Home တွေ့ဆုံမေးမြန်းခန်း မွန်ပြည်နယ် ကရင်‌ရေးရာဝန်ကြီးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

မွန်ပြည်နယ် ကရင်‌ရေးရာဝန်ကြီးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2600

“ကရင့်အာဇာနည်‌နေ့က ကျ‌နော်တို့ အ‌နေနဲ့ ဦး‌ဆောင်ကျင်းပတာ မဟုတ်ပမယ့်လည်း အား‌ပေးအား‌မြောက် ပြု‌ပေးနိုင်ခဲ့တယ်”

မွန်ပြည်နယ်အတွင်း ကရင့်အ‌ရေးအရာများနှင့် ပတ်သက်၍ ၅ နှစ်တာအတွင်း တာဝန်ယူ ‌ဆောင်ရွက်‌ပေးခဲ့သူ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်သားလူမျိုး‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်နှင့် ‌မော်လမြိုင်မြို့၊ ပြည်‌ထောင်စုတိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီးဌာနရုံး (မွန်ပြည်နယ်)၌ ဇူလိုင်လလယ်ပိုင်းတွင် ‌တွေ့ဆုံ ‌မေးမြန်းခဲ့သည်များကို ပြန်လည် ‌ဖော်ပြလိုက်ပါသည်။

‌မေး။ ။ ပထမဆုံး ဝန်ကြီးငါးနှစ်တာအတွင်း စာ‌ပေနဲ့ ယဉ်‌ကျေးမှု လုပ်‌ဆောင်ချက် အကျဉ်းကို ‌ပြောပြ‌ပေးပါ။
ဒီငါးနှစ်အတွင်း စာ‌ပေယဉ်‌ကျေးမှုအပိုင်းကို‌ပြောရမယ်ဆိုရင် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနအ‌နေနဲ့ အဓိက ဦးစီးဌာနနှစ်ခု‌ပေါ့ တိုင်းရင်းသားစာ‌ပေနဲ့ယဉ်‌ကျေးမှုဦးစီးဌာနနဲ့ တိုင်းရင်းသားအခွင့်အ‌ရေး ကာကွယ်‌စောင့် ‌ရှောက်‌ရေးဦးစီးဌာန နှစ်ခု‌ပေါ့။ စာ‌ပေဆိုတာ ကျ‌နော်တိုု့ တိုင်းရင်းသားဝန်ကြီးဌာနက အဓိက‌ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တယ်။ ကျ‌နော်မွန်ပြည်နယ်အတွင်းမှာ အတတ်နိုင်ဆုံးကြိုစားပြီး‌ဆောင်ရွက်တယ်။

ပြန်ကြည့်တဲ့အခါမှာ မွန်ပြည်နယ်အ‌နေနဲ့ စာ‌ပေ၊ ယဉ်‌ကျေးမှုအ‌နေနဲ့ ပတ်သက်ရင် ကရင်ပြည်နယ်ပြီးရင် ‌တော်‌တေ်ာ‌လေးကို တက်တက်ကြွကြွပါဝင်တဲ့ ပြည်နယ်ထဲမှာနံပါတ်နှစ်‌လောက်မှာ ရှိတယ်။ ကရင်ပြည်နယ် ပြီးရင်‌တော့ ကျ‌နော်တို့ဟာ ဒုတိယ‌မြောက် စာ‌ပေယဉ်‌ကျေးမှုအား‌ကောင်းတယ်။ ထိန်းသိမ်းနိုင်တဲ့ပြည်နယ် တစ်ခုဖြစ်တယ်။ ကျ‌နော်ဝန်ကြီးစဖြစ်တဲ့နှစ်မှာ ဘတ်ဂျက်မရှိဘူး။ ဘတ်ဂျက်မလျာထား‌ပေးမဲ့ ပံ့ပိုးနိုင်ဖို့ ကျ‌နော် စကြိုးစားတယ်။

မှတ်မှတ်ရရ ‌ဆောင်ရွက်‌ပေးနိုင်တာက မွန်ပြည်နယ်၊ ကရင်ပြည်နယ်ပူး‌ပေါင်းပြီး‌တော့ ‌နွေရာသီစု‌ပေါင်းစာ‌ပေ သင်တန်းဆင်းပွဲ ပထမဦးဆုံးအကြိမ် ‌ပေါင်မြို့နယ်မှာ လက်ခံကျင်းပလုပ်‌ပေးနိုင်ခဲ့တယ်။ ‌နောက်ပြီး‌တော့ ကရင် နှစ်သစ်ကူး လုပ်‌ဆောင်နိုင်ဖို့ အများကြီးတွန်းအား‌ပေးနိုင်ခဲ့တယ်။ မွန်မှာ တစ်နှစ်ဆိုရင် ကရင်နှစ်သစ်ကူး ကျင်း ပနိုင်တဲ့ ‌ကျေးရွာ ၁၀ဝ ‌ကျော်ပဲရှိတယ်။ မြို့နယ်ဆိုရင် မြို့နယ်အလိုက်၊ ပြည်နယ်အဆင့်ဆိုရင် ၂ နှစ် ဆက် တိုက်ကျင်းပ နိုင်ခဲ့တယ်။ မွန်ပြည်နယ်‌မော်လမြိုင်မှာ ပထမဦးဆုံးအကြိမ် စကျင်းပပြီးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဘီး လင်းမှာပါ။ လာမယ့်နှစ်ဆိုရင်‌တော့ အစဉ်အလာမပျက် ကျင်းပ‌ပေးနိုင်ဖို့ ဆက်ပြီးလုပ်‌ပေးမှာ‌ပေါ့။

လက်ချည်ပွဲဆိုလည်းအဲဒီအတိုင်းပဲ ရွာ‌ပေါင်း ၁၃ဝ ဝန်းကျင်‌လောက်အထိ ‌ကျေးရွာအဆင့် ကျင်းပတယ်။ မြို့နယ်အဆင့် ကျင်းပတယ်။ ဒါက ကျ‌နော်တို့ရဲ့ရိုးရာဓ‌လေ့ပွဲ‌တော်အ‌နေနနဲ့ ကျင်းပတာရှိသလို အမျိုးသား‌ရေး ပွဲ‌တော်အ‌နေနဲ့လည်း ကျ‌နော်တို့ကျင်းပကြတယ်။ ကရင်အမျိုးသား‌နေ့ဆိုရင်လည်း ခရိုင်နှစ်ခုခွဲပြီးကျင်းပတယ်။ အမျိုးသား‌နေ့ ကျင်းပ‌ရေး‌ကော်မတီနဲ့ချိတ်ဆက်ပြီး ပံ့ပိုးခဲ့တာ‌တွေလည်းရှိတယ်။ သထုံဆိုလို့ရှိရင်လည်း အစိုး ရရဲ့ သုဝဏ္ဏခန်းမမှာ ၂ နှစ်ဆက်တိုက်အမျိုးသား‌နေ့ လုပ်‌ပေးနိုင်ခဲ့တယ်။

အစိုးရအ‌နေနဲ့ နားလည်မှု‌ပေးနိုင်တဲ့အပိုင်း‌တွေက ဘယ်‌နေရာရှိလဲဆိုရင် ကရင့်အာဇာနည်‌နေ့က ကျ‌နော်တို့ အ‌နေနဲ့ ဦး‌ဆောင်ကျင်းပတာ မဟုတ်ပမယ့်လည်း အား‌ပေးအား‌မြောက်ပြု‌ပေးနိုင်ခဲ့တယ်။ ဒါက ‌နေ့ထူး‌နေ့မြတ် ‌တွေနဲ့ ပတ်သက်တဲ့ အပိုင်း‌ပေါ့။

စာ‌ပေနဲ့က စာသင်‌ကျောင်းမှာ ‌ကျောင်းသား‌ပေါင်း၂ ‌သောင်း‌ကျော် ကရင်တိုင်းရင်းသားစာ‌ပေ သင်ကြားနိုင် တယ်‌ပေါ့။ ‌နွေရာသီဆိုရင်လည်း ‌ကျေးရွာ‌ပေါင်း ၁၃ဝ ‌ကျော် ‌နွေရာသီစာ‌ပေသင်တန်းကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်ဆိုရင်‌တော့ Covid ‌ကြောင့် မလုပ်‌ပေးနိုင်ခဲ့ဘူး။ တစ်နှစ်ထက်တစ်နှစ် စာ‌ပေယဉ်‌ကျေးမှုမှာ‌တော့ မွန်ပြည်နယ်မှာက ပိုပိုပြီး တက်ကြွမှု ရှိလာတယ်။ ‌နောက်တစ်ခုကပိုပြီးစည်းလုံးမှု ရှိလာတယ်‌ပေါ့။

ကရင်တိုင်းသား‌ရေးရာဝန်ကြီး အားလုံးစု‌ပေါင်းပြီး ကရင်အဘိဓာန်ပြုစုတာ‌တွေမှာ ပါဝင်‌ပေးခဲ့တယ်။ ပြီး‌တော့ ‌ဒေသသင်ရိုးညွန်းတမ်း‌ရေးဆွဲတဲ့အပိုင်းမှာလည်း ယူနီဆက်နဲ့ ပူး‌ပေါင်းပြီး‌ဒေသသင်ရိုးနဲ့ တိုင်းရင်းသား သင်ရိုး ‌တွေကို ပြုစုထားပြီး‌တော့ ဒီနှစ်မှာစပြီးဖြန့်မှာ ဖြစ်တယ်။ စာ‌ပေနဲ့ပတ်သက်ပြီး အဲဒါ‌တော့ ကျ‌နော် ‌ဆောင်ရွက် ‌ပေးနိုင်ခဲ့တာ‌ပေါ့။

‌မေး။ ။ ဘတ်ဂျက်ရတာနဲ့ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရ ဘတ်ဂျက်မှာရတာလား၊ ပြည်‌ထောင်စုဘတ်ဂျက် မှာရတာလား၊ ဘယ်လိုအပိုင်း‌တွေမှာ သုံးစွဲလဲဆိုတာ ‌ပြောပြ‌ပေးပါ။
‌ဖြေ။ အဲဒါက ပြည်နယ်အစိုးရ ရံပုံ‌ငွေထဲမှာပဲရတယ်။ ပြည်နယ်အစိုးရရံပုံ‌ငွေထဲက အ‌သေးစား အသုံးစရိတ် ထဲကပဲ တစ်နှစ်ကို သိန်းတစ်‌ထောင်‌ပေါ့။ စစချင်းနှစ်က သိန်း ၅၀ဝ ပိုရတယ်။ ‌နောက်ပိုင်း‌တော့ တိုင်းရင်းသား အားလုံး သိန်းတစ်‌ထောင် တန်းတူပဲ။ စပြီးရတာက ၂၀၁၇-၂၀၁၈ ဘတ်ဂျက်မှာရတယ်။ ၂၀၁၆-၁၇ က အစိုးရ အကူး‌ပြောင်းကာလဆို‌တော့မရဘူး၊ မရဘူးဆို‌ပေမယ့်လည်း အစိုးရအ‌နေနဲ့ ခွင့်ပြု‌ပေးတာ‌တွေလည်း ရှိခဲ့ တယ်။ အစိုးရမှာလျာထားတဲ့‌ငွေ‌တွေရှိတယ်‌လေ၊ အစိုးရရုံးသုံးဖို့ လျာထားတဲ့‌ငွေ‌တွေထဲက ခွင့်ပြု‌ပေးခဲ့တာ‌တွေလည်း ရှိခဲ့တယ်။

‌မေး။ ။ ဘတ်ဂျက်ရတဲ့ သိန်းတစ်‌ထောင်ထဲက ဘယ်လိုအပိုင်း‌တွေမှာ သုံးစွဲခဲ့တာလဲ။
‌ဖြေ ။ ။ အဓိက စာ‌ပေယဉ်‌ကျေးမှုကိစ္စ ကရင့်‌ရေးရာကိစ္စ‌တွေမှာပဲသုံးရတာ‌ပေါ့။ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် မပါဘူး။ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းအတွက်ပဲသုံးတာ။ ကျ‌နော်တို့မွန်မှာ ၁ဝ မြို့နယ်ရှိတယ်။ မြို့နယ်ခွဲ‌တွေမှာ ဆိုရင် မြို့နယ်ခွဲအလိုက် ခွဲ‌ဝေသုံးစွဲတာ‌တွေရှိတယ်။ ‌ကျေးရွာအ‌နေနဲ့ သုံးစွဲ‌ပေးတာ‌တွေ ရှိတယ်။ ‌နွေရာသီ စာ‌ပေသင်တန်း ကျင်းပ‌နေတဲ့ရွာ‌တွေကို ကျ‌နော်တို့‌တောင်းလာတယ် ခွဲပြီးသုံးစွဲ‌ပေးတာ‌ပေါ့။

လက်ချည်ပွဲ ဆိုရင်လည်း အဲဒီအတိုင်းပဲ။ ရွာအဆင့်မှာကျင်းပနိုင်တဲ့ဟာ‌တွေ မြို့နယ်အဆင့်ကြ‌တော့ တစ်မြို့နယ် တစ်ခုအ‌နေနဲ့သတ်မှတ်‌ပေးတယ်။ ပြည်နယ်မှာ တစ်ခုသတ်မှတ်‌ပေးတာ‌ပေါ့၊ ကရင်နှစ်သစ်ကူး ဆိုရင်လည်း နှစ်သစ်ကူး‌ပေါ့။ အဲဒီအ‌ပေါ်မှာ စာယဉ်နဲ့ညှိနှှိုင်းပြီး ဘယ်‌လောက်သုံးစွဲရင် ‌ကောင်းမလဲဆိုတဲ့ဟာ ရှိတဲ့‌ငွေပမာဏကို ချိန်ပြီး‌တော့ ခွဲ‌ဝေသုံးစွဲ ‌ပေးတာ‌ပေါ့။

‌မေး။ ။ ‌ရေးရာဝန်ကြီး အ‌နေနဲ့ တစ်ခြားဌာန‌တွေနဲ့ မျိုးနွယ်စုပြဿနာ၊ ‌ဒေသခံ‌မြေယာပြဿနာ ‌တွေလုပ်‌ဆောင်တဲ့အခါ အခက်အခဲဘာ‌တွေရှိလဲ။
‌ဖြေ ။ ။ ကျ‌နော်တို့ လုပ်ပ်ိုင်ခွင့်ကို စ‌ပြောရမယ်ဆိုရင် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန စဖြစ်တဲ့အချိန်မှာ တိုင်း ရင်းသား ကာကွယ်‌စောင့်‌ရှောက်‌ရေး ဥပ‌ဒေ ‌ရေးဆွဲတယ်။ ဒီဘက်အစိုးရ လက်ထက်မှာတိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာနဖွဲ့စည်းခွင့်ရခဲ့တယ်။ ဖွဲ့စည်းခွင့်ရပြီး‌တော့ ကျ‌နော်တို့အစိုးရစတက်ပြီး တိုင်းရင်းသား အခွင့် အ‌ရေး ဆိုင်ရာ ကာကွယ်‌စောင့်‌ရှောက်‌ရေး နည်းဥပ‌ဒေကိုဆက်ပြီးပြုစုတယ်။ လုပ်လို့ရတဲ့ရပိုင်ခွင့်ကို အဲဒီအထဲ က‌နေ ကျ‌နော်တို့ကြည့်ရတာ‌ပေါ့။ ‌ရေးရာဆိုတဲ့အရာက ကျယ်ပြန့်တယ်။ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍက‌တော့ တိုင်းရင်းလိုအပ်ချက်‌တွေကို ဖြည့်ဆည်းဖို့အတွက် လုပ်ပိုင်ခွင့်ရှိဖို့လိုမယ်။

လက်ရှိ တည်‌ဆောက်ဆဲကာလမှာ တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေးဆုံးရှှုံးတာရှိရင် ‌ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် နည်းဥပ‌ဒေထဲမှာတိတိကျကျ‌တော့‌ရေးလိုက်တာပဲ၊ ဘယ်‌နေရာမှာ ဆုံးရှှုံးမှုဖြစ်လဲ။ ဘယ်လို ‌ဆောင်ရွက်ရမလဲ လုပ်‌တော့လုပ်ရမှာ‌ပေါ့။ ပြည်‌ထောင်စုအဆင့်ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေ ပြည်နယ်အဆင့် ဘယ်လို ‌ဆောင်ရွက်ရမလဲဆိုတဲ့ဟာနည်းဥပ‌ဒေ ထဲမှာ‌တော့ ပါ‌တော့ပါဝင်လာပြီး‌ပေါ့၊ ပါဝင်လာမယ်ဆို‌ပေမယ့် အဲဒီနည်းဥပ‌ဒေအတိုင်း ‌ချော‌ချော‌မွေ့‌မွေ့‌ဆောင်ရွက်ဖို့ လိုအပ်ချက်ရှိ‌နေအုံးမှာပဲ။

ပြည်နယ်အဆင့်မှာ ဝန်ထမ်းခန့်ထား‌ရေးကိစ္စ ‌ချော‌ချော‌မွေ့‌မွေ့ မဖြစ်‌သေးဘူး။ ပြည်‌ထောင်စုအဆင့်မှာ လိုအပ် ချက် အများကြီးရှိ‌သေးတယ်ဆို‌တော့ ပြည်နယ်အဆင့်မှာ‌တော့ အဲဒီအဆင့်မ‌ရောက်‌သေးဘူး။ အဲဒီ‌တော့ ကျ‌နော်တို့ဟာ ပူး‌ပေါင်း‌ဆောင်ရွက်မှုနဲ့ပဲ အဓိကလုပ်‌ဆောင်‌နေရတာ‌ပေါ့။ ပူး‌ပေါင်း‌ဆောင်ရွက်တယ် ဆိုတာက တိုင်းရင်းသား‌ရေးရာ ဝန်ကြီး‌တွေ ပူး‌ပေါင်း‌ဆောင်ရွက်တာ ရှိတယ်။ ပြည်‌ထောင်စုဝန်ကြီး‌တွေနဲ့ ပူး‌ပေါင်း ‌ဆောင်ရွက်တာရှိတယ်။ ကိုယ်စားလှယ်‌တွေနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ရတာရှိတယ်။ အစိုးရအခြားဝန်ကြီးဌာနဲ့ ပူး‌ပေါင်း ‌ဆောင်ရွက်ရတာ‌တွေ ရှိတယ်။
ပူး‌ပေါင်း‌ဆောင်ရွက်ရတဲ့အပိုင်းက ကျ‌နော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မဟုတ်ဘူး။ လုံးဝဆုံးဖြတ်ခွင့်ရတာ မဟုတ်ဘူး။

ပူး‌ပေါင်း‌ဆောင်ရွက်တဲ့ အတိုင်းပဲရှိတယ်။ ဥပမာ ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုး‌ရေးတို့ လမ်းတံတား ‌ဆောက်လုပ်တာဆိုလို့ရှိရင် ကျ‌နော်တို့သူတို့နဲ့သွားပြီး ပူး‌ပေါင်းရတယ်။ တင်ပြရတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရမယ့်ဟာမဟုတ်ဘူး။ လူဝင်မှုကြီးကြပ်‌ရေးကိစ္စ ‌ပြောစရာဆိုစရာရှိရင်လည်း အဲဒီအတိုင်းပဲ ကိုယ်တိုင်‌ပေးရမယ့် ဆုံးဖြတ်ချက်မဟုတ်ဘူး။ သူတို့နဲ့ကျ‌နော်တို့ပူး‌ပေါင်း‌ဆောင်ရွက်မှသာလျှင် ဖြစ်ရမယ်။ တိုင်းရင်းသား ဝန်ကြီးဌာနဆိုတာက ပြည်‌ထောင်စုမှာ‌ရော၊ ပြည်နယ်မှာ‌ရောအမြင့်ပိုင်းမှာမရှိဘူး။

‌ပြောပိုင်ခွင့် ဆိုပိုင်ခွင့်အရ အရာ‌ရောက်မှုအားနည်းတယ်ဆိုလို့ရှိရင် ပူး‌ပေါင်း‌ဆောင်ရွက်တဲ့အခါ အားနည်းတာ ‌ပေါ့။ ပူး‌ပေါင်း‌ဆောင်ရွက်မှု အား‌ကောင်းရင်‌ကောင်းသ‌လောက်‌ရေးရာကိစ္စမှာ ပူး‌ပေါင်း‌ဆောင်ရွက်ရတာ အဆင် ‌ပြေမှာဖြစ်သလို အားနည်းရင် ‌ရေးရာကိစ္စ‌ဆောင်ရွက်တဲ့အခါ အခက်အခဲဖြစ်နိုင်တာ‌ပေါ့။ ‌မြေယာ ပြဿနာ ဆိုရင်လည်း ရပ်‌ကျေးအဆင့်က‌နေပြီး‌တော့ လယ်‌မြေစိစစ်‌ရေး ‌ကော်မတီရှိမယ်။ စီမံခန့်ခွဲ‌ရေး ‌ကော်မတီ ရှိမယ်။ မြို့နယ်မှာလည်း အဲလိုရှိတယ်။ ခရိုင်မှာလည်း ရှိတယ်။ အဲဒီမှာတိုင်းရင်းသား‌ရေးရာ ဝန်ကြီးက တစ်ခုမှပါဝင်ထား တာမရှိဘူး။ ပါဝင်ခွင့်မရှိဘူး။

ဒါ‌ပေမယ့် ကက်ဘိနက်အဖွဲ့ဝင်မှာ‌တော့ ‌ပြောဆိုလို့ရတယ် ‌ဆွေး‌နွေးလို့ပဲရတယ်။ တကယ့်လုပ်‌ဆောင် ရမယ့် အဆင့်‌တွေမှာ‌တော့ မပါဘူး။ တကယ်လို့လယ်ယာကိစ္စတက်လာရင်လည်း တကယ်ဆုံးဖြတ်ရမှာက ဝန်ကြီး ချုပ်နဲ့ စိုက်ပျိုး‌ရေးဝန်ကြီးနဲ့ ဆုံးဖြတ်ရမယ်။ အဲဒီအ‌ပေါ်မှာ တိုင်းရင်းသား‌တွေရဲ့‌မျှော်လင့်ချက်နဲ့ ကိုယ်လုပ် ‌ဆောင်ခွင့် ရတဲ့ဟာနဲ့က ကွဲပြားနိုင်တာ‌ပေါ့။

‌မေး။ ။ ဝန်ကြီးက လူငယ်တစ်‌ယောက်လည်း ဖြစ်တယ်။ ဝန်ကြီးဖြစ်ခါစတုန်းက မွန်ပြည်နယ် စာယဉ်‌တွေက အမြင်တစ်မျိုးရှိတယ်။ အခု ၅ နှစ် သက်တမ်းလုပ်‌ဆောင်လာတဲ့အခါမှာ ဘယ်လို‌ပြောင်းလဲတာ‌တွေရှိလဲ။
‌ဖြေ။ ။ သူတို့က‌တော့ ကျ‌နော် လုပ်ခွင့်ရတဲ့အ‌နေအထားနဲ့ လုပ်နိုင်တာကို ကြည့်ချင်းအားဖြင့် သူတို့လက်ခံ နိုင် တဲ့ အတိုင်းအတာတစ်ခု‌တော့ ‌တွေ့ရတယ်။ သူတို့နဲ့ပူး‌ပေါင်း‌ဆောင်ရွက်တဲ့အခါမှာလည်း လုပ်သင့်လုပ်ထိုက် တဲ့ဟာ‌တွေကိုရိုးရိုးသားသားလုပ်တယ်။ အားစိုက်ပြီးလုပ်တဲ့အခါကျ‌တော့ ကျ‌နော်ထင်တယ် သူတို့ လက်ခံနိုင် တဲ့ အ‌နေအထားတစ်ခုမှာ‌တော့ရှိတယ်။ အစထက်စာရင် သူတို့ပိုနားလည်နိုင်တယ်လို့ ‌ပြောလို့ရတယ်။

‌မေး။ ။ ကျိုက်ထီးရိုး ‌တောင်တက်ကားကိစ္စ ‌နောက်ဆုံးဘယ်လို ‌ဖြေရှင်း‌ပေးလိုက်တာလဲ၊ ပြည်နယ်စာယဉ် ‌အောက်မှာပဲပြန်ရှိတာလား၊ ကျိုက်ထို စာယဉ်‌အောက်မှာပဲ ရှိ‌သေးတာလား။
‌ဖြေ။ ။ အဲဒါက ကျ‌နော်တို့ ကရင်အချင်းချင်းမှာဖြစ်‌နေတဲ့ဟာဖြစ်တယ်။ အများကြီး‌ထောက်ထားရတာ‌ပေါ့။ ဒီဘက်မှာလည်း ပြည်နယ်စာယဉ်ရဲ့သ‌ဘောထားနဲ့ ကျိုက်ထိုမြို့နယ်စာယဉ်သ‌ဘောထား‌တွေရဲ့ မတူညီတဲ့ သ‌ဘောထား‌တွေအ‌ပေါ်မှာ ကျ‌နော်တို့က နားလည်မှု‌တွေ‌ပေးနိုင်တဲ့ တိုင်းရင်းသား‌တွေပါ။ ပြည်နယ်ဘက်က ‌တောင်တက်ကားတစ်စီးလိုချင်‌ပေမယ့်လည်း အချင်းချင်းအရမ်းကိုမတွန်းဘူး‌ပေါ့။ ‌နောက်တစ်ခုက ‌နောက်ထပ် ကားအသစ်‌တွေရဖို့အတွက် ပြည်နယ်စာယဉ်ဘက်က ကြိုးစားတာ‌ပေါ့‌နော်။

ပြည်နယ်အစိုးရကို တင်ပြသွားဖို့ရှိတယ်။ တကယ်လို့ အသစ်‌တွေပြန်ရလို့ရှိရင် အ‌ရှေ့ကဖြစ်ခဲ့တာ‌တွေကို အကုန်လုံး သင်ပုန်း‌ချေပြီး‌တော့ သူတို့မရလည်း သိပ်ပြဿနာမရှိဘူး‌ပေါ့။ ‌နောက်တစ်ခုက ပြည်နယ်စာယဉ်ရဲ့ လိုအပ်ချက်‌ပေါ့ ပြည်နယ်စာယဉ်ရဲ့ ပုံမှန် စာ‌ပေယဉ်‌ကျေးမှုကိစ္စ‌တွေမှာ လိုအပ်တဲ့ ပုံမှန်‌ထောက်ပံ့မှု‌တွေ အ တတ်နိုင်ဆုံး ‌ပေးစွမ်းနိုင်တဲ့အပြင်ကို ‌မြေ‌နေရာကိစ္စအစ လိုအပ်ချက်ရှိရင် ရှိသလို ကျ‌နော်တို့‌ဆောင်ရွက် နိုင်တဲ့ အပိုင်းက‌နေ ဆက်ပြီးလုပ်တယ်ဆိုတဲ့အခါကျ‌တော့ အတတ်နိုင်ဆုံး အတိုင်းအတာတစ်ခုနဲ့ လုပ်လို့ရတဲ့ အခါကျ‌တော့ အဲဒီအ‌ပေါ်မှာသူတို့ကို သိပ်ပြီး ဖိအားမ‌ပေးဘူး‌ပေါ့။ ပြည်နယ်အစိုးရအ‌နေနဲ့ ကျိုက်ထီးရိုး ‌တောင်တက်ကားမှာ ဆက်တိုးဖို့အတွက် ခွင့်ပြုချက်‌တွေဘာ‌တွေ ‌ပေးတဲ့အခါကျရင် ဒီအ‌ပေါ်မှာ ဆက်ပြီး စဉ်းစား‌ပေးမှာပဲ။

‌မေး။ ။ ဝန်ကြီးလက်ထက်မှာ မွန်ပြည်နယ်စာယဉ်ရုံးဖွင့်ထားနိုင်တာကို ‌တွေ့ရတယ်။ မြို့နယ်ရုံး‌တွေ ဖွင့်နိုင်ဖို ့ ‌မြေ‌နေရာ‌တွေကို ချ‌ပေးနိုင်တာရှိလား။
‌ဖြေ။ ။ မြို့နယ်ရုံးအားလုံးအတွက် မချ‌ပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ရုံး‌မြေ‌နေရာက လက်ရှိအချိန်ထိ ပြည်နယ်အဆင့်မှာ တင်ပြ‌တောင်းခံတာ‌တွေက ‌မြေယာကိစ္စ‌တွေမှာ မွန်ပြည်နယ်အစိုးရဘက်က တိုင်းရင်းသား ယဉ်‌ကျေးမှုအဖွဲ့‌တွေအပါအဝင် တိုင်းရင်းသားအားလုံး အခြားလိုအပ်တဲ့အဖွဲ့‌တွေကို ‌ပေးမယ့်‌နေရာမှာ သူတို့ အများကြီးသုံးသပ်တယ်‌ပေါ့၊ အများကြီးစဉ်းစားတဲ့အခါမှာ အဲဒီ‌မြေယာကို ကျ‌နော်တို့ တင်ပြ‌တောင်းဆိုတဲ့အခါ မှာ နည်းနည်း‌လေး အခက်အခဲဖြစ်တယ်။

သူတို့စဉ်စားတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ ကရင်စာ‌ပေယဉ်‌ကျေးမှု အသင်းအဖွဲ့ ‌ကော်မတီမှာ တစ်ခြားအသင်း အဖွဲ့‌တွေနဲ့ ပုံစံချင်း‌တော့တူတယ်။ ‌ပေးလိုက်လို့ရှိရင် အခြားအသင်းအဖွဲ့‌တွေလည်း ‌တောင်းလာမှာပဲ။ အဲဒီအ‌ပေါ်မှာ သူတို့သုံးသပ်ပြီး ‌တော်‌တော်‌လေးစဉ်းစားတယ်။ အဲဒီအတွက် ‌ကြောင့် ‌မြေယာချ‌ပေးဖို့ဟာ ‌ပြောရမယ်ဆိုရင် ‌မြေမဲ့ယာမဲ့‌တွေကို ချ‌ပေးရင် နည်းနည်း အဆင်‌ပြေမယ်။ ဥပ‌ဒေ အ‌ကြောင်းအရလည်း ‌ပေးထားပြီးသားဆို‌တော့ သူတို့‌တော်‌တော်‌လေးစဉ်းစားရ ခက်တယ်။ အစိုးရ ဆိုတာ လည်း အမြဲတမ်း‌ပြောင်းတယ်။ စဉ်းစားတဲ့အခါမှာလည်း အမြဲ‌ပြောင်းတဲ့အခါကျ‌တော့ စဉ်းစားမှု‌ပြောရင် ရတာ‌တွေလည်း ရှိမှာ‌ပေါ့။

‌မေး။ ။ မွန်ပြည်နယ်လွှတ်‌တော်မှာ အ‌ကြောင်းအရာစုံ ‌တော်‌တော်‌ဆွေး‌နွေးတာရှိတယ်။ ဒါ‌ပေမယ့် ကရင် တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပြီး ဘာ‌ကြောင့်နည်းတာလဲ။ အဲဒီအ‌ပေါ်ဝန်ကြီးဘယ်လိုမြင်လဲ။
‌ဖြေ။ ။ လွှတ်‌တော်ထဲမှာ ကရင်အ‌ကြောင်းအရာ‌တွေ ‌ဆွေး‌နွေးဖို့ဆိုတဲ့အခါကျ‌တော့ ကရင်ကိုယ်စားပြုထားတဲ့ ကိုုယ်စားလှယ်ဆိုရင်‌တော့ ကျ‌နော်ပဲရှိတာ‌ပေါ့၊ မွန်ပြည်နယ်လွှတ်‌တော်တစ်ခုထဲမှာ ဆိုရင်‌ပေါ့။ ကျ‌နော်တို့က အစိုးရ တာဝန်တစ်ဖက်ယူရတဲ့အခါကျ‌တော့ ကျ‌နော်တို့ရဲ့လိုအပ်ချက်‌တွေကို အစိုးရရုံးမှာ တင်ပြခွင့်ရှိတယ်။ ‌ပြောမယ်ဆိုရင် လွှတ်‌တော်မှာ တင်ပြတဲ့တင်ပြချက်‌တွေက ကျ‌နော်တို့ရုံးမှာပဲပြန်ပို့တာ‌ပေါ့၊ လွှတ်‌တော်က ‌တောင်းဆိုချက်‌တွေကို အစိုးရက ‌ဖြေရှင်းရမယ့်ကိစ္စ‌ပေါ့။ ကျ‌နော်တို့က အစိုးရရုံးမှာ‌နေတဲ့အခါကျ‌တော့ ကိုယ့်ရဲ့ လိုအပ်ချက်‌တွေကို အစိုးရရုံးမှာ တင်ပြတာပိုပြီးဖြစ်သင့်တာ‌ပေါ့‌လေ။

ကရင်ကိုယ်စားလှယ်အ‌နေနဲ့က ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးမဲဆန္ဒနယ် ကိုယ်စားပြုထားတဲ့သူကိုလည်း ကရင့်‌ရေးရာ ကိစ္စကို ‌ဆွေး‌နွေးချင်တယ်ဆိုရင်‌တော့ ကိုယ်ကအားနည်း‌နေမှာပဲ တကယ်လို့ ကိုယ်စားလှယ် ထဲမှာ ကရင်တိုင်းရင်းသား‌တွေပါရင်‌တော့ ကရင်အသံ‌တွေပိုပြီး ထွက်လာနို်င်တာရှိတာ‌ပေါ့။ မွန်ပြည်နယ် အ‌နေ နဲ့ ကရင်တိုင်းရင်းသားလူဦး‌ရေ ၃သိန်း ရှိတယ်ဆိုတဲ့အခါကျ‌တော့ ‌နောက်ပိုင်း‌တွေမှာ ကရင်ကိုယ်စား လှယ် ‌တွေ ထွက်လာမယ်လို့‌တော့ ‌မျှော်လင့်တာ‌ပေါ့၊ ထွက်လည်းထွက်သင့်ပါတယ်။ ‌ပြောရမယ်ဆိုရင် ကရင့်‌ရေးရာနဲ့ ပတ်သက်တဲ့ လိုအပ်ချက်‌တွေကို လွှတ်‌တော်က‌နေ တင်ပြတာပိုပြီး‌တော့ အား‌ကောင်းလာနိုင်မှာ‌ပေါ့။

‌မေး။ ။ ကရင်တိုင်းရင်းသား‌ရေးရာကိစ္စ‌တော့ ဒီတစ် Term ( သက်တမ်း)ပြီးရင်‌တော့ နားလိုက်ပြီး ဘာ‌ကြောင့်နားလိုက်တာလဲ ‌ပြောပြ‌ပေးလို့ရမလား။
‌ဖြေ။ ။ အဓိက‌တော့ ကိုယ်ဘယ်ဟာလုပ်ရင်သင့်‌တော်မလဲ‌ပေါ့၊ ကိုယ့်အ‌နေနဲ့ ဘယ်လိုလုပ်ရင် ကိုယ့်အတွက် အသင့်‌တော်ဆုံးဖြစ်မလဲ၊ ‌နောက်ပြီးကိုယ့်အမျိုးသား‌ရေးအတွက် ဘယ်လိုလုပ်ရင်အသင့်‌တော်ဆုံးဖြစ်မလဲ၊ အဲဒါလည်း ကြည့်ပါတယ်။ ‌နောက်တစ်ခုက‌တော့ ကိုယ်ရပ်တည်တဲ့ပါတီအတွက်လည်း ကြည့်ပါတယ်။ အားလုံး သုံးသပ်ပြီး‌တော့မှ ဆုံးဖြတ်တာ‌ပေါ့‌နော်။

‌မေး။ ။ ၅ နှစ်တာနဲ့ပတ်သက်ပြီး ဝန်ကြီးထပ်ပြီး ဖြည့်‌ပြောချင်တာများရှိလား။
‌ဖြေ ။ ။ ၅ နှစ်တာအတွင်း အတတ်နိုင်ဆုံး‌တော့လုပ်ခဲ့တယ်။ အဲဒီအ‌ပေါ်မှာ ကိုယ်စိတ်‌ကျေနပ်မှုက အပြည့် အဝဆိုတာ‌တော့ ဘယ်သူမှမရှိနိုင်ဘူး။ နိုင်သ‌လောက်လုပ်ခဲ့တယ်။ အဲဒီအ‌ပေါ်မှာလည်း အားနည်းချက်‌တွေ လည်းရှိမယ်။ အဲဒီအ‌ပေါ်မှာ ကျ‌နော့်တိုင်းရင်းသား‌တွေအတွက်ပါပဲ၊ ကျ‌နော်တို့တိုင်းရင်းသား‌တွေအတွက် လုပ်ခဲ့တဲ့‌နေရာမှာ တကယ်လို့ လိုအပ်ချက်‌တွေရှိရင်‌တော့ ကိုယ့်တိုင်းရင်းသား‌တွေကို ‌တောင်းပန်ချင်ပါတယ်။ လုပ်ခဲ့တဲ့‌နေရာမှာ ကိုယ့်တိုင်းရင်းသား‌တွေအ‌နေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေ ဆုံးရှှုံးခဲ့တာ‌တွေရှိရင် အဲဒီ‌ပေါ်မှာ ‌တောင်းပန်ချင်တယ်။ ‌နောက်တစ်ခုက ဒီ ၅ နှစ်တာအပြင် ကျ‌နော့်အ‌နေနဲ့ အသက်ရှင်သ‌ရွေ့‌တော့ ကိုယ့်အမျိုးသားအတွက် ကိုယ့်လူမျိုးအတွက်က‌တော့ ‌ဆောင်ရွက်ခွင့်ရှိတဲ့အခါကျရင် ‌ဆောင်ရွက်လို့ရတဲ့ အခါကျရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေးမျိုး‌တွေကို‌ဆောင်ရွက်‌ပေးခွင့်ရရင်‌တော့ ‌ရှေ့ဆက်ပြီး‌ဆောင်ရွက်‌ပေးပါ့မယ်လို့ ‌ပြောချင်ပါတယ်။

နန်း‌ဝေဖြိုးဇာ