Home သတင်း နာမည်ကြီး ကရင်လက်‌ဝှေ့‌ကျော်များနှင့် ထိုင်းလက်‌ဝှေ့သမားများ ပြည်နယ်‌နေ့တွင် ရင်ဆိုင်ထိုးသတ်သွားမည်

နာမည်ကြီး ကရင်လက်‌ဝှေ့‌ကျော်များနှင့် ထိုင်းလက်‌ဝှေ့သမားများ ပြည်နယ်‌နေ့တွင် ရင်ဆိုင်ထိုးသတ်သွားမည်

3169

‌အောက်တိုဘာ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် နာမည်ကြီး ကရင်လက်‌ဝှေ့ကစားသမားများပါဝင်သည့် ရိုးရာ လက်‌ဝှေ့ စိန်‌ခေါ်ပွဲကြီးကို နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်‌နေ့အထိ ဖားအံမြို့၊ သီရိကွင်း (KSC ကိုယ်ပိုင် အထက် တန်း‌ကျောင်း‌ရှေ့) တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။

နာမည်‌ကျော် ကရင်လက်‌ဝှေ့သမားများဖြစ်သည့် ဖျံ‌သွေး၊ ‌သွေးသစ်ဝင်းလှိုင်၊ ‌စောဘဦး၊ ရန်နိုင်‌အောင်၊ ‌နော်ဥမ္မာစိုးတို့က ထိုင်းနိုင်ငံသား လက်‌ဝှေ့သမားများအား ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်‌ကြောင်း ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး စတင်‌အောင်မြင့်က ယ‌နေ့(‌အောက်တိုဘာ ၂၂ ရက်) တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်‌နေ့ဖြစ်‌သော နိုဝင်ဘာလ ၇ရက်တွင် ပြည်တွင်းလက်‌ဝှေ့သမားများအချင်းချင်း စတင်ထိုးသတ်သွားမည် ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်‌နေ့တွင် (‌စော)ရန်နိုင်‌အောင်နှင့် ဖစ်နပ်လုံး(ထိုင်း)၊ ပြည်တွင်းလက်‌ဝှေ့‌ကျော် နှစ်ဦးဖြစ်သည့် (‌စော)မိုက်ရိုင်းနှင့် ရဲ‌သွေးနီပွဲစဉ်အပါအဝင် ပွဲ‌ပေါင်းများစွာ ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဟု သိရသည်။

ထို့အပြင် နိုဝင်ဘာ ၉ ရက်‌နေ့တွင် ‌စောဘဦးနှင့် ‌ယော့စုံခန်း (ထိုင်း)၊ နိုဝင်ဘာ ၁ဝရက်‌နေ့တွင် ကမ္ဘာ့လက်‌ဝှေ့ ချန်ပီယံရှစ်-WLC ပြိုင်ပွဲ၏‌ခေါင်ပွဲ၌ ပူပူ‌နွေး‌နွေး ‌အောင်ပွဲခံထားသည့် ‌သွေးသစ်ဝင်းလှိုင်က ထိုင်းလက်‌ဝှေ့‌ကျော် အီခရူစန်(ထိုင်း)နှင့် ထိုးသတ်သွားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက်‌နေ့တွင် ဖျံ‌သွေးနှင့် ဖာဖရပ်(ထိုင်း)၊ အမျိုးသမီးပွဲစဉ်၌ ‌နော်ဥမ္မာစိုးနှင့် ဟုန်‌ထောင်း(ထိုင်း)တို့ ရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်ပြီး ထိုင်းကစားသမားများနှင့်ယှဉ်ပြိုင်ထိုးသတ်သွားမည့် ကစားသမားများအားလုံးမှာ ကရင်လက်‌ဝှေ့ကလပ်များကပင်ဖြစ်‌ကြောင်း စတင်‌အောင်မြင့်က ထပ်‌လောင်း‌ပြောသည်။

ပြိုင်ပွဲကာလ ၅ ရက်အတွင်း နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကြားပွဲများထည့်သွင်းကျင်းပမည်ဖြစ်ကာ စာချုပ်ပွဲ များကို မွန်းလွဲ ၂ နာရီခွဲ ‌နောက်ပိုင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး တွဲဆိုင်း‌ပေါင်း ၁၄၂ ပွဲအတွက် စုစု‌ပေါင်း ကျပ်သိန်း ၁,၂၅ဝ ခန့် ကုန်ကျမည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာလက်‌ဝှေ့ ပြိုင်ပွဲအပြင် ကာယဗလ‌မောင်ပြိုင်ပွဲ၊ ကာယ အလှမယ်ပြိုင်ပွဲ၊ အမျိုးသမီးကာယ ကြံ့ခိုင်မှုပြိုင်ပွဲ၊ ရိုးရာခြင်းလုံးပြိုင်ပွဲ ၊ Ground တင်းနစ်ပြိုင်ပွဲ၊ ကြက်‌တောင် ရိုက်ပြိုင်ပွဲ၊ ‌ဂေါက်ရိုက်ပြိုင်ပွဲများနှင့် ‌လှေ‌လှော် ပြိုင်ပွဲစသည့် အားကစားများပြိုင်ပွဲများလည်း ပါဝင်မည် ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်‌နေ့ညပိုင်းတွင်လည်း ခြင်းမင်းသား၊ ခြင်းမင်း သမီးများဖြင့် ခြင်းအလှခတ်ပြမည့်အစီအစဉ်လည်း ပါဝင်မည်ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။