Home အယ်ဒီတာ့အာဘော် ကိုဗစ်၊ ‌ရွေး‌ကောက်ပွဲကာလနှင့် စီးပွား‌ရေးဂယက် (အယ်ဒီတာ့ အာ‌ဘော်)

ကိုဗစ်၊ ‌ရွေး‌ကောက်ပွဲကာလနှင့် စီးပွား‌ရေးဂယက် (အယ်ဒီတာ့ အာ‌ဘော်)

2216
ကိုဗစ်၊ ‌ရွေး‌ကောက်ပွဲကာလနှင့် စီးပွား‌ရေးဂယက်

လတ်တ‌လော အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် အများဆုံးလွှမ်းမိုး‌နေသည်မှာ မကြာမှီကျင်းပ‌တော့မည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကိစ္စ ဖြစ်‌နေသည်။ ‌ရွေး‌ကောက်ပွဲ အ‌ရေးကြီးသလို ကိုဗစ်ဗိုင်းရပ်စ်‌ကြောင့် တိုင်းပြည်၏ အ‌ထွေ‌ထွေစီးပွား‌ရေး ကျဆင်းမည့် အ‌ခြေအ‌နေကလည်း လက်တစ်ကမ်းအကွာ၌ ရှိ‌နေပြန်သည်။ စီးပွား‌ရေးဟုဆိုလိုက် လျှင် ကရင်လူမျိုးများအတွက် ဆိုရိုးစကားတစ်ခုမှာ “ကရင်ကုန်ကူး မျက်လုံးပြူး” ဖြစ်သည်။ ဆိုလိုရင်းမှာ ကရင်လူမျိုး သည် ကုန်သွယ်‌ရေး၊ စီးပွား‌ရေးအပိုင်း၌ စိတ်အားမသန်ခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းများက ‌ရှေးရိုးစဉ်လာဖြစ်‌နေသည်။

ကရင်လူမျိုးတို့သည် ပင်ကိုယ်စိတ်သ‌ဘောအရ ရိုးရိုး‌အေး‌အေး ‌နေလိုသည်။ ရှိသမျှ ‌ရောင့်ရဲပြီး ‌တော‌တောင်‌ဒေသများ ၌သာ ‌နေထိုင်‌ပျော်‌မွေ့တတ်ကြသည်။ စီးပွား‌ရေးလုပ်ငန်းများနှင့် အကျွမ်းဝင်မှု တစ်စုံတစ်ရာ ကွာ‌ဝေး‌နေ‌သော်ငြား လက်ရှိ ၂၁ရာစု‌ခေတ်တွင် စီးပွား‌ရေး တိုးတက်‌ကောင်းမွန်ရန် နိုင်ငံအသီးသီးရှိ လူမျိုးတိုင်းက အားသွန်ကြိုးပမ်း‌နေကြ သည်။

ယခုအချိန်တွင် ကိုဗစ်‌ကြောင့် ကမာ္ဘတစ်ဝှမ်း စီးပွား‌ရေးကျဆင်းလျက်ရှိသလို မြန်မာနိုင်ငံ၏ စီးပွား‌ရေး အ‌ခြေအ‌နေမှာ လည်း အာရှဖွံ့ဖြိုး‌ရေးဘဏ်၏ ထုတ်ပြန်ချက်များအရ ၂၀၁၉ခုနှစ်တွင် စီးပွား‌ရေး တိုးနှုန်း ၆.၈ရာခိုင်နှုန်း ရှိခဲ့သည်။ ထို့အပြင် ကိုဗစ်‌ကြောင့် ယခု ၂၀၂ဝ တွင် ၁.၈ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး လာမည့် ၂၀၂၁ခုနှစ်တွင်မှု ၆ရာခိုင်နှုန်းခန့်ရှိ မည်ဟု ဆိုသည်။ သို့‌သော် ကိုဗစ် ကူးစက်မှု ထိန်းချုပ်နိုင်ခြင်းအ‌ခြေအ‌နေ‌ပေါ် မူတည်ပြီး အ‌ပြောင်းအလဲရှိနိုင်သည်။

အလားတူ မျက်‌မှောက်ကာလ ‌ရွေး‌ကောက်ပွဲအ‌ရေးအရာသည်လည်း ကိုဗစ်ကပ်‌ရောဂါကြားက အားစိုက်‌နေရသည့် ကဏ္ဍတစ်ခု ဖြစ်သည်။ နိုင်ငံ‌ရေးပါတီများအနက် ကရင်ပါတီများ၏ ‌ရွေး‌ကောက်ပွဲ အသုံးစရိတ်ဆိုလျင် ဘဏ္ဍာ‌ရေးအရ အားနည်းချက်ရှိသည်။ ထိုအကျိုးဆက်မှာ မဲဆွယ်မှု၌ မဖြစ်မ‌နေ လိုအပ်သည့် အသုံးစရိတ် မ‌လောက်ငှဘဲ မဲဆွယ်ခြင်း ထိ‌ရောက်မှု ကွာခြားသွားတတ်ပြီး မဲအနိုင်အရှုံး ရလဒ်ကိုလည်း အနည်းနှင့်အများ သက်‌ရောက်မှု ရှိသည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံများသို့ သွား‌ရောက်လုပ်ကိုင်‌နေသူ ကရင်လူငယ် အများစု ပြည်ပမှ‌နေရပ် ပြန်လည်‌ရောက်ရှိ လာပြီး အလုပ်လက်မဲ့ဖြစ်‌နေခြင်းများ၊ ခရီးသွားလုပ်ငန်းများ ရပ်နားထားရသည့်အတွက် ပြည်နယ်အတွင်း ဆက်စပ် လုပ်ငန်းများ ထိခိုက်မှုရှိလာသည်။ အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး၌လည်း ‌တောင်သူတို့၏ လယ်ယာထွက်ကုန်များ ‌ဈေး‌ကောင်းမရသလို ပြည်တွင်းရှိ ကရင်လူငယ် ‌ရွှေ့‌ပြောင်းအလုပ်သမားများလည်း အလုပ်နား‌နေကြရကာ စားဝတ်‌နေ ‌ရေးခက်ခဲမှုကို ရင်ဆိုင်‌နေကြရသည်။ မိုးပြိုအများဟု မှတ်ယူနိုင်‌သော်လည်း အ‌ခြေခံ စီးပွား‌ရေး မ‌ကောင်းသည့် မဲဆန္ဒ ရှင် ပြည်သူလူထုထဲမှ မိသားစုများ၊ ‌နေ့စား အလုပ်လုပ်သူများအတွက်မူ အခက်အခဲကို ပို၍ ကြုံဆုံ‌နေရ‌ပေမည်။

ဤအ‌နေအထားတွင် ကရင်ပြည်သူများ၏ မျိုးစုံ‌သော အကြပ်အတည်း၊ ကိုဗစ် ကပ်‌ရောဂါ ပထမလှိုင်းအပြီး ကရင်စီး ပွား‌ရေးသမားများ လုပ်ငန်း ပြန်လည်ထူ‌ထောင်နိုင်‌ရေး ‌ချေး‌ငွေကဏ္ဍနှင့် ကရင်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း အခန်းကဏ္ဍကလည်း လုပ်ငန်းအများစုမှာ စာရွက်စာတမ်း မစုံလင်မှု‌ကြောင့် ခက်ခဲမှု ရှိခဲ့သည်။

ယခုတစ်ကြိမ် ကိုဗစ် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းစဉ်များ၌ ပြည်တွင်းပြည်ပ အကူအညီများ ‌ရောက်ရှိလာဦးမည် ဖြစ်ရာ လုပ်ငန်းများ ပြန်ထူ‌ထောင်၊ တိုးချဲ့နိုင်‌ရေးအတွက် ကြိုတင်စဉ်းစားထားသင့်‌ပေသည်။ ထို့အတွက်‌ကြောင့် ထိခိုက်‌နေသည့် စီးပွား‌ရေးဂယက်များကို မျက်‌ခြေမပျက် ‌စောင့်ကြည့်ကာ ‌ရွေး‌ကောက်ပွဲအပြီး ကိုဗစ်ကင်းစင်ကာလ များတွင် ကရင်လူမျိုးများ မိမိတို့၏ ပင်ကိုယ်ဓ‌လေ့ အသက်‌မွေးလုပ်ငန်းများ တိုးတက် ဖြစ်ထွန်းနိုင်‌ရေးအတွက် အားစိုက်လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။