Home သတင်း တိုင်းရင်းဘာသာစကား တိုးတက်ရန် ‌ပေါင်းစည်းမှုအား‌ကောင်းဖို့လိုဟု စာ/ယဉ်တာဝန်ရှိသူများ ‌ပြော

တိုင်းရင်းဘာသာစကား တိုးတက်ရန် ‌ပေါင်းစည်းမှုအား‌ကောင်းဖို့လိုဟု စာ/ယဉ်တာဝန်ရှိသူများ ‌ပြော

2091

မတ်လ ၆ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

အစိုးရပညာ‌ရေးဌာနနှင့် ဌာနဆိုင်ရာများအပါအဝင် တိုင်းရင်းသား စာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့များ ‌ပေါင်းစည်းမှု ပိုမိုအား‌ကောင်းပါမှ တိုင်းရင်းသားဘာသာစကား၊ စာ‌ပေများတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ် အ‌ခြေစိုက် စာ/ယဉ် တာဝန်ရှိသူများက ‌ပြောဆိုလိုက်သည်။

ယ‌နေ့(မတ်လ ၆ ရက်)၊ ဖားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ‌ရေးမှူးရုံး၌ ပြုလုပ်‌သော တိုင်းရင်းသားဘာသာစကားဖွံ့ဖြိုးတိုးတက်‌ရေး‌ဆောင်ရွက်မှုအ‌ခြေအ‌နေများ ‌တွေ့ဆုံ ရှင်းလင်းပွဲ အခမ်းအနားအပြီး စာယဉ်တာဝန်ရှိသူများက ထိုသို့ ‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

မွန်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း၊ ကရင်ပြည်နယ်ဥက္ကဌဋ္ဌ နိုင်‌ဇော်မင်းဦးက “တိုင်းရင်းသားစာ‌ပေဘာသာ စကား မြှင့်တင်ဖို့အတွက် အဓိကစိန်‌ခေါ်မှုက‌တော့ ‌ပေါင်းစည်းမှုနဲ့ ထိ‌ရောက်မှုအားနည်းတယ်။ တိုင်းရင်းသား စာ‌ပေ အဖွဲ့‌တွေနဲ့ ပညာ‌ရေးဌာန‌တွေနဲ့ ‌ပေါင်းစည်းမှုအားနည်း‌တော့ တင်ပြခွင့်မရခဲ့ဘူး။ တိုးတက်မှုမမြန်ဘူး။” ဟု‌ပြော ဆိုသည်။

ထို့အပြင် ပညာ‌ရေးဌာနများ၊ လွှတ်‌တော်၊ အစိုးရအဖွဲ့ဝင်များအ‌နေဖြင့် စာ/ယဉ်အဖွဲ့များနှင့် ၂ လ တစ်ကြိမ်ခန့် ‌တွေ့ဆုံခြင်းဖြင့် ‌ပေါင်းစပ်ညှိနှိုင်းမှုပိုမိုအား‌ကောင်းလာပြီး တိုင်းရင်းသား ဘာသာစကားဖွံ့ဖြိုးတိုးတက်‌ရေး အ တွက်‌မျှော်လင့်နိုင်မည်ဖြစ်‌ကြောင်းလည်း နိုင်‌ဇော်မင်းဦးက ဆက်‌ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပ‌သော ယ‌နေ့ ‌တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား၌ ပြည်နယ် တိုင်းရင်းသား‌ရေးရာဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ပညာ‌ရေးဝန်ကြီးဌာန တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ‌ဒေါက်တာ‌ဇော်မြင့်နှင့်တာဝန်ရှိသူများ၊ စာ/ယဉ်အဖွဲ့ဝင် တာဝန်ရှိသူများ ၈ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းရင်းသားဘာသာစကားဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပညာ‌ရေးဝန်ကြီးဌာနနှင့် တိုင်းရင်း သားလူမျိုးများ‌ရေးရာဝန်ကြီးဌာနတို့၏ ‌ဆောင်ရွက်‌ပေးမှုအ‌ခြေအ‌နေများ၊ တက်‌ရောက်လာသူများမှ သိလိုသည့် ‌မေးခွန်းများ၊ အကြုံပြုချက်များဖြင့် အပြန်အလှန် ‌ပြောဆို‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ကရင်ပြည်နယ်တွင် ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်းစသည့် တိုင်းရင်းစာ‌ပေ ဘာသာစကားသင်ကြားမှုများကို လက်ရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် သင်ကြား‌ပေး‌နေမှုများရှိ‌သော်လည်း အစိုးရဘက်မှ ပူး‌ပေါင်းပါဝင်မှုအားနည်း ‌နေ‌သေးသည့်အ‌ပေါ် တိုင်းရင်းသားစာယဉ်အဖွဲ့များမှ ‌ဝေဖန်‌ပြောဆိုမှုများရှိ‌နေဆဲဖြစ်သည်။

အဆိုပါကိစ္စရပ်များအ‌ပေါ် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း အတွင်း‌ရေးမှူး နန်းမြင့်တင်က “ပညာ‌ရေးဌာန၊ အစိုးရ၊ မိဘ‌တွေအ‌နေနဲ့ကလည်း အား‌ပေးအား‌မြှောက်ပြုရမယ်။ ဘာသာစကားစာ‌ပေ သင်ကြားပြသ‌ပေးမယ့် ဆရာကလည်း ကျွမ်းကျင်‌အောင် ပြင်ဆင်ထားဖို့အ‌ရေးကြီးပါတယ်။” ဟု သုံးသပ်‌ပြော ဆိုသည်။

၂၀၁၉-၂ဝ ပညာသင်နှစ်၊ ပြည်နယ်ပညာ‌ရေးမှူးရုံး၏ ဇွန်လချုပ် စာရင်းများအရ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားစာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း‌ပေါင်း ၁,၄၄၄ ‌ကျောင်း၊ ဆရာ/မဦး‌ရေ ၂,၅၃၄ ဦးနှင့် စာ‌ပေသင်ကြားသူ ‌ကျောင်းသား/သူ စုစု‌ပေါင်း ၉၃,၁၃၃ ဦးရှိသည်ဟု သိရသည်။

ထိုအထဲတွင် ကရင်စာသင်ကြားသည့် ‌ကျောင်းသား/သူဦး‌ရေမှာ ၇၇,၆၁၃ ဦးရှိ‌ကြောင်း ကရင်ပြည်နယ် ပညာ‌ရေးမှူးရုံး၏ ၂၀၁၉ခုနှစ်၊ ဇွန်လ စာရင်းများအရ သိရသည်။