Home သတင်း မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ်(၂)တံတား ယာယီပိတ်သွားရန် စီစဉ်

မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ်(၂)တံတား ယာယီပိတ်သွားရန် စီစဉ်

2290
Photo: Nay Naw
‌အောက်တိုဘာ ၁၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုတွင် အဓိက အသုံးပြု‌နေသည့် မြဝတီ နယ်စပ် မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်‌ရေးတံတားကို ရက်သတ္တပတ် (၁)ပတ်ခန့် ယာယီပိတ်သွားမည်ဟု ယ‌နေ့ (‌အောက်တိုဘာ ၁၇) ထိုင်းနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများက အ‌ရေး‌ပေါ်အစည်းအ‌ဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့တွင် Covid- 19 ‌ရောဂါပိုး ရှိ/မရှိ စစ်‌ဆေး‌ပေးရာတွင် လာ‌ရောက် စစ်‌ဆေး မှုခံယူကြသူများထဲမှ မြန်မာနိုင်ငံသား(၂) ဦးတွင် ကိုဗစ်ပိုး‌တွေ့ရှိခဲ့ပြီး ယင်းတို့နှင့်အိမ်နီးခြင်း (၉)ဦးအား ‌ခေါ်ယူစစ်‌ဆေးရာတွင်လည်း ‌နောက်ထပ် ၃ ဦးမှာ ကိုဗစ်ပိုး‌တွေ့ရှိခဲ့သဖြင့် ‌ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်‌ရေး အ တွက် ထိုင်း-မြန်မာချစ်ကြည်‌ရေးတံတားကို ယာယီပိတ်သိမ်းရန် စီစဉ်‌နေခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင်အုပ်ချုပ် ‌ရေး မှူး Mr: Pongrat Piromrat က ယ‌နေ့ နံနက်ပိုင်းတွင် မဲ‌ဆောက်မြို ့ပိုင်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ‌ပြောကြားခဲ့သည်။

“ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်‌ရေးမှာ အဓိက အသုံးပြု‌နေတဲ့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်‌ရေး တံတား ကို မနက်ဖြန် ‌အောက်တိုဘာလ ၁၈ ရက်‌နေ့ ဒါမှမဟုတ် ၁၉ ရက်‌နေ့မှစ၍ အသုံးပြုခွင့်ပိတ်သွားပြီး ‌ရောဂါထိန်း ချုပ်နိုင်မှု အ‌ခြေ‌နေအ‌ပေါ်မူတည်ပြီး တံတားဖွင့်မယ့်အချိန်ကို ပြန်လည်သုံးသပ် သွားမှာဖြစ်ပါတယ်”ဟု တာ့ခ်ခ ရိုင်အုပ်ချုပ်‌ရေးမှူးက ‌ပြောကြားခဲ့သည်။

ထိုင်းကျန်းမာ‌ရေးဌာနမှ ကိုဗစ်ကူးဆက်မှုကို ထိန်းချုပ်နိုင်‌ရေးအတွက် ကိုဗစ် ပိုး‌တွေ့ရှိသူများ၏ အနီးဝန်းကျင်နှင့် ၎င်းတို့ထိ‌တွေ့သွားလာခဲ့သည့် ‌နေရာများဖြစ်‌သော စာသင်‌ကျောင်း (၅)‌ကျောင်း၊ ဘုန်းကြီး‌ကျောင်းနှင့် ဗလီ ‌ကျောင်းတို့ကို ပိတ်ချ (lockdown ချ) ထားခဲ့ပြီဟုလည်း တာ့ခ်ခရိုင် အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

ထိုင်းဘက်ခြမ်းမှ အမှတ် ၂ တံတားပိတ်မည့် သတင်းနှင့်ပတ်သက်၍ မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင် က “ဒီ‌နေ့ မနက်ပိုင်းမှာ ထိုင်းဘက်ခြမ်းက တာဝန်ရှိသူ‌တွေ အစည်းအ‌ဝေးတစ်ရပ်ပြုလုပ်ပြီး အမှတ် ၂ တံတားကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းဘက်ခြမ်း စကားပြန်ကတဆင့် အ‌ကြောင်းကြားလာမှု‌ကြောင့် သိရပါတယ်။ သူတို့ ဘက်က ‌ပြောတာက‌တော့ အမှတ် ၂ တံတားကို မနက်ဖြန် ‌အောက်တိုဘာ ၁၈ ရက်‌နေ့ကစပြီး ၅ ရက် (သို့မ ဟုတ်) ၇ ရက်ခန့် ယာယီပိတ်သွားမယ်လို့ ဆိုပါတယ်။ ဒါက နှစ်နိုင်ငံနယ်စပ်‌ရေးရာနဲ့ သက်ဆိုင်တဲ့အတွက် ကျ‌နော်တို့ ဘက်ကလည်း သက်ဆိုင်ရာ အထက်ဌာန အဆင့်ဆင့်ကို တင်ပြသွားမှာပါ။ ”ဟု ‌ပြောသည်။

ထို့အပြင် ထိုင်းဘက်က ရက်ပိုင်းခန့်သာ ပိတ်လိုသည်ဆို‌သော်ငြားလည်း မြန်မာဘက်ခြမ်း မူဝါဒအရ တံတား ပိတ်ပြီးပါက ပြန်ဖွင့်မည့် ကြားကာလမှာ လနှင့်ချီ၍ ကြာမြင့်နိုင်‌ကြောင်း ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ဖြည့်စွက်‌ပြောသည်။

မြဝတီနယ်စပ်တွင် ယခင် ကိုဗစ်ကာလ မတိုင်မီက ထိုင်းနိုင်ငံနှင့် တရားဝင်ကုန်သွယ်သွားလာမှု၌ ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတား အမှတ်(၁) နှင့် အမှတ် (၂) ဟူ၍ တံတား ၂ စင်းရှိသလို နှစ်နိုင်ငံနယ်ခြား ‌သောင်ရင်းမြစ် ကမ်းတစ်‌လျှောက် တရားမဝင် ‌လှေဂိတ် ၃ဝ ‌ကျော်မှလည်း ကုန်သွယ်သွားလာမှု ပြုလုပ်ခဲ့ကြသည်။

သို့‌သော် Covid-19 ‌ရောဂါပိုးမှာ ကမ္ဘာ့ကပ်‌ရောဂါအသွင်ဖြင့် ကူးစက်ပြန့် ပွားမှု ဖြစ်‌ပေါ်လာချိန် ပြီးခဲ့သည့် မတ် ၂၃ ရက် နှင့် ဧပြီလဆန်းပိုင်းခန့်မှစ၍ အမှတ်(၁) တံတားနှင့် ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက်ရှိ နယ်စပ်ဂိတ်များ ကို ဖြတ်သန်းသွားလာခွင့်မပြု‌တော့ဘဲ ထိုင်း-မြန်မာအမှတ် ၂ တံတားမှသာ ကုန်သွယ်မှုနှင့် ထိုင်း‌ရောက်‌နေရပ် ပြန် မြန်မာလုပ်သားများအတွက်သာ အသုံးပြုခဲ့ကြသည်။

ယ‌နေ့ ထိုင်းဘက်ခြမ်း တာဝန်ရှိသူများ၏ အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ နံနက်ဖြန် ‌အောက်တိုဘာလ ၁၈ ရက်‌နေ့မှစ၍ မြဝတီနယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတား အမှတ်(၂) ကို ယာယီပိတ်သွားမည်ဟု သိရ သည်။