မတ်လ ၁ဝ ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ
စစ်ရေးပဋိပက္ခ ပြင်းထန်သည့်ကာလအတွင်း ဆင်းရဲဒုက္ခမျိုးစုံနှင့် အမျိုးသားရေးတာဝန်ကို ကိုယ်ကျိုးစွန့် ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများကို တန်ဘိုးထားကာ အသိအမှတ်ပြုရန် မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကရင်အမျိုးသမီးအစည်းအရုုံး-KWO က တိုက်တွန်း တောင်းဆိုခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ သေဘေ့ထာ့နေရာတွင် ကျင်းပသည့် ၁၀၉ကြိမ် မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနား၌ ကရင်အမျိုးသမီးအစည်းအရုံးက အမျိုးသမီးရွာသူ ကြီးများ၏ တွေ့ကြုံဖြတ်သန်းမှုများကို စုစည်းထားသည့် အစီရင်ခံစာကို ထုတ်ပြန်ကာ ယင်းသို့ တောင်းဆို လိုက်ခြင်း ဖြစ်သည်။
KWO ဒုဥက္ကဋ္ဌ နော်အဲလစ်က “အရင် စစ်ရေးပဋိပက္ခကာလတုန်းက အမျိုးသမီးတွေ၊ တန်ဘိုးရှိတဲ့ မိခင်တွေ ကို ပြန်ကြည့်မယ်ဆိုရင် သူတို့ပေးဆပ်ခဲ့ကြတယ်။ သူ့လူမှုအဝန်းအဝိုင်းကို ကြိုးစား ကာကွယ်ကြတယ်။ အခက်အခဲ၊ စိုးရိမ်ပူပန်မှု၊ ဆင်းရဲဒုက္ခမျိုးစုံကို သူတို့ရင်ဆိုင်ကြုံ တွေ့ခဲ့ကြရတယ်။ အချို့တွေက အကြမ်းဖက် ခံရတာ၊ အဓမ္မပြုခံရတာတွေအထိ ရှိခဲ့ကြတယ်။ အဲဒါတွေကြောင့် ကျမတို့ ခေါင်းဆောင်တွေဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းကဖြစ်စေ ကျမတို့ ရွာသူကြီးအမျိုးသမီးတွေအတွက် တန်ဘိုးထား အားပေးအားမြှောက်ပြုပြီး တော့ အသိအမှတ်ပြုပါလို့ ကျမတို့ ဒါကို တောင်းဆိုချင်ပါတယ်။”ဟု ပြောသည်။
ထိုနေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာထဲတွင် မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ကြား အပစ်ခတ်ရပ်စဲရေး မတိုင်ခင် စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့သော ကာလအတွင်း အမျိုးသမီးရွာသူကြီး တာဝန်ကို ထမ်းဆောင်ခဲ့ကြ သည့် အမျိုးသမီးရွာသူကြီး ၁၀၉ဦး၏ အတွေ့အကြုံဖြတ်သန်းမှုနှင့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့ရသည့် အမျိုးသမီးရွာသူကြီးများ၏ ရဲရင့်သော ဦးဆောင်မှုအခန်းကဏ္ဍ ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် “Kill Me Instead of Them”ဟု ခေါင်းစဉ်ပေးထားသည့် ကရင်၊ အဂင်္လိပ် နှစ်ဘာသာဖြင့် ထုတ် ဝေသော KWO ၏ အစီရင်ခံစာတွင် ကရင်အမျိုးသမီး ရွာသူကြီးများ၏ ရင်ဆိုင်ကျော်လွှားခဲ့သော အခက် အခဲနှင့် ဆင်းရဲဒုက္ခများကို ဖော်ညွှန်းထားသလို အစီရင်ခံစာပါ အမျိုးသမီးရွာသူကြီးအများစုမှာ ရွာသူကြီး တာဝန်ကို ၁ဝနှစ်မှ ၁၃နှစ်ကြား ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်ဟု ဖော်ပြထားသည်။
ရွာသူကြီးဟောင်းဖြစ်သူ နော်ဝါး “ကျမတို့ ကျေးရွာမှာ အရင်က ကျမတို့ အသက်ဘေးအန္တရာယ်တွေနဲ့ ကြုံ တွေ့ရတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဗမာစစ်သားတွေက ရွာသားတွေကို ရိုက်နှက်တာဖြစ်စေ၊ ရွာ သားအချို့ သေဆုံးခဲ့ရတာတွေရှိခဲ့တယ်။ အချို့တွေက ဦးခေါင်းကို ရေထဲနစ်တာတို့၊ ရွာသားတွေ အော်ငို ကြတယ်။ သူကြီးတွေကို ခေါ်တယ်။ ဒါကို ကျမတို့ မြင်တွေ့ကြားသိရတယ်။ အခုထိ မျက်လုံးထဲ စွဲကျန်ရစ် နေဆဲပါပဲ။”ဟု ပြောသည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းနှင့် အစိုးရတပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ထိုးထားသော်လည်း ကရင်ဒေသအချို့တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည့် အပေါ် ပြည်သူများအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပွားစေသဖြင့် တိုင်းရင်းသားနယ်မြေအတွင်းရှိ အစိုးရတပ်မ တော်အားလုံး ပြန်လည်ရုပ်သိမ်းပြီး အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် လုပ်ဆောင်ပေးရန် ကရင်အ မျိုးသမီးခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။
“အခုလက်ရှိအချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ကြပေမယ့်လည်း နယ်မြေအတွင်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပေါ်နေတုန်းပါပဲ။ အစိုးရတပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်စဲစေလိုပါ တယ်။ ငြိမ်းချမ်းရေးကို ကြိုးပမ်းလုပ်ဆောင်စေလိုတယ်။ အစိုးရတပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲလိုက် စေလိုတယ်။ အထူးသဖြင့် ကရင်ဒေသ အပါအဝင်ပေါ့နော်။”ဟု KWO ဒုဥက္ကဋ္ဌ နော်အဲလစ်က ပြောသည်။
ယခုနှစ်အတွက် “အားလုံးအတွက်တန်းတူညီမျှရေး” ဆောင်ပုုဒ်ဖြင့် ကျင်းပနေကြသည့် နိုင်ငံတကာ အမျိုး သမီးများနေ့ကိုု KWO ကလည်း ထုိုင်း-မြန်မာနယ်စပ်၌ ကျင်းပခဲ့ရာ ကေအဲန်ယူ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူများ၊ မျိုးဆက်သစ် ကရင် အမျိုးသမီးလူငယ်ခေါင်း ဆောင်သင်တန်းကျောင်းမှ ကျောင်းသူများ၊ ကေအဲန်ယူ ခရိုင် (၇)ခုနှင့် နယ်စပ်ဒုက္ခသည်စခန်းမှ အမျိုးသ မီးကိုယ်စားလှယ် စုစုပေါင်း ၂၀၀ကျော် တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုုံ၊ ၎င်းနေ့ထူးနေ့မြတ်အတွက် KWO ၏ သဘောထားထုုတ်ပြန်ချက်ကုို ဖတ်ကြားခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်ခေါင်းဆောင်များက အားပေးစကား ပြောကြားသည့် အစီအစဉ်များလည်း ပါဝင်သည်။
KNU ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်က အချို့နို်င်ငံများတွင် အမျိုးသမီးများ၏ အခွင့်အရေးမှာ တိုးတက် မှုများလာကြောင်း အထူးသဖြင့် ဥရောပနိုင်ငံများတွင်ဖြစ်ပြီး ခေါင်းဆောင်ပိုင်း၌လည်း အသိအမှတ်ပြုခံရ မှုများ ရှိသည့်အတွက် ယင်းအခြေအနေများနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံမှာ လွန်စွာ နောက်ကျကျန်ရစ်ခဲ့ သည်ဟု သုံးသပ်ပြောဆိုသည်။
“အမျိုးသမီးတွေက ရင်ဆိုင်ရဲတဲ့သတ္တိရှိတယ်။ ရဲရင့်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အဲဒါ ကြောင့် တရားမျှတမှုအတွက် အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတဲ့အရာဖြစ်ပါတယ်။ တရား မျှတမှုအတွက် အမျိုးသမီးတွေ မကြိုးစား၊ မလုပ်ဆောင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဖြစ်စေ၊ ဖြစ် ပေါ်လာတဲ့ အကြောင်းအရာတွေဟာ တရားမျှတမှုဆိုတာ ရှိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အမျိုးသမီးတွေ ပါဝင်မှသာလျှင် တရားမျှတမှုဆိုတာ ရှိလာနိုင်မှာဖြစ်ပါတယ်။”ဟု ပဒိုနော်စီဖိုးရာစိန်က ဆိုသည်။
၁၉ဝ၈ခုနှစ်၊ မတ်လ ၈ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုု နယူးယော့ခ်မြို့က အထည်ချုပ်စက်ရုံမှ အမျိုး သမီးများက အလုပ်ချိန်များ လျှော့ပေးရေး၊ လစာတိုးပေးရေးနှင့် မဲပေးခွင့်ရရှိရန်အတွက် ဆန္ဒပြတောင်းဆုို သောနေ့ကို အစွဲပြု၍ နိုင်ငံတကာအမျိုးသမီးများနေ့(International Women’s Day)အဖြစ် သတ်မှတ်လာ ခဲ့ကြသည်။
၁ဝ၉ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ကိုု မြန်မာနုိုင်ငံ အပါအဝင် ကမ္ဘာ့နုိုင်ငံ အသီးသီး၌လည်း ကျင်းပခဲ့ကြသလုို ကမ္ဘာတဝှမ်းလုံးတွင် ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံအပြင် နိုင်ငံအချို့၌လည်း အစိုးရမှ အခမ်းအနား မကျင်းပရန် ပိတ်ပင်တားဆီးထားသည်။