အောက်တိုဘာ ၂ဝရက်၊ ၂ဝ၁၉ခုနှစ်။ စောမြတ်ဦးသာ
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ဘန်းချောင်း(ပေါခလိုး)ဒေသရှိ ကျေးရွာများမှ မိရိုးဖလာအစဉ်အဆက်များက မြစ်အ တွင်း ထိန်းသိမ်းထားသည့် ငါးထိန်းအိုင်များကို ကာကွယ်ပေးသွားမည်ဟု တနသင်္ာရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောလုကာက ပြောသည်။
အောက်တိုဘာလ ၁၇ရက်နေ့တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် ဘန်းချောင်းဒေသ ငါးထိန်းအိုင်ဆုတောင်းပွဲ အခမ်းအနား တွင် ဌာနေတိုင်းရင်းသားတို့၏ ငါးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို လာရောက်အားပေးခြင်းဖြစ်ပြီး ငါးမျိုးများ မပျောက်ကွယ်သွားစေရေး ထိန်းသိမ်းရန်နှင့် မျိုးစိပ် တိုးပွားလာအောင် အားပေးကူညီသွားမည်ဟုလည်း ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး စောလုကာက ယခုလို ပြောသည်။
“ငါး သဘာဝ သယံဇာတတွေ၊ ပတ်ဝန်းကျင်တွေ မထိန်းသိမ်းဘူးဆိုရင် အားလုံးပျက်စီးသွားမယ်။ သူတို့ရဲ့ထိန်းသိမ်းမှုကိစ္စကို လာရောက်အားပေးတာပေါ့နော်။ အားလုံးဝိုင်းဝန်းကူညီမှသာလျှင် ဒီထိန်းသိမ်းမှုကို အောင်မြင်မှာဖြစ်ပါတယ်။ သူတို့ဧရိယာထဲ မှာ တစ်နိုင်တစ်ပိုင် ထိန်းသိမ်းတာပေ့ါနော်။ လုပ်ဆောင်ချက်အပေါ်မှာ အားပေးကူညီတာမျိုးပဲ ရှိတယ်။ တားဆီးတာမျိုး မရှိပါ ဘူး။ ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်။ လာနှောက်ယှက်မယ်ဆိုရင်လည်း တရားဥပဒေအရ ဆောင်ရွက်ပေးသွားမယ်။”ဟု ကေအိုင်စီ၏ မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြား ပြာဆိုသည်။
ပေါခလိုးဒေသရှိ ဌာနေ ကရင်တိုင်းရင်းသားများ၏ ကျေးရွာ ၁ဝရွာမှ ရွာသူရွာသားများသည် ဘန်းချောင်းမြစ်နက်ပိုင်းတွင် ငါး ဘေးမဲ့ထိန်းသိမ်းအိုင် ဧရိယာ အများအပြားကို ထိန်းသိမ်းထားရှိပြီး ငါးမျိုးစိပ်ပေါင်း ၇ဝ ရှိကြောင်း ၎င်းဒေသခံ ဌာနေတိုင်းရင်း သားများ၏ သုတေသနမှတ်တမ်းများအရ သိရသည်။
ဒေသခံတစ်ဦးဖြစ်သူ နော်စေးအယ်မူးက “ပေါခလိုးမှာ ကျမတို့ငါးထိန်းအိုင်တွေ ထားတယ်။ ငါးမျိုးမတုန်းအောင် ဖိုးဖွားလက် ထက်ကတည်းက ထိန်းသိမ်းလာခဲ့တာပါ။ ငါးထိန်းအိုင်မှာ အသေအိုင်ရယ်၊ အရှင်အိုင်ရယ်ရှိတယ်။ တစ်ချို့အိုင်တွေဆို ဧက ၁ဝကျော်လောက် ထိန်းသိမ်းထားတာပါ။ အဓိကမြစ်ချောင်းတွေ၊ ငါးတွေ မပျက်စီး၊ မပျောက်ကွယ်သွားရအောင်၊ စားသောက်ဖူ လှုံမှုရှိအောင်ရယ် အရင်လူတွေ ထိန်းသိမ်းတဲ့အရာတွေကို လက်ဆင့်ကမ်း ပြန်ထိန်းတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပေါခလိုးဒေသ ငါးထိန်းအိုင်ဆုတောင်းပွဲအခမ်းအနားကို တနသင်္ာရီတိုင်းဒေသရှိ မြို့နယ်အသီးသီးမှ လူဦးရေ ၂ဝဝ ကျော် တက်ရောက်လာခဲ့ကြပြီး မြစ်ချောင်းအင်းအိုင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။