Home သတင်း ပြည်နယ်‌နေ့ပွဲ‌တော်လုံခြုံ‌ရေး အထူးအ‌လေးထား‌ဆောင်ရွက်သွားမည်ဟု ပြည်နယ်ရဲမှူးကြီး‌ပြော

ပြည်နယ်‌နေ့ပွဲ‌တော်လုံခြုံ‌ရေး အထူးအ‌လေးထား‌ဆောင်ရွက်သွားမည်ဟု ပြည်နယ်ရဲမှူးကြီး‌ပြော

2156

‌အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

လာမည့် နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့အခမ်းအနားအတွက် လုံခြုံ ‌ရေး‌ဆောင်ရွက်မှုများကို ယခင်နှစ်များထက် အထူးအ‌လေးထားလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးက ‌ပြောဆိုလိုက်သည်။

ယ‌နေ့ ‌အောက်တိုဘာလ ၂၆ ရက်‌နေ့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် ၆၄ ကြိမ်‌မြောက် က ရင်ပြည် နယ်‌နေ့အခမ်းအနား လုံခြုံ‌ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ‌အောင်မြတ်မိုး က ယခုလို‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

၎င်းက“ဒီနှစ်လည်းရရှိထားတဲ့ သတင်းများအရ ဖိဖိစီးစီး‌လေး‌ဆောင်ရွက်မှာဖြစ်ပါတယ်။ သတင်းအ‌နေနဲ့က‌တော့ ဖြစ်နိုင် မဖြစ်နိုင် လတ်တ‌လောသုံးသပ်‌ပြောဆိုဖို့ အခက်အခဲရှိပါတယ်။ အားလုံးသိတဲ့အတိုင်း လတ်တ‌လောဖြစ်‌ပေါ်ခဲ့တဲ့ကိစ္စ‌တွေ ဒီလိုလုံခြုံ‌ရေးဆိုင်ရာကိစ္စ‌တွေမှာ ဒီနှစ်ပွဲ‌တော်ကြီးအတွက် ယခင်က ထက်စာရင် လုံခြုံ‌ရေးကိစ္စ‌တွေကို အထူးဂရုစိုက်ရမယ့် အ‌နေအထား‌တွေ ဖြစ်ပါတယ်။ အဲဒီ‌တော့ လုံခြုံ‌ရေး အဖွဲ့ဝင်‌တွေ‌ရော ပြည်နယ်သူပြည်နယ်သား‌တွေ‌ရော အားလုံးပူး ‌ပေါင်း‌ဆောင်ရွက်‌ပေးကြပါလို့ ‌မေတ္တာရပ်ခံ ချင်ပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ကျင်းပသည့် ပွဲ‌တော်လုံခြုံ‌ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် နယ်လုံဝန်ကြီး ၊ စစ် ဖက်ဆိုင်ရာ တာဝန်ရှိသူများ၊ KNU -ကရင်အမျိုးသားအစည်းအရုံး၊ DKBA-ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် ၊ ကရင်ငြိမ်း ချမ်း‌ရေး‌ကောင်စီ-KNU/KNLA(PC) စသည့် ဆက်ဆံ‌ရေးရုံးတာဝန်ခံများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အုပ်ချုပ်‌ရေးမှူးများ အသီးသီး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် ယခုနှစ်ပွဲ‌တော်အတွက် လုံခြုံ‌ရေးအင်အားများကို ယခင်နှစ်များထက်မနည်း စီမံ ‌ဆောင် ရွက်ထားမည်ဖြစ်ပြီး အဖျက်အ‌မှောင့်လုပ်ငန်းများ တားဆီး‌ရေးအတွက် မိုင်းရှင်းလင်းခြင်း၊ CCTV ကင်မရာများ တပ်ဆင်ထားခြင်း၊ လက်နက်၊ ခဲယမ်းများနှင့် လူကို အန္တရာယ်ဖြစ်‌ပေါ်‌စေနိုင်သည့် ပစ္စည်းကိရိယာများကို ယူ‌ဆောင်ခြင်း မပြုနိုင်‌ရေး ကြပ်မတ်စစ်‌ဆေးမှုများပြုလုပ်သွားမည်ဟုလည်း သိရသည်။

၎င်းအပြင် ပွဲ‌တော်အတွင်း ‌ဈေးဆိုင်ခန်းများတွင် ‌လောင်းကစားခြင်း၊ အရက်‌သေစာ‌ရောင်းချခြင်း၊ ‌သောက်သုံးခြင်းများကို ခွင်ပြုမည်မဟုတ်‌ကြောင်းနှင့်‌တွေ့ရှိပါက အ‌ရေးယူ‌ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်‌ကြောင်းလည်း ပြည်နယ်ရဲမှူးကြီးက ‌ပြောဆိုသည်။

မကြာမီကျ‌ရောက်‌တော့မည့် ၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ကို နိုဝင်ဘာလ ၇ ရက်‌နေ့မှ ၁၁ ရက်‌နေ့အထိ ကျင်းပသွား မည်ဖြစ်ပြီး ပွဲ‌တော်လုံခြုံ‌ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပူး‌ပေါင်းပါဝင်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။