Home ရွေးကောက်ပွဲသတင်း မြဝတီမြို့တွင် KNDP ပါတီ‌အောင်နိုင်‌ရေးအတွက် လူဦး‌ရေ‌သောင်းချီ၍ အင်အားပြလှည့်လည်

မြဝတီမြို့တွင် KNDP ပါတီ‌အောင်နိုင်‌ရေးအတွက် လူဦး‌ရေ‌သောင်းချီ၍ အင်အားပြလှည့်လည်

2683
Photo: Nay Naw

‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် လာမည့် နိုဝင်ဘာလ ၈ ရက်‌နေ့မှာ ကျင်းပမည့် ပါတီစုံအ‌ထွေ‌ထွေ ‌ရွေး‌ကောက် ပွဲ၌ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP ပါတီ‌အောင်နိုင်‌ရေးအတွက် ယ‌နေ့ (‌အောက်တိုဘာ ၁၉ ) လူဦး‌ရေ‌သောင်းနှင့်ချီ၍ မြို့တွင်းနှင့် မြို့ပြင် ‌ကျေးရွာများတွင် အင်အားပြလှည့်လည်မှု ပြုလုပ်ခဲ့ကြသည်။

KNDP ပါတီကို အား‌ပေး‌ထောက်ခံဝန်းရံသူများသည် ယ‌နေ့ နံနက်ပိုင်းက မြဝတီမြို့ရှိ ကရင်ထာဝရနှစ်ကူးကွင်း ၊ ‌ဝှေ့ရှမ်း မဲ့ပလဲ့ရွာ အစရှိသည့် ‌နေရာအသီးသီးတွင် စုရပ်ပြုလုပ်၍ နံနက် ၉နာရီခွဲခန့်က စတင်၍ ‌မော်‌တော် ဆိုင်ကယ်၊ ‌မော်‌တော်ယာဉ် ‌မြောက်များစွာဖြင့် မြဝတီမြို့ ဘုရင့်‌နောင်လမ်းမကြီး တ‌လျှောက် နှင့် ကရင်တိုင်းရင်း သားအများစု‌နေထိုင်ရာ ‌ကျေးရွာများတွင် လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ လှည့်လည်ရာတွင် ကရင်အမျိုးသားအလံ‌ထောင်၍ ကရင့်အမျိုးသားသီချင်းနှင့် ပါတီမဲဆွယ်စည်းရုံး‌ရေး သီချင်းများ ဖွင့်လှစ်ကာ “တန်းတူညီမျှအခွင့်အ‌ရေးရရှိဖို့ KNDP ပါတီကို မဲ‌ပေးစို့” စသည့် စာတမ်းပါ ရှပ်အကျင်္ီများ ဝတ်ဆင်၍ လှည့်လည်ခဲ့ကြသည်။

KNDP ပါတီ‌အောင်နိုင်‌ရေးအတွက် ဝန်းရံ လှည့်လည်သူများတွင်ပါဝင်သူ တစ်ဦးက “ကျ‌နော်တို့ တန်းတူညီမျှ အခွင့်အ‌ရေးရရှိဖို့က ကရင်လူမျိုးမှန်ရင် ကရင်ပါတီကို မဖြစ်မ‌နေ မဲ‌ပေးကြဖို့ လိုအပ်ပါတယ်။ ဘာ‌ကြောင့်လဲ ဆို‌တော့ ကရင်တိုင်းရင်းသားအများစုကို ကိုယ်စားပြုတဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေဟာ လွှတ်‌တော်ထဲ ‌ရောက်ရှိမှသာ ကရင်ပြည်နယ်၏ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး စတဲ့လုပ်ငန်းစဉ်‌တွေ ပိုမိုတိုးတက်‌ကောင်း မွန်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

လာမယ့် ‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ပါတီအ‌နေဖြင့် မြဝတီမြို့ခရိုင်တွင် ပြည်သူ့လွှတ်‌တော်‌နေရာ၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် အမှတ်(၁၁) နှင့် အမှတ်(၁၂)‌နေရာ ၊ ပြည်နယ် လွှတ်‌တော် မြဝတီမြို့နယ် မဲဆန္ဒနယ် (၁)နှင့် မဲဆန္ဒနယ်(၂)တို့အပြင် ဗမာတိုင်းရင်းသား ‌ရေးရာကိုယ်စားလှယ် ‌နေရာများတွင် အသီးသီးဝင်‌ရောက် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Photo: Nay Naw

“ဒီတိုင်းရင်းသား‌တွေဟာ လွှတ်‌တော်ထဲ ‌ရောက်လာမယ်ဆိုရင် ငြိမ်းချမ်း‌ရေးက‌တော့ ‌တော်‌တော်‌လေးကို အဆင်‌ပြေသွားမှာဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ တိုင်းရင်းသား‌တွေရဲ့ ခံစားချက်ကို အရင်းခံ နားလည်တဲ့ ကိုယ်စားလှယ်‌တွေက လွှတ်‌တော်ထဲ ‌ရောက်သွားရင် ညှိနှိုင်း ကြမယ်၊ အ‌ဖြေရှာကြမယ်ဆိုရင် ကျ‌နော်တို့ မြန်မာ နိုင်ငံရဲ့ အနာဂတ်ဟာ ‌မျှော်လင့်လို့၊ မှန်းဆလို့ ရပါတယ်လို့”ဟု ကရင်ပြည်နယ်လွှတ်‌တော် မြဝတီမြို့ နယ် မဲ ဆန္ဒနယ် အမှတ်(၁)တွင် ဝင်‌ရောက် ‌ရွေးချယ်ခံမည့် KNDP မှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ဦးစိုး‌နောင်က ‌ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၌ မြဝတီခရိုင်တွင် ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ(KNDP)အပြင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)ပါတီ၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (USDP) ၊ ပြည်သူ့‌ရှေ့‌ဆောင်ပါတီ(PPP)၊ ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီ၊ တိုင်း ရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ (တစည)၊ အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ (NDF)တို့မှ ကိုယ်စားလှယ် ‌လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ‌လောင်းတို့မှ အသီးသီး ဝင်‌ရောက်ယှည်ပြိုင် အ‌ရွေးချယ်ခံကြမည် ဖြစ်သည်။

မြဝတီမြို့တွင် ယမန်‌နေ့ (‌အောက်တိုဘာလ ၁၇ ရက်)ကလည်း ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP) မှ လည်း‌ကောင်း၊ ‌အောက်တိုဘာ ၁၈ ရက်‌နေ့တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် -NLDမှ လည်း ‌ကောင်း အင်အားအလုံးအရင်းဖြင့် မဲဆွယ်လှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြ‌သေးသည်။

ယခုအခါ မြဝတီမြို့၌ ပြည်တွင်းသွားလာခြင်းနှင့် ယာဉ်‌မောင်းများမှတဆင့် ကူးစက်ပျံ့နှံ့‌နေ‌သော Covid -19 အ တည်ပြုလူနာ ၄ဝ ‌ကျော်ထိ ရှိလာပြီးဖြစ်၍ ထိုသို့ လူစုလူ‌ဝေး ပြုလုပ်ခြင်းအတွက် မြဝတီ‌ဒေသခံများမှာ ကိုဗစ် ‌ရောဂါပိုးကူးစက်ပျံ့နှံ့မှုများ ပိုမိုဖြစ်လာမည်ကို စိုးရိမ်လျက်ရှိ‌ကြောင်း သိရသည်။