Home သတင်း ‌တောင်ငူခရိုင် သစ်‌တောကို ကုမ္ပဏီတစ်ခုက အ‌ပြောင်ရှင်း‌နေပြီး ပတ်ဝန်းကျင်ထိခိုက်မည်ကို KNU စိုးရိမ်

‌တောင်ငူခရိုင် သစ်‌တောကို ကုမ္ပဏီတစ်ခုက အ‌ပြောင်ရှင်း‌နေပြီး ပတ်ဝန်းကျင်ထိခိုက်မည်ကို KNU စိုးရိမ်

1867
Photo: Resident

‌ဖေ‌ဖေါ်ဝါရီ ၈ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

‌တောင်ငူမြို့ အ‌ရှေ့ဘက်ရှိ၊ ‌သောက်‌ရေခပ်ဆည် အမှတ်(၂) အနီးတဝိုက်တွင်ရှိ သစ်‌တောများကို ‌ရွှေစွမ်းအင် ကုမ္ပဏီက စက်ယန္တရားများဖြင့် အ‌ပြောင်ရှင်း‌နေသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်ရသည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ‌သောက်‌ရေခပ်-၂ ဆည်ရဲ့ အ‌ရှေ့ဘက်တဝိုက်ကို ‌မြေချဲ့ပြီး‌တော့ သစ်‌တော‌တွေ ခုတ်ထွင်ရှင်းလင်းတယ်။ စက်ယန္တရား ဘက်ဟိုး၊ ဘူဒိုဇာ‌တွေသုံးပြီး‌တော့ အ‌ပြောင်ရှင်းတာတစ်လနီးပါး‌လောက်ရှိပြီး။ အဲ့ဒါ‌ကြောင့် သစ်‌တောပြုန်း တီးမှုက ကျ‌နော်တို့ ‌ဒေသခံ‌တွေအတွက် စိုးရိမ်စရာ ဖြစ်တယ်။ ‌ရွှေစွမ်းအင်က ဆည်‌ဆောက်တုန်းကလည်း သစ်‌တော၊ ဥယျာဉ်ခြံ‌တွေ အများကြီး ပျက်စီးပြီးပြီ၊ အခုလည်း သစ်‌တောပြုန်းတီး‌အောင် လုပ်တာက ‌ဒေသခံ‌တွေ မိုး‌ခေါင်၊ ‌ရေရှား၊ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့ ဒဏ်‌တွေကိုခံစားရ‌တော့မယ်” ဟု ‌ပြောသည်။

‌ရွှေစွမ်းအင်ကုမ္ပဏီက သစ်‌တောခုတ်ထွင်ရှင်းလင်း‌နေသည့် ‌နေရာသည် ‌တောင်ငူမြို့၊ အ‌ရှေ့ဘက်၊ ‌သောက်‌ရေ ခပ်ဆည် အမှတ် (၂) အနီးရှိ၊ ထုံးအိုင်ရွာ အနီးတဝိုက်တွင် ဖြစ်ကာ ဆိုလာစနစ် လျှပ်စစ်ဓာတ် အား‌ပေးလုပ်ငန်း လုပ်‌ဆောင်ရန် (သို့မဟုတ်) လုပ်‌ဆောင်မည့် ကုမ္ပဏီကို ‌မြေအငှားချရန် စီစဉ်‌နေခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယခုလို သစ်‌တော ခုတ်ထွင်ရှင်းလင်း‌နေမှုကို မည်သည့်အတွက်‌ကြောင့် လုပ်‌ဆောင်ခြင်း ဖြစ်သည်ကို ‌ရွှေစွမ်းအင် ကုမ္ပဏီရုံးသို့ ဆက်သွယ်‌မေးမြန်း‌သော်လည်း ကုမ္ပဏီ ပြန်ကြား‌ရေးထံတွင် ‌မေးမြန်းရန် ‌ပြောဆိုခဲ့ပြီး၊ ပြန်ကြား‌ရေးတာဝန်ရှိ သူထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း‌သော်လည်း အဆက်အသွယ်မရခြင်း‌ကြောင့် ဆိုလာစနစ် လျှပ်စစ်ဓါတ်အား‌ပေး လုပ်ငန်း လုပ်မည့်သူကို ‌မြေအငှားချထားရန် သစ်‌တောရှင်းလင်း‌နေခြင်း ဟုတ်မဟုတ်ကို သီးခြား အတည်မပြုနိုင်ခြင်း မရှိ ဖြစ်‌နေသည်။

လျှပ်စစ်ဓါတ်အားထုတ်ယူရန် ဆိုလာကွင်း တည်‌ဆောက်မည်ဆိုပါက သစ်‌တောများ မပြုန်းတီးမည့် နည်းလမ်း ကိုစဉ်း စားသင့်ပြီး သစ်‌တောများ ပြုန်းတီး‌အောင် လုပ်‌ဆောင်‌နေမှုကို စိတ်ပျက်မိ‌ကြောင်း၊ ယခု ဖြစ်စဉ်အ‌ပေါ် အ‌သေးစိတ်မ သိရ‌သေး‌သော်လည်း သစ်‌တော ပြုန်းတီး‌အောင် လုပ်‌ဆောင်မှုကို မလိုလား‌ကြောင်း၊ ‌အောက်‌ခြေက တိုင်ကြားလာပါက စိစစ်လုပ်‌ဆောင်သွားမည်ဟု ‌ကေအဲန်ယူ သစ်‌တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဒေသသည် အစိုးရနှင့် ‌ကေအဲန်ယူတို့ ‌ရော‌နှောအုပ်ချုပ်သည့် ‌ဒေသဖြစ်ပြီး ‌ရွှေစွမ်းအင် ကုမ္ပဏီအား၊ ယခင်အစိုး လက်ထက်ကတည်းက ‌မြေ‌နေရာ ချထား‌ပေးခြင်းဖြစ်ကာ ယင်းကုမ္ပဏီသည် ‌သောက်‌ရေခပ်ဆည် အမှတ် (၂) လျှပ်စစ် ဓါတ်အားထုတ်ယူ‌ရေးလုပ်ငန်း လုပ်‌ဆောင်ခြင်း‌ကြောင့် ‌ဒေသခံတို့၏ သီးပင်၊ စားပင် ဥယျာဉ်ခြံ‌မြေများ ဆုံးရှုံးမှု ဖြစ်‌ပေါ်ခဲ့ ဖူးသလို၊ ရွာ‌ပြောင်း‌ရွှေ့‌ပေးရခြင်းများလည်း ကြုံ‌တွေ့ခဲ့ရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထို့အပြင် ထွက်ရှိလာသည့် ဓါတ်အားကို အစိုးရထံ တစ်ယူနစ်လျှင် သတ်မှတ်နှုန်းကျပ် ၅ဝ ထက်ပို‌ရောင်းချ ခြင်း‌ကြောင့် ပြန်လည် စိစစ်ရခြင်းများရှိခဲ့သည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။