Home သတင်း ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိလူနာတစ်ဦး ဖားအံ‌ဆေးရုံတွင် ‌ရောက်ရှိ

ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိလူနာတစ်ဦး ဖားအံ‌ဆေးရုံတွင် ‌ရောက်ရှိ

5319

မတ်လ ၈ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ‌ရောဂါ (Coronavirus Disease 2019-COVID-19) ‌ကော်ရိုနာဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦး ဖားအံပြည်သူ့‌ဆေးရုံကြီးတွင် ‌ရောက်ရှိကုသမှုခံယူ ‌နေရ‌ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါသံသယရှိလူနာ အမျိုးသမီးငယ်မှာ ဖားအံမြို့ကမ်းနားလမ်းတွင် ‌နေထိုင်သူဖြစ်‌ကြောင်းသိရပြီး ပြီး ခဲ့သည့် ၂ ရက်ခန့်က ထိုင်းနိုင်ငံ ဘန်‌ကောက်မှတစ်ဆင့် မြန်မာနိုင်ငံတွင်း ပြန်လည်‌ရောက်ရှိလာ သူဖြစ် ‌ကြောင်းလည်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး အ‌သေးစိတ်အချက်အလက်များကို ထပ်မံသိရှိပါက ဆက်လက်‌ဖော်ပြ သွားမည်ဖြစ်ပါသည်။