Home သတင်း ‌မြောင်းမြတွင် KNP ရပ်‌ကျေးရုံးများ ဆက်တိုက်ဖွင့်မည်

‌မြောင်းမြတွင် KNP ရပ်‌ကျေးရုံးများ ဆက်တိုက်ဖွင့်မည်

2361

မတ် ၁၂ ရက် ၊ ၂၀၂ဝ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီ တိုင်း‌ဒေသကြီး၊ ‌မြောင်းမြို့နယ်တွင် ကရင်အမျိုးသားပါတီက ‌ကျေးရွာစည်းရုံး ‌ရေး‌ကော်မတီရုံး၊ ဆိုင်းဘုတ် တင်ဖွင့်ပွဲများကို ဆက်တိုက်ပြုလုပ်သွား မည်ဟု‌မြောင်းမြမြို့နယ် ပါတီစည်းရုံး‌ရေး‌ကော်မတီ ဥက္ကဋ္ဌ မန်းစမ်းစန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ KNP ‌မြောင်းမြ မြို့နယ်ရုံးကို‌တော့ မြို့‌ပေါ်မှာ ဖွင့်ထားပါတယ်။ ‌မြောင်းမြမှာက တိုက်နယ် ၇ ခုရှိတယ်။ အနည်းဆုံး ၆ ခုမှာ ‌ကျေးရွာအုပ်စု စည်းရုံး‌ရေး‌ကော်မတီရုံး ဆိုင်း ဘုတ်တင်ပွဲ‌တွေ ဆက်သွားဖို့ စီစဉ်‌နေတယ်” ဟု မတ် ၁၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မြောင်းမြတွင် KNP ရပ်‌ကျေးရုံးများကို မတ် ၅ ရက်‌နေ့တွင် သူ‌ဌေးကုန်း‌ကျေးရွာ၊ ကြွက်နွယ် ‌ချောင်း‌ကျေးရာအုပ်စု၊ ပြင်ရွာတိုက်နယ်တွင်လည်း‌ကောင်း မတ်၁၄ ရက်‌နေ့တွင် ကဝက် ‌ချောင်းဖျားရွာ၊ ကဝက်တိုက်နယ်တွင် လည်း‌ကောင်း ပါတီဆိုင်းဘုတ် ပွဲပြုလုပ်သွား မည်ဖြစ် သည်။ ထို‌နောက် လာမည့်ဧပြီတွင်လည်းကျန်တိုက်နယ်များ၌ ‌ကျေးရွာပါတီရုံးများ ဆက်ဖွင့်သွားမည်ဖြစ်သည်ဟု သိရသည်။

KNP အတွင်း‌ရေးမှူး (၁) မန်းမင်းရဲ‌ထွေးက “ ‌မြောင်းမြမှာ လာမယ့်‌ရွေး‌ကောက်ပွဲ အတွက်က ‌တော့ချင့်ချိန်စဉ်းစား‌နေတုန်းပဲ။ ကိုယ့်ကရင်များတဲ့‌နေရာ၊ ပါတီအား‌ကောင်းတဲ့ ‌နေရာ‌တွေဆို ပြင်ထားရမှာ‌ပေါ့” ဟု ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးတွင် အားပြုတည်‌ထောင်ထားသည့် KNP ပါတီ အ‌နေဖြင့် ‌မြောင်း မြ မြို့နယ်တွင် ကနဦးစာရင်းအရပါတီဝင် ၂၀ဝ ခန့်ရှိကာ ရပ်‌ကျေး ရုံးများဖွင့်ပြီး‌နောက် ပါတီဝင် ၅၀ဝ ‌ကျော်သို့တိုးလာမည်ဟု မြို့နယ်စည်းရုံး‌ရေး‌ကော်မတီထံမှ သိရသည်။