Home သတင်း ICJ ကိစ္စ ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာအ‌ကောင်အထည်‌ဖော်ရန် လိုအပ်ဟု KNU ‌ပြော

ICJ ကိစ္စ ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာအ‌ကောင်အထည်‌ဖော်ရန် လိုအပ်ဟု KNU ‌ပြော

2661
‌ကေအဲန်ယူ အ‌ထွေ ‌ထွေအတွင်း ‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူး( Photo_KIC)


နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

လက်ရှိမြန်မာအစိုးရ အ‌နေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် အမှုရင်ဆိုင်သွားမည့် ကိစ္စရပ်အ‌ပေါ် အ‌ခြေခံ၍ ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာအ‌ကောင်အထည်‌ဖော်ရန် လိုအပ်‌ကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံး က ‌ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအ‌နေဖြင့် ကုလသမဂ္ဂ(UN) ၏ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ် ခြင်းဆိုင်ရာ သ‌ဘောတူညီချက်ကို လက်မှတ်‌ရေးထိုးထားသည့်အ‌လျောက် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှု အ‌ပေါ် ICJ တရားရုံးတွင် ရင်ဆိုင်သွားမည့်အ‌ပေါ် ‌ကေအဲန်ယူအ‌နေဖြင့် ကြိုဆို‌ထောက်ခံပြီး သ‌ဘောတူညီ ချက်ပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ အ‌ကောင်အထည်‌ဖော်သွားရန် လိုအပ်‌ကြောင်း ‌ကေအဲန်ယူ အ‌ထွေ ‌ထွေအတွင်း ‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ယခုလို‌ပြောသည်။

“ အခုကျ‌နော်တို့ကြားတာက အစိုးရကသွားမယ်။ ICJ နဲ့ပတ်သက်ပြီးသွား‌ဖြေရှင်းမဲ့အ‌ပေါ်မှာ‌တော့ ကျ‌နော်တို့ ကြိုဆိုတယ်။ သူတို့ ဒီအ‌ပေါ်မှာ သ‌ဘောတူလက်ခံပြီး သွား‌ရောက် ‌ဖြေရှင်းမဲ့အ‌ပေါ်မှာ အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ကျ‌နော်တို့ မြင်ရတာ‌ပေါ့။ ဒါ‌ပေမဲ့ တစ်ဆက်ထဲမှာပဲ ပြစ်မှုကျူးလွန်တဲ့သူ‌တွေအ‌ပေါ်မှာလည်း သူတို့အ‌နေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသွားဖို့လည်း လိုအပ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ၏ ဥပ‌ဒေပြန်ဋ္ဌာန်းချက်များထဲတွင် လူ့အခွင့်အ‌ရေးစံချိန်စံညွှန်းများကို ပြန်လည် ဆန်းစစ်ရန် လိုအပ်ပြီး နိုင်ငံတကာမှ ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်း နှင့် မည်မျှကိုက်ညီမှုရှိ‌ကြောင်းကို ပြန်လည်ဆန်း စစ်ရန်လိုအပ်‌ကြောင်းလည်း ပဒို ‌စောတာဒိုမူးက ဆက်‌ပြောသည်။

မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်အတွင်း ‌နေရပ်စွန့်ခွာသည့်လူမျိုးစုအ‌ပေါ် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ် ‌ပေါင်များစွာ ပြုလုပ်ခြင်း၊ လူမျိုးစုများ၏ တရားဝင်ရပိုင်ခွင့်များအ‌ပေါ်‌ပေးရန် ငြင်းဆန်ခြင်း၊ ၎င်းတို့အ‌ပေါ် ဆန့်ကျင်သည့် အမုန်းတရားများကို ဝါဒဖြန့်ခြင်း အစုအဖွဲ့တစ်ခုအ‌နေဖြင့် ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂ(UN) ၏ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ် ခြင်းဆိုင်ရာ သ‌ဘောတူညီချက်ကို လက်မှတ်‌ရေးထိုးထားသည့် နိုင်ငံဖြစ်သလို နိုင်ငံ‌ပေါင်း ၅၇ နိုင်ငံပါဝင်သည့် အစ္စလမ်းမစ်ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးအဖွဲ့ -OIC၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ကာ OIC ကိုယ်စား တရားစွဲဆိုခြင်းလည်းဖြစ်သည်။

တရားစွဲဆိုမှုကို ဒီဇင်ဘာ ၁ဝ ရက်နှင့် ၁၂ရက်အထိ နှစ်ဖက်နိုင်ငံများ၏ ‌လျှောက်ထားချက်များကို ၃ရက် ကြားနာသွားမည်ဟု ICJက ရုံးချိန်းရက်များကို ထုတ်ပြန်ထားသည်။ မြန်မာနို်င်ငံအ‌နေဖြင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်မှ ဦး‌ဆောင်၍ သွား‌ရောက် ရင်ဆိုင်‌ဖြေရှင်းသွားမည် ဖြစ်‌ကြောင်း လည်း မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်‌ပြောဆိုထားသည်။

လက်ရှိ တရား‌ရေးကိစ္စရပ်‌ပေါ်‌ပေါက်လာခြင်းသည် နိုင်ငံတွင်းလူ့အခွင့်အ‌ရေး စံချိန်စံညွှန်း သတ်မှတ်မှုမှာ နိုင်ငံတကာနှင့် ကိုက်ညီမှုမရှိ‌ကြောင်းကို အစိုးရအ‌နေဖြင့် ဝန်ခံလက်ခံသွားရမည်ဖြစ်သလို နိုင်ငံတွင်း ဥပ‌ဒေ များကို ပြန်လည်ပြုပြင်၍ ကွန်ဗန်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်ခုအ‌နေဖြင့် ပြဋ္ဌာန်းချက်ပါ ဥပ‌ဒေ များအတိုင်း တာဝန် ယူမှု တာဝန်ခံမှု အ‌ရေးယူ‌ဆောင်ရွက်မှုနှင့် လိုက်နာ‌ဆောင်ရွက်မှုများကိုပါ လုပ်‌ဆောင်သွားရန် လိုအပ်‌ကြောင်း ‌ကေအဲန်ယူက တိုက်တွန်းထားသည်။

“ တရားစွဲဆိုမှုက ‌ပြောရမယ်ဆိုရင် ဒီလိုမျိုးကျူးလွန်မှု‌တွေ ဖြစ်မလာဖို့ အကာအကွယ်ပြုရမယ်ဆိုတာမျိုးဖြစ်ပြီး တကယ်လို့ ဖြစ်လာပြီးဆိုရင် တကယ်ကျူးလွန်တဲ့သူ‌တွေကို အ‌ရေးယူဖို့ဆိုတာက ရှိရမှာပဲ။ ဒီနှစ်ခုအ‌ပေါ်မှာ ‌တော့ အစိုးရက ကြိုတင်စဉ်းစားထားရမှာပဲ” ဟု ပဒို‌စောတာဒိုမူးက ‌ပြောသည်။

ထို့်အပြင် အစိုးရအ‌နေဖြင့် လက်ရှိ ကိစ္စရပ်အ‌ပေါ်အ‌ခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ နှင့် ၎င်းနှင့်အတူ လိုက်ပါဖြစ်‌ပေါ်လာသည့် ဥပ‌ဒေများကို ပြန်လည်ဆန်းစစ်ပြီး နိုင်ငံတကာ လူ့အခွင့်အ‌ရေး စံချိန်စံညွှန်းဥပ‌ဒေ အတိုင်း ပြုပြင်‌ပြောင်းလဲသွားရန် ‌ကေအဲန်ယူက ‌မျှော်လင့်ပြီး ‌မြောက်ပိုင်းနယ်စပ်နှင့် ရခိုင်ပြည်နယ် နယ်စပ် ‌ဒေသမှ လုပ်‌ဆောင်ချက်များကို ရပ်တန့်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းမှုကို ဆန္ဒရှိရှိ ‌ကြေညာသွားရန် လည်း KNUက အကြံပြု‌ပြောဆိုခဲ့သည်။

အလားတူ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)အပါအဝင်နှင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနား နိုင်ငံ၏ (Federal District Court) တွင်လည်း မြန်မာ့တပ်မ‌တော် ထိပ်ပိုင်း‌ခေါင်း‌ဆောင်အပါအဝင် ငြိမ်းချမ်း‌ရေး နိုဘယ် ဆုရှင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ယခင်သမ္မတ‌ဟောင်း ဦးသိန်းစိန်၊ ဦးထင်‌ကျော်နှင့် လက်ရှိ သမ္မတ ဦးဝင်းမြင့်တို့ကို ရိုဟင်ဂျာ ၇ သိန်း‌ကျော်ကို ‌မောင်းထုတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးစု ဖြစ်တည်မှုအ‌ပေါ် ခြိမ်း‌ခြောက်မှု စသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံထားရပြီး ICJ အမှုမှလွဲ၍ ကျန်အမှုများကို ရင်ဆိုင်‌ဖြေရှင်း သွားမည်မဟုတ်‌ကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာနက ‌ပြောဆိုထားသည်။

ICC အမှုကို ဘဂင်္လာ‌ဒေ့ရှ် နိုင်ငံမှ တရားလိုပြု တိုင်တန်းထားခြင်းဖြစ်ပြီး အာဂျင်တီးနားနိုင်ငံတရားရုံး၌မူ ရိုဟင် ဂျာ လူ့အခွင့်အ‌ရေးအဖွဲ့နှင့် ‌သောမတ်အို‌ဟေး ကင်တားနားတို့ ဦး‌ဆောင်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။