Home သတင်း လူသတ်ပြီး မြန်မာဘက်သို့ ထွက်‌ပြေးလာသည့် တရားခံ ၄ ဦး အနက် ၂ ဦးအား ဖမ်းဆီးရမိ၊ ထိုင်းဘက်သို့လွှဲ‌ပြောင်း

လူသတ်ပြီး မြန်မာဘက်သို့ ထွက်‌ပြေးလာသည့် တရားခံ ၄ ဦး အနက် ၂ ဦးအား ဖမ်းဆီးရမိ၊ ထိုင်းဘက်သို့လွှဲ‌ပြောင်း

2928
Photo: Nay Naw

မတ်လ ၄ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်။

ထိုင်းနိုင်ငံအတွင်း လူ ၂ ဦးကိုသတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် တရုတ် နိုင်ငံသား ၄ ဦးအနက် ၂ဦးကို ဖမ်းဆီးရမိပြီး‌နောက် ယ‌နေ့ (မတ်လ ၄ ရက်) တွင် မြဝတီနယ်စပ်ဂိတ် ‌ပေါက်မှ တဆင့် မြန်မာ တာဝန်ရှိသူများက ထိုင်းဘက်သို့ လွှဲ‌ပြောင်း‌ပေးခဲ့‌ကြောင်း သိရသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံ ကမ်ဖဲဖစ်မြို့အနီးမှ ပင်းမြစ်ထဲမှာ ‌ဖေ‌ဖေါ်ဝါရီလ ၁၂ ရက်‌နေ့က ‌မျှောပါလာ‌သော ခရီး‌ဆောင်အိတ်အတွင်း အသတ်ခံထားရသည့်လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းမှ ဖမ်းဝရမ်းထုတ် ထား ပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲ‌ဆောက် အမှတ်(၁) ချစ်ကြည်‌ရေးတံတားမှ တစ်ဆင့် မြန်မာ နိုင်ငံအ တွင်းသို့ ဝင်‌ရောက်တိမ်း‌ရှောင်ခဲ့သည့် တရားခံ ၄ ဦးအနက် Mr.Qin Miao ၃၁ နှစ်နှင့် Mr. Fan Gang Gang ၂၅ နှစ်တို့ ၂ ဦးအား မတ်လ ၂ ရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး ‌ငွေ‌ဆောင်ကမ်း‌ခြေ၌ ဖမ်းဆီးရမိခဲ့၍ ယ‌နေ့ မွန်းလွဲပိုင်းက ထိုင်းဘက်ခြမ်းသို့ ပြန်လည်လွှဲ‌ပြောင်း ခဲ့ခြင်းဖြစ်သည်။

Photo: Nay Naw

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားတရားခံ ၂ ဦးမှာ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ အွန်းလိုင်း‌လောင်း ကစားပြုလုပ်ရင်း ဆုံးရှုံးသွားသည့် တရုတ်ယွမ်‌ငွေ ၈ ‌သောင်း ပြန်လည်ရလိုမှုဖြင့် ထိုင်းနိုင်ငံ ပတ္တရား မြို့‌နေ တရုတ်လူမျိုး Mr Wang Jun နှင့် Ms Bim Zhu တို့ ၂ဦးအား သတ်ဖြတ်ခဲ့သည်ဟု မြန်မာ ဘက်ခြမ်းတွင် ထွက်ဆိုထားသည်။

ထိုသို့ ဖမ်းဆီးရမိ‌သော တရားခံ ၂ ဦးအား ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၄ ရက် မွန်းတည့်(၁၂း၃ဝ)နာရီ အချိန်ခန့်က ထိုင်းနိုင်ငံတာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ အ‌ကောက်ခွန်ဌာနရုံးခန်းတွင် မြန်မာဘက်ခြမ်းမှ မြဝတီခရိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးဦး‌အောင်ခိုင် ‌ဆွေ၊ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်သူရည်နှင့် တာဝန်ရှိသူများက ပြန်လည်လွှဲ‌ပြောင်း‌ပေးခဲ့ရာ ထိုင်းနိုင်ငံဘက်မှ ဒုရဲချုပ် ဆူချထီလစဝမ်၊ ဒုရဲချုပ် (အထူးနယ်‌မြေ၊ ‌မြောက်ပိုင်းခရိုင်)အဖိချစီလီဆစ်၊ ဒုရဲချုပ် (အထူးနယ်‌မြေ) ဒမ်လုံယစ်ဖုန်း၊ တာ့ခ်ခရိုင် လဝကဦးစီးမှူး ပရိန်ယာဝီစစ်ထာဒါနမ်အပါအဝင် တာဝန်ရှိသူများက လက်ခံခဲ့‌ကြောင်း သိရသည်။