Home သတင်း သဘာဝပတ်ဝန်းကျင်အ‌ရေးလှုပ်ရှားသူ ‌စောသာဘိုး၏‌နေအိမ်ကို အာဏာပိုင်များ ဝင်‌ရောက်ရှာ‌ဖွေ

သဘာဝပတ်ဝန်းကျင်အ‌ရေးလှုပ်ရှားသူ ‌စောသာဘိုး၏‌နေအိမ်ကို အာဏာပိုင်များ ဝင်‌ရောက်ရှာ‌ဖွေ

2985

မတ်လ ၆ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်အ‌ရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ‌စောသာဘိုးအား ဖမ်းဆီး ရန် ယ‌နေ့ မတ်လ ၆ရက် ညအချိန်တွင် ဖားအံမြို့နယ် ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များက ၎င်း၏ ‌နေအိမ်အတွင်းသို့ ဝင်‌ရောက်ရှာ‌ဖွေမှုများပြုလုပ်ခဲ့‌ကြောင်း လုပ်‌ဖော်ကိုင်ဖက်တစ်ဦးက အတည်ပြု ‌ပြောဆိုသည်။

အမည်မ‌ဖော်လိုသူ ‌စောသာဘိုး၏ လုပ်‌ဖော်ကိုင်ဘက်က “သူ့ကို တရားရုံးက ဆင့်‌ခေါ်စာနဲ့လာတယ်။ နိုင်ငံ‌တော် အကြည်ညိုပျက်‌စေမှု ၅၀၅ (ခ)နဲ့‌ပေါ့‌နော်။ ဝရမ်းပါတယ်။ လာ‌ခေါ်တယ်။ အဲဒီလိုပုံစံမျိုးနဲ့ပါပဲ။ ‌ထွေအုပ်က‌နေပြီး ‌တော့ မြို့နယ်တရားရုံးကို ဦးတိုက် ‌လျှောက်ထားတာလို့ပဲ သိရပါတယ်။”ဟု ‌ပြောသည်။

ယခုကဲ့သို့ ည ၉နာရီအချိန်ခန့်တွင် ဖမ်းဆီးရန် လာ‌ရောက်ရခြင်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ရက်‌နေ့က ဘားကပ် ‌ကျေးရွာအုပ်စု နတ်ကုန်းရွာတွင် ပြုလုပ်ခဲ့သည့် ‌ကျောက်မီး‌သွေး‌လောင်စာသုံး ဘိလပ်‌မြေစက်ရုံဖျက်သိမ်း‌ပေး‌ရေး ဆု‌တောင်းပွဲနှင့် သက်ဆိုင်‌ကြောင်းလည်း ၎င်းက ဆက်လက် ‌ပြောကြားသည်။

သို့‌သော် လက်ရှိအချိန်တွင် ‌စောသာဘိုးမှာ ခရီးလွန်‌နေသဖြင့် ‌နေအိမ်တွင်ကျန်ရှိသည့် မိသားစုများကိုသာ ရဲတပ်ဖွဲ့ က စုံစမ်း‌မေးမြန်ခြင်းနှင့် ဝင်‌ရောက်ရှာ‌ဖွေမှုများကိုသာ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ‌စောသာဘိုးအ‌နေဖြင့် ရင်ဆိုင်သွားရန် ရှိမရှိကိုမူ ‌သေချာ မသိရှိရ‌သေး‌ပေ။