Home သတင်း အကျဉ်းဦးစီးသိမ်းဆည်း‌မြေများအား မူလပိုင်ရှင်ထံ လွှဲ‌ပြောင်း‌ပေးရာတွင် လွဲမှားမှုဖြစ်‌ပေါ်‌နေ‌ကြောင်း လယ်ယာ‌မြေအ‌ရေး‌ဆောင်ရွက်‌နေသူ ‌ပြော

အကျဉ်းဦးစီးသိမ်းဆည်း‌မြေများအား မူလပိုင်ရှင်ထံ လွှဲ‌ပြောင်း‌ပေးရာတွင် လွဲမှားမှုဖြစ်‌ပေါ်‌နေ‌ကြောင်း လယ်ယာ‌မြေအ‌ရေး‌ဆောင်ရွက်‌နေသူ ‌ပြော

2261
(သိမ်းဆည်းထား‌သော လယ်‌မြေပြန်ရရှိ‌ရေး ‌အောက်တိုဘာ ၁၉ ရက်‌နေ့က မူလပိုင်ရှင်များ ဆန္ဒထုတ်‌ဖော်ခဲ့စဉ်)

‌အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌တောင်က‌လေး အကျဉ်းဦးစီးဌာနမှ တရားဝင်ရယူထားခြင်းမရှိသည့် ဖားအံမြို့နယ် ရဲသာ‌ကျေးရွာရှိ လယ်ယာ ‌မြေ ၁ဝ ဧက‌ကျော်အား ပြည်နယ်အစိုးရက မူလပိုင်ရှင်များထံ ပြန်လည်‌ပေးအပ်သည့်ကိစ္စတွင် လွဲမှားမှုများ ရှိ‌နေ‌ကြောင်း လယ်ယာ‌မြေအ‌ရေးလှုပ်ရှား‌ဆောင်ရွက်‌နေသည့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများ၏ လူမှု ဖွံ့ဖြိုး‌ရေးအသင်း ဥက္ကဌက ‌စော‌မောင်ကြီးက ‌ဝေဖန်‌ပြောဆိုလိုက်သည်။

ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ယ‌နေ့ (‌အောက်တိုဘာ ၂၄ရက်) ပြုလုပ်သည့် သိမ်းဆည်းခံလယ်ယာ‌မြေအချို့ဖြစ် သည့် ရဲသာ‌ကျေးရွာအုပ်စုရှိ လယ်ယာ‌မြေ ၁၀.၅၈ ဧကအား မူလပိုင်ရှင်များထံ ယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ထုတ် ‌ပေးပြီး ပြန်လည်‌ပေးအပ်သည့် အခမ်းအနားအပြီး အသင်းဥက္ကဌဖြစ်သူ ‌စော‌မောင်ကြီးက ထိုသို့ ‌ဝေဖန် ‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

‌စော‌မောင်ကြီးက“လယ်သမား‌တွေက‌တော့ ပုံစံ ၃နဲ့ ၁၀.၅၈ ဧကထုတ်‌ပေးမယ်ဆို‌တော့ ဘာပဲဖြစ်ဖြစ်ဝမ်း သာကြတယ်။ လက်‌တွေ့ မ‌နေ့က ၂၃ ရက်‌နေ့မှာ ‌မြေစာရင်း‌တွေနဲ့ကွင်းဆင်းတဲ့အခါကျ‌တော့ လက်ရှိ လုပ် ‌နေတဲ့၊ ပုံစံ ၇ ရရှိထားတဲ့လယ်‌မြေ‌တွေပဲ ဖြစ်‌နေတယ်။ ဒီဟာက အကျဉ်းဦးစီးက သိမ်းဆည်းထားတဲ့ လယ်‌မြေ ‌တွေ မဟုတ်ဘူး။ အဲဒီ‌တော့ ပုံစံ ၇လည်း ရှိထားတယ်။ လက်ရှိလုပ်ကိုင်‌နေတာလည်းဖြစ်တယ်။ ‌အောက် ‌ခြေ မှာ နဂိုကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထား‌ပေးရမယ်။ မှားယွင်းတယ်ဆိုရင်လည်း အစိုးရ အ‌နေ နဲ့ ဒါကိုပြန်ရုပ်သိမ်းထားရမယ်။ ကျ‌နော်တို့က အဲဒါကိုလိုချင်တာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး မြို့နယ်‌မြေစာရင်းမှ လုပ်နည်းလွဲမှားသွားခဲ့ခြင်းဖြစ်သည်ဟု ‌ပြောဆိုမှုများ ရှိလာသလို မလိုလားအပ်သည့် ကိစ္စများ ရှုပ်‌ထွေးလာနိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ပြန်လည်‌ဆွေး ‌နွေးညှိနှိုင်း‌ဖြေရှင်းသွားမည်ဖြစ်‌ကြောင်းလည်း ‌စော‌မောင်ကြီး ဆက်လက် ‌ပြောဆိုသည်။

ယ‌နေ့ ကျင်းပသည့် ပြည်နယ်လယ်ယာ‌မြေနှင့်အခြား‌မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်‌ရေး‌ကော် မတီက မူလ‌တောင်သူများအား ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ ၃ ‌ပေးအပ်ပွဲအခမ်းအနားတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ပြည်နယ်စိုက်ပျိုး၊ ‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီးတို့ကိုယ်တိုင် တက်‌ရောက်ခဲ့ပြီး လယ်‌မြေ ၁၀.၅၈ ဧကအတွက် ယာယီလုပ်ပိုင်ခွင့်ပုံစံ ၃ကို လယ်သမား ၆ ဦးအား အသီးသီး ‌ပေးအပ်ခဲ့ခြင်း လည်းဖြစ်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်က “ ဒီဟာက ကျမတို့‌ပေးဖို့ အစီအစဉ်ရှိထားပြီးသား။ ‌ပေးလည်း ‌ပေးချင်‌နေခဲ့တာ၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကိုင်တဲ့ကျွမ်းကျင်တဲ့အ‌ပေါ် မူတည်ပြီး‌တော့မြန်၏ ‌နှေး၏‌ပေါ့။ ကျမ တို့က လုပ်ကိုင်တာမကျွမ်း‌သေး‌တော့ အကွက်မကျ‌သေးတဲ့အခါကျ‌တော့ ပြန်‌ပေးတာ‌နှောင့်‌နှေးတာရှိ‌ကောင်း ရှိနိုင်လိမ့်မယ်။ ရတဲ့သူ‌တွေကလည်း မရတဲ့သူ‌တွေကို ပြန်‌ပြောပြပါ။ မှန်ကန်တယ်ဆိုရင်‌တော့ အ‌နှေးနဲ့ အမြန်ပြန်ရမှာ ဖြစ်တယ် ”ဟု ယ‌နေ့ အခမ်းအနားတွင် ထည့်သွင်း‌ပြောဆိုသွားသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ် ရဲသာ‌ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၈၇၊ က‌မော့ကစင်ရွာအ‌နောက် မှ လယ် သမား ၁၆ ဦးပိုင် ‌မြေဧက ၆၈ ဧကကို ၁၉၈၈-၈၉ ခုနှစ်မှစတင်ပြီး ပြည်ထဲ‌ရေးဝန်ကြီးဌာနလက်‌အောက်ခံ အကျဉ်းဦးစီး (‌တောင်က‌လေး)မှ သိမ်းဆည်းခဲ့ပြီး‌နောက် မူလပိုင်ရှင်များက ပြန်လည်တင်ပြ‌တောင်းခံခဲ့ရာ ၂၀၁၂-၁၃ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဆိုပါလယ်ယာ‌မြေများအား ပုံစံ ၇ ထုတ်‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရဲသာ‌ကျေးရွာအုပ်စု က‌မော့ကစင်ရွာမှ နန်းလွန်းကြည်က“အရင်က လယ်ကပြဿနာတစ်ခါမှ မရှိခဲ့ဖူးဘူး။ ပုံစံ ၇ လည်းရှိတယ်။ ‌မြေတိုင်းစာ‌ရေး‌တွေက ပုံစံ ၇ ရှိ‌နေပြီသားဟာကို ပုံစံ ၃ ထပ်‌ပေး‌တော့ ဘာလုပ်ရမလဲ‌ပေါ့ ။ ကျမက‌တော့ ကျမလယ်ကိုပဲပြန်‌ပေးဖို့ လိုချင်တယ်။ လယ်က သိပ်ကျယ်တာမဟုတ်ဘူး။ ၁ ဧက‌ကျော်‌လေးပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အကျဉ်းဦးစီးက သိမ်းဆည်းထားသည့် ‌မြေယာများနှင့်ပတ်သက်ပြီး လယ်ယာ‌မြေပြဿနာများအ‌ရေး ကူညီ‌ပေး ‌နေသည့်အဖွဲ့နှင့်မူလပိုင်ရှင်များက အဆင့်ဆင့်တင်ပြ‌တောင်းဆိုမှုများပြုလုပ်ခဲ့သလို ဆန္ဒထုတ်‌ဖော်မှု ၃ ကြိမ် တိုင်ပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။