Home သတင်း မည်းနက်သည့် ‌ရေများဓာတ်ခွဲစစ်‌ဆေးမှုတွင် တစ်စုံတစ်ခုဖြစ်ပါက စက်ရုံကို တရားစွဲဆိုသွားမည်ဟု ပြည်နယ် ဝန်ကြီးချုပ်‌ပြော

မည်းနက်သည့် ‌ရေများဓာတ်ခွဲစစ်‌ဆေးမှုတွင် တစ်စုံတစ်ခုဖြစ်ပါက စက်ရုံကို တရားစွဲဆိုသွားမည်ဟု ပြည်နယ် ဝန်ကြီးချုပ်‌ပြော

3007

‌အောက်တိုဘာ ၁၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်၊ ဘားကပ်‌ကျေးရွာအုပ်စုရှိ နတ်ကုန်း‌ကျေးရွာတွင် မည်းနက်လာသည့် ‌ရေ‌ကြောင့် ရွာခံများ၏ စိုးရိမ်မှုမြင့်တက်‌နေသည့်အ‌ပေါ်‌ရေနမူနာကို ဓာတ်ခွဲစစ်‌ဆေးမှုများ ပြုလုပ်‌နေပြီး တစ်စုံတစ် ခုဖြစ်ပါက စက်ရုံကို တရားစွဲဆိုသွားမည်ဟု ‌အောက်တိုဘာလ ၁၂ ရက်‌နေ့က ရွာသားများနှင့်‌တွေ့ဆုံစဉ် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောဆို လိုက်သည်။

‌ဒေသခံများအ‌နေဖြင့် ယခုလို ‌ရေများ မည်းနက်လာခြင်းမှာ အနီးအနားရှိ မြိုင်က‌လေး တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံက စုပုံထား‌သော ‌ကျောက်မီး‌သွေးများ‌ကြောင့်ဖြစ်သည်ဟု ‌ဝေဖန်‌ပြောဆိုမှုများရှိ လာသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ဝန်ကြီးချုပ်က“ ပြည်သူ‌တွေကို ကျမ‌ပြောချင်တာ‌လေ တကယ်လို့ ကျမစမ်းသပ်လို့ တစ်ခုခု အမှားအယွင်း ရှိတယ်ဆိုလို့ရှိရင် အဲဒီစက်ရုံကို ကျမ တရားပြန်စွဲမှာ။ တစ်ခုပဲ ရှိတာက‌လေ ကျမတရားစွဲတဲ့အခါကျရင် ပြည်သူ‌တွေက ကျမနဲ့အတူ ပူး‌ပေါင်း‌ဆောင်ရွက်‌ပေးရမယ်။ သူတို့ ပူး‌ပေါင်း မ‌ဆောင်ရွက်ဘူး။ သူတို့ မထွက်ဆို‌ပေးရင် စွဲတဲ့သူက အလကားပဲ။”ဟု ‌ပြောသည်။

ထို့အပြင် လတ်တ‌လောတွင် အမှန်တကယ် စိုးရိမ်ရသည့် အ‌ခြေအ‌နေတွင် မရှိ‌သေးသလို ထို‌ဒေသရှိ ‌ရေများကိုလည်း နမူနာယူ ဓာတ်ခွဲစစ်‌ဆေးမှု‌တွေပြုလုပ်‌နေပြီး ရရှိလာ‌သော အ‌ဖြေများကို ‌ဒေသခံများအား အသိ‌ပေးထုတ်ပြန်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ လဆန်းပိုင်းမှစကာ ဖားအံမြို့၊ သံလွင်မြစ် အ‌နောက်ဘက်ခြမ်းရှိ နတ်ကုန်းရွာခံများ အသုံးပြု‌နေရသည့် ‌ရေများသည် ပုံမှန်မဟုတ်ဘဲ မည်းနက်လာသည့်အတွက် ‌ဒေသခံများအ‌နေဖြင့် ‌သောက်သုံးရန်၊ အသုံးပြုရန်အတွက် မဝံ့မရဲ ဖြစ်‌ပေါ်လာခဲ့ခြင်းဖြစ်သည်။

နတ်ကုန်းရွာသူ နန်းတင်မြက “‌တော်‌တော် ဒုက္ခ‌ရောက်တာ‌ပေါ့။ ချိုးဖို့လည်း ‌ကြောက်ရတယ်။ ‌သောက်ဖို့လည်း ‌ကြောက် ရတယ်။ သုံးဖို့လည်း ‌ကြောက်ရတယ်။ တိရိစ္ဆာန်‌တွေ၊ နွား‌တွေလည်း တစ်ခုခု ဖြစ်သွားရင် နှ‌မြောစရာကြီး‌ပေါ့။ ‌လျော် ‌ကြေးက ဘယ်မှာ သွားရှာရမလဲ၊ ဘယ်သူက ‌ပေးမလဲ‌ပေါ့။”ဟု‌ပြောသည်။

ထိုသို့ အ‌ခြေအ‌နေများ ဖြစ်‌ပေါ်လာပြီး‌နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အ‌နေဖြင့် ‌အောက်တိုဘာလ ၁၁ ရက် နှင့် ၁၂ ရက်‌နေ့များတွင် နတ်ကုန်းရွာ‌ဒေသခံများနှင့်‌တွေ့ဆုံပြီး ယင်း‌ဒေသမှ ‌ရေများကို ကိုယ်တိုင်‌သောက်သုံးပြမှုများနှင့် နှစ်သိမ့် အား‌ပေးမှုများလည်းပြုလုပ်ခဲ့သည်။

ထို့အပြင် ‌ရေအခက်အခဲကြုံ‌တွေ့ကြရသည့် ‌ဒေသခံရွာသားများအတွက် ပြည်နယ်အစိုးရနှင့် ‌စေတနာရှင် အလှူ ရှင်များကလည်း ‌ရေ‌ပေး‌ဝေမှုများပြုလုပ်ခဲ့ကြသည်။

ယခုလို မည်းနက်လာသည့် ‌ရေများသည် နတ်ကုန်း‌ကျေးရွာနှင့် ဆက်စပ်‌နေသည့် ‌ကျေးရွာ‌ပေါင်း ၃ဝ ဝန်းကျင်ခန့်မှာ အလားတူ အဖြစ်အပျက်များနှင့်ကြုံ‌တွေ့‌နေရသည်ဟုလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။