Home သတင်း မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု‌ဟော‌ပြောပွဲ ဖားအံတွင်ပြုလုပ်

မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု‌ဟော‌ပြောပွဲ ဖားအံတွင်ပြုလုပ်

2568
မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု‌ဟော‌ပြောပွဲ (Photo_KIC)

နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌ဒေသတွင်းရှိ မီဒီယာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပြည်သူများအား သတင်းအရင်းအမြစ်၊ သတင်းမှား၊ သတင်းတုများကို ခွဲခြားသိမြင်တတ်‌စေရန် ရည်ရွယ်ပြီး မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိ‌ပေး‌ဟော‌ပြောပွဲတစ်ခုကို ယ‌နေ့ ဖားအံမြို့ရှိ သံလွင်ပါရာဒိုက်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

BNI Multimedia Group နှင့် ‌ကေအိုင်စီ-ကရင်သတင်းဌာနတို့က IMS-FOJO ၏ ပံ့ပိုးမှုဖြင့် ကမကထ ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါ သတင်းအချက်အလက်ဆိုင်ရာ အသိပညာ‌ပေး‌ဟော‌ပြောပွဲမှာ ကရင်ပြည်နယ် ဖားအံတွင် ပထမဆုံး စတင်ပြုလုပ်သည့် ‌ဟော‌ပြောပွဲတစ်ခုလည်းဖြစ်သည်။

“ဒီ‌ဟော‌ပြောပွဲက ‌ဒေသတွင်းမှာရှိတဲ့ မီဒီယာအဖွဲ့‌တွေ၊ မီဒီယာသမား‌တွေ၊ အရပ်ဖက်အဖွဲ့‌တွေ၊ ပြည်သူ‌တွေအ‌နေနဲ့ သတင်း တစ်ခုကို အတုလား၊ အစစ်လားခွဲခြားနိုင်ဖို့ ဒီသတင်းဟာ ဘယ်ကလာသလဲအရင်းအမြစ်ကို စိစစ်နိုင်ဖို့အပြင် မီဒီယာနဲ့ သတင်း အချက်အလက်‌တွေရဲ့အ‌ရေးပါမှုကို သိရှိ‌စေနိုင်ဖို့အတွက်ဖြစ်တယ်။”ဟု BNI ၏ မူဝါဒ‌ရေးရာ‌ကော်မတီ ဥက္ကဌ နန်း‌ဖော့‌ဂေက ထိုသို့ရှင်းလင်းတင်ပြသည်။

အဆိုပါ‌ဟော‌ပြောပွဲတွင် လွတ်လပ်စွာထုတ်‌ဖော်‌ပြောဆိုခွင့်နှင့် သတင်းတု၊ သတင်းအမှားအမှန်ခွဲခြားနိုင်မှု၊ အမုန်းစကား ဖြန့်‌ဝေ မှုများ၏ ဆိုးကျိုးသက်‌ရောက်မှုများ၊ လူမှုကွန်ရက်သတင်းစာမျက်နှာများ၏ အခန်းကဏ္ဍများ၊ လုံခြုံ‌ရေးအရ ဖြစ်ရှိ‌နေသည့် ဥပ‌ဒေများ၊ ပြည်နယ်အတွင်း အမုန်းစကား ‌လျော့ပါး‌ရေး စည်းရုံးလှုံ့‌ဆော် ပညာ‌ပေးမှုအ‌ခြေအ‌နေများကို ရှင်းလင်းတင်ပြ ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်း‌ဆွေး‌နွေးမှုများကို မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီ တွဲဖက်အတွင်း‌ရေးမှူးလည်းဖြစ်သူ MJI မှ ဦးမြင့်‌ကျော်၊ အသံအဖွဲ့၏ အမှု‌ဆောင်ဒါရိုက်တာ ‌မောင်‌ဆောင်းခ၊ MIDO အဖွဲ့မှ ကိုငြိမ်းချမ်း‌အောင်တို့အပြင် ဖားအံအ‌ခြေစိုက် အမျိုးသမီးများ‌ရှေ့‌ဆောင် (Women Initiative)မှ နန်းတင်တင်လှိုင်တို့က ဦး‌ဆောင်ခဲ့ကြပြီး တက်‌ရောက်လာသည့် မီဒီယာများမှ သတင်းရယူမှုနှင့်ပတ် သက်သည့် ၎င်းတို့ကြုံ‌တွေ့ရသည့် အခက်အခဲ၊ အ‌ခြေအ‌နေများ၊ သတင်းနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့များ၏ သိရှိထားမှုများ၊ သိလိုသည်များ ‌ဆွေး‌နွေး ‌မေးမြန်းခဲ့ကြခြင်းလည်းဖြစ်သည်။

Women Initiative မှ နန်းတင်တင်လှိုင်က “ဒီလိုသတင်းအတု‌တွေ၊ အမုန်းစကား‌တွေမဖြစ်ဖို့က ဥပမာ ဒီရွာကလူက ဩဇာရှိတဲ့ သူဆို ဒီလူ‌ပြောတာပဲ အမှန်လို့ယူဆကြတယ်။ အလားတူ အဲလိုမျိုး‌တွေ မဖြစ်‌အောင် ‌အောက်‌ခြေ‌ကျေးလက်က အမျိုးသမီး ‌တွေ၊ လူငယ်‌တွေ ‌ကျောင်း‌တွေ စသည်ဖြင့် အကုန်လုံးပါနိုင်တဲ့ သတင်းအချက်အလက်‌ရောက်နိုင်တဲ့ နည်းလမ်း‌ပေါင်းစုံသုံးပြီး ‌တော့ အသိပညာများများ‌ပေးဖို့ လိုအပ်တယ်လို့‌ပြောချင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်ရက်တာကျင်းပသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိ‌ပေး‌ဟော‌ပြောပွဲသို့ ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်၊ ကရင်ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ၊ ပအိုဝ်းစာ‌ပေယဉ်‌ကျေးမှု၊ ကရင်လူ ငယ်အစည်းအရုံး KYO လူငယ်များ၊ ဖားအံခရိုင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး၊ ကရင်အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၄ဝနီးပါးတက်‌ရောက်ခဲ့ကြသည်။