Home သတင်း ကရင်ပြည်နယ်တွင် ၈ လတာ ကာလတွင်း ယာဉ်မ‌တော်တဆမှု ၂ဝဝ ‌ကျော်ဖြစ်ပွား၊ ယခင်နှစ်ထက် မြှင့်တက်

ကရင်ပြည်နယ်တွင် ၈ လတာ ကာလတွင်း ယာဉ်မ‌တော်တဆမှု ၂ဝဝ ‌ကျော်ဖြစ်ပွား၊ ယခင်နှစ်ထက် မြှင့်တက်

1877

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာအရ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ယာဉ်မ ‌တော်တဆမှု စုစု‌ပေါင်း ၂၂၃ မှုအထိ ဖြစ်ပွားခဲ့‌ကြောင်း ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးမှ ပြုစုထားသည့် စာရင်း အရ သိရသည်။

အဆိုပါ ယာဉ်မ‌တော်တဆမှုနှုန်းမှာ ၈ လတာကာလအတွင်း ပြုစုထားသည့် စာရင်းများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုပမာဏ စုစု‌ပေါင်း ၂၂ဝ မှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်အနည်းငယ်မြှင့်တက်‌နေခဲ့ခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမြင့်နိုင်က “တ ကယ်တမ်း ယာဉ်အစီး‌ရေ‌တွေ၊ အသုံးပြုသူ‌တွေက ပိုမိုများပြားလာတယ် ။ အဲဒီများလာတာနဲ့အညီ တစ်ဦး ချင်းစီရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာတဲ့အမူကျင့်‌ကောင်းတိုးတက်လာတာနဲ့ အချိုး ညီမယ်ဆိုရင် ယာဉ်မ‌တော်တဆမှုလည်း ကျဆင်းလာမှာဖြစ်တယ်။ အမြန်လမ်း‌တွေမှာလည်း ယာဉ်မ‌တော် တဆမှု‌လျော့ ကျ‌အောင် ရဲထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ နဲ့လမ်းအသုံးပြုသူကိုယ်တိုင်ကလည်း ကူညီမှရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ပြုစုထားသည့်စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တစ်နှစ်တာလုံး တွင် ယာဉ်မ‌တော်တဆမှုစုစု‌ပေါင်း ၂၂ဝ မှု၊ ဒဏ်ရာရရှိ သူ ၄၄၁ဦးနှင့် ‌သေဆုံးမှု၈၇ဦးသာရှိ ခဲ့ပြီး ယခုနှစ် မကုန်ခင် ဩဂုတ်လအထိတွင် ၂၂၃မှုအထိ ဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိသူ ၃၈၃ဦး၊ ‌သေဆုံးသူ ၉၂ဦး အထိရှိ‌နေပြီဖြစ်သည်။

အဆိုပါယာဉ်မ‌တော်တဆမှုများမှာ တန်ချိန်ပိုတင်‌မောင်းခြင်း၊ လမ်းအရည်အ‌သွေး‌ကြောင့်ဖြစ်ခြင်း ယာဉ်ကြံ့ခိုင် မှုအားနည်းခြင်းအပြင် မူးယစ်‌ဆေးအသုံးပြု၍ ‌မောင်းနှင်ခြင်း၊ ကျွမ်းကျင်မှုမရှိဘဲ ယာဉ်‌မောင်းနှင်ခြင်း စသည့် အဓိကကျသည့် အ‌ကြောင်းအရင်းများ‌ကြောင့် ဖြစ်‌ကြောင်း ရဲမှူးမြင့်နိုင်က သုံးသပ်‌ပြောဆိုသည်။

ထို့အတူ ယခုနှစ် ၈ လတာအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မ‌တော်တဆမှု ၂၂၃ မှုထဲတွင် အာရှလမ်းနှင့်အ‌ဝေး ‌ပြေးလမ်းတွင် ၁၁၇ မှုအထိ ဖြစ်ပွားခဲ့သည့်အတွက် ပြည်နယ်တစ်ခုလုံးယာဉ်မ‌တော်တဆမှုနှုန်း၏ ထက်ဝက် ‌ကျော်ခန့်မှာ အာရှလမ်းနှင့်အ‌ဝေး‌ပြေးလမ်းမ‌ပေါ်တွင် ဖြစ်ပွားခဲ့‌ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

တစ်စထက်တစ်စ များပြားလာသည့် လူ‌နေထိုင်မှုနှင့်ယာဉ်အသုံးပြုမှုများလာသည့် ကရင်ပြည်နယ်တွင် ယာဉ် တိုက်မှု‌လျော့ကျလာ‌စေရန် ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ NGO အဖွဲ့အစည်းများနှင့်ပူး‌ပေါင်းပြီး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်‌ပေးလျက်ရှိသည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းမလိုက်နာသူများကို ‌တွေ့ရှိခဲ့ပါက ဖမ်းဆီးအ‌ရေးယူမှု များပြုလုပ်‌နေ‌ကြောင်းလည်း ပြည်နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက ‌ပြောဆိုသည်။