Home ဆောင်းပါး ၂၀၂ဝ ‌ရွေး‌ကောက်ပွဲနှင့် ကရင်နိုင်ငံ‌ရေးပါတီများ

၂၀၂ဝ ‌ရွေး‌ကောက်ပွဲနှင့် ကရင်နိုင်ငံ‌ရေးပါတီများ

4389

မန်းမင်းရဲ‌ထွေး
(‌အောက်တိုဘာ ၁၅၊ ၂၀၁၉ ခုနှစ်)

၂၀၂ဝ ‌ရွေး‌ကောက်ပွဲကြီး နီးလာပြီ။ တစ်နှစ်သာ လို‌တော့သည်။ နိုင်ငံ‌ရေးပါတီများ လှုပ်ရှားလာကြပြီ။ ကရင်နိုင်ငံ‌ရေး ပါတီ ‌လေးပါတီရှိသည်။ ကရင်ပြည်နယ်အတွင်းက နှစ်ပါတီဖြစ်ကြသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ(KNDP)နှင့် ပြည်နယ်ပြင်ပ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP) တို့ ဖြစ်ကြသည်။
ယခင် ‌ခြောက်ပါတီရှိခဲ့ရာမှ ပြည်နယ်အတွင်းက သုံးပါတီ‌ပေါင်းလိုက်၍ ‌လေးပါတီ ကျန်ခဲ့ခြင်းဖြစ်သည်။ ကရင်နိုင်ငံ‌ရေးပါတီများ တစ်ပါတီတည်း ‌ပေါင်းစည်းဖြစ်‌အောင် ကြိုးပမ်း‌ဆောင်ရွက်ခဲ့သည်မှာ (၉)ကြိမ်မျှ ရှိခဲ့သည်။ ယခုထိ မ‌အောင်မြင်နိုင်‌သေး‌ပေ။

‌ပေါင်းစည်းခြင်းရည်ရွယ်ချက်
၂၀၁၅ ‌ရွေး‌ကောက်ပွဲတုန်းက ကရင်ပြည်သူ့ပါတီ(KPP)ရဲ့ ပြည်နယ်လွှတ်‌တော်တစ်‌နေရာကလွဲလို့ ဘယ်ပါတီမှ အနိုင် မရခဲ့ကြပါ။ ဘာ့‌ကြောင့် ရှုံးလဲ။ အ‌ဖြေထုတ်ကြတာက‌တော့ တစ်ပါတီတည်းမဖြစ်လို့ ကရင်မဲဆန္ဒရှင်များ မဲ‌ပေးရာတွင် ပါတီများ ၍ ‌ဝေခွဲမရခြင်း၊ မဲပြန့်ခြင်း‌ကြောင့်ဟု ‌ကောက်ချက်ချကြသည်။ တစ်ပါတီတည်း မ‌ပေါင်းစည်းနိုင်လျှင် ဘယ်‌တော့မှ ‌ရွေး‌ကောက် ပွဲနိုင်လိမ့်မည် မဟုတ်။ ‌ရွေး‌ကောက်ပွဲနိုင်မှ ကရင့်အ‌ရေးကို လွှတ်‌တော်ထဲဝင်၍ အ‌ရေးဆိုနိုင်မည်။ ‌ကောင်း‌သောရည်ရွယ်ချက် ပါ။
NLD ကို တစ်ခဲနက် မဲ‌ပေးခဲ့သည့် ကရင်မဲဆန္ဒရှင်များကလည်း ကရင်တစ်ပါတီတည်းဖြစ်လျှင် ကရင်ပါတီကို ပုံ‌အော၍ မဲ‌ပေးမည်ဟု ‌ပြောသံဆိုသံများကလည်း အွန်လိုင်းတွင်‌ရော၊ အပြင်‌လောကတွင်ပါ ‌တွေ့မြင်ကြားသိ‌နေရသည်။ ဒါ‌ကြောင့် ‌ပေါင်း မှ ဖြစ်မည်။ ‌ပေါင်းမှ နိုင်မည်။

သ‌ဘောတူညီချက်များ
‌ပေါင်းလို့မရသည်မှာ မူဝါဒ မတူညီခြင်း၊ ‌နောက်ခံမဟာမိတ် မတူညီခြင်းနှင့် နိုင်ငံ‌ရေးပါတီကြီးများနှင့် ‌ကျော‌ထောက် ‌နောက်ခံ မတူညီကြ‌သော‌ကြောင့် ဖြစ်သည်။ ရခိုင်ပါတီနှင့် မွန်ပါတီတို့ ‌ပေါင်းပြီးကာမှ အထက်ပါ အ‌ကြောင်းအချက်များ‌ကြောင့် နှစ်ပါတီ‌ပေါင်းပြီး သုံးပါတီ၊ ‌လေးပါတီ ဖြစ်သွားကြသည်။ ‌ပေါင်းစည်းနိုင်ဘို့ရန် စိတ်ရှည်ရမည်။ အချိန်ယူရမည်။ ‌ပေါင်းစည်းမှုကို ‌တော့ ပါတီအားလုံးက လက်ခံထားကြသည်။ မ‌ပေါင်းစည်းနိုင်‌သေးသည့် ကြားကာလတွင် ကရင်နိုင်ငံ‌ရေးပါတီများသည် –
၁။ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပူး‌ပေါင်းပါဝင်ကြမည်။
၂။ အမျိုးသား‌ရေးကဏ္ဍများတွင် အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်ကြမည်။
၃။ မတရားမှုနှင့် ရင်ဆိုင်ကြရ‌သော ကရင်ပြည်သူများအား အတူတကွ ကူညီ‌ဆောင်ရွက်မည်။
၄။ ၂၀၂၀‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်‌မြေတစ်ခုတည်းတွင် ထိပ်တိုက် ဝင်‌ရောက်မယှဉ်ပြိုင်ဘဲ တစ်ပါတီနှင့် တစ်ပါတီ ‌ရှောင်ပြီး ဝင်‌ရောက်ယှဉ်ပြိုင်ကြမည်။

ပါတီမူဝါဒနှင့် ဖက်ဒရယ်
၂၀၁၅ ‌အောက်တိုဘာ ၁၅ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ချုပ်ဆိုပြီးချိန်တွင် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်မည်ဟူ‌သော အချက်သည် တိုင်းရင်းသားများ အနှစ်နှစ် အလလက ဆာ‌လောင်ငတ်မွတ်‌နေ‌သော၊ လိုလား‌တောင့်တ‌နေ‌သော နိုင်ငံ‌ရေး ‌မျှော်လင့်ချက်ကြီးတစ်ခု ‌ပေါ်‌ပေါက်လာသဖြင့် ဖက်ဒရယ်မူ ဝါဒနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးက နိုင်ငံ‌ရေးပါတီများကို သင်တန်း‌ပေး ‌ဟော‌ပြောလာခဲ့ကြသည်။
ဖက်ဒရယ်သည် ခွဲ ထွက်‌ရေးဖြစ်သည်ဟု ဝါဒမှိုင်းတိုက်၍ လှည့်စားရုံသာမက ဖက်ဒရယ်အ‌ရေး ‌တောင်းဆိုသူများကို ပင် နှစ်ရှည်လများ ‌ထောင်သွင်းအကျဉ်းချခဲ့သည်များ သာဓကအမှန် ရှိခဲ့သည်။ သင်တန်း‌ပေးသူများက ဖက်ဒရယ်ပုံစံ အမျိုးမျိုး ကို ချပြ၍ သင်ကြားပို့ချကြသည်။ ‌ဒေသနှင့်သွားသည့် ဖက်ဒရယ်၊ လူမျိုးစုပြည်နယ်များနှင့်သွားသည့် ဖက်ဒရယ် စသည်တို့ကို သင်ကြားပို့ချပြီး မိမိတို့နိုင်ငံသည် ယခုလက်ရှိ အ‌ခြေအ‌နေ တိုင်းနှင့် ပြည်နယ် ၁၄ခုဖြင့် ‌ဒေသဖြင့်သွားသည့် ဖက်ဒရယ်နှင့်သွား မည်လား။ လူမျိုးစုပြည်နယ်များနှင့် ဖွဲ့စည်းတည်‌ထောင်သည့် ဖက်ဒရယ်နှင့်သွားမည်လားဆိုသည်ကို ဝိဝါဒ ကွဲကြပြန်သည်။ ထို အထဲတွင် ကရင်နိုင်ငံ‌ရေးပါတီများလည်း ဖက်ဒရယ်မူဝါဒအတွင် သ‌ဘောထားများ တစ်ထပ်တည်းမကျကြရ‌ပေ။

ဘယ်သူ့လက်‌အောက်ခံလဲ
မဲဆန္ဒရှင် ကရင်ပြည်သူများသည် မိမိမဲ‌ပေးမည့် ကရင်နိုင်ငံ‌ရေးပါတီများ၏ မူဝါဒသ‌ဘောထားများကို ကြိုတင်‌လေ့လာ သိရှိရန် လိုအပ်ပါသည်။ မိမိတို့ကရင်ပါတီကို မဟုတ်ဘဲ အခြားပါတီကို မဲ‌ပေးမည်ဆိုလည်း ၎င်းတို့၏ မူဝါဒသ‌ဘောထားများကို သိရှိထားရမည်။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ ကရင်နိုင်ငံ‌ရေးပါတီ သုံးပါတီဖြစ်ကြသည့် ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဒီမိုက‌ရေစီပါတီ(KSDDP)ဟူ၍ စတင်‌ပေါ်‌ပေါက်လာရာ ပါတီအ သီးသီးက ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည်။
သည်အချိန်ခါတုန်းက ဖက်ဒရယ်ဆို‌သော ‌ဝေါဟာရသည် လွတ်လပ်ပွင့်လင်းစွာ မ‌ပေါ်‌ပေါက်‌သေးပါ။ ဖက်ဒရယ်ကို ‌ပြောမိလျှင် အဖမ်းခံရမည်စိုး၍ ‌ဝေး‌ဝေးက ‌ရှောင်ကြသည်။ မိမိတို့ပါတီမူဝါဒကို ဖက်ဒရယ်၏ အဓိပ္ပါယ်ဖွင့်ဆိုသည့် တန်းတူညီမျှ ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဟူ‌သော သ‌ဘောကို မထည့်ဝံ့သည်လား၊ မိမိ‌နောက်ခံပြုသည့် ပါတီကြီး သို့မဟုတ် အဖွဲ့အစည်းက မကြိုက်၍ မထည့်သည်လား မ‌ပြောတတ်။ ဖက်ဒရယ်နှင့်ဆိုင်သည့် မူဝါဒကို မ‌တွေ့ရ‌ပေ။
သို့ရာတွင် ၂၀၁၄‌နောက်ပိုင်းထူ‌ထောင်သည့် ကရင်အမျိုးသားပါတီနှင့် ကရင်ပြည်နယ်တွင် ‌နောက်မှ‌ပေါင်းစည်းလိုက် ‌သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့တွင် ဖက်ဒရယ်မူဝါဒ အ‌ငွေ့အသက်များ ‌တွေ့မြင်ရသည်။ ယခင်က ဖက်ဒရယ်ဟူ ‌သော ‌ဝေါဟာရသုံးစွဲသူများကို ခွဲထွက်‌ရေးသမားများဟု စွပ်စွဲပြီး ၎င်းတို့ကို ကြီး‌လေး‌သောအပြစ်ဒဏ်များ ‌ပေးကြသည်။ ယခု ထိ ဖက်ဒရယ်တ‌စ္ဆေ ‌ခြောက်လှန့်ခံ‌နေရသည့် နိုင်ငံ‌ရေးပါတီများ ရှိ‌နေ‌သေးသည်။ “ဖက်ဒရယ်လို့‌ပြောရင် အရူးပဲ”ဟု ပါတီ‌ခေါင်း ‌ဆောင်တစ်ဦးက သူ့ပါတီဝင်ကို ‌အော်ဟစ်‌ငေါက်ငမ်းဘူးသည်။

မီဒီယာ‌ပေါ်က KPP သ‌ဘောထား
၂၀၁၉ ‌အောက်တိုဘာ ၁ဝရက်‌နေ့က KIC သတင်းစဉ်တွင် ကရင်ပြည်သူ့ပါတီ၏ ဒု-ဥက္ကဌ ‌စော‌စေးဝါးညွှန့်က ကရင် ပြည်သူ့ပါတီအ‌နေဖြင့် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင့်‌ရေးရာဝန်ကြီး ငါး‌နေရာစလုံး ဝင်‌ရောက်ယှဉ်ပြိုင်မည့်အပြင် မွန် ပြည်နယ်တွင် သထုံနှင့် ကရင်ပြည်နယ်တွင် သံ‌တောင်ကြီး၊ ဖာပွန်တို့တွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် စီစဉ်‌နေသည်ဟု ‌ပြောကြား ခြင်းသည် ညီ‌နောင်ကရင်ပါတီများနှင့် ရယူထားသည့် သ‌ဘောတူညီချက်များနှင့် ဆန့်ကျင်‌နေပြီး စိန်‌ခေါ်‌နေသကဲ့သို့ ဖြစ်‌နေ သည်ကို ‌တွေ့မြင်ရသည်။ ‌ရွေး‌ကောက်ပွဲနီးလာမှ ‌ဆွေး‌နွေးညှိနှိုင်းကြမည်လားဆိုတာ ‌စောင့်ကြည့်ရ‌ပေအုံးမည်။

ညွန့်‌ပေါင်းရင် ဘယ်သူနဲ့‌ပေါင်းမလဲ
နို်င်ငံ‌ရေးပါတီကြီးများ၏ ဩဇာခံ‌သော သို့မဟုတ် ‌မွေးမြူခြင်းခံရ‌သော တိုင်းရင်းသားပါတီအချို့ ရှိသည်။ NLD က‌တော့ မည်သည့်တိုင်းရင်းသားပါတီနှင့်မျှ မဟာမိတ်မလုပ်ဟု ဆိုထားသည်။ NLD သည် အစိုးရသက်တမ်းကာလတွင် လူကြိုက်နည်းလာမှု‌ကြောင့် လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲက‌လောက် အနိုင်ရရှိမည်မဟုတ်ဟု ခန့် မှန်း‌ပြောဆို‌နေကြသည်။ အကယ်၍ NLD သည် အစိုးရဖွဲ့နိုင်‌လောက်သည့် ရလဒ်မရရှိခဲ့လျှင် အနိုင်ရ တိုင်းရင်းသားပါတီများမှ မည်သည့်ပါတီနှင့် ‌ပေါင်းမည်နည်း။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲလိုပင် ‌သောင်ပြိုကမ်းပြို ရလိမ့်ဦးမည်ဟု ‌တွေးထင်ထားပုံ‌ပေါ်သည်။
ပြည်ခိုင်ဖြိုးပါတီက ညွှန့်‌ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့လျှင် တိုင်းရင်းသားပါတီများနှင့် ချိတ်ဆက်ထားပြီး ဖြစ်‌ပေလိမ့်မည်။ ‌ကောင်းပါပြီ။ အကယ်၍ ဤအခင်းအကျင်းမျိုး ဖြစ်လာခဲ့လျှင် မဲဆန္ဒနယ်‌မြေ အနည်းငယ် အနိုင်ရ ကရင်နိုင်ငံ‌ရေးပါတီများအ ‌နေဖြင့် နိုင်ငံ‌ရေးပါတီကြီးတစ်ခုခုက ညွှန့်‌ပေါင်းအစိုးရဖွဲ့ရန် လာ‌ရောက်ချိတ်ဆက်ခဲ့လျှင် မည်သည့်ပါတီကြီးကို လက်ခံမည် နည်း။ လက်မခံဘဲ အထည်းတည်း‌နေမည်လား။ ကရင်အမျိုးသား‌ရေးကို ကူညီ‌ဆောင်ရွက်‌ပေးမည့် ပါတီကို လက်ခံမည်ဟု လည်း ကရင်ပါတီတစ်ခု၏ ‌ပြောဆိုသံကို ကြားခဲ့ရဖူးသည်။
တိုင်းရင်းသားအ‌ရေးကို လွှတ်‌တော်တွင်း ‌ဆွေး‌နွေးတင်ပြခွင့်ရရန် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ အနည်းဆုံး ၂ဝရာ ခိုင်နှုန်း အနိုင်ရရှိရန် လိုအပ်သည်။ လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် လိုအပ်သည့် ရာခိုင်နှုန်း ရရှိနိုင်‌သော်လည်း တိုင်းရင်း သားနိုင်ငံ‌ရေးပါတီများ အချင်းချင်း မူဝါဒလမ်းစဉ်၊ ‌နောက်ခံမဟာမိတ်နှင့် အကျိုးစီးပွားများ၊ မက်လုံးများ မတူညီမှု‌ကြောင့် တစ် ‌သွေးတည်း၊ တစ်သံတည်းဖြစ်ဘို့ရန် ခဲယဉ်းပြန်သည်။
ကရင်နိုင်ငံ‌ရေးပါတီများကို ကြည့်ပြန်လျှင်လည်း မူဝါဒ၊ ‌နောက်ခံမဟာမိတ်နှင့် လာရာ၊ လားရာ မတူညီမှုများ‌ကြောင့် တစ်ပါတီတည်းအ‌နေဖြင့် ကရင့်အ‌ရေးကို လွှတ်‌တော်သို့ သယ်‌ဆောင်သွားသည့်အခါ သူတစ်ပါးကို ပုခုံးချင်းယှဉ် ဝင်တိုးနိုင်မည် လား။ ပါတီကြီးများ ဩဇာခံရင်း လွှတ်‌တော်သက်တမ်းတစ်ခုတွင် အချိန်ကုန်ဆုံးသွားမည်လား။
တစ်‌လောက ‌ပေါင်းစည်းထားသည့် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများဖြစ်ကြသည့် ချင်း၊ ကချင်၊ ကရင်၊ မွန်နှင့် ကယားပါ တီများသည် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(United Nationalities Alliance-UNA)နှင့် ညီ‌နောင်တိုင်းရင်း သားများမဟာမိတ်(National Brotherhood Federation-NBF)တို့နှင့် လာ‌ရောက် ‌တွေ့ဆုံခဲ့ကြသည်။ ထို‌ပေါင်းစည်းထား‌သော တိုင်းရင်းသားပါတီများသည် ယခင်က မူဝါဒ မတူ၊ ‌နောက်ခံမဟာမိတ် မတူ၊ လာရာနှင့် လားရာမတူသည့် ပါတီများဖြစ်ကြသည်။ သူတို့ မည်သို့‌သော ဘုံသ‌ဘောတူညီချက်ဖြင့် ‌ပေါင်းစည်းနိုင်ကြပါသနည်း။ နိုင်ငံ‌ရေးတွင် အားနာ၍ မရပါ။ ခွင့်လွှတ်၍ ရသည်။ ‌မေ့‌ပျောက်ထား၍ မရနိုင်ပါ။ မည်သို့ စခန်းသွားကြမည်နည်း။ ‌ရွေး‌ကောက်ပွဲပြီးလို့ အနိုင်ရပါမူ အာဏာရာထူးနှင့် ပတ်သက်လာ သည့်အခါ ကနဦး သ‌ဘောတူညီချက်များကို ပြန်လည် သတိရကြပါမည်လား။ စိတ်ဝမ်းကွဲမှုနှင့်အတူ စည်းလုံးမှုများလည်း ပြိုကွဲ သွားနိုင်ပါသည်။
ကိုယ့်ကရင်တိုင်းရင်းသား တစ်မျိုးတည်းသာမဟုတ်။ ဖက်ဒရယ်အ‌ရေးအတွက်ဆိုလျှင် တိုင်းရင်းသားအားလုံး မူဝါဒ တူ၊ ရည်ရွယ်ချက်တူ တစ်သံတည်းဖြင့် စည်းလုံးညီညွှတ်ဘို့ လိုပါသည်။ နှစ် ၇ဝကြာမျှ လည်ပင်းအနင်းခံထားရသည်။ ‌နောက် ထပ်ပြီး ဆက်အနင်းခံကြဦးမည်လား။
နိုင်ငံ‌ရေးအမြင်ကျယ်ကျယ်ဖြင့် နိုင်ငံ‌ရေးခရီး ရွက်လွှင့်ကြပါရန် … ။