Home သတင်း အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး ၁၆ ရက်တာလှုပ်ရှားမှု မူ‌တြော်ခရိုင်တွင် ကျင်းပ

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး ၁၆ ရက်တာလှုပ်ရှားမှု မူ‌တြော်ခရိုင်တွင် ကျင်းပ

2483
ဒွဲလိုးမြို့နယ်၊ ကွီးတမ‌ကျေးရွာတွင် ကျင်းပသည့် အမျိုးသမီးများ အ‌ပေါ် အကြမ်းဖက်မှု ပ‌ပျော်‌ရေး လှုပ်ရှားမှု (Photo-kic)

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသမီးအစည်းအရုံး-KWO က ဦး‌ဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတ‌တြော် (ဖာပွန်)ခရိုင်(တပ်မဟာ ၅ )၊ ဒွဲလိုးမြို့နယ်၊ ကွီးတမ‌ကျေးရွာတွင် နိုဝင်ဘာ ၂၅ ရက်‌နေ့တွင် စတင် ကျင်းပသည်။

KWO ၏ အမျိုးသမီးနှင့် က‌လေးသူငယ်များအ‌ပေါ် နည်းမျိုးစုံအကြမ်းဖက်မှု ‌ကျေးရွာအတွင်း ၁၆ ရက်တာ လှုပ် ရှားမှုတွင် အမျိုးသားများ ပူး‌ပေါင်းပါဝင်မှု အား‌ကောင်းလာသည်ကို ‌တွေ့ရှိရသည်ဟု KWO ဗဟို အလုပ်မှု ‌ဆောင်၊ လူမှု‌ရေးတာဝန်ခံ ‌နော်ဒါးဒါးမုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ အရင်ကဆို ဒီလိုလုပ်တာ အမျိုးသမီးအလုပ်။ သူတို့နဲ့ မဆိုင်ဘူး။ တချို့အမျိုးသား တာဝန်ရှိသူ ‌ခေါင်း‌ဆောင် ‌တွေက အဲလိုမြင်ကြတယ်။ မပူး‌ပေါင်းကြဘူး။ ဒီ‌နေ့အ‌ခြေအ‌နေ ပြန်ကြည့်‌တော့ သူတို့သ‌ဘော ‌ပေါက်လာ တယ်။ အကြမ်းဖက်တဲ့လူ‌တွေက အမျိုးသားများတဲ့အတွက် သူတို့နားလည်လာ‌တော့ ပူး‌ပေါင်းပါဝင်‌ပေးတယ်။ ဒီပွဲအရ ကြည့်မယ်ဆိုရင် အမျိုးသားပါဝင်မှု များလာတာကို‌တော့‌တွေ့ရတယ်” ဟု ‌နော်ဒါးဒါဒမုက ‌ပြောသည်။

အဆိုပါ ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်မှ စတင်ပြီး ဒီဇင်ဘာ ၁ဝ ရက်အထိ ‌ဒေသအသီးသီး ရှိ အမျိုးသမီးအဖွဲ့များဦး‌ဆောင်ကာ လှုပ်ရှားမှုကျင်းပပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် KNU ခရိုင် ၇ ခု တွင် လည်း လှုပ်ရှားမှု ပြန်လည်မျှ‌ဝေသွားရန် အစီစဉ်ရှိသည်ဟု KWO ထံမှ သိရသည်။

ဒွဲလိုးမြို့နယ်၊ ကွီးတမ‌ကျေးရွာတွင် ကျင်းပသည့် အမျိုးသမီးများ အ‌ပေါ် အကြမ်းဖက်မှု ပ‌ပျော်‌ရေး လှုပ်ရှားမှု (Photo-kic)

ပွဲတွင်တက်‌ရောက်လာသူ ဒွဲလိုးမြို့နယ်၊ ဥက္ကဌ ‌စောဒို့ဝါးမူးက“ကျ‌နော်တို့မြို့နယ်မှာ အမျိုးသမီးအကြမ်းဖက်မှု အမျိုးမျိုး‌တွေ့ရတယ်။ အိမ်တွင်းအကြမ်းဖက်မှုများတယ်လို့ ‌ပြောလို့ရတယ်။ လာတိုင်ရဲတဲ့ လူ‌တွေကို ‌ဖြေရှင်း ‌ပေးရ တာ‌တွေလည်းရှိတယ်။ တချို့ကမတိုင်ရဲကြဘူး။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအတွက် ဘာလုပ် ‌ပေးရ မလဲ။ KWOနဲ့ ဘယ်လို ပူး‌ပေါင်းရမလဲ ‌နောက်ဆိုရင် စီစဉ်ရတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွီးတမရွာတွင် ကျင်းပပြုလုပ်သည့် ၁၆ ရက်တာ လှုပ်ရှားမှု‌နေ့သို့ ‌ဒေသတွင်းဘာသာ‌ရေး‌ခေါင်း‌ဆောင်များ KNU ခရိုင် ၇ ခုက အမျိုးသမီးများအပါအဝင် ‌ဒေသအတွင်းရှိ အမျိုးသားများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ၊ KNU ဗဟိုအဆင့်တာဝန်ရှိသူများ၊ မူတ‌တြော် ခရိုင် တာဝန်ရှိသူများ၊ ဒွဲလိုးမြို့နယ် တာဝန်ရှိသူများနှင့် ‌ဒေသ အတွင်း ရှိ KNU တပ်ဘက်ဆိုင်ရာ တပ်သားများ ပူး‌ပေါင်းပါဝင် တက်‌ရောက်ခဲ့သည်။

အဆိုပါ ၁၆ ရက်တာလှုပ်ရှားမှုကို KWO က ၂၀၁ဝ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်။ ‌သော်လည်း နယ်စပ်ရှိ ဒုက္ခသည် စခန်းများ၌သာ ကျင်းပနိုင်ခဲ့‌သော်လည်း ယခင်နှစ်မှစတင်၍ KNU၊ သထုံခရိုင်၊ တပ်မဟာ ၁ တမို‌ဒေါ ‌ကျေးရွာတွင် ပထမကြိမ်ဖြင့် ပြန်လည်ကျင်းပခဲ့သည်။ ယခုနှစ်တွင် KNU ခရိုင်အတွင်း ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်‌ကြောင်းသိရသည်။