Home Facts Checking News လူမဆန်မှုနဲ့အကြမ်းဖက်မှု‌တွေ ရပ် – ‌ရောဂါကပ်‌ဘေးကြီးထဲက‌နေ ပြည်သူကို ကာကွယ်ကူညီ (‌ဆောင်းပါး)

လူမဆန်မှုနဲ့အကြမ်းဖက်မှု‌တွေ ရပ် – ‌ရောဂါကပ်‌ဘေးကြီးထဲက‌နေ ပြည်သူကို ကာကွယ်ကူညီ (‌ဆောင်းပါး)

2209
Photo: Internet

လူမဆန်မှုနဲ့အကြမ်းဖက်မှု‌တွေ ရပ် – ‌ရောဂါကပ်‌ဘေးကြီးထဲက‌နေ ပြည်သူကို ကာကွယ်ကူညီ

‌မောင်‌ကျော်စွာ
(၂၀၂ဝ ပြည့်နှစ်၊ စက်တင်ဘာ ၁၉ ရက်)

ဒီတစ်ပတ်‌တော့ ကိုဗစ် – ၁၉ ဗိုင်းရပ် ကပ်‌ရောဂါကို ဦးတည်ထားပြီး တင်ပြချင်ပါတယ်။ ဒီကပ်‌ရောဂါဟာ ‌နေရာ‌ဒေသတစ်ခုက‌နေ စတင်ဖြစ်ပွားခဲ့တာမှန်‌ပေမယ့် အခု‌တော့ ကမာ္ဘလုံးဆိုင်ရာ ကပ်‌ရောဂါကြီးအဖြစ်သို့ အချိန်တို အတွင်းမှာ ‌ရောက်ရှိသွားခဲ့ပြီး ကမာ္ဘ့အနှံ့အပြားမှာရှိတဲ့ လူအများကို ကူးစက်‌နေပါတယ်။ ကျန်းမာ‌ရေးသာမက စီးပွား ‌ရေး၊ ပညာ‌ရေး နယ်ပယ်များမှာ ကြီးကြီးမားမား ထိခိုက်နစ်နာ‌နေရပါတယ်။

ကိုဗစ် -၁၉ ကပ်‌ရောဂါကြီးဟာ ဗိုင်းရပ်စ်‌ရောဂါ‌တွေအနက် အမြန်ဆုံး‌သောနှုန်းနဲ့ လူအ‌မြောက်အများကို ကူးစက်နိုင်တဲ့ ‌ရောဂါဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံးပိုး‌တွေ့လူနာ‌တွေ့ရှိရတဲ့ မတ်လ ၂၃ ကစလို့ ဩဂုတ်လ ၂၃အထိ (၅လတာ ကာလအတွင်း) ပိုး‌တွေ့လူနာ‌ပေါင်း ၄၄၁ဦးနဲ့ ‌သေဆုံးသူ ၆ဦးသာ ရှိခဲ့ ပါတယ်။

ဒါ‌ပေမယ့် ဩဂုတ်လ ၂၄ရက်‌နေ့ကစလို့ ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ရာ (၁၉-၉-၂၀၂၀)ရက်‌နေ့ (နံနက် ၈နာရီ သတင်း)အထိ ပိုး‌တွေလူနာ ၄၆၂၁ဦး၊ ‌သေဆုံးသူ ၇၅ဦး ရှိလာပါတယ်။ အာဆီယံနိုင်ငံများအဆင့်မှာလည်း ဗီယက်နမ်နဲ့ ထိုင်းကို ‌ကျော်တက်သွားပြီး ယခင်က အဆင့် ၇ ‌နေရာက‌နေ အဆင့် ၅ ဖြစ်လာပါတယ်။ ‌သေဆုံးမှုအ‌ရေအတွက်မှာ လည်း စကင်္ာပူကို ‌ကျော်လွန်သွားပါတယ်။

ကိုဗစ်- ၁၉ ထက် ပိုပြီး ကူးစက်မြန်တာ‌တော့ မဟုတ်မမှန်တဲ့၊ အချက်အလက်မှန် တချို့နဲ့ လုပ်ကြံဖန်တီးထား တဲ့ သတင်းတု၊ သတင်းလိမ်‌တွေနဲ့ ‌ကောလဟလ‌တွေပဲဖြစ်ပါတယ်။ ဒီလို မဟုတ်မမှန်တဲ့ လုပ်ကြံသတင်း‌တွေ၊ ‌ကော လဟလ‌တွေဟာ ကိုဗစ် – ၁၉ ထက်ပင် ကူးစက်ပြန့်နှံ့မှုနှုန်း အဆမတန် လျင်မြန်ပြင်းထန်ပါတယ်။

ကိုဗစ် – ၁၉ ဟာ ပထဝီ‌ဒေသတစ်ခုမှ အချိန်ကာလတစ်ခုအတွင်း ဖြစ်ပွား‌လေ့ရှိတတ်တဲ့ မုန်တိုင်းလို၊ ‌ရေကြီးမှု လို၊ ငလျင်လို၊ ဆူနာမီလို၊ မီး‌တောင်‌ပေါက်ကွဲမှုလို၊ ‌တောမီး (wildfires) လို စတဲ့ သဘာဝကပ်‌ဘေး‌တွေနဲ့ မတူညီပါ ဘူး။ သဘာဝ ကပ်‌ဘေး‌တွေရဲ့ သဘာဝက ပထဝီ‌နေရာ‌ဒေသတချို့မှာ အချိန်ကာလတစ်ခုအတွင်း ဖြစ်ပျက်သွားပြီးရင် အား‌ပျော့ပျက်ပြယ်သွား‌လေ့ရှိပါတယ်။ ဒီအခါမှာ ရှာ‌ဖွေကယ်ဆယ်‌ရေးနဲ့ ကူညီထူ‌ထောင်‌ရေး‌တွေကို အလျင်အမြန် လုပ်‌ဆောင်နိုင်ပါတယ်။

ကိုဗစ် – ၁၉ ဟာ လူ့ပ‌ယောဂ‌ကြောင့် တိုက်ရိုက်ဖြစ်လာရတဲ့ ကမာ္ဘ့စစ်၊ ‌ဒေသစစ်၊ ပြည်တွင်းစစ်လို စစ်ပွဲ‌တွေနဲ့ လည်း မတူညီပါဘူး။ စစ်မက်‌ဘေးက စစ်‌ဘေးကင်းလွတ်ရာ ‌နေရာ‌ဒေသ၊ ဇုံနယ်‌မြေ‌တွေဆီကို ‌ပြေးရင်လွတ်‌မြောက် နိုင်ပါတယ်။ ကိုဗစ် – ၁၉ ကူးစက်မှုက‌တော့ အဲဒီလို ထွက်‌ပြေးလွတ်‌မြောက်ဖို့ မဖြစ်နိုင်ပါဘူး။ အခုဆိုရင် နိုင်ငံတကာ သတင်း‌တွေထဲမှာကြည့်ရင် ကိုဗစ် -၁၉ ဟာ စစ်‌ဘေးဒုက္ခသည်စခန်း‌တွေထဲအထိ ‌ရောက်ရှိ‌နေပြီမဟုတ်ပါလား။

ကျ‌နော်တို့တိုင်းပြည်မှာလည်း ကိုဗစ် -၁၉ ကူးစက်မှုဖြစ်ပွား‌နေချိန်မှာ ပြည်တွင်းစစ်ကို အရှိန်မ‌လျော့ဘဲ ‌ကျေး ရွာ‌တွေထဲကို လက်နက်ကြီးနဲ့ ရမ်းရမ်းကားကား ပစ်ခတ်‌နေမှု‌တွေ၊ အရူးအမူးစစ်ထိုးမှု‌တွေ‌ကြောင့် တစ်ပူ‌ပေါ်နှစ်ပူဆင့် ဖြစ်ရပ်‌တွေ ဖြစ်ပွား‌နေပါတယ်။ ဒီအပြုအမူနဲ့ ဒီရမ်းကားတဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့အကြမ်းဖက်မှုဖြစ်ပါတယ်။

အခု တစ်ပြည်လုံး၊ တစ်ကမာ္ဘလုံးဆိုင်ရာ ကပ်‌ရောဂါကြီး ဖြစ်ပွား‌နေချိန်မှာ စစ်ဆင်စစ်ထိုးမှုမှန်သမျှ လုံးဝရပ်စဲထားကြပြီး တိုင်းပြည်နဲ့ပြည်သူ‌တွေကို ကပ်‌ရောဂါ‌ဘေးက‌နေ ကာကွယ် ထိန်းချုပ် ကုသ ကယ်တင်ကြရမှာ မဟုတ်ပါလား။

ဒါ‌ပေမယ့် တချို့တချို့‌သော တချို့‌တွေဟာ မိမိတို့နိုင်ငံ‌ရေးအတ္တနဲ့ စစ်‌ရေး‌လောဘအတွက် ဘယ်သူ‌သေ‌သေ င‌တေမာဖို့ပဲ ဆိုတဲ့ စိတ်ယုတ်စိတ်ကန်းနဲ့ ပြည်သူ‌တွေရဲ့ အသက်အိုးအိမ်စည်စိမ်‌တွေကို သစ်ရွက်သစ်ခက်‌လေးများ ပမာ အကြမ်းဖက် ဖျက်ဆီး‌နေကြတာဟာ အင်မတန် နာကျည်းမုန်းတီးစရာပါ။ ဒီလို လူမဆန်တဲ့ အကြမ်းဖက်ဖြစ်ရပ် ‌တွေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ‌ဒေသတချို့မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွား‌နေပါတယ်။ ပိုဆိုးတာက စစ်ထိုးစစ် ခံ စစ်တိုက်‌နေတဲ့ ဘက်နှစ်ဖက်က ဒီလို‌ကျေးရွာထဲ လူ‌နေအိမ်ထဲ ဗရမ်းဗတာပစ်ခတ်‌နေမှု‌တွေ၊ မုဒိမ်းကျင့်သတ်ဖြတ် ‌နေတာ‌တွေနဲ့ ပတ်သက်ပြီး သူ့‌ကြောင့်၊ ငါ့‌ကြောင့် အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲ‌နေကြတဲ့အချက်ပါ။ ‌သေနတ်ကိုင် ပြီး စစ်တိုက်‌နေကြသူ‌တွေပဲ ကိုယ်ပစ်တာ ကိုယ်လုပ်တာကို ဝန်ခံရဲကြရမှာ‌ပေါ့။

ဒီလို အကြမ်းဖက်မှု‌တွေကို ရပ်တန်းကရပ်ကြဖို့ နိုင်ငံ‌ရေးပါတီတချို့က ‌ဆော်ဩ‌နေ‌ပေမယ့်လည်း နိုင်ငံ‌ရေး ပါတီ အများစုက တုံဏှိဘာ‌ဝေလုပ်ပြီး “‌ရွေး‌ကောက်ပွဲမဲဆွယ်‌ရေးနဲ့ ကာလုံ‌ခေါ်‌ရေးဆိုတဲ့ မျက်ဖြူဆိုက်‌လေ ဆရာ ကြိုက်‌လေ ဆိုသလို နိုင်ငံ‌ရေးအမြတ်ထုတ်ဖို့ဆိုတဲ့ တွက်ကိန်းအမျိုးမျိုးနဲ့ လုပ်‌နေကြတာ ‌တွေ့‌နေရပါတယ်။ ဒီလို ပုံစံ အမျိုးမျိုးနဲ့ လူမဆန်မှု‌တွေနဲ့ အကြမ်းဖက်မှု‌တွေကို လုံးဝ ရပ်စဲထားကြဖို့ လိုအပ်ပါတယ်။

ပြည်သူ‌တွေရဲ့ ထိခိုက်နစ်နာမှုအဝဝကို တင်ပြတဲ့အခါမှာ ရည်ရွယ်ချက်က ပြည်သူ‌တွေ လက်ငင်းလက်‌တွေ့ ခံစား‌နေရတဲ့ ‌ဘေးအန္တရာယ်အ‌ပေါင်းက‌နေ ချက်ချင်းလက်ငင်းသက်သာရာရ‌စေဖို့နဲ့ ‌ရေရှည်မှာ ဒီလို အဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ပွား‌စေဖို့အထိ အ‌မြော်အမြင်နဲ့ လက်‌တွေ့‌စေတနာပါရှိဖို့ လိုအပ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ တစ်ဖက်နဲ့တစ်ဖက် စစ်‌ရေးလည်မြိုညှစ်နိုင်ဖို့၊ နိုင်ငံ‌ရေးအမြတ်ထုတ်နိုင်ဖို့၊ နိုင်ငံ‌ရေးတိုက် ကွက်‌ဖော်နိုင်ဖို့ပဲ ‌ဇောင်း‌ပေးပြီး အမြင်တိုတိုနဲ့ လုပ်‌ဆောင်‌နေကြမယ်ဆိုရင် ပြည်သူ‌တွေ အတုံးအရုန်းနဲ့‌သေပြီး တိုင်း ပြည်ပျက်တာပဲ အဖတ်တင်ပါလိမ့်မယ်။ “ကြွက်မနိုင်လို့ ကျီမီးရှို့တာ” – “မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုး ‌ဖောက်တာ” ဆိုတဲ့လုပ်ရပ်မျိုး‌တွေဟာ အင်မတန်မိုက်မဲပြီး လူမဆန်တဲ့ အပြုအမူနဲ့ လုပ်ရပ်‌တွေပဲ ဖြစ်ပါတယ်။

ဒါ‌ကြောင့် ပြည်သူများရဲ့အသက်အိုးအိမ် ထိခိုက်ပျက်စီးရတဲ့ နစ်နာမှုအဖုံဖုံကို ပုံစံအမျိုးမျိုးနဲ့ တလွဲအသုံးချ‌နေ တဲ့ နိုင်ငံ‌ရေး- စစ်‌ရေး လူမဆန်မှု‌တွေနဲ့ အကြမ်းဖက်မှု‌တွေကို ရပ်တန်းက ရပ်ကြဖို့ လိုအပ်ပါတယ်။

ကိုဗစ် -၁၉ ဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်‌ရေးမှာ ‌လော‌လောဆယ် ထိ‌ရောက်မှုရှိတဲ့ အလွယ်ကူဆုံး နည်းလမ်း က‌တော့ မိမိကိုယ်တိုင်က စလို့ နိုးကြားတဲ့အသိ၊ မပြတ်‌သော သတိနဲ့ ပြုမူ‌နေထိုင်သွားလာလုပ်ကိုင်ဖို့ပါ။ မဖြစ်မ‌နေ သွားလာရတဲ့အခါ နှာ‌ခေါင်းစီး (mask) တပ်ဖို့၊ မကြာခဏ (စက္ကန့် ၂ဝကြာ) လက်‌ဆေးဖို့၊ ဖြစ်နိုင်သမျှ လူစုလူ‌ဝေး ရှိတဲ့ ‌နေရာ‌တွေကို မသွားဘဲ၊ မိမိအိမ်တွင်းမှာပဲ ‌နေကြဖို့ပါ။ ဒါ့အပြင် မသကင်္ာဖွယ်ဖျားနာမှု ‌ချောင်းဆိုးမှု‌တွေ ‌တွေ့မြင်ကြား သိရတဲ့အခါ သက်ဆိုင်ရာ ကျန်းမာ‌ရေးနဲ့အုပ်ချုပ်‌ရေး တာဝန်ရှိသူများထံ ‌ဆောလျင်စွာ အသိ‌ပေးအ‌ကြောင်းကြားပြီး စစ်‌ဆေးကုသမှုခံယူကြဖို့ဖြစ်ပါတယ်။ စား‌ရေး‌သောက်‌ရေးနဲ့ပတ်သက်ပြီး ဆင်းရဲနွမ်းပါးသူများကိုလည်း တတ်နိုင်တဲ့သူ ‌တွေကလည်း တတ်နိုင်သ‌လောက် အပြန်အလှန် ‌ဖေးမကူညီကာကွယ်ကြဖို့ ဖြစ်ပါတယ်။ ဒါဟာ ‌ရောဂါကပ်‌ဘေးကြီးအ တွင်းမှာ ထားရှိကျင့်သုံးရမယ့် ပြည်သူအချင်းချင်း စာနာကူညီမှုဖြစ်ပါတယ်။

‌ဘေးအန္တရာယ်‌တွေကို နဖူး‌တွေ့ဒူး‌တွေ့ ရင်ဆိုင်လာရတဲ့အခါတိုင်း မိမိ မိသားစု၊ မိမိရပ်ကွက်နဲ့ရပ်ရွာ၊ မိမိမြို့နဲ့ မိမိတို့တိုင်းပြည်ကို ပြည်သူ‌တွေကပဲ ကိုယ့်အားကိုယ်ကိုးပြီး ဖိနှိပ်မှုမျိုးစုံနဲ့ ‌ဘေးအန္တရာယ်အသွယ်သွယ်က‌နေ ကယ်တင်လွတ်‌မြောက်‌စေကြရတာပဲ မဟုတ်ပါလား။

ပြည်သူ့နစ်နာမှု‌တွေကို တလွဲအသုံးချ‌နေတဲ့ နိုင်ငံ‌ရေးလူမဆန်မှုနဲ့ စစ်‌ရေးအကြမ်းဖက်မှု‌တွေကို ချက်ချင်း ရပ်။