Home သတင်း ကရင်အပါအဝင် တိုင်းရင်းစာ‌ပေ သင်ရိုးသစ်အတွက် ပထမအကြိမ် ဆရာဖြစ်သင်တန်း ဖွင့်

ကရင်အပါအဝင် တိုင်းရင်းစာ‌ပေ သင်ရိုးသစ်အတွက် ပထမအကြိမ် ဆရာဖြစ်သင်တန်း ဖွင့်

2859

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ပထမအကြိမ် တိုင်းရင်းသားဘာသာစာ‌ပေ ဆရာဖြစ်သင်တန်းကို ‌အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်‌နေ့အထိ ဖားအံမြို့၊ တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန၊ ညွှန်ကြား‌ရေးမှူးရုံး(ကရင်ပြည်နယ်) တွင် ပြုလုပ်‌နေသည်။

ကရင်နှင့်မွန်ပြည်နယ်ရှိ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စသည့် တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ‌ပေါင်း ၈ဝ ဦး‌ကျော်တက်‌ရောက်‌နေသည့် ယခုသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ သင်တန်း၏ ကရင် (ဖလုံ)စာ‌ပေတာဝန်ခံ ‌စော‌ယောင့်သာအဲဆန်က ဤသို့ ‌ပြောသည်။

“ဒီသင်တန်းက ဗဟိုနည်းပြသင်တန်းလို့‌ခေါ်မှာ‌ပေါ့‌လေ။ ဆရာတစ်‌ယောက် မိခင်ဘာသာစကားပြန်သင်ကြားတဲ့ အခါ သင်ကြား‌ရေးနည်းစနစ်ပိုင်းကို ရဖို့အတွက် ပထမအဆင့် သင်တန်းလုပ်တာ‌ပေါ့‌လေ။ ဒုတိယအဆင့်က သက်ဆိုင်ရာမြို့နယ်‌တွေမှာ ဆင့်ပွားဆရာဖြစ်သင်တန်း‌တွေ ပြန်ဖွင့်‌ကောင်း ဖွင့်လိမ့်မယ်။ ဘယ်‌နေ့လဲ ဆိုတာ ‌တော့ မ‌ပြောနိုင်‌သေးဘူး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။
အစိုးရ၊ Unicef နှင့် သက်ဆိုင်ရာတိုင်းရင်းသား စာ‌ပေအသင်းအဖွဲ့များက ဦး‌ဆောင်ပြုလုပ်ကြသည့် ယခုသင်တန်းသည် တိုင်းရင်းသားစာ‌ပေများ၏ စနစ်သစ်သင်ရိုးများအား သင်သည့်အခါ အဆင်သင့်ဖြစ်‌စေရန် ရည်ရွယ်‌ကြောင်းလည်း သိရသည်။

ဖားအံမြို့နယ်၊ သာမညရွာမှ တက်‌ရောက်လာသည့် နန်းသီရိစံက “အရင်တုန်းကဆိုရင် က‌လေးနားလည် လွယ်‌အောင်သင်ဖို့ အခက်အခဲရှိခဲ့တယ်။ ဒီသင်တန်း‌လေးတက်ခြင်းအားဖြင့် က‌လေး‌တွေ နားလည်လွယ် ‌အောင် ဘယ်လို နည်းစနစ်မှန်မှန်နဲ့ သင်ပြရမလဲဆိုတာကို ရရှိသွားတယ်။ ပြန်သင်တဲ့အခါ ကျမတို့ အခက် အခဲကိုလည်း ‌ဖြေရှင်း‌ပေးသလို က‌လေးအတွက်လည်း နားလည်လွယ်သွားမှာပါ”ဟု ‌ပြောသည်။

အစိုးရစာသင်‌ကျောင်းများတွင် လက်ရှိသင်ကြား‌နေသည့် ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စာ‌ပေများသည် မူလစနစ် ‌ဟောင်းသင်ရိုးညွန်းတမ်းပါ စာ‌ပေများဖြစ်ပြီး စနစ်သစ်သင်ရိုးကိုမူ ပြည်‌ထောင်စုအစိုးရမှ မည်သည့်စာသင်နှစ် တွင် ဖွင့်လှစ်သင်ကြားခွင့်‌ပေးမည်ကို မသိရှိရ‌သေး‌ကြောင်းလည်း သင်တန်း၏ တာဝန်ရှိသူများထံမှ သိရသည်။