Home သတင်း မြဝတီမြို့တွင် ညမထွက်ရအမိန့်ချိုး‌ဖောက်သူ ၅၄၆ ဦးကို ‌ငွေဒဏ်နှင့် ‌ထောင်ဒဏ်ချမှတ်

မြဝတီမြို့တွင် ညမထွက်ရအမိန့်ချိုး‌ဖောက်သူ ၅၄၆ ဦးကို ‌ငွေဒဏ်နှင့် ‌ထောင်ဒဏ်ချမှတ်

2639
Photo: Nay Naw

‌မေလ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုး‌ဖောက်သူ ၅၄၆ ဦးအား ‌ငွေဒဏ်နှင့် ‌ထောင်ဒဏ် အသီးသီးချမှတ်လိုက်သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

မြဝတီမြို့တွင် ဧပြီ ၁၈ ရက်‌နေ့မှစ၍ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ‌မေလ ၁၄ရက် ညပိုင်းအထိ အမိန့်ချိုး ‌ဖောက်သူ ၅၄၆ ဦး ဖမ်းမိသည့်အထဲမှ ဒဏ်‌ငွေ ၅၀,၀၀ဝ ကျပ်‌ပေး‌ဆောင်သူ ၄၂၉ ဦး နှင့် ဒဏ်‌ငွေ မ‌ပေးနိုင်၍ ‌ထောင်ဒဏ် ၁၅ ရက် (သို့မဟုတ်) ၁ လ ကျခံသူ ၁၁၇ ဦးရှိဟု မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌မေလ ၁၅ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “မြဝတီမြို့မှာ Covid-19 ကာကွယ်‌ရေးအတွက် ည ၁ဝ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။ ဒီလိုအမိန့် ထုတ်ပြန်ပြီး ‌နောက် ၂ ရက်ဆက်တိုက် ပညာ ‌ပေးကာလအဖြစ်‌ဆောင်ရွက်ခဲ့ပါတယ်။ ဧပြီလ ၂ဝရက် ညပိုင်းကစ၍ အမိန့်ချိုး‌ဖောက်သူ‌တွေကို ဖမ်းဆီးမှုများပြု လုပ်ရာမှာ ‌မေလ ၁၄ ရက် ညပိုင်းအထိ ၂၅ ရက်အတွင်း အမိန့်ချိုး‌ဖောက်သူ ၅၄၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို မြို့နယ် တရားရုံးမှာ တရားစွဲဆိုမှု‌တွေ ပြုလုပ်ခဲ့ရာမှာ‌တော့ တရားရုံးမှာ ‌ငွေဒဏ် ၅ ‌သောင်းကျပ် ‌ပေး‌ဆောင်သူ ၄၂၉ ဦးနဲ့ ‌ငွေဒဏ်မ‌ဆောင်နိုင်၍ ‌ထောင်ဒဏ် ၁၅ ရက်(သို့မဟုတ်) ၁လ ကျခံသူ ၁၁၇ ဦးရှိ တယ်”ဟု ‌ပြောသည်။

Photo: Nay Naw

မြဝတီမြို့တွင် ယခင် ဧပြီလ ၁၈ ရက်‌နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ည ၁ဝ နာရီမှ နံနက် ၄ နာရီအစား ‌မေလ ၁၅ရက်‌နေ့ညပိုင်းမှ ‌မေလ ၃၁ ရက်‌နေ့ထိကို ည ၁၂ နာရီမှ မနက် ၄နာရီထိ အချိန်‌ဖြေ‌လျှော့၍ ယမန်‌နေ့ ‌မေလ ၁၅ ရက်‌နေ့ ရက်စွဲဖြင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးက လက်မှတ်‌ရေးထိုး၍ ထုတ်ပြန်ထားသည်။

ထိုအမိန့်စာထဲတွင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ Covid-19 ‌ရောဂါ ကာကွယ်ထိန်းချုပ် ကုသ‌ရေး လုပ်ငန်းကို အထူး‌ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူမှအပ မည်သူမျှ ခွင့်ပြုချက်‌သော်လည်း‌ကောင်း၊ လုံ ‌လောက်သည့်အ‌ကြောင်းတစုံတရာ‌သော်လည်း‌ကောင်း မရှိဘဲ မိမိတို့‌နေထိုင်သည့် ‌နေအိမ် ဥပစာ၏ပြင်ပသို့ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း တစ်ဦးချင်း‌သော်လည်း‌ကောင်း၊ အစုအဖွဲ့ဖြင့်‌သော်လည်း‌ကောင်း၊ သွားလာခြင်း စု‌ဝေးခြင်း တစုံတရာမပြုလုပ်ကြရန်နှင့် ‌တွေ့ရှိပါက တည်ဆဲဥပ‌ဒေအရ အ‌ရေးယူသွားမည်ဟု ပါရှိသည်။

ကရင်ပြည်နယ်တဝှမ်းရှိ မြဝတီမြို့နယ်အပါအဝင် Covid-19 လူနာတစ်ဦးတစ်‌ယောက်မျှ မ‌တွေ့ရှိ‌သော်လည်း က ရင်ပြည်နယ် ၇ မြို့နယ်အနက် မြဝတီမြို့နယ်တစ်ခုတည်းသာ ထိုသို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။