမအကြိမ် ကရင်‌ရေးရာ မဲဆန္ဒရှင် စုစု‌ပေါင်းမှာ( ၉၈၆,၉၈၄ )ဦးရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ‌ကောက်ယူထားသည့် ပြည်လုံးကျွတ်သန်း‌ခေါင်စာရင်းအရ မြို့နယ်‌ပေါင်း ၂၆ မြို့နယ်ရှိသည့် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင်အပါအဝင် လူဦး‌ရေ စုစု‌ပေါင်း ၆,၁၈၄,၈၂၉ (‌ခြောက်သန်း) ‌ကျော် ဦးရှိသည်ဟု သိရပြီး လာမည့် နိုဝင်ဘာလ ၈ ရက်‌နေ့ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကရင်‌ရေးရာ ကိုယ်စားလှယ်‌လောင်း ၆ ဦးဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးချယ်ခံမည်လည်း ဖြစ်သည်။