Home ဆောင်းပါး အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ၂၀၁၅၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ‌ကြေညာစာတမ်းများကို တိုင်းရင်းသားအခွင့်အ‌ရေးနှင့် ဖက်ဒရယ်ရှု‌ထောင့်မှ သုံးသပ်ချက်

အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ၂၀၁၅၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ‌ကြေညာစာတမ်းများကို တိုင်းရင်းသားအခွင့်အ‌ရေးနှင့် ဖက်ဒရယ်ရှု‌ထောင့်မှ သုံးသပ်ချက်

2605
အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ၂၀၁၅၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ‌ကြေညာစာတမ်းများကို
တိုင်းရင်းသားအခွင့်အ‌ရေးနှင့် ဖက်ဒရယ်ရှု‌ထောင့်မှ သုံးသပ်ချက်
‌နောက်ခံအ‌ကြောင်းအရာ
လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသား ဒီမို က‌ရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား လူမျိုးစု‌တွေ ကြားက လက်ရှိ ဆက်ဆံ‌ရေးဟာ အတိုင်းအတာ တစ်ခုအထိ တင်းမာ‌နေတယ်ဆိုတာဟာ အများသိ နှင့်ပြီးဖြစ်ပါတယ်။

တိုင်းရင်းသား‌တွေရဲ့ သ‌ဘောဆန္ဒနဲ့ ဆန့်ကျင် ပြီး တိုင်းရင်းသားပြည်နယ်‌တွေမှာ ဗိုလ်ချုပ်‌ကြေးရုပ် စိုက်ထူတာမျိုးနဲ့ ဆန္ဒထုတ်‌ဖော်သူ တိုင်းရင်းသား လူထုကို အင်အားသုံးပြီး ဖိနှိပ်တာမျိုးအပြင် တိုင်း ရင်းသားပြည်နယ်‌တွေမှာ အစဉ်တစိုက် တိုက်ပွဲ‌တွေ ဖြစ်ပွား‌နေပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ရှိ‌နေတဲ့ တပ်မ‌တော်ရဲ့ လုပ်‌ဆောင်မှု‌တွေ‌ပေါ်မှာ တိတ်ဆိတ်‌နေတဲ့ လုပ်ရပ်‌တွေဟာ တင်းမာမှု ဖြစ်ရ ခြင်းရဲ့ပူပူ‌နွေး‌နွေး အ‌ကြောင်းရင်းသာဓကများထဲမှ အနည်းအကျဉ်းသာ ဖြစ်ပါ တယ်။ ၂၀၂ဝ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲနီးချိန်မှာ ‘တိုင်းရင်းသားပါတီ‌တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ စိတ်ကူး‌တောင် မရှိဘူး၊’ ‘တိုင်းရင်းသား ပါတီ‌တွေကို မဲ‌ပေးခြင်းအားဖြင့် အခွင့်အ‌ရေး ပိုရလာမှာ မဟုတ်ဘူး’ စသဖြင့် ပါတီ‌ခေါင်း‌ဆောင်ပိုင်းက ဖွင့် ဟ ‌ပြောဆိုလာတာ‌တွေအ‌ပေါ်မှာလည်း တိုင်းရင်း သားပါတီများ အပါအဝင် နိုင်ငံ‌ရေးသုံးသပ်သူ ‌တော်‌တော်များများက ‌ဝေဖန်ရှုံ့ချပြီး ဖြစ်ပါတယ်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲထိ‌တောင် တိုင်းရင်းသား လူမျိုးများရဲ့ ဝန်းရံပံ့ပိုးမှုကို ‌တောင်းခံခဲ့ပြီး တိုင်းရင်း သားတို့ရဲ့ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စွမ်းစွမ်းတမံ ‌ဆောင်ရွက်ပါမယ်လို့ ကတိအထပ်ထပ် ‌ပေးခဲ့တဲ့ NLD ပါတီဟာ တကယ်တမ်း အာဏာရလာ ချိန်မှာ‌တော့ အမှန်တကယ် စွမ်း‌ဆောင်‌ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ငြိမ်းချမ်း‌ရေးကစလို့ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပါအဝင် ‌ခြေဥပြင်ဆင်‌ရေး ကိုပါ ထိထိ‌ရောက်‌ရောက် လုပ်‌ဆောင်နိုင်ခြင်း မရှိခဲ့ တာပါ။ NLD အ‌နေနဲ့ တိုင်းရင်းသားအ‌ရေးနဲ့ ပတ် သက်လို့ စိတ်‌စေတနာ အ‌တော်နည်းတယ်ဆိုတာကို သက်တမ်း ငါးနှစ်အတွင်း အာဏာရပါတီရဲ့ လုပ် ရပ်‌တွေကို ကြည့်ခြင်းဖြင့် အထင်အရှား သိနိုင်ပါ တယ်။

ဒီမှာ နားလည်ထားရမှာက ၂၀၂ဝ မှာ ‌ရွေး ‌ကောက်ပွဲဝင်မယ့် NLD ဟာ ၂၀၁၅ တုန်းက ‌ရွေး ‌ကောက်ပွဲဝင်တဲ့ NLD နဲ့ အ‌နေအထား မတူဘူး ဆို တာကိုပါ။ ၂၀၁၅ တုန်းက အ‌ပြောင်းအလဲကို အင် တိုက်အားတိုက် ‌ဖော်‌ဆောင်မယ်ဆိုပြီး အတိုက်အခံ ပါတီအ‌နေနဲ့ ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၂ဝ မှာ‌တော့ အာ ဏာရပါတီအ‌နေနဲ့ ပြိုင်တာဖြစ်လို့ လက်ရှိအာဏာ ဆက်ကို ဆက်လက်ထိန်းသိမ်းထားချင်လို့ ပြိုင် တာဖြစ်နိုင်ပါတယ်။ မဲဆွယ်‌ဆောင်ပုဒ်ကအစ ‌အောင်လံခိုင်ဖို့ ဆိုပြီး ဖြစ်လာတာကိုကြည့်ပါ။

‌ခြေဥပြင်ဆင်‌ရေးကို‌ရော နိုင်ငံ‌ရေး တည်‌ဆောက် ပုံ ‌ပြောင်းလဲ‌ရေးအတွက်ပါ တိုက်တိုက်တွန်းတွန်း လုပ်မယ်ဆိုတဲ့ သ‌ဘောက‌နေ သူတို့ အာဏာရတုန်း လုပ်ထားတဲ့ လုပ်‌ဆောင်ချက်‌တွေကိုပဲ ပြင်ဆင် မွမ်းမံပြီး ဆက်လုပ်မယ်ဆိုတဲ့ဆီ သ‌ဘောထား ဆင့် ကဲ ‌ပြောင်းလဲလာပြီဆိုတာကို သတိပြုဖို့ လိုပါလိမ့် မယ်။ ဒီလိုလုပ်လိုတဲ့ဆန္ဒဟာ NLD ရဲ့ ၂၀၂ဝ အ‌ထွေ ‌ထွေ‌ရွေး‌ကောက်ပွဲ ‌ကြေညာစာတမ်းကို ရိုးရိုးတန်း တန်း ကြည့်လို့ မထင်ရှား‌ပေမယ့် ၂၀၁၅ ခုနှစ်က ‌ကြေညာစာတမ်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ထင်ထင် ရှားရှား မြင်နိုင်ပါတယ်။

ဒါ‌တောင် အခုလက်ရှိမှာလည်း NLD ပါတီက သူတို့ပါတီကို မဲထည့်မှသာလျှင် ဖက်ဒရယ် ဒီမို က‌ရေစီ ပြည်‌ထောင်စုကို တည်‌ဆောက်နိုင်မယ်ဆိုပြီး မဲဆန္ဒရှင်‌တွေကို စည်းရုံးလှုံ့‌ဆော်‌နေဆဲ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဒီသက်တမ်းငါးနှစ်အတွင်း မတည်ခဲ့တဲ့ ကတိကဝတ်‌တွေကို ဘယ်လိုပုံစံ‌ပြောင်းပြီး ချဉ်းကပ် မလဲဆိုတာကို ၂၀၂ဝ ‌ကြေညာစာတမ်းမှာ သွားကြည့် ပြီး ‌လေ့လာမိပါတယ်။ စိတ်မ‌ကောင်းစွာနဲ့ဘဲ ‌တွေ့ ရတာက ၂၀၁၅ တုန်း တိုင်းရင်းသားတန်းတူ‌ရေးနဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအ‌ပေါ်က ထားခဲ့တဲ့ ခသာငအာနညအ ‌တွေပါ ‌တော်‌တော်များပါ ‌မှေးမှိန်‌ပျောက်ကွယ်သွားတယ် ဆိုတာပါပဲ။

တိုင်းရင်းသား‌တွေအ‌နေနဲ့ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ မှာ‌ရော ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည် ‌ဆောက်‌ရေး၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် NLD ကို အားကိုးယုံကြည်ပြီး မဲ‌ပေးလို့ ရမ လားဆိုတဲ့ ဆုံးဖြတ်ချက်ကို အချက်အလက် ပြည့်စုံ စွာ ချနိုင်ဖို့အတွက် ၂၀၁၅ ‌ကြေညာစာတမ်းနဲ့ ၂၀၂ဝ ‌ကြေညာစာတမ်းနှစ်ခုကို နှိုင်းယှဉ်သုံးသပ်ပြလိုက်ပါ တယ်။

နှိုင်းယှဉ်ရာမှာ တိုင်းရင်းသားများအ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေးနဲ့ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး ဆိုပြီး အပိုင်း ၄ ပိုင်း ခွဲ ပြီး သုံးသပ်ထားပါတယ်။ ဒီ‌လေးပိုင်းဟာ ‌ကြေညာ စာတမ်းနှစ်ခုကို ယှဉ်ဖတ်တဲ့အခါမှာ အသိသာဆုံး ကွာခြားမှုကို ပြတဲ့ အပိုင်း‌လေးပိုင်းလည်း ဖြစ်ပါ တယ်။

၁။ တိုင်းရင်းသားများအ‌ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း‌ရေး
‘တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး ကာ ကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေနှင့် MSDP တို့နှင့် အညီ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးများကို ကာကွယ်‌စောင့်‌ရှောက် ‌ဆောင်ရွက်မည်။’ ဆိုပြီး အစချီထားပါတယ်။ ဒီဥပ‌ဒေနဲ့ ပြဌာန်းချက်‌တွေကို ရည်ညွှန်းကြည့်တဲ့အခါမှာ တိုင်းရင်းသားလူမျိုးများ ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဆက်စပ်တဲ့ ပြဌာန်းချက် ‌တွေ လုံးဝ မပါဝင်တာကို ‌တွေ့ရပါတယ်။

တိုင်းရင်းသားများအ‌ရေးနှင့် ပြည်တွင်း ငြိမ်း ချမ်း‌ရေးအ‌ကြောင်းနဲ့ စပ်လျဉ်းပြီး‌တော့ ၂၀၁၅ ‌ရွေး ‌ကောက်ပွဲ ‌ကြေညာစာတမ်းမှာ ‘တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း ‌သွေးစည်းညီညွတ်မှုဖြင့် ပြည်‌ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်း သာယာ‌ရေး ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် တည်တံ့ ခိုင်မြဲ‌ရေးအတွက် ဦးတည်‌ဆောင်ရွက်မည်။’ ဆိုပြီး ပါပါတယ်။ အလားတူ စာပိုဒ်ကို ၂၀၂ဝ စာတမ်းမှာကျ‌တော့ ‘ပြည်‌ထောင်စုကြီး ငြိမ်းချမ်းသာယာ‌ရေး၊ ဖွံ့ဖြိုး တိုးတက်‌ရေးနှင့် တည်တံ့ခိုင်မြဲ‌ရေးတို့အတွက် ပြည် ‌ထောင်စု စိတ်ဓာတ်အ‌ခြေခံ၍ ထာဝစဉ် လက်တွဲ‌နေ ထိုင်‌ရေး’ ဆိုပြီး မွမ်းမံ‌ရေးသားထားတာကို ‌တွေ့ရပါ တယ်။ ဒီစကားရပ်နှစ်ခု၏ ကွာခြားချက်ကို ကြည့် မယ်ဆိုရင် ၂၀၁၅ ‌ကြေညာစာတမ်းပါ စကားရပ်ဟာ ပြည်‌ထောင်စု တည်တံ့ခိုင်မြဲ‌ရေးကို ဦးစား‌ပေးပြီး ၂၀၂ဝ ‌ကြေညာစာတမ်းမှ စကားရပ်က ထာဝစဉ် လက်တွဲ‌နေထိုင်‌ရေးကို အသား‌ပေးတဲ့ဟန် ရှိ‌နေပါ တယ်။

ဒါ့အပြင် ‘တိုင်းရင်းသားအချင်းချင်း စည်းလုံးညီ ညွတ်‌ရေး၊ ချစ်ကြည်‌လေးစား‌ရေးနှင့် ရိုင်းပင်းကူညီ ‌ရေး တိုးတက်ဖြစ်ထွန်း‌ရေး’ ဆိုတဲ့ စာပိုဒ်တစ်ခုကို လည်း ၂၀၂ဝ ‌ကြေညာစာတမ်းမှာ ထပ်‌လောင်း ထည့်သွင်းထားပါတယ်။ ဒီအချက်‌တွေ ကိုကြည့်ခြင်း အားဖြင့် NLD ဟာ တိုင်းရင်းသားလူမျိုးတို့ရဲ့အ‌ရေး ကို ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူ‌ရေးရှု‌ထောင့်က ထက် လူမှုသဟဇာတဖြစ်မှု ရှု‌ထောင့်ကသာ ကြည့် ပြီး ‌ပြော‌နေခြင်းဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒါကို ကြည့်ခြင်းဖြင့် ‌နောက်တစ်ခု ‌ကောက်ချက် ချနိုင်တာက NLD ဟာ တိုင်းရင်းသား‌ရေးနဲ့ပတ်သက် ပြီး ၂၀၁၅ တုန်းက ‌ပေးခဲ့တဲ့ ကတိ‌တွေကို တိုင်းရင်း သား‌ရေးရာ ဝန်ကြီးဌာနနဲ့ လွှတ်‌တော်တွင်း တိုင်း ရင်းသား‌ရေးရာ‌ကော်မတီ ထားရှိ‌ပေးခြင်းဖြင့် တစ်စုံ တစ်ရာ ‌ဆောင်ကျဉ်း‌ပေးနိုင်ခဲ့ပြီလို့ ယူဆပုံရတယ် ဆိုတာပါ။

၂။ စီးပွား‌ရေး
၂၀၁၅ ‌ကြေညာစာတမ်းမှာ ဘဏ္ဍာ‌ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုနှင့် ပတ်သက်ပြီး‌တော့ စီးပွား‌ရေးကဏ္ဍမှာ ‌အောက်ပါအတိုင်း ‌ဖော်ပြထားပါတယ်။
‘(ခ) ဘဏ္ဍာ‌ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ‌ဖြေ ‌လျော့‌စေ‌ရေးအတွက် ဘဏ္ဍာ‌ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များကို ပြည်‌ထောင်စုအစိုးရနှင့် ပြည် နယ်/ တိုင်း‌ဒေသကြီး အစိုးရများအကြား အသင့် ‌လျော်ဆုံး ခွဲ‌ဝေသုံးစွဲနိုင်ရန် ‌ဆောင်ရွက်မည်။ တစ် ချိန်တည်းမှာပင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များ အကြား ဘဏ္ဍာ‌ငွေ ခွဲ‌ဝေသုံးစွဲ‌ရေးနှင့် ပတ်သက်၍ မမျှတမှုများ မဖြစ်‌ပေါ်‌စေရန် ညှိနှိုင်း ကြိုးပမ်း ‌ဆောင်ရွက်သွားမည်။’

၂၀၂ဝ ‌ကြေညာစာတမ်းပါ စီးပွား‌ရေးကဏ္ဍမှာ ‌တော့ ဗဟိုချုပ်ကိုင်မှု‌လျှော့ချမယ့် အ‌ကြောင်း တစ်စုံ တစ်ရာ မပါဝင်တာကို ‌တွေ့ရပါတယ်။ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးတို့ အားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်‌စေမည်ဟု ‌ဖော်ပြထား‌ပေမယ့် ၎င်းတို့ရဲ့ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ရပ်တည်မှုသ‌ဘောထား ကို‌တော့ ချပြထားခြင်း မရှိပါဘူး။

ပုဂ္ဂလိကစီပွား‌ရေးကဏ္ဍကို အား‌ပေးခြင်းဖြင့် လူသားအရင်းအမြစ်များ တိုးတက်လာ‌စေမယ်ဆိုတဲ့ အချက်က‌တော့ ၂၀၂ဝ မှာ အသစ်ထည့်သွင်းလိုက်တဲ့ အချက်ဖြစ်ပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဝင် ‌ရောက်လာ‌စေမယ် ဆိုတဲ့အချက်ဟာလည်း အမှန် တကယ် အ‌ကောင်အထည်‌ဖော်မယ်ဆိုရင်‌တော့ ပြည်နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားတို့အတွက် အလုပ်အကိုင်အခွင့်လမ်း ဖန်တီးဖို့ အလားအလာရှိတဲ့ အချက်ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။

၃။ ပညာ‌ရေး
ပညာ‌ရေးနဲ့ ပတ်သက်ရင်က‌တော့ ၂၀၁၅ ‌ကြေ ညာစာတမ်းမှာ ‘ဖက်ဒရယ် ပြည်‌ထောင်စုမူနှင့်အညီ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်‌ကျေးမှုကို အား‌ပေးမြှင့်တင်သည့် ပညာ‌ရေးစနစ်ကို ‌ဖော်‌ဆောင် သွားမည်။’ ဆိုပြီး အတိအလင်း ‌ဖော်ပြထားပါတယ်။ အထ‌မြောက်‌အောင်မြင်ရန် အစီအစဉ်ကိုလည်း ‌အောက်ပါအတိုင်း ‌ဖော်ပြထားပါတယ်။

‘(က) ကွဲပြားခြားနားသည့် ဘာသာစကား ‌ပြော‌သော မူလတန်း တိုင်းရင်းသား က‌လေးငယ်များ အတွက် က‌လေးများ၏ မိခင်ဘာသာစကား ‌ပြော နိုင်သည့် ဆရာ ဆရာမ များဖြင့် သင်ကြား‌ပေး မည်။
(ခ) မိခင်စာ‌ပေ ဘာသာစကားကို မူလတန်းတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစီအစဉ်ဖြင့် ‌ဆောင် ရွက်ရန်‌ထောက်ပံ့မည်။’

၂၀၂ဝ ‌ကြေညာစာတမ်းမှာ‌တော့ဖြင့် တိုင်းရင်း သား ဘာသာစကားနှင့် ယဉ်‌ကျေးမှုကို အား‌ပေးမြှင့် တင်‌ပေးမယ့် ပညာ‌ရေးအ‌ကြောင်းနှင့်ပတ်သက်တဲ့ ကတိပါဝင်ခြင်း မရှိတာကို သွား‌တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ပညာ‌ရေးကဏ္ဍမှာလည်း တိုင်း ရင်းသားလူမျိုးစု‌တွေနဲ့ ပြတ်သားစွာ ရပ်တည်ခြင်း အရိပ်အ‌ယောင် ‌မှေးမှိန်လာတာကို ‌တွေ့ရပါ တယ်။

သို့‌သော် ဒီလို‌ပြောလို့ ပညာ‌ရေးမှာ ‌မျှော်လင့်စရာ မရှိတာ‌တော့ မဟုတ်ပါဘူး။ ]တက္ကသိုလ်နှင့် ‌ကော လိပ်များသည် လွတ်လပ်‌သော ကိုယ်ပိုင်စီမံခွင့်ဖြင့် ရပ်တည်‌ရေး} ဆိုတဲ့အချက်နဲ့ ပုဂ္ဂလိက ‌ကျောင်း ‌ထောင်ခွင့်‌ပေးပြီး ပုဂ္ဂလိက ကဏ္ဍ၏ ပူး‌ပေါင်းပါဝင် မှုကို အား‌ပေးမြှင့်တင်လိုတဲ့ အချက်‌တွေဟာ ဗဟို ချုပ်ကိုင်မှု‌လျှော့ချရာမှာ အလားအလာ‌ကောင်းတဲ့ အစပျိုးမှုဖြစ်ပြီး ဒီကမှတစ်ဆင့် ပြည်နယ်နဲ့ တိုင်း ‌ဒေသကြီးတို့က ‌ကျောင်း‌တွေမှာ ကိုယ်ပိုင်သင်ရိုး ပြဌာန်းနိုင်ဖို့အတွက် အရှိန်ယူမှုတစ်ခု ဖြစ်လာနိုင် ‌ချေ ရှိပါတယ်။

၄။ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး
ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးနှင့် ပတ် သက်ပြီး‌တော့လည်း ၂၀၁၅ ‌ကြေညာစာတမ်းမှာ ‘တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ‌အေးချမ်းလုံခြုံစွာ လက်တွဲ‌နေထိုင်‌ရေးကို အာမခံချက်‌ပေးနိုင်မည့် ဖွဲ့ စည်းပုံ အ‌ခြေခံ ဥပ‌ဒေတစ်ရပ် ‌ပေါ်ထွန်း‌ရေး’ အ တွက် လက်ရှိအ‌ခြေခံဥပ‌ဒေကို ဖက်ဒရယ် ဒီမိုက‌ရေစီ မူများ‌ပေါ် မူတည်ကာ ပြင်ဆင်မယ်ဆိုပြီး အတိအကျ ‌ဖော်ပြထားတာ ရှိပါတယ်။

၂၀၂ဝ ‌ကြေညာစာတမ်းမှာ‌တော့ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့် ပတ်သက်ပြီး ကတိက ဝတ် တစ်စုံတစ်ရာ ‌ပေးထားခြင်းမရှိတာကို ‌တွေ့ရ ပြန်ပါတယ်။ ‘စစ်မှန်‌သော ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စု ဖြစ်ထွန်း‌စေမည့် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ ‌ပေါ်‌ပေါက်‌ရေး’ ဆိုတဲ့အချက်ကို ၂၀၁၅ ‌ကြေ ညာစာတမ်းနည်းတူ စာတမ်းရဲ့ ‌ရှေ့ဆုံးစာမျက်နှာ မှာ ‌ရေးသား‌ဖော်ပြထားတယ် ဆို‌ပေမယ့် ၂၀၂ဝ ‌ကြေ ညာစာတမ်းမှာ အသစ်ထပ်မံ ပိုင်းခြားထည့်သွင်းထား တဲ့ ကဏ္ဍ‌တွေဖြစ်တဲ့ ဥပ‌ဒေပြု‌ရေး၊ အုပ်ချုပ်‌ရေးနှင့် တရားစီရင်‌ရေးဆိုင်ရာ ‌ကြေညာချက်‌တွေမှာ ဖက် ဒရယ်မူကိုအ‌ခြေခံတဲ့ ‌ပြောင်းလဲမှုများကို ‌ဖော်ပြ ထားတာမဟုတ်ဘဲ ဒီမိုက‌ရေစီလမ်း‌ကြောင်းကို ဦးတည်တဲ့ ကတိ‌ပေးချက်များသာ ဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

စင်စစ်မှာ ဒီလို ‌ကြေညာစာတမ်းပါ အချက် ‌တွေဟာ ဒီမိုက‌ရေစီ မပြည့်ဝ‌သေးသ‌ရွေ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ‌ပေးဖို့မသင့်ဘူး ဆိုတဲ့ NLD အာဏာရပြီး‌နောက်ပိုင်း ‌ခြေဥပြင်ဆင်‌ရေးကို ချဉ်း ကပ်ပုံနဲ့ ထင်ဟပ်မှု ရှိပါတယ်။

တကယ်တမ်း ၂၀၁၅ ‌ကြေညာစာတမ်းနဲ့ မယှဉ် ဘဲ ၁၉၈၉ ‌ကြေညာစာတမ်းနဲ့ ယှဉ်ရင်‌တောင် ၂၀၂ဝ ခုနှစ်ထုတ် NLD ‌ရွေး‌ကောက်ပွဲ ‌ကြေညာစာတမ်းဟာ တိုင်းရင်းသားတို့ရဲ့ တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့‌နေရာ‌တွေမှာ ရပ်တည်ချက်‌တွေ အများကြီး ‌လျော့ရဲ‌နေတာကို‌တွေ့ရမှာပါ။ ၁၉၈၉ ‌ကြေညာ စာတမ်းမှာ‌တောင် တိုင်းရင်းသားလူမျိုးများနှင့် ပတ် သက်ပြီး ‘တိုင်းရင်းသားလူမျိုးအားလုံးသည် နိုင်ငံ ‌ရေး၊ အုပ်ချုပ်‌ရေး၊ စီးပွား‌ရေး စ‌သော နယ်ပယ်အသီး သီး၌ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌ရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေနှင့်အညီ ဦးတည်‌ရှေးရှုမည်။’ ဆိုတဲ့ တိကျပြတ်သားတဲ့ ကတိကဝတ် ‌ပေးထားတာကို ‌တွေ့ရတာဖြစ်လို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့ ‌ရွေး‌ကောက်ပွဲ‌ကြေညာစာတမ်း သုံးခု ထဲမှာ ၂၀၂ဝ ခုနှစ် ‌ကြေညာစာတမ်းဟာ တိုင်းရင်း သား‌တွေ လိုလားတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုစနစ်ကို ဦးစား‌ပေးမှု အနည်းဆုံးပင် ဖြစ်‌နေတယ်လို့ သုံး သပ်ရင်‌တောင် ရနိုင်ပါတယ်။

နိဂုံး
အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ဟာ အစိုးရဖြစ်တဲ့ ငါးနှစ်သက်တမ်းတစ်‌လျှောက်မှာ ၂၀၁၅ ‌ရွေး‌ကောက် ပွဲ ‌ကြေညာစာတမ်းတုန်းက ‌ပေးခဲ့တဲ့ ကတိကဝတ် ‌တွေကို ‌ရေ‌ရေရာရာ တည်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီမို ကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက် မယ်ဆိုတာဟာလည်း နိုင်ငံ‌ရေးအရ လုပ်ပိုင်ခွင့်၊ စွမ်း‌ဆောင်ရည်နဲ့ စိတ်‌စေတနာ အားနည်းမှု‌တွေ ‌ကြောင့် တိုင်းရင်းသားလူထု ‌မျှော်မှန်းခဲ့သလို အ‌ကောင်အထည်မ‌ဖော်နိုင်ခဲ့ပါဘူး။ အခုတစ်ခါ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ‌ကြေညာစာတမ်းမှာလည်း မတည်နိုင်ခဲ့တဲ့ ကတိ‌တွေအ‌ပေါ်မှာ အစီအစဉ် အ‌သေးစိတ်နဲ့ မွမ်းမံဖြည့်စွက်ပြီး ပြန်လည်ချပြမယ့် အစား ‌ရေ‌ရောပြီး ‌ယေဘုယျဆန်ဆန် ပြန်‌ဖော်ပြ ထားတာမျိုး ‌တွေ့ရပါတယ်။

ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေးနှင့် ‌လျော်ညီ ‌သော ‌ပြောင်းလဲမှုမျိုးသည်သာ NLD အတွက် အဓိက ဦးစား‌ပေးဖြစ်‌နေပြီး တိုင်းရင်းသား‌တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဆက်စပ်တဲ့ ရပ်တည်ချက်ဟာ ပြတ်သားမှုရှိမ‌နေဘူးဆိုတာကို လက်ရှိအာဏာရ အစိုးရရဲ့ လုပ်ရပ်‌တွေအပြင် ယခု တရားဝင် ထုတ် ပြန်ထားတဲ့ ‌ရွေး‌ကောက်ပွဲ ‌ကြေညာစာတမ်းပါ ကတိကဝတ်‌တွေကို ‌လေ့လာကြည့်ခြင်းဖြင့်ပါ သိနိုင်ပါတယ်။ အထက်က နှိုင်းယှဉ်သုံးသပ်ချက် ‌တွေကို ကြည့်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူ‌တွေ အ‌နေနဲ့ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာလည်း NLD ကိုပဲ ဆက်လက်အားကိုးဖို့အတွက် လုံ‌လောက်တဲ့ အ‌ကြောင်းရင်း ရှိမ‌နေပါဘူးလို့ သုံးသပ်ယူဆပါ တယ်။

‌နော်ဂလဲဒစ်(စ်)‌မောင်‌မောင်

‌နော်ဂလဲဒစ်(စ်)‌မောင်‌မောင်သည် သံလွင် ပြည် သူ့‌ရေးရာ မူဝါဒ‌လေ့လာ‌ရေးအဖွဲ့တွင် သု‌တေသန တာဝန်ခံအဖြစ် လုပ်ကိုင်လျက်ရှိပြီး မကြာ‌သေးမီ ကပင် ‘၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် အသင့်ပြင်ခြင်း- မြန်မာနိုင်ငံရှိတိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ၏ မဲဆွယ်ဗျူဟာများကို ပိုမို‌ကောင်းမွန် ‌စေမည့် နည်းလမ်းများ’ ဟူသည့် စာတမ်းတစ်‌စောင် ကို ပြုစု‌ရေးသားထားသည့် သု‌တေသီတစ်ဦးလည်း ဖြစ်သည်။