Home သတင်း မြဝတီနယ်စပ်မှတဆင့် ရက်သတ္တပတ် ၂ ပတ်‌ကျော်အတွင်း ထိုင်းပြန်မြန်မာလုပ်သား ၅၅၄ ဦးဝင်‌ရောက်

မြဝတီနယ်စပ်မှတဆင့် ရက်သတ္တပတ် ၂ ပတ်‌ကျော်အတွင်း ထိုင်းပြန်မြန်မာလုပ်သား ၅၅၄ ဦးဝင်‌ရောက်

2267
Photo: Nay Naw

‌မေလ ၁၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ဝင်‌ပေါက်မှတဆင့် ‌မေလ ၁ ရက်မှ ၁၅ရက်‌နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်‌ရောက်လာသူ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားလူဦး‌ရေ ၅၅၄ ဦးရှိသည်ဟု တာဝန်ရှိသူများ ထံမှ သိရသည်။

အဆိုပါ ပြန်လည် ဝင်‌ရောက်လာသူများမှာ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ အနီးဝန်းကျင်ရှိ မြန်မာ‌ရွှေ့ ‌ပြောင်းလုပ်သားများ၊ ထိုင်းနိုင်ငံအတွင်းပိုင်းမှ မိမိအစီအစဉ်ဖြင့် ပြန်လာကြသူများနှင့် အ‌ကြောင်းအ မျိုးမျိုး‌ကြောင့် ထိုင်းအချုပ်‌ထောင်တွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှဲ‌ပြောင်း‌ပေးသူများဖြစ်ကြသည်ဟု မြဝတီမြို့နယ် အလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းက ‌ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ဦး‌ရေ(၄၀,၀၀၀) နီးပါးခန့် ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးတွင် စာရင်း‌ပေးထား‌သော်လည်း ထိုင်းနိုင်ငံတွင် ခရိုင်ဖြတ်‌ကျော်သွားလာမှု ကန့်သတ် ခြင်းနှင့် ညမထွက်ရ ကာဖျူးအမိန့်အား ‌မေလ ၃၁ရက်‌နေ့အထိ တိုးမြှင့်ထားခြင်းတို့‌ကြောင့် အလုပ်သ မား များ ပြန်လာရန် အခက်အခဲများရှိ‌နေကြသည်ဟု သိရသည်။

ထိုသို့စာရင်း‌ပေးထားသူများ အန္တရာယ်ကင်းရှင်းစွာ ‌နေရပ်ပြန်နိုင်ရန် နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ‌မေလ ၁၄ ရက်‌နေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ညှိနှိုင်းမှုတွင် ထိုင်း-မြန်မာနယ်စပ်ဝင်‌ပေါက်များဖြစ်‌သော မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်မှ သာမ ဟုတ်ဘဲ မယ်ဆိုင်-တာချီ လိတ်နယ်စပ်ဂိတ်နှင့် ရ‌နောင်း-‌ကော့‌သောင်းနယ်စပ်ဂိတ်များကပါ ပြန်လာခွင့်ရရှိ ရန်နှင့် တစ်ရက်လျှင် လူဦး‌ရေ ၂,၅၀ဝ ခန့် (သို့မဟုတ်) သင့်‌လျော်သည့်အ‌ရေအတွက်ကို ခွင့်ပြု‌ပေး‌ရေးတို့ပါ ဝင်ပြီး ထိုင်းဘက်ခြမ်းက ခွင့်ပြုချက်ရရှိပါက စာရင်း‌ပေးသွင်းထားသူများထဲမှ ‌နေ့ရက်အလိုက် လိုက်ပါစီးနင်း ရမည့် လူဦး‌ရေအမည်စာရင်းနှင့်တကွ အစီအစဉ်များကို ထပ်မံအသိ‌ပေး‌ကြေညာ‌ပေးသွားမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတား မြဝတီနယ် စပ်ဂိတ်မှတစ်ဆင့် ‌မေလ ၁ ရက်မှ ‌မေလ ၁၅ ရက်‌နေ့ထိ ဒုတိယအကြိမ် ပြန်လည်ဝင်‌ရောက်လာသူ ထိုင်းပြန်မြန်မာလုပ်သား စုုစု‌ပေါင်း ၅၅၄ ဦးထဲတွင် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်သို့ ပြန်မည့်သူ အများစုဖြစ်ပြီး ၎င်းတို့အား ပြည်နယ်နှင့်တိုင်း အစိုးရ ချင်းချိတ်ဆက်၍ ပို့‌ဆောင်‌ပေးမှုများရှိသလို မြဝတီမြို့ရှိ ‌စောင့်ကြည့်‌ရေးစခန်းများတွင် ၂၁ ‌နေထိုင်‌စေပြီးမှ ပြန်လည်ပို့‌ဆောင်‌ပေးလျက်ရှိ‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။