Home သတင်း အမျိုးသမီးရွာသူကြီးများရဲ့ ငြိမ်းချမ်း‌ရေးအ‌ပေါ် အမြင်သ‌ဘောထား

အမျိုးသမီးရွာသူကြီးများရဲ့ ငြိမ်းချမ်း‌ရေးအ‌ပေါ် အမြင်သ‌ဘောထား

3279
‌နော်သီ‌ဖော (KNU ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ သကြားရွာ၊ ရွာသူကြီး‌ဟောင်း ) (Photo_KIC)


ဒီဇင်ဘာ ၅ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဋိပက္ခနယ်‌မြေတွင် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး တာဝန်ထမ်း‌ဆောင်ခဲ့သည့် အမျိုးသမီးများ၏ ခက်ခဲစွာ ကြုံ‌တွေ့ ဖြတ်သန်းမှု များ၊ သူတို့၏ ခံစားချက်၊ ငြိမ်းချမ်း‌ရေးအ‌ပေါ် အမြင်သ‌ဘောထားများကို စုစည်း‌ဖော်ပြ လိုက်ပါ သည်။

‌နော်သီ‌ဖော (KNU ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ သကြားရွာ၊ ရွာသူကြီး‌ဟောင်း )

အရင်တုန်းကရွာမှာ အမျိုးသား ရွာသူကြီးဖြစ်ရင် အဲဒီရွာသူကြီးကို စစ်တပ်က တပ်ထဲ‌ခေါ်သွားတယ် KNU လူဆိုပြီးရိုက်နှက်တယ်။ အမျိုးမျိုးနှိပ်စက်‌တော့ ဘယ်အမျိုးသားမှ ရွာသူကြီးမလုပ်ရဲကြဘူးဆို‌တော့ အမျိုး သမီး‌တွေက အဲဒီက‌နေစပြီး ရွာသူကြီးလုပ်ရတာ။ ကျမရွာသူကြီးဖြစ်‌တော့ အိမ်ကိုလည်း မီးရှှို့ခံရတယ်။ ဒဏ်လည်းခတ်ခံရတယ်။ သူတို့စစ်တပ် တပ်ရင်းထဲ‌ခေါ်သွားတယ် ကျမက‌လေးနို့စို့အရွယ်ရှိ‌တော့ သူတို့က ဖမ်းချုပ်ချည်ထားမရဲဘူး။ ပြန်လွတ်‌ပေးခဲ့တာရှိတယ်။

လွတ်‌ပေးလိုက်‌တော့ အဲဒီအချိန်တုန်းက ဝက်ပိဿာ ၃‌ထောင်‌တောင်းတယ်။ ပြီး‌တော့ဆန် ၅တင်း၊ အဲဒါမကဘူး အိမ်ပါမီးရှှို့ပစ်လိုက်တယ်။ ကျမအိမ်က ‌တောင်‌ခြေမှာဆို‌တော့ သူပုန်နဲ့ဆက်သွယ်တယ်ဆိုပြီး ‌တောင်‌ခြေမှာ ‌ပေးမ‌နေ‌တော့ဘူး။ ရွာကြီးထဲမှာ အားလုံးပြန်‌နေခိုင်းတယ်။ သူပုန်ကို‌ထောက်ပံ့မှာ‌ကြောက်လို့ ရွာသား‌တွေ ဆန်တစ်တင်းထက်မထားခိုင်းဘူး။ ဆန်ကိုတပြည်‌လောက်ဘဲရှိရမယ်ဆိုပြီး အဲလို‌တွေ နှိပ်စက်တယ်။

ကျမရွာသူကြီးလုပ်တာ နှစ်‌ပေါင်း‌တော်‌တော်ကြာတယ်။ နားချင်တယ်။ ဒါ‌ပေမယ့် တရွာလုံးက ကျမကိုပဲ လုပ်ခိုင်းတယ်။ မဲ‌ရွေးကြ‌တော့လည်း ကျမဘဲများ‌တော့ ဘယ်လိုမှ ထွက်လို့မရဘူး။ ‌နောက်ဆုံး‌တော့ မရတဲ့ အဆုံး ကျမတူကို အတင်း‌ပေးတက်ခိုင်းလိုက်တယ်။ အခုကျမရွာသူကြီးတာဝန်ကို နားလိုက်တာ ၂နှစ်ပဲရှိပါ ‌သေးတယ်။ ကျမတူက သူလည်းရွာသူကြီးသာတက်တာ၊ ‌ကြောက်တယ်။ တကယ်ငြိမ်းချမ်း‌နေပြီးလား မငြိမ်း ချမ်းရင် နင်ပြန်တက်ရမယ်‌နော်ဆိုပြီး ကျမကိုကတိ‌တောင်းထားတယ်။ ‌ကော်သူး‌လေ‌တွေလည်း မြို့ထဲဝင်ရဲပြီး ဆို‌တော့ ငြိမ်းချမ်း‌နေပြီးလို့ ကျမထင်တယ်။

ဒါ‌ပေမယ့် အပစ်ရပ်လက်မှတ်လား ဘာလားမသိဘူး၊ ထိုးလိုက်ပြီး ငြိမ်းချမ်းပြီး လူ‌တွေက‌ပြောတယ်။ ကျမ အထင်‌တော့ ငြိမ်းချမ်းတာနဲ့ မငြိမ်းချမ်းတာနဲ့၊ တစ်ဝက်စီ ဘဲရှိ‌သေးတယ်။ ‌ပြော‌တော့ ‌သေနတ်ပစ်မရဘူး၊ မ‌နေ့ တစ်‌နေ့တုန်းက‌သေနတ်ပစ်သံ‌တွေကြား‌နေရတုန်းဘဲ။ ဒါငြိမ်းချမ်း‌နေပြီလို့ ‌ပြောလို့ရလားလို့ဘဲ ‌မေးချင်တယ်။ အခုရွာမှာ ကျမအမျိုးသမီး‌ခေါင်း‌ဆောင်လုပ်တယ်၊ KWO‌တွေနဲ့ဆက်သွယ်‌တော့ ဗမာစစ်တပ်နင့်ကို သတ်မယ် ‌နော်ဆိုပြီး ကျမ‌ယောက်ျားက အဲလို‌ပြောတယ်။ ကျမ‌ကြောက်‌တော့ဘူး ကျမလည်း အသက်က‌နေဝင်ပြီး သတ်ချင်သတ် ကိုယ့်လူမျိုးအတွက် တတ်နိုင်သ‌လောက် တစ်ဖက်တစ်လှမ်းက‌နေ လုပ်သွားမယ်။

‌နော်မြင့်မြင့်ခိုင် (‌ကျောက်ကြီးမြို့နယ်၊ ပန်တလာ‌ကျေးရွာ၊ အမျိုးသမီးရွာသူကြီး‌ဟောင်း) photo-kic

‌နော်မြင့်မြင့်ခိုင် (‌ကျောက်ကြီးမြို့နယ်၊ ပန်တလာ‌ကျေးရွာ၊ အမျိုးသမီးရွာသူကြီး‌ဟောင်း)

အ‌ဒေါ်က ရွာသူကြီးတာဝန်ကို ၅ နှစ်လုပ်ရတယ်။ ကျမလုပ်တဲ့အချိန်မှာ ၁၉၉၂ ခုနှစ်‌ပေါ့ ၊ င‌ပွေးနဲ့ဆက်သွယ်တယ် ဆိုပြီး ရှိသမျှဆန်‌တွေကိုအားလုံးတပ်စခန်းထဲမှာ သွားထားခိုင်းတယ်။ ပြီး‌တော့ စ‌ကေးနဲ့ ဆန်ပြန်‌ဝေတယ်။ ၃ ရက် တစ်ခါတပ်ထဲကို ဆန်သွား ပြန်ယူရတယ်။ ကျမကိုအဲလို‌တွေနှိပ်စက်တာ လုံးဝမ‌မေ့နိုင်ပါဘူး။ ပြီး‌တော့ ကျမရွာသူကြီးတက်တဲ့အချိန် ကလည်း ကျမ‌ကျေးရွာအုပ်စုမှာ ‌ကျေးရွာ အမျိုးသမီး‌ခေါင်း‌ဆောင် ၃ ‌ယောက်ကို စစ်တပ်က သတ်လိုက်တယ်။ ပြီး‌တော့ ‌ကျေးရွာ လုံခြုံ‌ရေး တာဝန်ရှိတဲ့အမျိုးသား‌တွေကိုလည်း သတ်တယ်။ ပြီး‌တော့ သူတို့ ကို ထမင်းဟင်းပုံမှန်ချက်‌ပေး ရတယ်။

ကျမရွာသူကြီးမတက်တဲ့အချိန်မှာ ကျမတို့‌ကျေးရွာအုပ်စုက အမျိုးသား‌တွေနဲ့တွဲပြီး အလုပ်လုပ်ကြတယ်။ စစ်တပ်က ‌ပြောက်ကျားစနစ်နဲ့ ရွာထဲဝင်တယ်။ အမျိုးသား‌တွေက‌တော့ အရက်‌တွေ နဲ့ဧည့်ခံစီစဉ်ခိုင်းတယ်။ အမျိုးသမီး‌တွေက‌တော့ ဟင်းချက်‌ပေးရတယ်။ ဝက်သားဆိုရင်ဝက်သား‌ခြောက်‌ကျွေးမှ သူတို့စားတယ်။ သူတို့ ကို တကယ့်ဘုရင်လိုလုပ်‌ပေးရတယ်။ ကိုယ်ကရွာသူကြီးလုပ်တဲ့အချိန် သူတို့ခိုင်းသမျှလုပ်‌ပေးရတယ်။ မလုပ် ရင် ရိုက်နှက်တယ်။ အဲဒါ‌တွေကို‌တော့ လုံးဝမ‌မေ့နိုင်ဘူး။ ‌နောင်မျိုးဆက်သစ်‌တွေကိုလည်း ဒါကို ‌ပြောပြရမှာဘဲ။ အခု‌တော့ အသွားအလာနည်းနည်းလွတ်လွတ်လပ်လပ်ရှိလာပြီး၊ ‌ရှေးဆက်ဒီထက် လွတ်လပ်မှုရှိမယ်လို့ ‌မျှော်လင့်တယ်။ အ‌ဒေါ်တို့ အ‌နောက်က‌နေ တတ်နိုင်သ‌လောက် ငြိမ်းချမ်း‌ရေးရဖို့ ဝိုင်းဝန်းကူညီသွားမယ်။


‌နော်လီဇာ (KNU ထိန်းချုပ်နယ်‌မြေ ၊ ဖားအံခရိုင်၊ ‌ကော့ညိုင်းရွာ ) Photo-kic

‌နော်လီဇာ (KNU ထိန်းချုပ်နယ်‌မြေ ၊ ဖားအံခရိုင်၊ ‌ကော့ညိုင်းရွာ )

ကျမရွာသူကြီး လုပ်တာက ၉ နှစ်။ အဲဒီ ၉ နှစ်အတွင်းမှာ မ‌ပြောပြတတ်‌တော့တဲ့ ဒုက္ခ‌တွေက အမျိုးမျိုးကြုံ‌တွေ့ ရတယ်။ ပြီး‌တော့ ရွာမှာလည်း KNU ထဲဝင်တဲ့ လူတစ်‌ယောက်ရှိတယ်။ အဲဒီအချိန်တုန်းကဆိုရင် သူရွာတခါ တ‌လေ ပြန်လာရင် ကျမအရမ်းဒုက္ခ‌ရောက်တယ်။ သူပြန်လာတာ မသိဘူး‌ပြောရင် အုပ်ချုပ်‌ရေးမှူးဖြစ်ပြီး လိမ်တယ်ဆိုပြီး ကျမကိုစစ်တပ်က‌ခေါ်သွားပြီး လက်ကိုကြိုးနဲ့ချည်ထားတယ်။ ‌ခေါင်း‌ပေါ်မှာ မိုးကာနဲ့ ပိတ်ပြီး ကျမ‌ခေါင်းကို ‌ရေ‌နွေးနဲ့‌လောင်းထည့်တယ် ။

သူတို့နှိပ်စက်သမျှ ကျမ အကုန်ခံလိုက်တယ်။ ကျမလုပ်တာ ‌ကျေးရွာမထိခိုက်‌အောင် ကျမခံ‌ပေးရတယ်။ ရွာ ပြန်လာ‌တော့ ကျမအဲလို‌တွေခံရတယ်‌ပြောတာကို ကျမကိုမယုံတဲ့လူ‌တွေလည်း ရှိ‌သေးတယ်။ KNUရွာထဲဝင်ရင် သူတို့ကို အချိန်မှီသတင်း‌ပေးခိုင်းတယ်။ မ‌ပေးရင် လာပြီးဆူတယ်။ အဲဒါက ပြီးခဲ့တာ‌တွေကို ‌ပြောတာပါ။ အခု ကျ‌တော့လည်း အဲဒီလို‌တွေခံရတာ‌တွေ‌တော့ မရှိ‌တော့ဘူး။ ငြိမ်းချမ်း‌နေပြီးလား ‌မေးရင် ကျမ မ‌ဖြေတတ်ဘူး။ ဘာဖြစ်လဲဆိုရင် အဆုံးအထိ မမြင်ရ‌သေး‌တော့ မ‌ပြောရဲ‌သေးဘူး။ အရင်ကနဲ့ဆိုရင်‌တော့ ‌ကောင်းလာပြီး။

ကျမ သူကြီးလုပ်တဲ့ ၉နှစ်အတွင်းမှာ ‌စေတနာနဲ့ဘဲလုပ်တယ်။ လခဆိုတာဘာမှမရှိဘူး။ ‌ကျေးရွာလူထု‌တွေကလည်း ချမ်းသာ တာမဟုတ်‌တော့ ဒီလိုနဲ့ဘဲလုပ်‌ပေးတာ‌ပေါ့။ ကိုယ့်ရွာအတွက် တာဝန်‌ကျေ‌အောင်‌တော့ လုပ်‌ပေးတယ်။ အခုထိ လည်း တတ်နိုင်သ‌လောက် လုပ်‌ပေးတယ်။ ပြီး‌တော့ ရွာသူကြီးအမျိုးသမီး‌ဟောင်း ‌တွေပြန်‌တွေ့ရ‌တော့ ဒီလိုမျိုး ခံခဲ့ရတာ‌တွေကို တစ်‌ယောက်ထဲမဟုတ်ပါလားဆိုပြီး သိလာ‌တော့ စိတ်ထဲက‌နေတစ်မျိုး‌တော့ ဖြစ်တယ်။ နှိပ်စက် ခံရတဲ့လူ‌တွေ အချင်းချင်းပြန်‌တွေ့ရ‌တော့ အ‌တွေ့အကြုံဖလှယ်ကြ ‌နောက်ဆုံး‌တော့လည်ဒ ဘာမှမဟုတ် ပါဘူး။ အဲဒါနဲ့ပဲ စိတ်ထဲ‌ဖြေသာနိုင်ပါတယ်။


‌နော်လဲ့ဖိုး (လှှိုင်းဘွဲမြို့နယ်၊ ဝါးမီကလား‌ကျေးရွာ၊ အမျိုးသမီးရွာသူကြီး ) photo-kic


‌နော်လဲ့ဖိုး (လှှိုင်းဘွဲမြို့နယ်၊ ဝါးမီကလား‌ကျေးရွာ၊ အမျိုးသမီးရွာသူကြီး )

အရင်က ကျမရွာသူကြီးလုပ်တာ ၁ဝ နှစ်၊ အဲဒီ၁ဝနှစ်အတွင်း ကြုံရတဲ့ ဒုက္ခ‌တွေက ‌ပြောလို့မကုန်ပါဘူး။ ကိုယ်‌တွေက မြန်မာစကားမတတ်၊ မြန်မာစာမတတ်၊ အုပ်ချုပ်‌ရေးမှူး လုပ်ရတာက လွယ်တာ‌တော့မဟုတ်ဘူး။ ၁ဝနှစ်ပြည့်‌တော့ နားလိုက်တယ်။ အခုပြန်လုပ်တာက ၂နှစ်ဘဲရှိ‌သေးတယ်။ ကျမလုပ်တာ ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ကျမအုပ်တို့အုပ်စုက ‌ကျေးရွာအုပ်စု ၄ စုကို ကျမကအုပ်ချုပ်ရတာ၊ အဲဒီ‌ကျေးရွာ ၄ ရွာရဲ့ အုပ်ချုပ်‌ရေးမှူး အားလုံးအမျိုးသား‌တွေကြီးပဲ။ အုပ်ချုပ်‌ရေးမှူး အပိုင်းဝင်ရင် စာတတ်ရမယ်ဆိုပြီး‌ပြောတယ်။
ဒါ‌ပေမယ့် ကျမတို့ရွာက လူ‌တွေက မြန်မာစာမတတ်ကြဘူး။ ကရင်စာပဲတတ်တယ်။ ကျမလည်း မြန်မာစာမတတ်ဘူး။ ဒါ‌ပေမယ့် ကိုယ်လုပ်နိုင်သ‌လောက်လုပ်‌ပေးတယ်။ ရွာက က‌လေး‌တွေအတွက် စာတတ်‌အောင် လုပ်‌ဆောင် ‌ပေးတယ်။ အခုအချိန်မှာ ပွင့်လင်းလာကြပြီး ငြိမ်းချမ်း‌နေပြီးလာ‌ပြောရင် အကုန်မငြိမ်းချမ်း‌သေးဘူး။ လွတ်လွတ်လပ်လပ် သွားလာရဲတဲ့ အဆင့်ဘဲ ရှိပါ‌သေးတယ် ။ ကျမလိုချင်တဲ့ ငြိမ်းချမ်း‌ရေးက ‌အေး‌အေး ‌ဆေး‌ဆေး သွားလာ‌နေထိုင်ရဖို့ပဲ။ ကျမက ငြိမ်းချမ်း‌ရေး လိုချင်ပါတယ်လို့ ‌ပြောချင်ပါတယ်။