Home ကဗျာ ‌မွေးစားသားဟာ သားအရင်းထက် ပို‌ကြောက်ရတယ် (ကဗျာ)

‌မွေးစားသားဟာ သားအရင်းထက် ပို‌ကြောက်ရတယ် (ကဗျာ)

1670

‌မွေးစားသားဟာ သားအရင်းထက် ပို‌ကြောက်ရတယ်

အဲဒီကအိပ်ရာဝင်သံစဉ်‌တွေက
နိဂုံးမဲ့ ခရီးကိုနှင်‌စေတယ်။
၁၉၅၂ ရဲ့ အရိပ်‌တွေက
ဝင်း‌ရော်ကို အနာ‌တွေကျန်‌စေတယ်။

ခလယ် တံခွန်တိုင်
ဒုံလီ တ‌တော်နိုင်ရဲ့
‌ခြေကုတ်စခန်းမှာ
အစာမ‌ကြေမှု‌တွေက
မိန်းမသား‌တွေကို မစာနာကြဘူး …
နှမချင်း ကိုယ်ချင်းမစာကြဘူး …

ထဘီ ဝတ်တတ်စနဲ့
က‌လေးအ‌မေ ဗိုက်ကြီးသည်အဆုံး
ဆံထုံးရှည် မထားရဲ …
ပါးပြင်မှာ ပါးကွက်‌လေး မထားရဲ …
သနပ်ခါး‌သွေးရင် အသံမထွက်ရဲ …
ကာလတစ်ခုအထိ
မသုတ်နိုင်တဲ့ မျက်ရည်စက်‌တွေက
ကျမ်းစာ‌ဟောင်း‌တွေ ဖြစ်လာတယ်။

‌နေဝင်ရင်
နာနတ်‌တောမှာ ဖျာခင်း
ဝါးရုံ‌အောက်မှာ မိုးလင်း
ပူးတွဲရန်ကင်းဖို့
ရင်ဆို့ည‌တွေ မ‌ရေတွက်နိုင်‌အောင်ပါပဲ။

အဲဒီအချိန်ကာလ
အဲလို … ည‌တွေ … ည‌တွေက …
ဆအိုင်‌လောင်‌တွေ ‌ပျောက်ကွယ်ခဲ့ရ
လူပျိုလှည့်‌တွေ တိတ်ဆိတ်ခဲ့ရ
လူမျိုး‌ရေး စစ်ပွဲ‌တွေ ဖြစ်လာရ
‌မွေးစားသားဟာ
သားအရင်းထက် ပို‌ကြောက်ရတယ် … တဲ့ … ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်