မတ်လ ၁၂ ရက်၊ ၂၀၂ဝ ခုနှစ်။ နေနော်
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် မှန်လုံယာဉ် တစ်စီးမှ လမ်းဘေး ရပ်ထားသော ယာဉ်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်ကာ ၁၅ ပေအနက်ချောက်ထဲသို့ထိုးကျတိမ်းမှောက်သွားခဲ့ပြီး လူ ၅ ဦးဒဏ်ရာများရရှိရာ ရပ်ထားသောကားမှလူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ မတ်၁၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က မြဝတီ-ကော့ကရိတ်အမြန်လမ်းကီလိုမီတာ ၁၅၄ နှင့် ၁၅၅ ကြား နတ်စဉ်ကွေ့ အနီးတွင် မြဝတီဘက်မှကော့ကရိတ်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီးနေသူ ယာဉ်မောင်းမောင် နိုင် (၄ဝ)နှစ်မောင်းနှင်ပြီးယာဉ်နောက်လိုက် ပြည့်စုံအောင် လိုက်ပါလျက်ယာဉ်အမှတ် 6C/2180 “နယူးအောင်တံ ခွန်”ခရီးသည်မှန်လုံယာဉ်သည်ခရီးသည် ၁၄ ဦးတင် ဆောင်မောင်းနှင်လာစဉ် အခင်းဖြစ်ရာအရောက်၌အရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်ခြမ်းတွင်စက်ချို့ယွင်း၍ရပ်ထားသောယာဉ်အမှတ် 7G/9635 Centa အပြာရောင်ယာဉ်အား ဝင်တိုက်မိခဲ့သည်။
ထိုသို့ ဝင်တိုက်မှုကြောင့် လမ်း၏ယာဘက် ၁၅ ပေခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်ကို တွေ့ရှိရပြီး ရပ်ထားသော ယာဉ်မှဦး ဝတုတ်(၄ဝ)နှစ်မှာ ကားခေါင်းနှင့်ပိမိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး မှန်လုံယာဉ်မောင်းမောင်နိုင်ဆိုသူသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။
သို့ဖြစ်၍ ယာဉ်အားပေါ့ဆစွာမဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းမောင်နိုင်အား ရဲအုပ်သန်းနိုင်ရွှေမှတရား လို ပြုလုပ်တိုင်ကြားရာ ကော့ကရိတ်မြို့မရဲစခန်းမှယာဉ်(ပ) ၁၅/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄- က/ ၃၃၇/ ၃၃၈/ ၂ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသောယာဉ်မောင်း မောင်နိုင်အား အမြန်ဆုံး ဖမ်းဆီးရမိနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်နေ ကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။



















