Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲတွင် အမျိုးသမီးကို အနိုင်ရနိုင်သည့်‌နေရာမျိုးထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုး‌တွေ့ရဟု WLB ‌ပြော

‌ရွေး‌ကောက်ပွဲတွင် အမျိုးသမီးကို အနိုင်ရနိုင်သည့်‌နေရာမျိုးထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုး‌တွေ့ရဟု WLB ‌ပြော

1921
‌အောက်တိုဘာ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသမီးများကို အနိုင်ရနိုင်သည့် မဲဆန္ဒနယ် ‌မြေများထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုးများ ‌တွေ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ၏ တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး-၂ ‌လွေးပိုး ငယ်က ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်လွှင့်မည့် “၂၀၂ဝ စိန်‌ခေါ်သံများ” အငြိမ့်နှင့် ပတ်သက်၍ ‌အောက်တိုဘာ ၆ ရက်‌နေ့တွင် ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် သူမက ယခုလို မှတ်ချက်ပြု ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ဒီ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ ‌နေရာ‌တွေမှလည်း တချို့နိုင်ငံ‌ရေးပါတီ‌တွေ ဆိုလို့ရှိရင် မြင်ရတာက အမျိုးသမီး‌တွေကို မူအရ ထည့်ထားတာပဲ ရှိတယ်။ တကယ့်လက်‌တွေ့မှာ အမျိုးသမီး‌တွေ ‌အောင် နိုင်မဲ့ ‌နေရာမှာ ထည့်ထားတာမရှိဘူး။ ဟို ဟန်ပြ ထည့်ထားတာမျိုး‌တွေ အများကြီးမြင်‌တွေ့‌နေရတာကို ကျမတို့ ‌ဖော်ပြထားတာ‌ပေါ့‌နော်” ဟု ၎င်းက ‌ပြောသည်။

ယခုလို အ‌ခြေအ‌နေမျိုးသည် ပါတီကြီးများတွင်လည်း ‌တွေ့နိုင်သလို တိုင်းရင်းသားပါတီများတွင်လည်း ရှိ‌ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားပါတီများတွင် အခွင့်အလမ်းနည်းသည့်အတွက် လာပြိုင်ရန် စည်းရုံး ရခြင်းမျိုးလည်းရှိသည်ဟု ကရင်ပြည်သူ့ပါတီ တွဲဖက်အတွင်း‌ရေးမှူး-၁ နန့်ခင်‌အေးဦးက ‌ပြောသည်။

“ ဆရာမကို‌တော့ နိုင်‌ခြေရှိလို့ပါတီက လက်မလွှတ်ပဲ ဝင်ပြိုင်ခိုင်းတာ။ တချို့အမျိုးသမီး‌တွေကျ‌တော့ ပြိုင်ချင် တယ်ဆို‌တော့ အ‌တွေ့အကြုံရ‌အောင် ‌ပေးပြိုင်ရတာပဲ။ ကိုယ့်တိုင်းရင်းသားပါတီ‌တွေမှာ‌တော့ အနစ်အနာခံနိုင်ဖို့ အဓိကလိုတယ်” ဟု ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ကိုယ်စားလှယ်‌လောင်း နန့်ခင် ‌အေးဦးက မှတ်ချက်ပြု‌ပြောသည်။

နိုဝင်ဘာ ၈ ရက်‌နေ့တွင် ကျင်းပမည့် ‌ရွေး‌ကောက်ပွဲတွင် အမျိုးသမီး လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ ယခင် ကထက် ပိုမိုယှဉ်ပြိုင် သွားမည်ဖြစ်ပြီး NLD ကိုယ်စားလှယ်‌လောင်းများထဲတွင် အမျိုးသမီး ၂၁ ရာခိုင်နှုန်း၊ ပြည်သူ့ ‌ရှေ့‌ဆောင်ပါတီ (PPP) တွင် အမျိုးသမီး ၂ဝ ရာခိုင်နှုန်းနှင့် လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် အမျိုးသမီးကိုယ်စားလှယ်‌လောင်း ၅ဝ ရာခိုင်းနှုန်းပါဝင်သည်ဟု ပါတီများ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး ပြည်‌ထောင်စုလွှတ်‌တော်၌ အမျိုးသမီးအမတ် ပါဝင်မှု ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီးတွင်မူ အမျိုးသမီး အမတ်ပါဝင်မှု ၁၃.၇ ရခိုင်နှုန်းထိရှိခဲ့သည်ဟု သု‌တေသန ထုတ်ပြန်ချက် များတွင် ‌ဖော်ပြထားသည်။

WLB က ထုတ်လွှင့်မည့် ၂၀၂ဝ စိန်‌ခေါ်သံများအငြိမ့်တွင် အမျိုးသမီး လူရွှင်‌တော်များက ဦး‌ဆောင် တင်ဆက်ထားပြီး လက်ရှိမြန်မာနိုင်ငံတွင် ကြုံ‌တွေ့‌နေရသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေများ၊ အမျိုးသမီးများကို စစ်‌ဘေး‌ရှောင်‌နေရမှု၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသမီးအမတ်များကို ပိုမိုမဲ‌ပေးရန် ရည်ရွယ်ထုတ်လွှင့်ခြင်း ဖြစ်‌ကြောင်းသိရသည်။