Home သတင်း အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးတွင် လွှတ်‌တော်မှ အပြည့်အဝပူး‌ပေါင်းသင့်‌ကြောင်း အရပ်ဖက်အဖွဲ့‌ပြော

အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးတွင် လွှတ်‌တော်မှ အပြည့်အဝပူး‌ပေါင်းသင့်‌ကြောင်း အရပ်ဖက်အဖွဲ့‌ပြော

2093

ဒီဇင်ဘာ၂၂ရက်၊ ၂၀၁၉ခုနှစ်။ ‌စောရှား

အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးလှုပ်ရှားမှု အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုများတွင် ကရင်ပြည်နယ် လွှတ်‌တော်အ‌နေဖြင့် အပြည့်အဝပူး‌ပေါင်းပါဝင်သင့်‌ကြောင်းဖားအံမြို့၊ ‌တော်ဝင်ရတနာဟိုတယ်၌ဒီဇင်ဘာ ၂ဝရက်‌နေ့ကအပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်‌ရေး‌နေ့ အခမ်းအနားတွင်ကရင်ပြည်နယ်ရှိအရပ်ဖက်လူမှုအဖွဲ့အစည်းများက‌ပြောဆိုလိုက်သည်။

Civic Engagement Network Karen မှ ဦး‌ဆောင်ပြုလုပ်‌သောအဆိုပါအခမ်းအနားတွင် ဖိတ်ကြားထားသည့် ပြည်နယ်လွှတ်‌တော်မှ တာဝန်ရှိသူများမတက်‌ရောက်ခြင်းအ‌ပေါ် ယခုလို‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

အခမ်းအနားဦး‌ဆောင်သူများထဲကနန်းမြင့်‌အောင်က“စကားဝိုင်း ပြုလုပ်တဲ့အခါ လွှတ်‌တော်ရဲ့ အခန်းကဏ္ဍ ပူး‌ပေါင်းပါဝင်မှုကမရခဲ့ဘူး‌ပေါ့‌နော်။ လွှတ်‌တော်ရဲ့‌ပြောဆိုချက် အ‌ခြေအ‌နေအရကျ‌တော့ သူတို့ပါတီရဲ့မူအရပါဝင်လို့ မရဘူးလို့ သိလိုက်ရ‌တော့ စိတ်မ‌ကောင်းဖြစ်မိတယ်။”ဟု‌ပြောဆိုသည်။

ထို့အပြင် ပြည်သူက‌ရွေး‌ကောက်တင်‌မြှောက်ထား‌သော ပြည်သူ့အစိုးရအ‌နေဖြင့် ပါတီမူအရသွားပါကအုပ်ချုပ်‌ရေး ယန္တရားတွင် အဟန့်အတားများစွာ ဖြစ်‌ပေါ်‌စေနိုင်သလိုယခုဖြစ်စဉ်တွင် အဂတိလိုက်စားသူများကိုအား‌ပေးအား‌မြှောက်ပြုရာ‌ရောက် ပြီးယခုလိုပွဲမျိုးတွင် ပါတီအ‌နေဖြင့် မရ‌သော်လည်းဒီမိုက‌ရေစီပြည်‌ထောင်စုကိုတည်‌ထောင်‌နေသည့် အစိုးရအခန်းကဏ္ဍအ‌နေဖြင့် ပါဝင်‌ပေးခြင်းအားဖြင့် ပိုမို‌ဘောင်ဝင်ထိ‌ရောက်ပြီး‌အောင်မြင်မည်ဖြစ်‌ကြောင်းနန်းမြင့်‌အောင်ကအကြံပြုတိုက်တွန်းလိုက်သည်။

ပြည်သူနှင့် အများဆုံးထိ‌တွေ့ရ‌သောလွှတ်‌တော်၊ အစိုးရနှင့်ပြည်သူများပူး‌ပေါင်းချိတ်ဆက်မှုအား‌ကောင်းပြီး ပြည်နယ်ဖွံ့ဖြိုး‌ရေးအတွက်ဘဏ္ဍာ‌ရေး (Budget) သုံးစွဲသည့်အခါ ပိုမိုထိ‌ရောက်လာကာလာဘ်စားမှုများပိုမို‌လျော့နည်း‌စေရန် အရပ်ဖက်အဖွဲ့များကအပြုသ‌ဘော‌ဆောင် ကူညီ‌ပေး‌နေခြင်းသာဖြစ်‌ကြောင်းဦး‌ဆောင်သူများကထပ်‌လောင်း‌ပြောဆိုကြသည်။

အခမ်းအနားဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ကိုမြင့်‌အောင်ကလည်း “ပြည်သူက‌နေမဲ‌ပေးထားတဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေက တက်သင့်တာ‌ပေါ့‌နော်။ ပြည်သူ့အသံနား‌ထောင်ပြီးလွှတ်‌တော်‌တွေမှာ‌ခေတ်နဲ့ မ‌လျော်ညီတဲ့ မူဝါဒ၊ ဥပ‌ဒေ‌တွေ‌ပြောင်းဖို့ ပိုမို‌ကောင်းမွန်တဲ့ ဥပ‌ဒေ‌တွေထွက်ရှိလာ‌အောင်ဒီလိုပွဲမျိုး‌တွေလုပ်ရတာ‌ပေါ့‌နော်။”ဟုအခမ်းအနားရည်ရွယ်ချက်ကို‌ပြောသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် သံချပ်သီချင်းများသီဆိုခြင်း၊ အမြင်ဖွင့်‌ဆွေး‌နွေးမှု စကားဝိုင်းပြုလုပ်ခြင်း၊ ပြည်နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးချိတ်ဆက်မှု ယန္တရားတစ်ခုထွက်လာရန်‌ဆွေး‌နွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

လာမည့်နှစ်များတွင်လည်းယခုအခမ်းအနားကိုဆက်လုပ်သွားရန်ရှိပြီး ပြည်နယ်အစိုးရနှင့် လွှတ်‌တော်ရှိတာဝန်ရှိသူများ၏ ပူး‌ပေါင်းပါဝင်မှုအား‌ကောင်းလာ‌စေရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်‌ကြောင်းလည်းဦး‌ဆောင်သူအရပ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူများထံမှ သိရသည်။

လာဘ်‌ပေးလာဘ်ယူအဂတိလိုက်စားမှုများတိုက်ဖျက်ရာတွင် ‌ဆောင်ရွက်ရမည့် နည်းလမ်းများကိုအမြင်ဖွင့်‌ဆွေး‌နွေးခြင်းဖြင့် ပြည်သူများသိရှိ‌စေရန်ရည်ရွယ်ပြုလုပ်‌သောဒီဇင်ဘာ ၂ဝရက် အခမ်းအနားတွင် ပြည်နယ်အစိုးရဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ CSO၊ CBO၊ NGO/INGO များ၊ ပြည်သူများစုစု‌ပေါင်း ၁၀ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။