Home COVID-19 မြန်မာ ဒုက္ခသည်စခန်း (၉)ခုအတွင်း ကိုဗစ်ပညာ‌ပေး ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့

မြန်မာ ဒုက္ခသည်စခန်း (၉)ခုအတွင်း ကိုဗစ်ပညာ‌ပေး ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့

3542

ဩဂုတ် ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ဒုက္ခသည်စခန်း ၉ ခုရှိ ပြည်သူများကို ကိုဗစ်ကပ်‌ရောဂါ ကာကွယ်‌ရေးနှင့်ပတ်သက်၍ အ သိပညာရရှိပြီး ကာကွယ်‌ရေးတွင် ပူး‌ပေါင်းပါဝင်နိုင်‌ရေးအတွက် ‌ရောဂါကာကွယ်‌ရေးဆိုင်ရာ ပန်းချီပြိုင်ပွဲများကို ဒုက္ခသည် စခန်းအားလုံးတွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ‌မေလမှစ၍ ဇူလိုင်လအထိ ကရင်ဒုက္ခသည်စခန်းများဖြစ်‌သော မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယမ်း၊ ထမ့်ဟင်နှင့် အမှတ်(၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်းများတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် ဆုရရှိသူများကို ဒုက္ခသည်တစ်ခုစီအလိုက် ဆုချီးမြှင့်‌ပေးအပ်ခဲ့ပြီးဖြစ်သည်။

The Border Consortium (TBC) ၏ လူထုစီမံခန့်ခွဲမှုနှင့်ပြင်ဆင်မှု စီမံကိန်းမန်‌နေဂျာ စွမ်ချထ် ဖွန်းစီရိထဒါးက “ ဒီဆုချီး မြှင့်တာ ပန်းချီပြိုင်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်တဲ့သူ‌တွေဖြစ်‌စေ၊ သူတို့မိဘ‌တွေပဲဖြစ်ဖြစ် အားလုံးလာပြီးပူး‌ပေါင်းပါဝင်ခဲ့တယ်။ ကျ‌နော်တို့ သွားပြီး ဆု‌ပေးတဲ့အခါမှာ မြင်‌တွေ့ရတာက‌တော့ အထူးသဖြင့် ပန်းချီ‌ရေးဆွဲပြိုင်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ လူငယ်‌တွေဟာ အခွင့်အ‌ရေးတစ်ခုရရှိတယ်လို့ ခံစားရတဲ့အတွက် သူတို့အရမ်းဝမ်းသာကြတာကို ‌တွေ့မြင်ရတယ်” ဟု ‌ပြောသည်။

၎င်းအစီအစဉ်ကို The Border Consortium (TBC) အဖွဲ့မှ ဦး‌ဆောင်ပြီး ဒုက္ခသည်စခန်းထဲတွင် Covid-19 ‌ရောဂါကြိုတင်ကာကွယ်မှုအစီအစဉ်များအ‌နေနှင့် ပန်းချီကားချပ်ဖြင့် အသိပညာ‌ပေးခြင်း၊ ‌တေးသီချင်းများဖြင့် အသိပညာ‌ပေးခြင်းအပြင် ရုပ်ရှင်ဗီဒီယိုအစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်း စသည့်အစီအစဉ်များပါဝင်ပြီး ၎င်းအစီ အစဉ်များမှာ စခန်းရှိ လူငယ်များအတွက် အကျိုးဖြစ်‌စေ‌ကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ကရင်နီဒုက္ခသည်စခန်း‌ကော်မတီ အတွင်း‌ရေးမှူး ‌စောနယ်‌ကော်ထူး က“ ဒီပြိုင်ပွဲကို ဝင်ပြိုင်တဲ့သူ‌တွေအများ စုက လူငယ်‌တွေ‌ပေါ့‌နော်။ သူတို့လည်း စိတ်အားထက်သန်ကြတယ်။ ဒီလို ကိုဗစ်-၁၉ ကာလအတွင်းမှာ အပြင်ကိုလည်း ထွက်လို့မရတဲ့အ‌ခြေအ‌နေမှာ အခုလို ပြိုင်ပွဲဝင်ရတဲ့ အခွင့်အ‌ရေးတစ်ခု ရလာတဲ့အတွက် သူတို့‌တွေ ဝမ်း‌မြောက် ဝမ်းသာ ဖြစ်ကြတယ်။ တစ်ခုရှိတာက ဒီလိုလှုပ်ရှားမှု‌တွေက အမြဲတမ်းလုပ်‌ပေးရင် ‌ကောင်းတယ်။ အထူးသဖြင့် စခန်း‌နေ ပြည်သူ ‌တွေအတွက်‌ပေါ့‌နော်။ အဲဒါမှာသာ သူတို့ရဲ့ အ‌တွေး၊ အမြင်‌တွေကို တင်ပြလို့ရမယ်။ အပြင်ဗဟုသုတ‌တွေလည်း သူတို့ ပိုရလာမှာဖြစ်တယ်” ဟု ‌ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ဆွဲထားသည့် ပုံများထဲမှ အနိုင်ရပုံများကို သက်ဆိုင်ရာ တာဝန်ရှိသူများ က ပထမ ဆု၊ ဒုတိယဆု၊ တတိယဆု အသီးသီး‌ရွေးချယ် ဆု‌ပေးခဲ့ခြင်းဖြစ်ပြီး ယခုလို ဝင်‌ရောက်ယှဉ် ပြိုင်ဆွဲနိုင်ရန် အ‌ခြေခံအသိ ပညာများ ကြိုတင်သိရှိထားမှ ဆွဲရသည့်အတွက် ယခုပြိုင်ပွဲသည် အကျိုးရှိ‌ကြောင်း ပါဝင်ယှဉ်ပြိုင်သူများက ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုတိယ ဆုရရှိသူ ‌နော်‌ဘောဆက်စို့က “ကျမဘယ်လို အိုင်ဒီယာနဲ့ ဆွဲလဲဆို‌တော့ ဒီပန်းချီကို ပြည်သူ‌တွေမြင်‌တွေ့ရတဲ့အခါ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်မှု‌တွေ လုပ်ရမလဲ စတာ‌တွေ သင်ယူနိုင်ရမယ်။ ဒီ‌ရော ဂါက ကျမတို့ကို လာပြီး မကူး စက်‌စေဖို့အတွက် ကျမတို့ ဘယ်လိုလုပ်ရမလဲ။ Mask (နှာ‌ခေါင်းစည်း) တပ်ဆင်ရမလား၊ လူစုလူ‌ဝေး မလုပ်ရဘူးလား၊ လက်ကို ဘယ်လို‌ဆေး‌ကြောရမလဲ၊ ဒါကို ပိုမိုသိရှိနားလည်ဖို့အတွက် ကျမတို့ ဆွဲပြပြီး‌တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သူတို့ ပိုမိုနားလည်လာမှာ‌ပေါ့‌နော်” ဟု‌ပြောသည်။

၎င်း ပန်းချီဆွဲပြိုင်ပွဲကို လူမျိုးဘာသာမ‌ရွေး ဝင်‌ရောက်ယှဉ်ပြိုင်နိုင်သလို ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို လည်း သတ်မှတ်‌ပေးထားပြီး စခန်းသတင်းအဖွဲ့ (CIT) အ‌နေဖြင့်လည်း ပြိုင်ပွဲနှင့်ပတ်သက်၍ စခန်း တစ်ခုလုံးကို လိုက်လံ အသိ‌ပေး နှိုး‌ဆော်မှုများ ပြုလုပ်ခဲ့သည်။ ဆုရပန်းချီကားများကို ‌ရောဂါကာကွယ်မှု အသိ ပညာ‌ပေးသည့် ပိုစတာ ဗွီနိုင်းပုံစံများအဖြစ် ပြန်လည်ရိုက်နှိပ်ပြီး ဒုက္ခသည်စခန်းများတွင် လိုက်လံကပ်‌ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ကိုဗစ်‌ရောဂါ‌ကြောင့် ပြုလုပ်‌ပေးသည့် ပြိုင်ပွဲများအပြင် တခြား‌သော ကိစ္စရပ်များတွင်လည်း အလားတူ ပြိုင်ပွဲများကို ပြုလုပ်‌ပေးသင့်‌ကြောင်း စခန်းတာဝန်ရှိသူများက အကြံပြု‌တောင်းဆိုခဲ့သည်။

‌စောနယ်‌ကော်ထူးက “ဒီပြိုင်ပွဲရဲ့‌ခေါင်းစဉ်အရ အခုလို အ‌ရေး‌ပေါ် ဖြစ်လာတဲ့ ကိစ္စတစ်ခုထဲကိုသာ မဟုတ်ပဲ တခြားအ ‌ကြောင်းအရာ လမ်း‌ကြောင်း‌ပေါ်လာရင် လုပ်‌ပေးနိုင်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် မှတ်တမ်းတစ်ခု‌တော့ ဖြစ်‌စေပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာ‌တွေရှိတဲ့အတွက်‌ကြောင့် ကြိုတင်ပြင်ဆင်မှု‌ပေါ့‌နော်။ ‌နောက် ‌နောင် တစ်ခုခုရင်ဆိုင်ကြုံလာခဲ့‌သော် ဒါကို ပြန်ကြည့်ခြင်းအားဖြင့် အရင်က ကျ‌နော်တို့ ဘယ်လို ဖြတ်သန်းလာခဲ့သလဲဆိုတာကို သင်ခန်းစာရ‌စေတာ‌ပေါ့”ဟု ‌ပြောသည်။

ဒုက္ခသည်စခန်းများတွင် ကိုဗစ်‌ရောဂါနှင့် ပတ်သက်ပြီး သတင်းအချက်အလက်ရရှိမှုအ‌ပေါ် UNHCR ၏ စစ်တမ်း‌တွေ့ရှိ ချက်အရ ဒုက္ခသည်များအ‌နေဖြင့် YouTube, facebook စသည့် လူမှုကွန်ယက် မီဒီယာများ မှတဆင့် သတင်းအချက် အလက်များကို ‌လေ့လာသိရှိကြရသလို စခန်းတွင်းအသံချဲ့စက်ဖြင့် လိုက်လံ ‌ကြေညာ‌ပေးမှုစနစ်များကတစ်ဆင့်လည်း ရရှိကြ‌ကြောင်း သိရသည်။