Home သတင်း KPP ပါတီ ‌ခေါင်း‌ဆောင်းများနှင့် ဟသင်္ာတခရိုင် ကရင်လူငယ်များ ‌တွေ့ဆုံ

KPP ပါတီ ‌ခေါင်း‌ဆောင်းများနှင့် ဟသင်္ာတခရိုင် ကရင်လူငယ်များ ‌တွေ့ဆုံ

2547

စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟသင်္ာတခရိုင်အဆင့် ကရင်လူငယ်များနှင့် ကရင်ပြည်သူ့ပါတီ-KPP ဗဟို ‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံမှုတစ်ရပ်ကို စက်တင်ဘာလ ၂၁ရက် (ယမန်‌နေ့)တွင် ဟသင်္ာတမြို့ KPP ပါတီရုံး၌ ပြုလုပ်ခဲ့သည်။

လာမည့် ၂၀၂ဝ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသား လွှတ်‌တော် ကိုယ်စားလှယ်များ အနိုင်ရရှိ‌ရေးအတွက် ကရင်လူငယ်များ၏ ပူး‌ပေါင်းပါဝင်နိုင်ရန် ရည် ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KPP ပါတီ ဗဟို၏ တွဲဖက်အတွင်း‌ရေးမှူး (၁) နန့်ခင်‌အေးဦးက ‌ပြောသည်။

၎င်းက“ကျမတို့ ‌တွေ့ရတဲ့ အဓိက ရည်ရွယ်ချက်က‌တော့ ဒီ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ ကရင်အသံ လွှတ် ‌တော်သို့‌ရောက်ရန် အဓိက ရည်ရွယ်ချက်ဖြစ်တယ်။ ဒီအဓိကရည်ရွယ်ချက်ကို အ‌ကောင်အထည် ‌ဖော် တဲ့‌နေရာမှာ KPP ပါတီဝင်‌တွေမကပဲ ကရင်လူထု‌တွေကပါ ကရင်လူထုအကျိုးအတွက် တည်‌ထောင် ခဲ့တဲ့ KPP ပါတီသည် ကရင်လူထုအတွက် အလုပ်လုပ်နိုင်ဖို့အတွက် ဒီအလုပ်ရုံ‌ဆွေး‌နွေးပွဲကို လုပ်ရ ခြင်းဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသား ပါတီများအ‌နေဖြင့် အင်အားကြီးပါတီနည်းတူ အင်အားမ‌ကောင်းသည့် အ တွက် မိမိလူမျိုးလူထုများ၏ ကူညီမှသာလျှင် လွှတ်‌တော်အတွင်း မိမိအမျိုးသားအသံ ‌ရောက်‌အောင် သယ်‌ဆောင်သွားနိုင်မည်ဖြစ်သည်ဟုလည်း နန့်ခင်‌အေးဦးက ဆက်‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ဟသင်္ာတခရိုင်အတွင်းရှိ အဂင်္ပူ၊ ‌လေးမျက်နှာ၊ ကျုံ‌ပျော်၊ ဇလွန်၊ ဟသင်္ာတ စသည့် မြို့နယ်‌ပေါင်း(၅)မြို့နယ်မှ ကရင်လူငယ်များ၊ လူကြီးများနှင့် KPPပါတီ ဗဟိုမှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဒေါက်တာ‌စောစိုင်မွန်သာ၊ တွဲဖက် အတွင်း‌ရေးမှူး(၁) နန့်ခင်‌အေးဦး၊ ပါတီအကျိုး‌ဆောင် အကြံ‌ပေး ‌ဒေါက်တာ ‌နော်‌ရေဗက္ကာထင်အပြင် နယ်‌မြေခံပါတီဝင်များ စုစု‌ပေါင်း(၇၀)နီးပါး ပါဝင်တက်‌ရောက်ခဲ့သည်။

‌တွေ့ဆုံပွဲသို့ တက်‌ရောက်လာသည့် ကရင်လူငယ် ‌စောအယ်ကလဲက “ကျ‌နော်တို့ လူငယ်‌တွေလည်း အ‌တွေ့ အကြုံနည်းတယ်။ အခုလို လူကြီး‌တွေနဲ့ ‌တွေ့ဆုံခွင့်ရတဲ့အတွက် အ‌တွေ့အကြုံ‌လေး‌တွေ ရတာ ‌ပေါ့။ ပါတီကူညီ‌ပေးဖို့ဆိုတဲ့‌နေရာမှာက ကရင်မှာက ပါတီအဖွဲ့အစည်း‌တွေက များတယ်။ ဘယ်အဖွဲ့ ‌ကောင်းသလဲဆိုတာ‌တော့ ကျ‌နော်တို့ လူငယ်‌တွေ အကုန်မသိဘူး။ ‌လေ့လာရအုံးမယ်။ ကျ‌နော်တို့က ‌ခေါင်း‌ဆောင်‌ကောင်းကို လိုချင်တာဖြစ်တဲ့အတွက် ကျ‌နော်တို့အတွက် အမှန်အကန်အလုပ်လုပ်‌ပေး နိုင်မဲ့ အဖွဲ့အစည်းဖြစ်လာရင်‌တော့ ကူညီ‌ပေးဖို့ အသင့်ပါပဲ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို‌တွေ့ဆုံမှု အစီအစဉ်၌ KPP ပါတီ ဗဟို‌ခေါင်း‌ဆောင်များမှ ‌တွေ့ဆုံမှု၏ ရည်ရွယ်ချက်များ၊ လတ်တ‌လော ကရင်နိုင်ငံ‌ရေးအ‌ခြေအ‌နေများ၊ ပါတီ၏ လှုပ်ရှား‌ဆောင်ရွက်မှုများအပြင် လူငယ်များနှင့် အပြန်အလှန် ‌ဆွေး‌နွေး‌ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

KPP ပါတီအ‌နေဖြင့် ၎င်းတို့၏ ပါတီကိုယ်စားလှယ်ရုံးများရှိရာ နယ်‌မြေ‌ဒေသများတွင်လည်း အလားတူ ‌တွေ့ဆုံမှုများကို အချိန်ရရှိမှုအ‌ပေါ်နှင့် ‌ဒေသ၏ လက်ခံ‌ပေးမှုအ‌ပေါ်မူတည်၍ လုပ်‌ဆောင်သွား ရန် လည်းရှိသည်ဟု ပါတီ‌ခေါင်း‌ဆောင်များက ဆိုသည်။ KPP ပါတီအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲ၌ ကရင်ပြည်နယ် သံ‌တောင်ကြီး အမှတ်(၂)မဲဆန္ဒ နယ်‌မြေတွင် KPP ပါတီဝင် ‌စော‌ဂျေ ‌အေဝင်းမြင့်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။