Home သတင်း စတုတ္ထအကြိမ်‌မြောက် ကရင်အမျိုးသမီး နှီး‌နှောဖလှယ်ပွဲ ၂ ရက်တာကျင်းပ

စတုတ္ထအကြိမ်‌မြောက် ကရင်အမျိုးသမီး နှီး‌နှောဖလှယ်ပွဲ ၂ ရက်တာကျင်းပ

2221

‌အောက်တိုဘာ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌ဒေသအသီးသီးရှိ ကရင်အမျိုးသမီးများပါဝင်သည့် စတုတ္ထအကြိမ်‌မြောက် ကရင်အမျိုးသမီးနှီး‌နှောဖလှယ်ပွဲကို ‌အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်‌နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်၊ ‌လေးဝါးတွင် ၂ ရက်တာ ကျင်းပပြုလုပ်လျက်ရှိသည်။

‌ဒေသအသီးသီးရှိ ကရင်အမျိုးသမီးများ ကွန်ယက်တစ်ခုအ‌နေဖြင့် ချိတ်ဆက်မှုပိုအား‌ကောင်းလာ‌စေရန်နှင့် ‌အောက်‌ခြေအမျိုးသမီးအသံများ ပိုထွက်လာ‌စေရန်အပြင် လက်ရှိနိုင်ငံ‌ရေးဖြစ်စဉ်အတွင်း ကရင်အမျိုးသမီးများ ပါဝင်လာမှုအခန်းကဏ္ဍ ပိုမိုအား‌ကောင်းလာ‌စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

နှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ‌နော်‌စေး‌စေးဟဲက “ဒီ‌ဆွေး‌နွေးက‌နေ အဓိက ‌မျှော်လင့်ချက်က ‌အောက်‌ခြေအမျိုးသမီးသံများ‌ပေါ်ထွက်ဖို့၊ အဓိကချိတ်ဆက်ဖို့ ပြီး‌တော့ ကျမတို့ ကရင်‌တွေက ကရင်ပြည်နယ်နဲ့ KNU ထိန်းချုပ်နယ်‌မြေထဲမှာပဲ မကဘူး။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်းရှိတယ်။ အဲဒါကို ကျမတို့ အမျိုး သမီး‌တွေချိတ်ဆက်သွားမယ်။ ပြီး‌တော့ ကျမတို့အမျိုး သမီး‌တွေအ‌ပေါ် အကြမ်းဖက်တာ‌တွေပ‌ပျောက်ဖို့ ကျမတို့‌တွေ ပူးတွဲလုပ်‌ဆောင်ရနိုင်ဖို့ ‌မျှော်လင့်ထားတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲတွင် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ခြေအ‌နေများဖလှယ်ခြင်း၊ လက်ရှိ ဖြစ်‌ပေါ်လျက်ရှိသည့် လယ်ယာ‌မြေပြဿနာများကို ချပြ‌ဆွေး‌နွေးဖလှယ်ခြင်း၊ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အ‌ကြောင်းရှင်းလင်းခြင်းနှင့် KNU ၏ တရားစီရင်‌ရေးဋ္ဌာနတွင် အမျိုးသမီးများအတွက် လုံခြုံ‌ရေးနှင့် ကာကွယ်‌ပေးသည့် ဥပ‌ဒေများကိုလည်း ရှင်းလင်းဖလှယ်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲသို့ တက်‌ရောက်သူ ကရင်ရွာသူကြီး‌ဟောင်း နန်းစန်းတင်က “ဒီပွဲမှာအမျိုးသမီး‌တွေက ရဲရဲ ရင့်ရင့်‌ပြောဆိုရဲကြတာ သူတို့ကို‌တွေ့‌တော့ အားရှိတယ်။ ‌နောင်တက်လာမယ့် အမျိုးသမီး‌တွေကိုလည်း ဒီလိုပွဲ မျိုးကို တက်‌စေချင်တယ်။ နိုင်ငံငြိမ်းချမ်းဖိ်ု့အတွက် ကျမတို့ အမျိုးသမီး‌တွေလုပ်‌ဆောင်နိုင်မှ ရမယ်ဆိုတာ အမျိုး သမီး‌တွေကို ‌ပြောချင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်အဖွဲ့အစည်းနှင့်‌ဒေသအသီးသီးရှိ ကရင်အမျိုးသမီးများ ချိတ်ဆက်‌ဆောင်ရွက်ရန်အတွက် ၂၀၁၈ခုနှစ် ပြုလုပ်ခဲ့သည့် တတိယကြိမ်‌မြောက် ကရင်အမျိုးသမီးနှီး‌နှောဖလှယ်တွင် ဖွဲ့စည်းထားသည့် Karen Grassroots Women Network (‌အောက်‌ခြေ ကရင်အမျိုးသမီးများ ချိတ်ဆက်မှု ကွန်ယက်)၏ ‌ရှေ့ လုပ်ငန်းစဉ်များကိုလည်း ၂ ရက်တာ ‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေးသွားခဲ့သည်ဟု သိရသည်။

‌ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှ ကရင်အမျိုးသမီးများပါဝင်သည့် ကရင်အမျိုးသမီးနှီိး‌နှောဖလှယ်ပွဲကို ပထမအ ကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယနှင့် တတိယအကြိမ်ကို ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်တွင် ‌လေးဝါး၌ ကျင်းပပြုလုပ်ခဲ့သည်။