Home သတင်း ခရီးသွားရာဇဝင် မှန်မှန်ကန်ကန်‌ပေးရန် ကရင်ပြည်နယ် ကျန်းမာ‌ရေးမှူး ပန်ကြား

ခရီးသွားရာဇဝင် မှန်မှန်ကန်ကန်‌ပေးရန် ကရင်ပြည်နယ် ကျန်းမာ‌ရေးမှူး ပန်ကြား

3078
‌အောက်တိုဘာ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်အတွင်း ယခုရက်ပိုင်း ကိုဗစ်-၁၉ ‌ရောဂါပိုး‌တွေ့ရှိသူ တဖြည်းဖြည်းတိုးလာသည့်အ‌ပေါ် ကျန်း မာ‌ရေးဝန်ထမ်းများဆီသို့ ‌ဆေးကုသမှုခံယူမည့် လူနာများအ‌နေဖြင့် ခရီးသွား ရာဇဝင်များကို မှန်မှန်ကန်ကန် ‌ကောင်း‌ကောင်းမွန်မွန် ‌ဖြေ‌ပေးကြပါရန် ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာ ‌ကျော်စွာမြင့်က ‌ပြောဆို လိုက်သည်။

ပြည်နယ်အတွင်း Covid-19 ပိုး‌တွေ့ရှိခဲ့သူအချို့သည် ခရီးသွားရာဇဝင်များကို ထိန်ချန်၊ ကွယ်ဝှက်ခဲ့မှုများ ရှိ ခဲ့ခြင်း‌ကြောင့် ‌ရောဂါပျံ့နှံ့မှုများဖြစ်‌ပေါ်‌နေသည့်အ‌ပေါ် ပြည်နယ်ကျန်းမာ‌ရေး ဦးစီးဌာနမှူးက ‌အောက်တိုဘာ ၁၆ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

“လူနာက ရန်ကုန်ကပြန်လာတယ်၊ မ‌ပြောဘူး။ သတင်း‌တွေ‌ဖျောက်တယ်။ အမျိုးမျိုး‌ပေါ့။ ဆရာဝန်က စိတ်ပူလို့ ‌ပြေးပြီးသွားလုပ်‌တော့ ဆရာဝန်‌တွေလည်းထိ၊ ဝန်ထမ်း‌တွေလည်းထိတာ‌ပေါ့။ အဲလိုနဲ့ ပြန့်နှံ့မှု‌တွေများလာ တယ်။ တစ်‌ယောက်ထိသွားပြီဆို အ‌နောက်က လိုက်လာတဲ့သူ‌တွေက အများကြီး။ ဒါ‌ကြောင့် ခရီးသွားရာဇဝင် ‌ကောင်း‌ကောင်း‌ပေးဖို့‌ပေါ့‌နော်။” ဟု‌ပြောသည်။

ထို့အပြင် ပြည်သူလူထုများအ‌နေဖြင့် Mask (နှာ‌ခေါင်းစည်း)တပ်၊ လက်မကြာခဏ‌ဆေးရန်၊ မလိုအပ်ဘဲ အပြင် မထွက်ရန် အထူးလိုအပ်ပြီး မိမိကိုုယ်ကို မိမိကာကွယ်ခြင်းသည်သာလျှင် အ‌ရေးကြီးဆုံးဖြစ်‌ကြောင်းလည်း ‌ဒေါက်တာ ‌ကျော်စွာမြင့်က ဆက်‌ပြောသည်။

ကရင်ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာန Facebook Page မှ ‌အောက်တိုဘာ ၁၅ ရက်ည သတင်းထုတ်ပြန်ချက် အရ ပြည်နယ်အတွင်း ‌ရောဂါပိုး‌တွေ့ရှိသူစုစု‌ပေါင်း ၁၄၈ ဦးအထိ ရှိလာခဲ့ပြီး ၂ ဦး‌သေဆုံးကာ ၇၇ ဦး‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရဆဲဖြစ်သည်ဟု ‌ဖော်ပြထားသည်။

ပြည်နယ်အစိုးရအဖွဲ့မှဦး‌ဆောင်ကာ ဖားအံမြို့တွင် Covid-19 ပိုး‌တွေ့ရှိသူများကို ပြည်သူ့‌ဆေးရုံကြီး၊ ပညာ‌ရေး ‌ကောလိပ်တို့တွင် ထားရှိလျက်ရှိပြီး လိုအပ်ပါက တိုင်းရင်း‌ဆေးရုံ၊ နည်းပညာတက္ကသိုလ်တို့တွင် ‌နေရာများ စီ စဉ်ထား‌ကြောင်းလည်း သိရသည်။

ယခုလို ပြည်နယ်အတွင်း ကပ်‌ရောဂါပြန့်ပွားလာသည့်အ‌ပေါ် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများအ‌နေဖြင့် အ ‌ကောင်းဆုံး ထိန်းချုပ်နိုင်မှုဖြစ်ရန် မည်သို့မည်ပုံ စီစဉ်‌ဆောင်ရွက်မည်ကို မူဝါဒချမှတ်ပြီး ပြည်သူများထံသို့ ချပြ ‌ဆွေး‌နွေးသွားရန်လိုအပ်သည်ဟု KCCRT -Karen Community COVID-19 Respond Team မှ ကျန်းမာ‌ရေး ပညာ‌ပေးဆိုင်ရာတာဝန်ခံ ‌ဒေါက်တာထက်ကိုကိုလင်းက အကြံပြု‌ပြောဆိုသည်။

‌ဒေါက်တာထက်ကိုကိုလင်းက “ပြည်သူတချို့က အ‌ကြောက် လွန်တာ၊ သူတို့ကိုဖိနှိပ်မယ်လို့‌တွေးပြီး‌တော့ history (ခရီးသွားရာဇဝင်)‌တွေကို က‌မောက်ကမ‌တွေ‌ပြောကုန်‌ရော။ Covid က ကပ်‌ရောဂါဖြစ်တဲ့အတွက် အ ‌ကြောက်လွန်လို့ ‌တော့မရဘူး၊ ခရီးသွားရာဇဝင်‌တွေ အ‌ကြောင်းအရာ‌တွေ အ‌ပေါ်မှာ ရိုးသားဖို့ လိုတယ်။ မှန်မှန်ကန်ကန် ‌ဖြေ‌ပေးပါ ‌ပေါ့‌နော်။” ဟု‌ပြောသည်။

ကရင်ပြည်နယ်ရှိ ကျန်းမာ‌ရေးဝန်ထမ်းအင်အားသည် ရှိရမည့်အင်အားထက် ၃ပုံ ၁ပုံခန့်သာရှိသည့်အတွက် လတ်တ‌လောတွင် ကျန်းမာ‌ရေးဝန်ထမ်းလိုအပ်ချက်များရှိသလို ‌ရောဂါပိုး‌တွေ့ရှိမှုရှိသည့် ဖားအံမြို့တွင်း ရပ်ကွက်လမ်းအချို့လည်း ပိတ်ချ (Lock Down) ထားလိုက်‌ကြောင်း သိရှိရသည်။

ဖားအံမြို့နယ်၊ မုက္ကဒိရွာမှ နန်းဖြူဝါက “ဖားအံမှာ ပိုး‌တွေ့လို့ ရပ်ကွက်‌တော်‌တော်များများ lock down ချလိုက် တယ်လို့ကြားတယ်။ ညီမ အခု ရွာမှာပဲ။ ဘယ်မှမသွားဖြစ်ဘူး။ ညီမတို့ ပြည်သူ‌တွေအ‌နေနဲ့လည်း ခရီးသွား ရာ ဇဝင်‌တွေ ‌မေးရင် မှန်မှန်‌ဖြေဖို့ အ‌ရေးကြီးပါတယ်။” ဟု ‌ပြောသည်။

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ ယခုနှစ် ‌မေလ ၁၈ ရက် သတင်းထုတ်ပြန်ချက်အရ ကရင်ပြည်နယ် တွင် Covid-19 ‌ရောဂါပိုးရှိသူ ၂ ဦး စတင် ‌တွေ့ရှိခဲ့ပြီး ထိုသူ ၂ ဦးသည် မ‌လေးရှားနိုင်ငံမှ ပြန်လည်‌ရောက် ရှိခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိသူ ၃၂၃၅၁ ဦးရှိပြီး ‌သေဆုံးသူ ၇၆၅ ဦးရှိကာ ပြန်လည် ‌ကောင်းမွန်လာသူ ၁၄၇၀၆ ဦးရှိသည်ဟု ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ‌အောက်တိုဘာလ ၁၆ရက်‌နေ့ နံနက် ၈နာရီထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။