Home သတင်း တပ်မ‌တော်မှ ကားလမ်း‌ဖောက်လုပ်မည့်အ‌ပေါ် ကန့်ကွက်‌ကြောင်း ဖာပွန်‌ဒေသရှိ ဌာ‌နေကရင်တိုင်းရင်းသား များ ဆန္ဒထုတ်‌ဖော်

တပ်မ‌တော်မှ ကားလမ်း‌ဖောက်လုပ်မည့်အ‌ပေါ် ကန့်ကွက်‌ကြောင်း ဖာပွန်‌ဒေသရှိ ဌာ‌နေကရင်တိုင်းရင်းသား များ ဆန္ဒထုတ်‌ဖော်

2845

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်ရှိ ဌာ‌နေ ကရင်တိုင်းရင်းသားများသည် ၎င်းတို့‌နေထိုင်ရာ ‌ဒေသအတွင်း တပ်မ‌တော်မှ ကားလမ်း‌ဖောက်လုပ်မည့်အစီအစဉ်နှင့် တပ်စခန်းလာ‌ရောက် အ‌ခြေချ‌နေထိုင်မှုများ ကို မလိုလားသည့်အတွက် ယ‌နေ့ (‌အောက်တိုဘာ ၂၅ ရက်)တွင် ဆန္ဒထုတ်‌ဖော်မှု ၂ ‌နေရာ တစ်ပြိုက်နက်တည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

လူ‌သောမြို့နယ်ရှိ လယ်မူပ‌လော၊ ‌စောမူပ‌လော၊ ‌ခေးပူ၊ နာယိုထာ့၊ ဖလာခို၊ ယယ်မူပ‌လော၊ ခဲဖာ ‌ကျေးရွာအုပ် စုများမှ ‌ဒေသခံရွာသား စုစု‌ပေါင်း ၈၀ဝ ‌ကျော်သည် ‌ခေးပူ-လယ်မူပ‌လော ကားလမ်းတွင် တစ်‌နေရာနှင့် ‌ပေါ်‌ခေးခို(‌ဘော်စဲခို့)-‌စောထကားလမ်းတွင် တစ်‌နေရာစုစည်း၍ တပ်မ‌တော်မှ ‌ဖောက်သည့်လမ်း အလိုမရှိ၊ နိုင်ငံ‌ရေး မရှင်းလင်းသည့် ကာလလမ်း‌ဖော်လုပ်ခြင်း အလိုမရှိ စသည့် ‌ကြွေး‌ကြော်သံများဖြင့် စု‌ပေါင်း ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

နံနက် ၉ နာရီမှ ‌နေလည်၁၂ နာရီအထိ ပြုလုပ်သည့် ‌ခေးပူ-လယ်မူပ‌လောကားလမ်း ဆန္ဒထုတ်‌ဖော်မှုတွင် ‌ကျေးရွာ ၃၆ ရွာမှ ‌ဒေသခံရွာသား ၆၀ဝ ‌ကျော် ပူး‌ပေါင်းပါဝင်ပြီး လယ်မူထူ့ထာ့မှ စတင်ကာ ကားလမ်းနံ‌ဘေးရှိ ‌ထောမိုပလယ်မဲ တပ်မ‌တော်စခန်းအနီးထိ လမ်း‌လျှောက်ချီတက်ကာ တပ်မ‌တော်မှ ‌ဖောက်လုပ်‌သော ကား လမ်းလုံးဝအလိုမရှိ၊ မိမိနယ်‌မြေအတွင်းရှိ ဗမာ့တပ်မ‌တော် တပ်စခန်းများ အားလုံး ပြန်ရုပ်သိမ်း‌ရေး စသည့် စာတမ်းပါ ပိုစတာများကိုင်‌ဆောင်၍ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။ ထို‌နောက် ပိုစတာများ စိုက်ထူခြင်း၊ ဘုရားရှိခိုး ခြင်းနှင့် ဖိရိုးဖလာ ယုံကြည်မှုအရ ဆု‌တောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

လယ်မူပ‌လော ‌ကျေးရွာအုပ်စုမှူး ‌စောဒါးဘီက “ လမ်းလုံခြုံ‌ရေးကို အ‌ကြောင်းပြုပြီး‌တော့ ကျ‌နော်တို့ ပြည်သူ ‌တွေကို ‌သေနတ်ပစ်ခတ် ခြိမ်း‌ခြောက်တာ‌တွေလုပ်တယ်။ ကျ‌နော်တို့ဆန္ဒက‌တော့ ကျ‌နော်တို့နယ်‌မြေမှာ လမ်း‌ဖောက်လုပ်တာ လုံးဝ အလိုမရှိဘူး။ လမ်းလုပ်တာ ကျ‌နော်တို့ဖာသာ ကျ‌နော်တို့ လုပ်နိုင်ပါတယ်။ ပြည်သူ ‌တွေကို ခြိမ်း‌ခြောက် မှု‌တွေလုပ်တယ်။ သူတို့‌နေရာကို အကုန်ပြန်သွားဖို့ ကျ‌နော်တို့ လိုလားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နံနက် ၉ နာရီမှ ၁ဝ နာရီအထိပြုလုပ်သည့် ‌ပေါ်‌ခေးခို(‌ဘော်စဲခို့)-‌စောထကားလမ်းတွင် ဆန္ဒထုတ်‌ဖော်မှုတွင်လည်း ‌ကျေးရွာ ‌ကျေးရွာ ၁၀‌ကျော်မှ ‌ဒေသခံရွာသား ၁၅၀‌ကျော်ပူး‌ပေါင်းပါဝင်ခဲ့ကြပြီး ‌ပေါကလိုးထာ့‌ကျေးရွာများမှ တပ်မ‌တော်စခန်းတည်ရှိရာ ခဲကျိုး၊ ခဲဒဲကျိုးအထိ ချီတက်လမ်း‌လျှောက်ခဲ့ကြသည်ဟု ဖလာခို‌ကျေးရွာအုပ်စုမှူးဖြစ်သူ ‌စော‌ခေးလာက ‌ပြောသည်။

“ကျ‌နော်တို့ နယ်‌မြေထဲမှာ တပ်မ‌တော်က ကားလမ်း‌ဖောက်လုပ်တာ‌ကြောင့် ကျ‌နော်တို့ ‌နေထိုင် လုပ်ကိုင် စား‌သောက်တဲ့‌နေရာကို ထိမှန်တဲ့အတွက် လုပ်ကိုင်စား‌သောက်လို့ မရ‌တော့ဘူး။ ထွက်‌ပြေးရတယ်။ အဲဒါ‌ကြောင့် စားနပ်ရိက္ခာ အကြပ်အတည်းဖြစ်လာတယ်။ အ‌ခြေအ‌နေက ကြာ‌လေဆိုး‌လေပဲ။ အဲဒါ‌ကြောင့် လမ်း‌ဖောက် တာ‌တွေ မလုပ်‌စေချင်ဘူး။ စခန်း‌တွေလည်း ရုပ်သိမ်း‌ပေး ‌စေချင်တယ်။ အဲဒါမှ ကျ‌နော်တို့ ပြန်လုပ်စားကိုင်စား လို့ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖာပွန်မြို့ ‌မြောက်ဘက်ရှိ ‌ပေါ်‌ခေးခို(‌ဘော်စဲခို့)-‌စောထကားလမ်းကို ၂ဝဝဝ ခုနှစ်ဝန်းကျင်တွင် တပ်မ‌တော်က စတင်‌ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ‌ခေးပူ-လယ်မူပ‌လော ကားလမ်းကို ၂၀၀၆-၂၀၀၇ ခုနှစ်တွင် စတင် ‌ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။ လတ်တ‌လောတွင် ထိုလမ်းများကို ဆက်လက်‌ဖောက်လုပ်ရန် တပ်မ‌တော်ဘက်က ပြင်ဆင်မှုများလုပ်‌ဆောင်‌နေသည့်အတွက် ယခုလို ကန့်ကွက် ဆန္ဒထုတ်‌ဖော်မှုများကို လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ မတ်လ ၄ ရက်မှစ၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့ နယ်ရှိ ‌ခေးပူနှင့် လယ်မူပ‌လောကြား ကားလမ်း‌ဟောင်းကို တပ်မ‌တော်ဘက်မှ ဆက်လက်ပြုပြင်‌ဖောက်လုပ်မှုများ ပြုလုပ်ရာတွင် သတ်မှတ်နယ်‌မြေကို ကျူး‌ကျော်လာသည်ဟုဆိုကာ နယ်‌မြေခံ ‌ကေအဲန်ယူတပ်ဖွဲ့ဝင်နှင့် အစိုးရ တပ်မတာ်တို့ အ ကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း‌ကြောင့် ကားလမ်းအနီးအနားရှိ ‌ကျေးရွာ ၁၆ရွာမှ ‌ဒေသခံ ၂,၃ဝဝ ‌ကျော်မှာ အသက်‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။

ထို့အတူ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၇ရက်ကလည်း ပဲခူးတိုင်း‌ဒေသကြီး ‌ကျောက်ကြီး မြို့နယ်အတွင်းရှိ ဌာ‌နေ ကရင်တိုင်းရင်းသားများမှ ၎င်းတို့‌နေထိုင်ရာ ‌ဒေသများအတွင်း အစိုးရ တပ်မ‌တော်မှ ဝင်‌ရောက်လမ်း ‌ဖောက်‌နေမှုများအ‌ပေါ် မလိုလားသည့်အတွက် ဆန္ဒထုတ် ‌ဖော်မှုတစ်ခုပြုလုပ်ခဲ့ကြ‌သေးသည်။