Home ဆောင်းပါး စိမ်း၊ ဝါ၊ နီ ဖြင့် ရှင်သန်လှုပ်ရှားခြင်း

စိမ်း၊ ဝါ၊ နီ ဖြင့် ရှင်သန်လှုပ်ရှားခြင်း

3444

‌စောထွန်းလင်း

(‌မေလ ၆၊ ၂၀၂၀)

‌နွေဦးကာလဖြစ်‌သော်လည်း မတ်လ၏ မွန်းလွဲပိုင်းအပူချိန်က အ‌တော်ပူသည်။ မွန်းလွဲ ၁၂နာရီ‌ကျော်အချိန် အင်းစိန် မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာကုန်းဘုရား‌ကျောင်း‌ဘေးသို့ ‌ရောက်ရှိသွားစဉ် MERMOOLU Studio ထဲမှ အဆို ‌တော်‌စောဖိုးခွား ထွက်လာပြီး အထဲသို့ ဝင်ရန်လှမ်း‌ခေါ်သည်။ စတူဒီယိုခန်းထဲ ဝင်လိုက်သည်နှင့် ‌လေ‌အေး‌ပေးစက် ဖွင့်ထားသည့်အတွက် ‌နွေအပူနှင့်ဆန့်ကျင်ဘက် ‌အေးမြသွားသည်။

အဆိုပါ စတူဒီယိုသည် နံ့သာကုန်း ကရင်နှစ်ခြင်း အသင်း‌တော်ပိုင် စတူဒီယိုတစ်ခု ဖြစ်သည်။ အလုပ်ပိတ်ရက်များ တွင် ‌တေးသီချင်းသွင်းသူများ အမြဲလိုလို ရှိတတ်သည့်နည်းတူ စ‌နေ‌နေ့ ဖြစ်သည့်အတွက် ‌တေးသံသွင်းမည့် အဆို ‌တော်များလည်း ရှိ‌နေသည်။ ‌အေး‌အေး‌ဆေး‌ဆေးနားပြီး ခဏ‌စောင့်ရန် အဆို‌တော် ‌စောဖိုးခွားက လှမ်း‌ပြောသည်။

စတူဒီယိုအား အနည်းငယ် အကဲခတ်ကြည့်ရာ ၁၀‌ပေ ပတ်လည်ခန့်ရှိသည့် အခန်း ၃ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအခန်းသည့် ဧည်ခန်းဖြစ်ဟန်‌ပေါ်သည်။ ဒုတိယအခန်းသည် အသံဖမ်း အင်ဂျင်နီယာအခန်းဟု ဆိုနိုင်ပြီး ကွန်ပျူတာဖြင့် အသံဖမ်း‌နေသည်ကို‌တွေ့ရသည်။ တတိယအခန်းတွင်မူ ကရင်လူငယ် အဆို‌တော် ‌နော်အယ်နီရှိုင်း က သီချင်းသွင်း‌နေသည်ကို ‌တွေ့ရသည်။

အဆို‌တော် ‌စောဖိုးခွားက သီချင်းသွင်း‌နေမှုကို လိုအပ်သည့် Arrangement ပိုင်း လုပ်ကိုင်‌ပေး‌နေပြီး ‌တေးသံသွင်း သည့်သ‌ဘောအရ တခါတည်း မပြီးပြတ်။ သို့‌သော် စိတ်ရှည်လက်ရှည် တိုင်တိုင်ပင်ပင် ‌တေးသံ ဆက်သွင်း‌နေကြ သည်။

တခါတခါတွင်မူ ‌တေးသီးချင်းနှင့် ‌တေးသံများအ‌ပေါ် ‌စောဖိုးခွားတစ်‌ယောက်လိုက်ပါ စီး‌မျော‌နေသည်ကို‌တွေ့ရသည်။ သူသည် ယခင်‌တွေ့‌နေကြပုံစံအတိုင်း တမူထူးခြားစွာ သစ်‌ခေါက်‌ရောင် ကရင်သင်တိုင်းနှင့် စိမ်း၊ ဝါ၊ နီသုံး‌ရောင်ခြယ် ဂျင်း‌ဘောင်းဘီ ပွပွတိုတိုကို ဝတ်ဆင်ထားသည်။ သူ့ကို အကဲခတ်ကြည့်မိ‌သော်လည်း သိဟန်မ‌ပေါ်၊ ‌တေးသံစဉ်များ ထဲတွင် သူ့စိတ်အာရုံက စီးဆင်း‌နေဆဲ။

“ကျ‌နော်က ‌ဘောလုံးသမား ဘဝရယ်၊ သ‌ဘေင်္ာသား ဘဝရယ်၊ အဆို‌တော် ဘဝရယ်က ဆက်စပ်‌နေတယ်။”ဟု အဆို‌တော် ‌စောဖိုးခွားက ဖွင့်ဟ ‌ပြောပြသည်။

သူသည် ငယ်စဉ်က ‌ဘောလုံးအားကစား၌ ထူးချွန်ပြီး ပြည်တွင်း‌ဘောလုံး ‌လောကတွင် ‌ငွေ‌ရောင်မျိုးဆက်ဟု တင်စားသည့် သန်းတိုး‌အောင်၊ မျိုးလှိုင်ဝင်း၊ ‌အောင်‌ကျော်‌ကျော် စသူတို့နှင့် ‌ခေတ်ပြိုင်‌ဘောလုံးသမားတစ်ဦး ဖြစ်သည်။

ထိုသို့ ‌ဘောလုံး‌လောကတွင် ကျင်လည်ရင်း အသက် ၂၀‌ကျော်၌ ‌ရေ‌ကျောင်းသိပ္ပံ ‌ဘောလုံးအသင်းတွင် တိုက်စစ် မှူး‌နေရာကစား‌နေစဉ် သ‌ဘေင်္ာလိုက်ရန် ‌စောဖိုးခွားတ‌ယောက် အချိတ်အဆက်ရပြီး‌နောက် သ‌ဘေင်္ာလိုက်ဖြစ်သည်။ သ‌ဘေင်္ာသားဘဝတွင် သူ့ဘဝ တဆစ်ချိုး အ‌ပြောင်းအလဲကို စကြုံ‌တော့သည်။ သူလိုက်သည့် သ‌ဘေင်္ာသည် တန်ချိန် သုံးသိန်း‌ကျော်တင်‌ဆောင်သည့် အကြီးစား ကုန်တင်သ‌ဘေင်္ာ ဖြစ်သည်။ ထို့‌ကြောင့် သ‌ဘေင်္ာသားများသည် သန်မာထွားကြိုင်းသည့် နီဂရိုး အများစုဖြစ်သည်။ သူတို့သည် ကမ္ဘာ‌ကျော် Reggae အဆို‌တော် BoB Marley (၁၉၄၅-၁၉၈၁) ကြီးစိုးရာ‌ဒေသမှ လာသူများဖြစ်သလို အများစုသည် BoB Marley ခ‌ရေစီများဖြစ်သည်။

“သ‌ဘေင်္ာတက်သွားပြီး‌တော့ မတက်ခင်မှာ BoB Marley ဆိုတဲ့ Reggae အဆို‌တော်ကို သိထားတယ်။ ဂဃနဏ ‌တော့ မသိဘူး။ အဲ့ဒီ music ကို အရမ်းကြိုက်တာ။ ‌နောက်မှ သိရတာက ဒါ Reggae music မှန်း သိရတာ။ တကယ်တမ်းကျ‌တော့ ကျ‌နော်က music နဲ့ အရမ်းနီး‌ပေးမဲ့ အရမ်း‌ဝေးသွားတဲ့ လူတ‌ယောက်လည်း ဖြစ်တယ်။ အဲ့တုန်းက။”ဟု ‌စောဖိုးခွားက ‌ပြောသည်။

ထိုအချိန်က သ‌ဘေင်္ာလိုက်သလို ပြန်‌ရောက်ပါက ‌ဘောလုံးကန်ရင်းဖြင့် သူဘဝလုံးလည်လိုက်‌နေသည်။ သို့‌သော် Reggae ဂီတကို သူအရမ်းကြိုက်နှစ်သက်လာသည့်နည်းတူ Reggae ဂီတဝိညာဉ်များ သူ့အ‌သွေးအသားထဲသို့ စိမ့်ဝင်စီး‌မျောလာ‌လေ‌တော့သည်။

“‌ပြောရမယ်ဆိုရင်‌တော့ သ‌ဘေင်္ာသား ဘဝကို ကိုယ့်ဘာသာကိုယ် ဖြတ်ပစ်တာ။ ၁၉၉၇ ခုနှစ်‌လောက်က စပြင်ဆင် တယ်။ Reggae ကို‌လေ့လာတယ်။ သီချင်း‌တွေ ‌ရေးတယ်။ ၂၀၀ဝခုနှစ်မှာ “တကယ်ကို”ဆိုတဲ့ ‌ခေါင်းစဉ်နဲ့ ‌တေးစီးရီး ‌ခွေ စထုတ်တယ်။”ဟု Reggae ‌နောက် ‌ခြေစုံပစ်လိုက်ခဲ့သည့် အ‌ခြေအ‌နေကို သူက ‌ပြောပြသည်။

ထု့ိ‌နောက် ၂၀၀၃ခုနှစ်တွင် “‌မေ့ဖို့ သိပ်ခက်‌နေလို့” ၂၀၁၂ခုနှစ်တွင် “‌ဖြေး‌ဖြေး ‌ယောက်ဖ” ‌တေးစီးရီးထွက်လာပြီး ‌နောက် သူ့သီချင်း‌ခွေများက ‌အောင်မြင်သွားသည်။ ထို့‌နောက် ၂၀၁၄ တွင် “ကိုင်းကြီးကြီး သွားနား” ၂၀၁၇ခုနှစ်တွ င် “ပလပ်ကျွတ်‌နေပြီ” စသည့် သီချင်း‌ခွေ ငါး‌ခွေကို သူထုတ်ခဲ့သည်။ သူ့သီချင်း‌ခွေများအားလုံးသည် Reggae ဂီတ အမျိုးအစားများသာဖြစ်သည်။

အမှန်စင်စစ် သူသည် Reggae သီချင်းများကို မြန်မာပြည်တွင် စဆိုခဲ့သူ‌တော့မဟုတ်။ အဆို‌တော် ‌ဂျေ‌မောင်‌မောင်၊ ‌ဂျေညီညီ၊ ချစ်‌ကောင်း၊ ‌ကျော်ဟိန်းနှင့် ဘရိတ်ကီ တို့လည်း Reggae သီချင်းများ သီဆိုခဲ့ဖူးသလို သီချင်းများကလည်း ‌အောင်မြင်လူကြိုက်များသည်။

သို့‌သော် Reggae ဂီတနှင့် ဘဝပုံစံမျိုးကို‌တော့ ‌စောဖိုးခွားက အစပြုသည်ဟု ဆိုနိုင်သည်။ သူ၏ ‌နေထိုင်မှု၊ သွားလာပြုမှုဆက်ဆံပုံ ‌နေ့တဓူဝ လူမှုဘဝသည် အခြားသူများနှင့် ကွဲပြားဟန်ရှိသည်။

“ကျ‌နော်ကျ‌တော့ ဘဝနဲ့ပါ ဆိုင်သွားတယ်။ Reggae က ဂီတတစ်ခုတည်း မဟုတ်ဘူး။ Reggae က ဘဝပါ ပါတယ်။ အဂင်္လိပ်လိုက ရှင်းတယ် Reggae is not only music but also life ပထမက‌တော့ မသိဘူး။ ကိုယ့်ထဲက ကိုယ် ထွက်ပြီး ပြန်ကြည့်လိုက်‌တော့မှ သူများနဲ့ မတူတဲ့အချက်‌ပေါ့‌နော်။ ကိုယ့်ပတ်ဝန်းကျင်၊ မိသားစု အသိုင်းအဝိုင်းကြား ထဲမှာ ကိုယ်က မတူညီတာ‌တွေ ရှိ‌နေတယ်။”ဟု ‌ပြောပြသည်။

ထိုသို့ ဖြစ်ရခြင်းသည် အတွင်းစိတ်သ‌ဘောမတူညီခြင်း‌ကြောင့် အပြင်ပိုင်းသဏ္ဍာန် ကွဲလွဲသွားခြင်းဟုဆိုသည်။ Reggae ဂီတကို ကမ္ဘာ‌ကျော်‌စေခဲ့သူ BoB Marley ၏ မိခင်သည် ဂျာ‌မေကာနိုင်ငံသူဖြစ်ကာ ‌ဒေသခံ ရက်စ်စတာ လူမျိုးဖြစ်ပြီး ရက်စ်စတာ ဘာသာကို ကိုးကွယ်သည်။ အဆိုပါ ဘာသာဝင်များသည် က‌လေး‌မွေးစဉ်ကတည်းက ‌ခေါင်းကို ကိုင်တွယ်ခြင်းမရှိသည့်အတွက် ဆံပင်များ ရှုပ်‌ထွေး‌ပွေလီစွာ ရှိ‌နေတတ်သည်။ ယင်းသည် သာမန်လူများ နှင့် ဆံပင်ပိုင်းဆိုင်ရာ ကွဲလွဲမှုဖြစ်သည်။ ထို့အပြင် Reggae များတွင် စိမ်း၊ ဝါ၊ နီ အ‌ရောင် သ‌ကေင်္တ ရှိပြီး အဆိုပါ သုံး‌ရောင်အတိုင်း အသက်ရှင်သည်ဟု ဆိုသည်။

သုံး‌ရောင်ထဲတွင် အစိမ်းသည် Ever Living မြန်မာလို စကားလုံးလှလှဖြင့် ဘာသာပြန်ပါက ထာဝရ အသက်ရှင် ခြင်းဖြစ်သည်ဟု ‌စောဖိုးခွားက ရှင်းပြသည်။ Reggae များသည် ‌သေဆုံးခြင်း မရှိဘဲ ထာဝရ ရှင်သန်သူများဟု ခံယူထားကြသူများဖြစ်သည်။

အဝါ‌ရောင်ကမူ Golden Future ‌ရွှေ‌ရောင်အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်သည်။ သူတို့ ရဲ့ အနာဂတ်သည် အမြဲ တမ်း လှပ‌နေမှုကို ‌ရွှေ‌ရောင်ဖြင့် တင်စားထားရသည့် သ‌ဘော‌ဆောင်သည်။ အနီ‌ရောင်ကမူ အဓိက အကျဆုံးဖြစ် သည်။ Blood of freedoms လွတ်လပ်ခြင်းရဲ့ ‌သွေးဟု ဆိုသည်။

“ဆိုလိုချင်တာက ‌သွေးဆိုတာ လူ့ခန္ဓာကိုယ်မှာ အ‌ရေးကြီးတယ်။ လူတစ်‌ယောက်ကို ‌ထောင်ထဲ ထည့်ထားလို့ ရတယ်။ ဒါ‌ပေမဲ့ ‌ထောင်ထဲထည့်လိုက်လို့ သူ့ရဲ့လွတ်လပ်မှုက ပိတ်သွားပြီးလို့‌တော့ မထင်လိုက်နဲ့ ဘာဖြစ်လို့လည်း ဆို‌တော့ သူက အမြဲတမ်းလွတ်လပ်‌နေတဲ့ လူတစ်‌ယောက် ဖြစ်တယ်။ ဆိုလိုချင်တာက ‌သွေးကို သွားချုပ်ထားလို့ မရဘူး‌လေ‌နော်။ သူတို့က ဒီသုံးခုနဲ့ အသက်ရှင်တယ်။”ဟု ‌စောဖိုးခွားက ရှင်းပြသည်။

ထို့‌ကြောင့် လွှမ်းခြုံကြည့်မည်ဆိုလျှင် Reggae တို့တွင် ထူးခြားသည့် ဆံပင်ပုံစံနှင့် သူတို့ဘဝကို ကိုယ်စားပြုသည် အ‌ရောင်သုံး‌ရောင်ဖြင့် ရိုးရှင်းစွာ ရှင်သန်‌နေထိုင်သူများဟု ဆိုနိုင်သည်။

အဆို‌တော်‌စောဖိုးခွားက “လူဆိုတာ စိတ်ညစ်စရာ‌တော့ ရှိမှာ‌ပေါ့၊ ဒါ‌ပေမဲ့ တကယ်ကို ကြည့်လိုက်ရင် ဒီ‌ကောင်‌တွေ မှာ စိတ်ညစ်စရာ မရှိသလိုကို ဖြစ်‌နေတယ်။ အဲ့ဒါက သူတို့ရဲ့တူညီတဲ့ အချက်။ ဒီသုံးခုထဲမှာ သူတို့က လာတူညီ‌နေ တယ်ဆို‌တော့ အဲ့လို ဖြစ်တယ်။ တိုတိုတုတ်တုတ်နဲ့ ‌ပြောရမယ်ဆိုရင်‌တော့ သူတို့က ချစ်ခြင်း‌မေတ္တာကို အ‌ခြေခံပြီး လွတ်လပ်စွာ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်ကြတယ်။”ဟု ဆိုသည်။

Reggae များအ‌နေဖြင့် Reggae ကွန်ဖရန့်၊ Reggae အစည်းအ‌ဝေးကြီးများ မရှိ‌သော်လည်း မြန်မာနိုင်ငံသားတစ်ဦး အ‌နေဖြင့် ကမ္ဘာ‌ပေါ်ရှိ မည်သည့်နိုင်ငံသို့ သွား‌ရောက်သည်ဖြစ်‌စေ Reggae တစ်ဦးဦးကို မြင်လိုက်သည်နှင့် ‌စောဖိုး ခွားကို အလိုလိုမြင်‌ယောင်သွားမည်ဖြစ်သလို မြန်မာသို့‌ရောက်လာသည့် နိုင်ငံခြားသားတစ်ဦးဦးကလည်း ‌စောဖိုးခွား ကို မြင်လိုက်သည်နှင့် သူတို့နိုင်ငံရှိ Reggae တစ်ဦးကို မျက်လုံးထဲတွင် အလိုလို မြင်‌ယောင်သွားနိုင်သည့်သ‌ဘောရှိ သည်။

“အဲ့‌တော့ စဉ်းစားစရာ ဖြစ်လာတယ်။ ဒီ‌ကောင်‌တွေက မသိကြဘဲနဲ့ ဘာ‌ကြောင့် ဒီဟာ‌တွေ လုပ်‌နေကြတာလဲဆို ‌တော့ ကျ‌နော်တို့ မမြင်ရတဲ့‌နေရာ၊ ကျ‌နော်တို့ မသိတဲ့ အရပ်‌ဒေသတစ်ခုက ကျ‌နော်တို့ကို ထိန်းချုပ်ထားတယ်။ အဲ့ဒါက ဘာလဲဆို‌တော့ ခုနက ‌ပြောတဲ့ Reggae ဘဝနဲ့ Reggae ရဲ့ပင်ရင်းကြီးတစ်ခုက ဒါလုပ်ပါလို့လည်း ‌ပြော တာမဟုတ်ဘူး။ ကျ‌နော်တို့ဖာသာ ကျ‌နော်တို့လုပ်တာ ဆုံမှတ်တစ်ခုမှာ သွားတူ‌နေတယ်။”ဟု ‌စောဖိုးခွားက Reggae များ၏ ထူးခြားမှုကို ညွှန်းဆိုပြသည်။

ထို့အပြင် Reggae များ၏ ရည်မှန်းချက်သည် ချစ်ခြင်း‌မေတ္တာဖြင့် ကမ္ဘာကြီးကို ပုံ‌ဖော်လိုရင်းဖြစ်ပြီး နိုင်ငံ၊ လူမျိုး စသည်ဖြင့် ခွဲခြားထားခြင်းမရှိသလို မည်သည့် စည်း‌ဘောင်များဖြင့် ချည်‌နှောင်ထားခြင်းမျိုးမရှိဘဲ ချစ်‌မေတ္တာဖြင့်သာ တစ်လုံးတစ်ဝတည်း ပုံ‌ဖော်သွား‌ရေး ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်း‌ရေးတွင်လည်း ဥပမာအားဖြင့် NCA ကဲ့သို့ စာချုပ်မျိုး၊ ဟိုစည်း၊ ဒီစည်း‌ကျော်ကာ မ‌ဆွေး‌နွေးရ ဟူသည် မူ‌ဘောင်မျိုး၊ ပုံစံမျိုးမထားဘဲ Reggae များကဲ့သို့ ကိုယ်စီရှိသည့် အရာများကိုစွန့်လွှတ်ကာ ချစ်‌မေတ္တာ‌ပေါ် တွင်သာ အ‌ခြေခံ‌ပြောဆိုမည်ဆိုက မငြိမ်းချမ်းနိုင်သည့် သ‌ဘောမရှိဟု ‌စောဖိုးခွားက ဆိုသည်။ သူတို့၏အမြင်ကို လက်‌တွေ့မကျဟု ‌ပြောဆိုမှုများလည်း ရှိ‌ကြောင်း သူက ဖွင့်ဟသည်။

“ချစ်ခြင်း‌မေတ္တာက လူ‌ပျော့‌တွေလုပ်တာပါလို့ ‌ပြောချင်တာလည်း ရှိမယ်။ တကယ်တမ်းကျတာ့ ချစ်ခြင်း‌မေတ္တာရဲ့ အဓိပ္ပါယ်က ဘယ်‌လောက်ထိ မာ‌ကျောပြီး‌တော့ ဘယ်‌လောက်ထိ ‌ရှော့အဖြစ်ဆုံးလဲ‌ပေါ့‌နော်။ ဆိုပါ‌တော့ ကျ‌နော် အမြဲတမ်း‌ပြောတယ်။ ကမ္ဘာ‌ပေါ်မှာ အချစ်တတ်ဆုံးလူ‌တွေက သတိ္တအရှိဆုံးလူ‌တွေပဲ။”ဟု ‌စောဖိုးခွားက သူတို့၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ‌ပြောပြသည်။

လက်ရှိမြန်မာပြည်တွင် Reggae သီချင်းများဖြင့် ‌စောဖိုးခွားတစ်‌ယောက် ‌အောင်မြင်‌နေပြီ ဖြစ်သည်။ သူသည် မြန်မာပြည်၏ Reggae သ‌ကေင်္တဖြစ်ကာ Reggae သည် ဂီတတစ်ခုတည်းမဟုတ်သလို ဘဝတစ်ခုလည်းဖြစ်ပြန် ရာ Reggae အမှတ်သညာ စိမ်း၊ နီ၊ ဝါ ဖြင့် သူ့ဘဝအသက်တာကို ဆက်လက် ရှင်သန်သွား‌နေမည်သာ ဖြစ်သည်။