Home သတင်း KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင် ဈာပန ကျင်းပပြီးစီး

KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင် ဈာပန ကျင်းပပြီးစီး

5791
Photo: Nay Naw

‌မေလ ၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်သွားသည့် KNU/KNLA -PC ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင် အသက်(၉၃)နှစ်၏ ဈာပန အခမ်းအနားကို ‌ကော့ကရိတ်ခရိုင်၊ ‌နော်တယာမြို့ ထို့‌ကော် ကိုးဌာနချုပ်ရှိ ကရင့်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ ဂူဗိမ္မာန်တည်ရှိရာ ထို့‌ကော်ကိုးဌာနချုပ် ကရင့်အာ ဇာနည်ဗိမ္မာန်၌ ‌မေ ၅ ရက်‌နေ့၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြီးစီးသွားပြီးဖြစ်သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၏ ရုပ်ကလာပ်ကို ထို့‌ကော်ကိုး‌ဒေသရှိ ခရစ်ယာန်ဘုရား‌ကျောင်း၌ ဝတ်ပြု ဆု‌တောင်း ပြီး‌နောက် စစ်‌ရေးအခမ်းအနားဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နိုင်ငံ‌တော် အတိုင် ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်မှ‌ပေးပို့လာ‌သော သဝဏ်လွှာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ‌ပေးပို ့‌သောသဝဏ်လွှာများ ဖတ်ကြားခဲ့သည်။

ထို့အပြင် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်တို့မှ‌ပေးပို့လာ‌သော သဝဏ်လွှာအပါအဝင် အရပ်ဘက်အဖွဲ့အစည်းအသီးသီးတို့မှ‌ပေးပို့ လာ‌သော သဝဏ်လွှာ စုစု‌ပေါင်း ၂ဝ ခန့်အား တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ဖတ်ကြားခဲ့သည်။ ဈာပန အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ‌ခေါင်း‌ဆောင်များ၊ စစ်ဘက် အရပ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံ‌ရေးပါတီတစ်ချို့မှ ‌ခေါင်း‌ဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် KNU/ KNLA -PC မှ အရာရှိများနှင့်စစ်သည်များ လိုက်ပါပို့‌ဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင်သည် ၁၉၄၇ ခုနှစ် ကိုလိုနီ‌ခေတ်အဂင်္လိပ်စစ်တပ်၌ ကရင့်လက်နက်ကိုင် လူငယ် တပ်ဖွဲ့တွင် တာဝန်ထမ်း‌ဆောင်ဘူးသူဖြစ်ပြီး လွတ်လပ်‌ရေးရပြီး‌နောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး စတင်သည့် ၁၉၄၉ ခုနှစ်ကတည်းက ကရင့်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့်အတူ ‌တော်လှန်‌ရေး တာဝန်များကို ထမ်း‌ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

Photo: Nay Naw

၎င်းသည် တစ်ချိန်က KNU-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောဘိုမြဇနီးဖြစ်သူနှင့် ‌ဆွေမျိုးနီး စပ်‌တော်စပ်သူဖြစ်သလို KNU တပ်မဟာ ၇ တွင် တပ်မဟာမှူးတာဝန်များကို ထမ်း‌ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

ထို‌နောက်၂၀၀၇ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီး နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူကာ KNU/KNLA PC ငြိမ်းချမ်း‌ရေး ‌ကောင်စီကို ဦး‌ဆောင်ဖွဲ့စည်းပြီး ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ဒေသတွင် အ‌ခြေစိုက်‌နေထိုင် ခဲ့သည်။ ၂၀၂ဝ ပြည့်နှစ် ‌မေ ၃ ရက်‌နေ့ ည‌နေ ၆ နာရီ ၂ဝ မိနစ်တွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

သူကွယ်လွန်သွားသည့်အတွက် KNU/KNLA -PC ငြိမ်းချမ်း‌ရေး‌ကောင်စီ ဥက္ကဋ္ဌ ‌နေရာမှာ လစ်လပ်လျက်ရှိပြီး အစားထိုး ‌ဆောင်ရွက်နိုင်ရန်အတွက် Proto-call အရ လက်ရှိဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ထော့‌လေး အား လျာထား‌ကြောင်း နှင့် မကြာမီ ရက်ပိုင်းအတွင်း တပ်ဖွဲ့အလုပ်အမှု‌ဆောင်အစည်းအ‌ဝေးတစ်ရပ် ကျင်းပကာ ပြန်လည်‌ရွေးချယ် အတည်ပြုသွားမည်ဟု KNU/KNLA -PC တွဲဘက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က ‌ကေအိုင်စီသို့ ‌ပြောသည်။