Home သတင်း ကရင်တိုင်းရင်းသားတို့၏ နယ်လုံးကျွတ် ကျုံဒိုးမီးပုံပွဲ‌တော် ကျင်းပ

ကရင်တိုင်းရင်းသားတို့၏ နယ်လုံးကျွတ် ကျုံဒိုးမီးပုံပွဲ‌တော် ကျင်းပ

3507
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီလ ၈ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ကရင်တိုင်းရင်းတို့၏ နယ်လုံးကျွတ် (၁၉၄)ကြိမ်‌မြောက် မီးပုံပွဲ‌တော်ကို တပို့တွဲ လပြည့်‌နေ့ ‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ နံနက် (၄းဝ၀) နာရီက ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ကျုံဒိုး‌ကျေးရွာ (ရ‌သေ့‌ကျောင်း) ဘုန်း‌တော် ကြီး‌ကျောင်းဝင်းအတွင်း၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျုုံဒိုးမြို့တွင် နှစ်စဉ်ကျင်းပ‌လေ့ရှိ‌သော ရိုးရာမီးပုံပွဲ‌လေးဖြစ်သည့် ဒီမီးပုံပွဲ‌တော်ကို တပို့တွဲလပြည့်‌နေ့ ‌ရောက် တိုင်း ‌ရှေးယခင်ဘိုး‌ဘေးများ လက်ထက်ကပင် ကျင်းပလာသည်မှာ နှစ်‌ပေါင်း ၁၉ဝ ‌ကျော်လာခဲ့ပြီဖြစ်သည်။

အဆိုပါ မီးပုံပွဲဟု‌ခေါ်သည့် ရိုးရာယတြာ‌ချေသည့်ပွဲကို ကရင်ပြည်နယ်နှင့် အနီးတဝိုက်မှာရှိ‌သော ကရင် ဗုဒ္ဓဘာ သာဝင်အများစုက ပြုလုပ်ခြင်းဖြစ်‌သော်လည်း လူမျိုးဘာသာမ‌ရွေး ယုံကြည်ချက်နှင့် ယတြာ‌ချေကာ ဆု‌တောင်း နိုင်ကြသလို မီးပုံတိုင်တွင် သက်‌စေ့ယတြာပြုပြီး အိမ်‌ထောင်‌ရေး၊ စီးပွား‌ရေး ၊ အချစ်‌ရေးနှင့် ငြိမ်းချမ်း သာယာ သည့်‌ဒေသ ဖြစ်လာ‌စေရန် ‌တောင်းဆု‌ခြွေကြသည်ဟု ဆိုသည်။

“သစ်ရင်းပင်ကို အသုံးပြုပါတယ်။ အဲ့ဒီသစ်ရင်းပင်ကို ကိုယ့်အရပ်နဲ့တိုင်း၊ ကိုယ့်အရပ်ထက် လက်သုံးလုံး ‌လောက်ပိုဖြတ်ပြီး‌တော့ နနွင်းနဲ့ လိမ်းသုတ်ရပါတယ်။ အဲ့အထဲမှာ ကိုယ့်ရဲ့ဆံပင်ချည်အနည်းငယ်နဲ့ ‌ခြေသည်း လက်သည်းအနည်းငယ်လည်း ထည့်ရပါတယ်။ ပြီးရင်မီးရှို့ဖို့ စုပုံထားတဲ့ ပွဲအထိုင်‌နေရာယူသွားပြီး အ‌မွှေးနံ့သာ ရည်ပက်ပြီး ကိုယ့်မှာကျ‌ရောက်မယ့် မ‌ကောင်းတာ‌တွေအကုန်ပ‌ပျောက်ပါ‌စေ၊ ‌ကောင်းခြင်းများသာ ကျ‌ရောက်‌စေ လို့ ရည်စူးပြီး ကျင်းပကြတဲ့ ရိုးရာယတြာ‌ချေတဲ့ မီးပုံပွဲ‌လေးပါ”ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

Photo: Nay Naw

လပြည့်‌နေ့ မနက်အာရုဏ်မတက်ခင်နံနက် ၄နာရီ အချိန်ခန့်တွင်၊ မီးပုံတိုင်အား မီးပူ‌ဇော်ရန် မီးပုံတိုင်အနီး‌စောင့် ဆိုင်း‌နေသူများက ဆရာ‌တော်ဘုရားထံမှ သီလယူပြီး‌နောက် ဝတ်ဖြူစင်ကြယ် ဝတ်ထားသူများက နက္ခတ် ကြည့်ပြီး မီးစတင်ရှို့ကြသည်။ မီးပုံတိုင်အား မီးရှို့သည့်အခါ မီး‌လောင်ကျွမ်းပုံကိုကြည့်ပြီး ကျွမ်းကျင်သူ၊ ‌ရှေးမှီ ‌နောက်မှီပုဂ္ဂိုလ်များက နိမိတ်ဖတ်ကြ‌ကြောင်းလည်း သိရသည်။

ဖားအံမြို့မှ မီးပုံပွဲသို့လာ‌ရောက်သူတစ်ဦးက“ ‌ဒေသက လူ‌တွေက‌လေ ဆန်‌ရေစပါးပွားများဖို့၊ စီးပွား‌ရေး အ ဆင်‌ပြေဖို့၊ ငြိမ်းချမ်းဖို့ ၊ ကျန်းမာ‌ရေး‌ကောင်းဖို့‌တွေဆု‌တောင်းကြတယ်။ ကျမတို့လည်း သူတို့နည်းတူ ယုံကြည်မှုနဲ့ ့ဆု‌တောင်းပါတယ်” ဟု ‌ပြောသည်။

အဆိုပါ ကျုံဒိုးမီးပုံပွဲ‌တော်တွင် ‌ပျော်ရွှင်ပွဲအဖြစ် မြန်မာဇာတ်၊ ကရင်ဇာတ်အပြင် နိုင်ငံ‌ကျော် အဆို‌တော်များ လာ‌ရောက်‌ဖြော်‌ဖြေခဲ့ကြသလို ကရင်ရိုးရာဒုံး အကပြိုင်ပွဲကိုလည်း ထည့်သွင်းထားကျင်းပခဲ့သည်။
အလားတူပင် ဖားအံ မြို့နယ်‌တောင်က‌လေး ( ဖလုံပညာ့တ‌ဝေါင့် ) တွင်လည်း ပထမအကြိမ် ကရင်ရိုးရာ မီးပုံပွဲကို ကျင်းပလျက်ရှိ‌ကြောင်း သိရသည်။