Home သတင်း COVID-19 ‌ကြောင့် ကရင်ပြည်နယ်တွင် နိုင်ငံတကာ အမျိုးသမီးများ‌နေ့ မကျင်းပနိုင်

COVID-19 ‌ကြောင့် ကရင်ပြည်နယ်တွင် နိုင်ငံတကာ အမျိုးသမီးများ‌နေ့ မကျင်းပနိုင်

1806

မတ်လ ၈ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတကာ အမျိုးသမီးများ‌နေ့ အခမ်းအနားကို ကရင်ပြည်နယ်အတွင်း၌ ဖားအံမြို့၊ လှိုင်းဘွဲမြို့နယ်များတွင် မတ်လ ၈ရက်‌နေ့၌ ကျင်းပရန် စီစဉ်ထားခဲ့ကြ‌သော်လည်း ကိုရိုနာဗိုင်းရပ်စ်(CoVID-19)‌ကြောင့် ကျင်းပခွင့်မရ‌တော့ဘဲ ဖျက် သိမ်းလိုက်ရ‌ကြောင်း အခမ်းအနားဖြစ်‌မြောက်‌ရေး ပါဝင်‌ဆောင်ရွက်ကြသူများက ‌ပြောဆိုသည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနအ‌နေဖြင့် ကရင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မည်ကိုစိုးရိမ်၍ လူစုလူ‌ဝေးပွဲများ မပြုလုပ်ရန် လူမှုဝန်ထမ်းဝန်ကြီးဌာနသို့ အသိ‌ပေး‌ပြောဆိုလာမှုအ‌ပေါ် ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦး‌ဇော်မင်းက ဆက်သွယ်လာပြီး‌နောက် ဖျက်သိမ်းလိုက်ရခြင်းဖြစ်‌ကြောင်း ဖားအံမြို့နယ်၏ အခမ်းအနားဖြစ်‌မြောက် ‌ရေးတွင် ပါဝင်သူ နန်းမြင့်‌အောင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“စီစဉ်ထားတာ အစက‌နေ အဆုံး။ အဲန်ဂျီအို‌တွေ အစည်းအ‌ဝေးထိုင်တာ ‌လေးငါး‌ခေါက်‌လောက်ရှိတယ်။ အဖွဲ့‌တွေ အားလုံး စု‌ပေါင်းပြီး‌တော့ လုပ်တဲ့ပွဲပဲ‌လေ။ မနှစ်တုန်းက ပုံစံပဲ‌ပေါ့။ ပြီးမှ ‌နောက်ဆုံး သုံး‌လေးရက်မတိုင်ခင်မှာပဲ အဲဒါ ဖုန်းဆက်လာတယ်။ ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာဝင်းမြ‌အေးတို့ဌာနက ဖုန်းဆက်လာတယ်တဲ့။ ပွဲမလုပ်ခိုင်းဘူး တဲ့။ ကိုရိုနာဗိုင်းရပ်စ်‌ကြောင့်တဲ့။”ဟု နန်းမြင့်‌အောင်က ဆိုသည်။

၎င်းအခမ်းအနားကို ကျင်းပရန် ပြည်နယ်အစိုးရ အပါအဝင် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့ များက အစည်းအ‌ဝေး ‌လေးငါးကြိမ် ပြုလုပ်ကာ ‌ဆွေး‌နွေးတိုင်ပင်ထားခဲ့ပြီး ‌နေရာခွင့်ပြုချက်အရ ဇွဲကပင်ခန်းမတွင် စီစဉ်ထားခဲ့‌သော်လည်း မကျင်းပနိုင်‌တော့သည့်အ‌ပေါ် ဖိတ်ကြား၊ ပြင်ဆင်‌ဆောင်ရွက်ထားခဲ့ရသည်များကို တစ်ခု ချင်းစီ လိုက်လံဖျက်သိမ်းလိုက်ရသည်။ ထို့အပြင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး၏ ‌ပြောဆိုချက်အရ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ‌နေပြည်‌တော်တို့တွင် ပွဲကျင်းပခွင့်မရှိ‌ကြောင်း သိရှိရသည်ဟု သူမက ဆက်‌ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာအမျိုးသမီးများ‌နေ့ အခမ်းအနားကို မတ် လ ၇ရက် ညအချိန်ကျမှသာ မြို့နယ် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးမှူး၏ အသိ‌ပေးမှု‌ကြောင့် မကျင်းပဖြစ်‌တော့‌ကြောင်း လည်း လှိုင်းဘွဲအ‌ခြေစိုက် ‌တော်ဝင်သဇင်အမျိုးသမီးအဖွဲ့က အတည်ပြု‌ပြောဆိုသည်။

“လှိုင်းဘွဲပွဲလည်း ညကပဲ မြို့နယ်‌ထွေအုပ်က ဖုန်းဆက်ပြီး လုပ်လို့မရ‌တော့ဘူး ‌ပြောလာလို့ ကျမတို့လည်း ဖျက် လိုက်ပါပြီ။”ဟု ‌တော်ဝင်သဇင်အမျိုးသမီးအဖွဲ့ ဥက္ကဌ နန်းနှင်းနှင်း‌ဝေက ‌ပြောပြသည်။

ယမန်နှစ်က နိုင်ငံတကာအမျိုးသမီးများ‌နေ့ အခမ်းအနားကို ကျင်းပခဲ့ရာတွင် အစီအစဉ်ထဲတွင် ပါဝင်သည့် အမျိုးသ မီးများ၏ စကားစစ်ထိုးပွဲ(ဒီဘိတ်) အစီအစဉ်ကို ဆယ်တန်းစာ‌မေးပွဲ‌ဖြေဆိုချိန်ဖြစ်၍ ဟူ‌သော အ‌ကြောင်းပြချက် ‌ကြောင့် ထည့်သွင်းလုပ်‌ဆောင်ခွင့် မရရှိခဲ့‌ပေ။

နန်းမြင့်‌အောင်က “ဒီလိုမျိုး ‌နေ့ထူး‌နေ့မြတ်။ အမျိုးသမီးအတွက်လည်း ဖြစ်တဲ့အတွက်‌ပေါ့‌နော်။ အစိုးရရဲ့ ပူး‌ပေါင်းပါ ဝင်မှု အား‌ကောင်းလာဖို့လည်း လိုတယ်။ ဒီလိုမျိုး ကျမတို့အခက်အခဲ‌တွေ ကြုံလာရတဲ့အချိန်မှာ အမျိုးသမီးဘက်မှာ ရပ်တည်ပြီး‌တော့ အမျိုးသမီး အခွင့်အ‌ရေး၊ အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်တဲ့အပိုင်းကို ပြည်နယ်အစိုးရနဲ့ ဌာနဆိုင် ရာ‌တွေအားလုံးက ပူး‌ပေါင်း‌ဆောင်ရွက်‌ပေးဖို့‌တော့ လိုပါတယ်။”ဟု တိုက်တွန်း‌ပြောဆိုသည်။

ထိုကိစ္စအ‌ပေါ် ပိုမိုရှင်းလင်းစွာ သိရှိရန် ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးထံ ‌ကေအိုင်စီက ဆက်သွယ်‌သော်လည်း ပိတ် ရက်ဖြစ်၍ ဖုန်းလက်ခံ‌ဖြေဆိုခြင်း မရှိပါ။

ဖားအံတွင်ကျင်းပမည့် အဆိုပါအခမ်းအနားကို မဖြစ်‌တော့‌ကြောင်း အသိ‌ပေးလာသည့်‌နေ့တွင်ပင် ဖားအံတက္ကသိုလ် ၌ သကြင်္န်ပွဲ‌တော်ကို ပြည်နယ်အစိုးရက စီစဉ်ကျင်းပခဲ့သည်။ ထို့အပြင် ယ‌နေ့၊ မတ်လ ၈ရက်မှာ တ‌ပေါင်းလပြည့်‌နေ့ ဖြစ်ရာ ပအိုဝ်းတိုင်းရင်းသားများ၏ အမျိုးသား‌နေ့အခမ်းအနားကို ဖားအံမြို့နယ်၊ မဲ‌ဘောင်‌ကျေးရွာတွင် ကျင်းပခဲ့ကြ သည်။