Home သတင်း သတင်း‌ထောက်(၂)ဦးကို ဖမ်းဆီးချုပ်‌နှောင်သည့် တပ်ဖွဲ့ဝင်များ အ‌ရေးယူထားမှုအ‌ခြေအ‌နေ သတင်းမီဒီယာ‌ကောင်စီအား ဖိတ်ကြားတင်ပြမည်ဟု BGF ‌ပြော

သတင်း‌ထောက်(၂)ဦးကို ဖမ်းဆီးချုပ်‌နှောင်သည့် တပ်ဖွဲ့ဝင်များ အ‌ရေးယူထားမှုအ‌ခြေအ‌နေ သတင်းမီဒီယာ‌ကောင်စီအား ဖိတ်ကြားတင်ပြမည်ဟု BGF ‌ပြော

2457
ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF)ဗဟိုအကြံ‌ပေးကွပ်ကဲ‌ရေးနှင့် စည်းကမ်းထိန်းသိမ်း‌ရေးအဖွဲ့မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်

မတ်လ ၈ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ဖြစ်ပွားခဲ့‌သော သတင်း‌ထောက် ၂ ဦးကို ၂၄ နာရီခန့်ကြာ ဖမ်းဆီးချုပ်‌နှောင် ရိုက်နှက်ခဲ့ကြသည့် ‌အောက်‌ခြေနယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များကို အ‌ရေးယူထားရှိမှု အ‌ခြေအ‌နေနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တပ်မှူးများမှ မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီကို မြဝတီမြို့သို့ ဖိတ်ကြား၍ ရှင်းလင်းတင်ပြသွားမည်ဟု သိရသည်။

မတ်လ ၄ ရက်‌နေ့ ည‌နေပိုင်းက မြဝတီမြို့ အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်တွင် သတင်းဓာတ်ပုံရိုက်ခဲ့‌သော ရန်ကုန် အ‌ခြေစိုက် Frontier Myanmar မဂ္ဂဇင်း မှ သတင်း‌ထောက် ‌နော်ဘက်တီဟန် နှင့် မြန်မာတိုင်းမ် ဓာတ်ပုံ သတင်း ‌ထောက် မာ‌နော်တို့အား ‌အောက်‌ခြေ BGF တပ်ဖွဲ့ဝင် ၄ ဦးက ဖမ်းဆီးချုပ်‌နှောင် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ၏ လမ်း ညွှန်မှုဖြင့် လာမည့်ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံသတင်းမီဒီယာ ‌ကောင်စီအဖွဲ့ဝင်များကို မြဝတီမြို့သို့ ဖိတ်ကြား၍ ရှင်းလင်းတင်ပြပွဲပြုလုပ်ရန် စီစဉ်‌နေသည်ဟု ကရင်ပြည်နယ် BGF ဗဟို အကြံ‌ပေးကွပ်ကဲ‌ရေးနှင့် စည်းကမ်း ထိန်းသိမ်း‌ရေးအဖွဲ့မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ယ‌နေ့ ‌နေ့လည်(၁၂)နာရီ အချိန်ခန့်က မီဒီယာများသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အထက်ခွင့်ပြုချက်မယူဘဲ သတင်း‌ထောက် ၂ ဦးကို ဖမ်းဆီးချုပ်‌နှောင် ရိုက်နှက်ခဲ့တဲ့ BGF ‌အောက် ‌ခြေတပ်ဖွဲ့ ဝင် ၅ ဦးကို ကျ‌နော်တို့ BGFတပ်ဖွဲ့ စစ်စည်းကမ်းထိန်းသိမ်း‌ရေးအရ စုံခုံဖွဲ့စစ်‌ဆေးပြီး ကျူးလွန်တဲ့အပြစ် အလိုက် အ‌ရေးယူမှု‌တွေကို မ‌နေ့က မတ်လ ၇ ရက်‌နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်း‌ထောက် ၂ ဦးကို ကိုယ်ထိ လက် ‌ရောက် ကျူးလွန်ခဲ့တဲ့ BGF တပ်နယ် ၄ မှ တပ်သား ‌စောဒါးဘိုကို‌တော့ ကရင်ပြည်နယ် BGF တပ်နယ် ဌာန ချုပ်ဖြစ်တဲ့ လှိုင်းဘွဲ့မြို့နယ် ကွမ်ဘီ‌ကျေးရွာအုပ်စု မဲသိမ်ရွာ မဲသိမ်ကုန်း အချုပ်‌ထောင်မှ အလုပ်နဲ့‌ထောင်ဒဏ် (၆)လ ချမှတ်ခဲ့တယ်။”ဟု ‌ပြောသည်။

ထို့အပြင် ဖမ်းဆီးမှုတွင် ပါဝင်ပတ်သက်သည့် သဲပုံဂိတ်စီးပွား‌ရေးတာဝန်ခံ စိုးကြည်(တပ်မ‌တော် ဗိုလ်ကြီးငြိမ်း) နှင့် တပ်နယ် (၄)က BGF တပ်ဖွဲ့ဝင် ၃ ဦးကို ၎င်းတို့၏ တပ်ရင်း မြဝတီမြို့ မဲကနယ်‌ကျေးရွာရှိ BGF (၁၀၂၂) တပ်ရင်းအချုပ်တွင် အလုပ်နှင့် အချုပ် ၂လ ပြစ်ဒဏ်ချမှတ်ထား‌ကြောင်းလည်း ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ဆက် ‌ပြောသည်။

အဆိုပါ သတင်း‌ထောက် ၂ ဦးကို ထိုသို့ ၂၄ နာရီခန့်ကြာ ဖမ်းဆီးချုပ်‌နှောင်ရိုက်နှက်ခဲ့ကြသည့်အတွက် သတင်း ‌ထောက် ၂ ဦး၏ သတင်းရယူမှုအ‌ပေါ် ‌နှောင့်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးချုပ်‌နှောင် ရိုက်နှက်ခဲ့ခြင်းများအ တွက် သက်ဆိုင်ရာ နယ်ခြား‌စောင့်တပ်ဖွဲ့ တပ်နယ်တပ်ရင်းဘက်မှ ‌တောင်းပန်ပြီး ကျူးလွန်ခဲ့သူများကို ထိ ‌ရောက်ပြင်းထန်စွာအ‌ရေးယူကာ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်‌ဆောင်ရွက်ရန် သတင်းမီဒီယာ အဖွဲ့အစည်း(၇) ခု က ယမန်‌နေ့ (မတ်လ ၇ ရက်)က သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်ထား‌ကြောင်း သိရသည်။