Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းခြင်း

ဆက်သွယ်‌မေးမြန်းခြင်း

2132

ဆက်သွယ်‌မေးမြန်းခြင်း

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ ‌နေရာအတွက် ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီ-UBP မှ ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ‌စောအယ်‌လေးမူး (ခ) ‌စောချစ်‌လေးအား ‌ကေအိုင်စီ-ကရင် သတင်းဌာနက ‌မေးမြန်းထားသည်။

‌မေး။ ။ လာမယ့်‌ရွေး‌ကောက်ပွဲမှာ ကရင်ပါတီ‌တွေက‌နေ ကိုယ်စားလှယ်‌လောင်း‌တွေလည်း ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ရှိပါ တယ်။ ဆရာ့အ‌နေနဲ့ UBP ကိုယ်စား ဘာ‌ကြောင့် ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါလဲ။
‌ဖြေ။ ။ UBP က‌နေ ဘာ‌ကြောင့်အ‌ရွေးခံလဲဆိုရင် အဓိကအချက်က ပါတီရဲ့ မူဝါဒမှာ ‌ပေါင်းစည်းလုပ်‌ဆောင်နိုင်တဲ့ အချက်‌ကြောင့် အ‌ရွေးခံခြင်းဖြစ်ပါတယ်။ နိုင်ငံ‌ရေးမှာ ကိုယ်တစ်‌ယောက်တည်း လုပ်လို့ မရနိုင်သလို၊ ဝိုင်းဝန်းပူး‌ပေါင်း ‌ဆောင်ရွက်နိုင်မှ လူမျိုးအ‌ရေး၊ နိုင်ငံအ‌ရေး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

‌မေး။ ။ ဘယ်တိုင်း‌ဒေသကြီး ဘယ်‌နေရာမှာ ဘယ်လိုကိုယ်စားလှယ်‌လောင်းအ‌နေနဲ့ ဝင်‌ရောက်ယှဉ်ပြိုင်မှာပါလဲ။
‌ဖြေ။ ။ ကျ‌နော့်အ‌နေနဲ့ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်အ‌ရွေးခံခြင်းဖြစ်ပါတယ်။

‌မေး။ ။ ဆရာရဲ့ဇာတိ၊ လက်ရှိ‌နေထိုင်ရာအရပ်နဲ့ ကိုယ်စားလှယ်‌လောင်းအ‌နေနဲ့ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ မဆုံးဖြတ်ခင် ဆရာ့အ‌နေနဲ့ ဘယ်လိုအ‌ရေးအရာ‌တွေမှာ ပါဝင်လုပ်‌ဆောင်ခဲ့ပါသလဲ။ ဥပမာ ကရင်‌ရေးရာ၊ စာ‌ပေယဉ်‌ကျေးမှု၊ ဖွံ့ဖြိုး ‌ရေး၊ ပရဟိတလုပ်ငန်း၊ ပညာ‌ရေး စသည်ဖြင့် တစ်ခုခု‌ပေါ့ဆရာ။
‌ဖြေ။ ။ ကျ‌နော်က ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်မြို့နယ် ‌တောင်တန်းကုန်း‌ကျေးရွာမှာ ‌မွေးဖွားခဲ့ပါတယ်။ ကိုယ်စား လှယ်အဖြစ် ဝင်‌ရောက်အ‌ရွေးမခံခင်မှာ‌တော့ ကျ‌နော်‌နေတဲ့အရပ်ပတ်ဝန်းကျင်မှာ ကရင်လူမျိုးများရဲ့ အခက်အခဲပြဿ နာများကို တတ်နိုင်သ‌လောက် ပါဝင်ကူညီခဲ့ပါတယ်။ ပရဟိတအ‌နေနဲ့‌ပေါ့။

‌မေး။ ။ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာကို ဘာ‌ကြောင့်ဝင်‌ရောက်ယှဉ်ပြိုင်ရတာပါလဲ။
‌ဖြေ။ ။ ဧရာဝတီတိုင်း‌ဒေသကြီးမှာ ကရင်လူမျိုးအများစု ‌နေထိုင်လျှက်ရှိပါတယ်။ ကရင်လူမျိုးအတွက် တစ်‌ထောင့် တစ်‌နေရာမှာ ပါဝင်ကူညီချင်လို့ ဝင်‌ရောက်အ‌ရွေးချယ်ခံခြင်းဖြစ်ပါတယ်။

‌မေး။ ။ ‌နောက်တစ်ခုက ကိုယ့်ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းက လူ‌နေမှုဘဝ၊ စာ‌ပေယဉ်‌ကျေးမှု၊ အမျိုးသား‌ရေး၊ စီးပွား‌ရေး စတဲ့အ‌ခြေအ‌နေ‌တွေကို ‌လေ့လာသုံးသပ်မိသ‌လောက် ၂ခုဖြစ်‌စေ၊ ၂ခုထက်ပိုပြီးဖြစ်‌စေ ဆရာ့အမြင်ကို သုံးသပ်‌ပေးပါဆရာ။
‌ဖြေ။ ။ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ‌နေထိုင်တဲ့ ကရင်လူမျိုး‌တွေရဲ့ လူ‌နေမှုဘဝမှာ အများအားဖြင့် ကရင်လူထု ‌တွေက နယ်ပိုင်းမှာ ‌နေထိုင်တာများတဲ့အတွက်‌ကြောင့် စာ‌ပေပိုင်းမှာ‌ရော၊ စီးပွား‌ရေးပိုင်းမှာ‌ရော အမျိုးသား‌ရေးမှာ‌ရော အားနည်းမှုများစွာရှိ‌နေပါတယ်။ စီးပွား‌ရေးမှာလည်း ‌နောက်ကျကျန်ခဲ့တယ်။ အမျိုးသား‌ရေးစိတ်ဓာတ်လည်း အားနည်း ခဲ့တာကို ‌လေ့လာသုံးသပ်မိပါတယ်။

‌မေး။ ။ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာအ‌နေနဲ့ ဝင်‌ရောက်ယှဉ်ပြိုင်မယ်ဆို‌တော့ ကိုယ့်ကရင်လူထုအတွက် ဘာကိုအဓိက လုပ်‌ဆောင်‌ပေးချင်လို့ပါလဲ။
‌ဖြေ။ ။ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းမှာရှိတဲ့ ကရင်လူမျိုး‌တွေအတွက်က‌တော့ စာ‌ပေပိုင်းမှာ အား‌ကောင်းလာဖို့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ဖို့၊ တရားမျှတတဲ့ အမျိုးသား‌ရေးစိတ်ဓာတ် ဖြစ်‌ပေါ်လာ‌စေဖို့အတွက် ‌ဆောင် ရွက်‌စေချင်ပါတယ်။

‌မေး။ ။ ကိုဗစ်ကာလကလည်းဖြစ်၊ မဲဆွယ်ကာလလည်းဖြစ်‌တော့ မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်း‌တွေမှာ ဘယ်လိုအ ခက်အခဲ‌တွေ ‌တွေ့ကြုံရပါလဲ။ လက်ရှိမှာ‌ရော မဲဆွယ်စည်းရုံး‌ရေး ဘယ်လိုလုပ်‌ဆောင်‌နေပါလဲ။
‌ဖြေ။ ။ အခက်အခဲက‌တော့ အများကြီးရှိပါတယ်။ ‌ရောဂါဖြစ်‌စေတဲ့အချိန်ဆို‌တော့ သွားလာ‌ရေး အခက်အခဲရှိတဲ့အ တွက် ကိုယ်သွားလို့ရတဲ့‌နေရာ သွား‌ရောက်ခဲ့ပြီး သွားလို့မရတဲ့‌နေရာ‌တွေမှာ‌တော့ ဖုန်းနဲ့သာ အဓိက ဆက်သွယ်မှု ပြုလုပ်ပါတယ်။

‌မေး။ ။ ဧရာဝတီကရင်‌ရေးရာကို ကရင်ပါတီ‌တွေအပြင် အခြားအင်အားကြီးပါတီ‌တွေလည်း ဝင်‌ရောက်ယှဉ်ပြိုင်မှာ ဖြစ်လို့ ဆရာအ‌နေနဲ့ ဘယ်‌လောက်ထိယုံကြည်မှုရှိပါလဲ။
‌ဖြေ။ ။ ယုံကြည်မှုက အပြည့်အဝရှိပါတယ်။

‌မေး။ ။ ‌နောက်ဆုံးအ‌နေနဲ့ကိုယ့်မဲဆန္ဒရှင် ကရင်လူထု‌တွေကို ဘာများ‌ပြောကြားချင်ပါလဲ။
‌ဖြေ။ ။‌နောက်ဆုံးအ‌နေနဲ့ ဧရာဝတီတိုင်း‌ဒေသကြီးက ကရင်လူမျိုးအားလုံး ခုချိန်မှာ မျက်စိဖွင့်၊ နားစွင့်ရမည့် အချိန်‌ရောက်ပါပြီ။ ကိုယ်နဲ့မဆိုင်သလို မ‌နေပါနဲ့ ကရင်လူထုအားလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်၏‌ပျော်ရွှင်ခြင်း ရရှိနိုင်သကဲ့သို့ ‌ရောဂါဆိုးကြီး‌ဘေးမှလည်း လွတ်‌မြောက်နိုင်ပါ‌စေလို့ အားလုံးကို ဘုရားသခင် ‌ကောင်းကြီး‌ပေးပါ‌စေ။

‌စောအယ်‌လေးမူး (ခ) ‌စောချစ်‌လေးသည် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ‌တောင်တန်းကုန်း‌ကျေးရွာ ဇာတိ ဖြစ်သည်။ အမိ ‌နော်ခွယ်‌ဖော၊ အဖ ဦး‌သောင်းကြည်တို့က ၃-၅-၁၉၈၅ခုနှစ်တွင် ‌မွေးဖွား‌သော ကရင်လူမျိုးတစ်ဦးဖြစ် ပြီး နိုင်ငံသားစိစစ်‌ရေးကဒ် နံပါတ် – ၁၄/ပသန(နိုင်) ၁၉၇၀၇၅ ဖြစ်သည်။

ပညာအရည်အချင်းမှာ B.Th(Theology) ဖြစ်ပြီး လက်ရှိအလုပ်အကိုင် ပုသိမ်မြို့နယ်၊ ပြည်‌ထောင်စု‌ကောင်းကျိုး ‌ဆောင်ပါတီ(UBP)၏ တွဲဘက်အတွင်း‌ရေးမှူးဖြစ်သည်။ ထို့အပြင် ပုသိမ်မြို့နယ်၊ ကရင်တိုင်းရင်းသား‌ရေးရာ ဆက်ဆံ ညှိနှိုင်း‌ရေးတာဝန်ခံနှင့် ယခင်က CSSDD/ MCU တို့တွင် တာဝန်ခံအရာရှိ၊ လူမှုဆက်ဆံ‌ရေးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ ဖူးသည်။