Home သတင်း ‌မော်‌တော်ယာဉ်၌ တပ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ အမှတ်အသားစ‌တေကာနှင့် နံပါတ်ပြားများ ဖြုတ်သိမ်းမှု ပြုလုပ်

‌မော်‌တော်ယာဉ်၌ တပ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ အမှတ်အသားစ‌တေကာနှင့် နံပါတ်ပြားများ ဖြုတ်သိမ်းမှု ပြုလုပ်

8681
Photo: Nay Naw

‌မေလ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မြို့‌ပေါ်နှင့် ‌ကော့ကရိတ်-ဖားအံမြို့များသို့ သွားလာ‌နေကြသည့် ‌မော်‌တော်ယာဉ် များ၌ ဌာ‌နေလက်နက်ကိုင်တပ်ဖွဲ့ပိုင် တံဆိပ်များ တပ်ဆင်ထားခြင်းနှင့် တပ်ဖွဲ့ပိုင်နံပါတ်ပြားများ တပ်ဆင်ထား ခြင်းတို့အား သတိ‌ပေးဖြုတ်သိမ်း‌စေ၍ ‌နောင်အခါ ထပ်မံ‌တွေ့ရှိပါက တည်ဆဲဥပ‌ဒေဖြင့် အ‌ရေးယူသွားမည်ဟု သိ ရသည်။

ယ‌နေ့ (‌မေလ ၂၁ ရက်) မွန်းလွဲပိုင်းက မြဝတီမြို့‌ပေါ်နှင့် ယာဉ်သွားလာမှုများပြားသည့် အဓိက လမ်းမကြီး‌ပေါ် တွင် သွားလာလျက်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အခြား‌မော်‌တော်ယာဉ်များတွင် လက်နက်ကိုင်တပ်ဖွဲ့ အမှတ်သားတံဆိပ်များ တပ်ဆင်ထားခြင်းများကို စစ်‌ဆေးမှုများပြုလုပ်‌နေစဉ် ယာဉ်စစ်‌ဆေး‌ရေး ပူး‌ပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခု ဌာ‌နေ လက်နက်ကိုင် အဖွဲ့ရဲ့ အမှတ်သားတံဆိပ် တပ်ဆင်ထား တာ‌တွေကို မှတ်တမ်းများယူပြီး‌တော့ ‌နောင်အခါ ထပ်မံ‌တွေ့ရှိပါက တည်ဆဲ ဥပ‌ဒေဖြင့် အ‌ရေးယူသွားမယ်”ဟု ၎င်းက ယာဉ်စစ်‌ဆေး‌ရေးပူး‌ပေါင်းအဖွဲ့မှ တာဝန်ရှိသူက ‌ပြောသည်။

နယ်စပ်မြို့ဖြစ်သည့်အ‌လျောက် မြဝတီမြို့တွင် NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် ကရင် တိုင်း ရင်းသားလက်နက်ကိုင် ၃ ဖွဲ့အပြင် နယ်ခြား‌စောင့်တပ် -BGFတပ်ဖွဲ့နှင့် အခြားမထင်ရှား‌သော လက်နက် ကိုင်အဖွဲ့ငယ်များ အ‌ခြေချ‌နေထိုင်ကြသည်။ ၎င်းလက်နက်ကိုင်အဖွဲ့မှ စီးနင်း‌သော ‌မော်‌တော်ယာဉ်များအပြင် ယင်းတို့နှင့်ပတ်သက်သည့် တပ်ဖွဲ့ဝင်မဟုတ်သူတစ်ချို့၏ ‌မော်‌တော်ယာဉ်များတွင် တပ်ဖွဲ့တံဆိပ် အမှတ်အသား စ‌တေကာများကပ်ကာ သွားလာမှုများရှိသည်။

မြဝတီမြို့‌နေပြည်သူတစ်ဦးက “ယခုလို လုပ်‌ဆောင်တာ‌ကောင်းပါတယ်။ မြဝတီမြို့မှာက တကယ့် တပ်ဖွဲ့ဝင် အစစ်အမှန်‌တွေရှိသလို အစစ်အမှန် မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်း တံဆိပ်ကပ်ကာ လိုက်သွား‌နေတဲ့ ‌ရောင်‌တော်ပြန်‌တွေလည်း ရှိပါတယ်။ သူတို့‌တွေက ပိုဆိုးတယ်။ အဖွဲ့အစည်း တံဆိပ်တပ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု အားနည်းတယ်။ ဒါ‌တွေမရှိ‌တော့ဘူးဆိုရင် မြို့‌နေပြည်သူများ သွားလာရတာ စိတ်ချမ်းသာမှု ပိုရနိုင်ပါတယ်” ဟု ဆိုသည်။

ထိုသို့ မြဝတီမြို့တွင် ‌မော်‌တော်ယာဉ် လက်နက်ကိုင်တပ်ဖွဲ့ အမှတ်တံဆိပ် စ‌တေကာများနှင့် နံပါတ်ပြား များတပ် ဆင်ထားရှိမှုများကို ဖြုတ်သိမ်းရန် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များသို့ အ‌ကြောင်းကြားထားပြီးဖြစ်သည်ဟု ယာဉ်စစ်‌ဆေး‌ရေး ပူး‌ပေါင်းအဖွဲ့မှ တာဝန်ရှိသူက ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့၏ ‌ပြော‌ရေးဆိုခွင့်ရှိသူတစ်ဦးအား ‌ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်‌မေးမြန်းရာတွင် ၎င်းတို့အ‌နေဖြင့် တစ်စုံတစ်ရာ သိရှိထားခြင်းမရှိ‌သေး‌ကြောင်း ပြန်လည်‌ဖြေကြားသည်။

ယ‌နေ့ ‌မေလ ၂၁ ရက်‌နေ့တွင် ပြုလုပ်သည့် ယာဉ်စစ်‌ရေး ပူး‌ပေါင်းအဖွဲ့တွင် တပ်မ‌တော်‌ရှေ့တန်းရုံးမှ ဗိုလ်ကြီး ‌အောင်‌ကျော်မြင့် ဦး‌ဆောင်သည့် တပ်မ‌တော်သားများ၊ နယ်‌မြေခံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ ဝင်များ၊ ကရင့်လက်နက်ကိုင်အဖွဲ့အချို့မှ အဖွဲ့ဝင်များနှင့် မြဝတီယာဉ်ထိန်းတပ်ဖွဲ့များပါဝင်သည်။