Home တွေ့ဆုံမေးမြန်းခန်း ဘွဲကရင်စာကျွမ်းကျင်ပညာရှင် အငြိမ်းစား‌ကျောင်းဆရာမကြီး အဖီး‌နော်လဲဒါအား‌တွေ့ဆုံ‌မေးမြန်းခြင်း

ဘွဲကရင်စာကျွမ်းကျင်ပညာရှင် အငြိမ်းစား‌ကျောင်းဆရာမကြီး အဖီး‌နော်လဲဒါအား‌တွေ့ဆုံ‌မေးမြန်းခြင်း

4548

ဘွယ်ဟီခို ‌ခေါ် သံ‌တောင်မြို့ ‌နောက်ခံအ‌ကြောင်း ‌ရှေ့မှီ‌နောက်မှီ ‌ဒေသခံလည်းဖြစ်၊ ဘွဲကရင်စာ‌ပေ ‌ဖော်ထုတ်ပြုစု ထိန်းသိမ်း ‌နေသူ ဘွဲကရင်စာကျွမ်းကျင်ပညာရှင် အငြိမ်းစား‌ကျောင်းဆရာမကြီး အဖီး‌နော်လဲဒါအား သံ‌တောင်မြို့ရှိ သူမ၏ ‌နေအိမ်တွင် ၂၀၁၉၊ ဇူလိုင်လဆန်းက ‌ကေအိုင်စီက သွား‌ရောက်‌တွေ့ဆုံ ‌မေးမြန်းထားခြင်း ဖြစ်ပါသည်။

‌မေး ။ ။ အဖီး‌ရေ ‌ဝေါ်လဲအ‌ဂေး (‌ကောင်း‌သော နံနက်ခင်းပါ)။ သံ‌တောင်မြို့ ဖြစ်‌ပေါ်လာပုံကို သိထားတဲ့ ‌နောက်ခံအ‌ကြောင်း ကို ‌ပြောပြ‌ပေးပါ။
သံ‌တောင်ဆိုတာက‌တော့ ဒီ‌ဒေသမှာအရင်တုန်းကဆိုရင် ‌တောင်‌တွေက အရမ်းမြင့်တယ်။ ‌နောက်ပြီး‌တော့ အဲဒီ‌တောင် ‌ဘေးမှာ စမ်း‌ချောင်း‌လေးတစ်ခုစီးဆင်း‌နေတယ်။ စမ်း‌ချောင်း‌ရေထဲမှာ သံအမှုံ‌လေး‌တွေ ပါလာတယ်။ ဒါကို အစွဲပြုပြီး ဗမာ‌တွေ က‌တော့ အရင်တုန်းက သံ‌ချေး‌တောင်လို့‌ခေါ်ကြတယ်။ ကျမတို့ ဘွဲကရင် ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ စကားနဲ့‌ခေါ်ဆိုတာက ‌တော့ ထာလာအီ‌ကျော‌ပေါ့‌လေ။ ဗမာလို အဓိပ္ပါယ်က‌တော့ သံ‌ချေး‌တောင်‌ပေါ့။
‌နောက်ပိုင်းကျ‌တော့ ‌ချေး ဆိုတဲ့အမည်က ‌ပျောက်သွားပြီး သံ‌တောင်လို့ပဲ‌ခေါ်‌နေကြရင်းနဲ့ သံ‌တောင်ကြီးလို့ ပြန်‌ခေါ် ကြတာ‌ပေါ့‌နော်။ သံ‌တောင်ကြီးဆိုတာက‌တော့ ‌တောင်ရဲ့နာမည်ဖြစ်တယ်။ မြို့က‌တော့ ‌တောင်‌ခြေမှာ တည်ရှိ‌နေတာဖြစ်တဲ့ အတွက်‌ကြောင့် သံ‌တောင်မြို့လို့ ‌ခေါ်ကြတာပါ။

‌မေး။ ။ အခု ဒီ‌ဒေသမှာ အ‌ခြေချ ‌နေထိုင်ကြတဲ့သူ‌တွေအ‌ကြောင်းကိုလည်း ‌ပြောပြ‌ပေးပါဦး။
တကယ်‌တော့ ဒီ‌ဒေသမှာ‌နေတဲ့သူ‌တွေ အများစုဟာ ဘွဲကရင်‌တွေ ဖြစ်တဲ့အတွက်‌ကြောင့် အဲဒါကို အစွဲပြုပြီး‌တော့မှ ဒီ‌တောင်နာမည်ကို ဘွယ်ဟီခိုကစယ် (ဘွယ်ဟီခို‌တောင်)လို့ ‌ခေါ်ကြတယ်။ ဘွဲကရင်မျိုးနွယ်စု‌တွေ ‌နေထိုင်ရာအရပ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရတာ‌ပေါ့‌နော်။
ဘွယ်ဟီခိုမြို့ စဖြစ်တာက ခရစ်နှစ် ၁၉၂ဝ မှာ အဂင်္လိပ်‌တွေက သူတို့ အပန်း‌ဖြေအနားယူဖို့ ‌နေရာအတွက် ‌တောင်စ ခန်းအဖြစ် လာပြီးတည်‌ဆောက်ကြတယ်။ အဲဒီတုန်းက‌တော့ နိုင်ငံခြားသားအ‌နေနဲ့ အဂင်္လိပ်က‌တော့ အများဆုံးနဲ့ ကျန်တာက ဂျာမဏီနဲ့ ဩစ‌တြေးလျား‌တွေလည်း အများကြီး‌နေထိုင်ကြတယ်။ ဗမာ‌တွေ‌တော့ တစ်‌ယောက်မှ မရှိဘူး။ ‌နောက်ပို်င်း ခရစ်နှစ် ၁၉၃၄ -၁၉၃၅ တွင်းမှာ နိုင်ငံခြားသား‌တွေ က‌လောနဲ့‌မေမြို့ကို တချို့‌ပြောင်းသွားကြတယ်။ အဲဒီ‌နောက်ပိုင်း ၁၉၃၇ခုနှစ်‌ရောက်မှ သူတို့အစိုးရရုံးဌာန‌တွေကိုလာပြီး အ‌ခြေချထားလိုက်တယ်။ မြို့ရယ်လို့ တကယ်ဖြစ်လာတာက‌တော့ ၁၉၃၇ခုနှစ်မှာပါ။
အဲဒီမှာ‌နေထိုင်တဲ့သူ‌တွေက‌တော့ ‌ဒေသခံဘွဲကရင်‌တွေနဲ့ ‌နောက်ပြီး အဂင်္လိပ်‌တွေက ‌ခေါ်လာတဲ့ ‌ဂေါ်ရခါးတချို့နဲ့ပါ။ ခရစ်နှစ် ၁၉၁၅ခုနှစ်မှာ အဂင်္လိပ်‌တွေက လက်ဖက်ခြံ တည်‌ဆောက်ဖို့အ တွက် သူတို့‌တွေကို ဟိုးနီ‌ပေါနိုင်ငံက‌နေ ‌ခေါ်လာတာ ပါ။ အခုဆိုရင် သူတို့‌တွေဒီမှာ‌နေတာ နှစ်‌ပေါင်း ၆၀-၇၀‌ကျော်ပြီဆို‌တော့ သူတို့‌တွေ ဘွဲကရင်လိုပဲ‌ပြော‌နေကြ‌တော့တယ်။ သူတို့ ကြားထဲကို သွားတာပြဲဖစ်ဖြစ် သူတို့ ‌ဈေးဆိုင်ကိုသွားတာပဲဖြစ်ဖြစ် သူတို့ မိသားစု‌တွေကြားမှာလည်း ဘွဲကရင်လိုပဲ ‌ပြော‌နေကြ တယ်။
ဒီမှာ အများဆုံး‌နေထိုင်တာက ပထမ အများဆုံးက‌တော့ ဘွဲကရင်‌တွေ ဒုတိယက‌တော့ ‌ဂေါ်ရခါး‌တွေပါပဲ။ လက်ဖက် စက်ရုံတည်‌ဆောက်တဲ့အခါမှာ သူတို့‌တွေ လက်ဖက်စက်ရုံမှာ အလုပ်လုပ်တယ်။ လက်ဖက်ခူးတယ်။ အဲ့မှာပဲ ‌နေထိုင်ကြတယ်။ ဒါ‌ပေမယ့် ဗမာစစ်တပ်က အဲ့ဒီလက်ဖက်စက်ရုံကို ၁၉၉၈ခုနှစ်မှာ တပ်မ‌တော်ပိုင် သိမ်းလိုက်တဲ့အချိန်ကစပြီး‌တော့ သူတို့မှာ ဘာ အလုပ်မှ မရှိကြ‌တော့ဘူး။ အဲဒါ‌ကြောင့်မို့လို့ များ‌သောအားဖြင့် သူတို့‌တွေက မိုးကုတ်၊ ‌တောင်ကြီးနဲ့ ‌မေမြို့အနီးစခန်းကို ‌ပြောင်း သွားကြတယ်။ အခုချိန်မှာ‌တော့ ‌ဂေါ်ရခါ မျိုးနွယ်စု အိမ်‌ထောင်စု ၁ဝစု‌လောက်ပဲ ကျန်‌တော့တယ်။

‌မေး။ ။ အရင်တုန်းက ဘွယ်ဟီခို‌ဒေသကို ဘယ်လိုစနစ်‌တွေနဲ့ အုပ်ချုပ်ခဲ့သလဲ။
၁၈၅၃ခုနစ်‌လောက်မှာ‌ပေါ့‌လေ။ ဆရာ‌မေစီတို့ ခရစ်ယာန်သာသနာပြုအဖွဲ့ မ‌ရောက်လာ‌သေးခင်တုန်းကဆိုရင်‌တော့ သူတို့ယုံကြည်တာက‌တော့ ကရင်လို‌ခေါ်တာက ‌သေခိုမူဃါး (နတ်‌ကောင်းနတ်မြတ်)ရှိတယ်။ ပြီး‌တော့ မြစ်၊ ‌ချောင်း၊ အင်းအိုင် ‌တွေတိုင်းမှာ အရှင်သခင်‌တွေကိုယ်စီ ရှိကြတယ်လို့ ယုံကြည်ကြတယ်။ အဲ့ဒီအရှင်သခင်‌တွေအားလုံးထက် ကြီးတဲ့ဘုရားသခင် ဆိုတာ‌တော့ တစ်ပါးရှိတယ်လို့ သူတို့‌တွေက ယုံကြည်ထားကြတယ်‌လေ။ အဲဒါ‌ကြောင့်မို့လို့ အဲ့ဒီ နတ်‌ကောင်းနတ်မြတ်‌တွေ မကြိုက်၊ မနှစ်သက်တဲ့ အရာ‌တွေကိုဆို လုံးဝ မလုပ်ရဘူး။
အဲဒီတုန်းက‌တော့ အုပ်ချုပ်‌ရေးပိုင်းမှာ‌တော့ စ‌ကော်စဘါ‌တွေက သူတို့ကို ကြည့်ရှု‌စောင့်‌ရှောက်‌ပေးတယ်။ အဲ့ဒီတုန်းက ဆို ဘာအပြစ်မှ၊ ဘာအမှားမှ မလုပ်ကြဘူး။ ရိုးသားမှု အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့‌တွေ ဟိုး ‌တောင်‌ပေါ်က ‌နေ ‌တောင်ငူမြို့ကြီးကိုသွားပြီး ဆားတို့၊ ကုန်စည်တို့ သွားဝယ်တယ်။ တချို့ဆို လမ်းမှာ တစ်ညအိပ်ရတယ်။ အမျိုးသား‌ရော၊ အမျိုးသမီး‌တွေ‌ရော တူတူပဲ အိပ်ကြတယ်။ ဘာပြဿနာမှ မရှိဘူး။

‌မေး။ ။ ‌ဒေသခံ‌တွေရဲ့ လူ‌နေမှုပုံစံ‌တွေ၊ ဓ‌လေ့ရိုးရာ ယုံကြည်မှု‌တွေက ဘယ်လိုရှိလဲ‌ပေါ့။
တချို့ အမျိုးသမီး မိဘမဲ့၊ တခုလပ်‌တွေဆို ‌တောင်ယာ‌တွေထဲမှာ အလုပ်သွားလုပ်တယ်။ အဲဒီအချိန်‌တွေမှာဆိုရင် အမျိုးသား‌တွေက သွားပြီးကူညီ‌စောင့်‌ရှောက်‌ပေးကြတယ်။ သူတို့‌တွေ ဘာအမှားမှ မပြုလုပ်ကြဘူး။ အ‌ကြောင်းရင်းက‌တော့ သူတို့‌တွေဟာ ‌သေခိုမူဟားကို ‌ကြောက်ကြလို့ပဲ။ ‌နောက်ပြီး‌တော့ အကယ်လို့ အပြစ်တခုခုလုပ်မိရင် ငရုပ်သီးစိမ်ထားတဲ့ ‌ရေနဲ့ မျက်နှာသစ်ခိုင်းတယ်။ ပစ္စည်းတခုခုခိုးတယ်ဆိုရင် အဲ့ဒီခွက်ထဲကို လက်နှစ်ထားရတယ်။ အမျိုးသား၊ အမျိုးသမီး‌တွေ မှားကြ တယ်ဆိုရင်‌တော့ ဝက်ကို‌မောင်းခို်င်းပြီး အပြစ်‌ပေးကြတယ်။
ဒီ‌ဒေသက ရွာ‌တွေမှာ ဘွဲကရင်‌တွေပဲ ‌နေထိုင်ကြတယ်။ အခြား‌ဒေသ‌တွေလို ရှမ်းတို့၊ ဗမာတို့နဲ့ ‌ရောပြီး မ‌နေထိုင်ကြ ဘူး။ ဒါ‌ကြောင့် ယ‌နေ့အချိန်ထိ မိခင်ဘာသာစကားကိုပဲ ‌ပြောဆိုတယ်။ ဒါ‌ပေမယ့် သာသနာပြုအဖွဲ့‌တွေ ‌ရောက်လာတဲ့အချိန်မှာ ကျမတို့‌တွေ စ‌ဝေါ်(စ‌ကော)ကရင်စာ‌ပေကို သင်ကြားရတဲ့အတွက်‌ကြောင့် စကားနှစ်မျိုးစလုံးကို ‌ပြောတတ်ကြတယ်။ ကျမတို့ ယုံကြည်တာက ဘုရားသခင်ဆိုတာရှိတယ်။ ဘယ်‌လောက်ထိ‌တောင် ယုံလဲဆိုရင် ဟိုးအရင်ကလူ‌တွေဟာ ‌သေပြီးတဲ့လူ‌တွေ ပြန်ရှင်လာနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒါ‌ကြောင့်မို့လို့ လူ‌သေ‌တွေကို ‌မြေမြှုပ်တဲ့‌နေရာမှာဆိုရင် အိုးခွက်၊ ပန်းကန်၊ ဇွန်း၊ ခွက်၊ ‌နောက်ပြီး ‌တောင်ယာပြန်ခုတ်ဖို့တွက် ဓား‌တွေကိုပါ သွားထား‌ပေးကြ‌သေးတယ်။
အဲဒါ‌ကြောင့် အဲဒီသာသနာပြုအဖွဲ့‌တွေလာ‌တော့ သူတို့‌ပြောတာက သခင်‌ယေရှုခရစ်ဟာ ရှင်ပြန်ထ‌မြောက်လာတယ်။ သူတို့အတွက်က‌တော့ အသစ်အဆန်းကြီး‌တော့ မဟုတ်ဘူး။ လက်ခံလို့ရတဲ့အတွက် ဘွဲကရင်‌တွေအားလုံးဟာ ခရစ်ယာန်‌တွေ ဖြစ်ကုန်ကြတယ်။ တစ်ခုရှိတာက‌တော့ ဂိုဏ်း‌တော့ ကွဲသွားတာ‌ပေါ့။ တချို့က‌တော့ နှစ်ခြင်း၊ တချို့က‌တော့ ရိုမန်ကက်သလစ် ဖြစ်သွားတာ‌ပေါ့။ ဒါ‌ပေမယ့် အားလုံးက‌တော့ ခရစ်ယာန်‌တွေပါပဲ။

‌မေး။ ။ အခု ဘွဲကရင်စာ‌ပေနဲ့ ပတ်သက်ပြီး‌တော့ အဖီး လုပ်‌ဆောင်‌နေတဲ့ အချက်‌တွေရှိရင် ‌ပြောပြပါလား။
ဘွဲစာ‌ပေနဲ့ ပတ်သက်ပြီး‌တော့‌ပြောရမယ်ဆိုရင် ဆရာ‌မေစီ ‌ရောက်လာတဲ့အချိန်မှာ ဘွဲ‌တွေအများကြီးရှိတာကို သူ‌တွေ့ တာ့ ဘွဲစာ‌ပေကို နည်းနည်းဖန်တီး‌ပေးခဲ့ပါ‌သေးတယ်။ သူဖန်တီး‌ပေးခဲ့တဲ့ စာ‌ပေက‌တော့ မိုထိစာ (ပိုးကရင်) ဆရာဘရန်ဒါဆီက ယူတာ‌ပေါ့‌နော်။ ဆရာဂျွန်နသန်ဝိရဲ့စာနဲ့ ‌ပေါင်းစပ်ပြီး ဘွဲစာ‌ပေကို ဖန်တီးခဲ့တာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် သူက ဘွဲ‌တွေကို အဲဒီစာ‌ပေ သင်ကြား‌ပေးတဲ့အချိန်မှာ ဘွဲ‌တွေအားလုံးဟာ စ‌ဝေါ်ကရင်စကားကို လွယ်လွယ်ကူကူ ‌ရေးတတ်၊ ဖတ်တတ်၊ ‌ပြောဆိုနိုင်တဲ့အ တွက်‌ကြောင့် ဘွဲစာ‌ပေသီးသန့်ဖန်တီးဖို့ အချိန်ကုန်မခံ‌တော့ဘဲ ထားလိုက်တယ်။ ပြီး‌တော့အားလုံးကို စ‌ဝေါ်(စ‌ကော)ကရင်စာ ကိုပဲ သင်ခိုင်း‌တော့တယ်။
၁၈၅၆ -၅၇ ‌နောက်ပိုင်းက‌နေစပြီး‌တော့ ဘွဲစာ‌ပေမရှိ‌တော့ဘူး။ ဒါ‌ပေမယ့် ၁၉၃ဝခုနှစ်မှာ ‌စောဖိုး‌ခေလို့‌ခေါ်တဲ့ ဘွဲအမျိုး သား‌ကျောင်းအုပ်ဆရာတစ်ဦးဟာ အဂင်္လန်ကို BA ဘွဲ့သွားယူတဲ့အချိန်မှာ သူ သု‌တေသနလုပ်ပြီး ‌ရေးသားပြုစု‌နေတဲ့ ဘွဲကရင် စာ‌ပေ အ‌ကြောင်းအရာကို တင်ပြခဲ့တယ်။ သူ့ရဲ့‌ကျောင်းဆရာမက စိတ်ဝင်စားပြီး သူ့ကို‌မေးတယ်။ ဘွဲမှာ စာ‌ပေရှိလား။ သူက ‌တော့ မရှိဘူးလို့ ပြန်‌ဖြေ‌တော့ ဆရာမက ဘွဲစာ‌ပေတစ်ခုကို ဖန်တီး‌ပေးလိုက်တယ်။ သူဖန်တီးလိုက်တဲ့စာ‌ပေကြ‌တော့ IPA (International phonetic alphabet) လို့‌ခေါ်တာ‌ပေါ့‌နော်။ အဲ့ဒီစာ‌ပေနဲ့ ဖန်တီး‌ပေးတာဖြစ်တယ်။ ၁၉၅၃‌လောက်မှာ အဲဒီ ဆရာမက ဆုံးသွား‌တော့ သူ့တပည့်တ‌ယောက်က ဘွဲကရင်လို အဘိဓာန်‌တောင် ထုတ်‌ပေးလိုက်‌သေးတယ်။ ‌နောက်ပိုင်းမှာ စာ‌ပေက‌တော့ အဲ့လိုပဲ ကျန်ခဲ့တယ်။
၂၀၀၄ခုနှစ်မှာ SIL (Summer Institute of Linguistics) အဖွဲ့က ရန်ကုန်မြို့မှာ သင်တန်းလာဖွင့်တယ်။ မျိုးနွယ်စု‌တွေ ထဲမှာ ကိုယ်ပိုင်စာ‌ပေ ဖန်တီးချင်တဲ့သူ‌တွေကို သူတို့က ဖိတ်‌ခေါ်တယ်။ အဖီးက ဘွဲကရင် မျိုးနွယ်စု ကိုယ်စားသွားတယ်။ အဲဒီ အချိန်မှာ ဘွဲကရင်စာ‌ပေကို ‌ရေးသားခဲ့တယ်။ စ‌ဝေါ်စာကိုပဲ ပြန်ယူထားတယ်။ ဒါ‌ပေမယ့် ဘွဲမှာက အချို့အသံထွက်‌တွေက အမြင့်သံထွက်‌တော့ စ‌ဝေါ်စာကိုပဲ အားလုံးယူလို့မရပြန်ဘူး။ အဲဒါ‌ကြောင့် ဗမာစာကို တချို့ယူလိုက်‌တော့မှပဲ အမြင့်သံ‌တွေက ပိုပြီး‌ပေါ်လာတယ်။ သူတို့ထုတ်‌ပေးလိုက်တဲ့ စာ‌တွေအခုထိ ရှိ‌သေးတယ်။ ကျမပြန်ယူလာတဲ့စာ‌တွေ‌ပေါ့။
အဲ့ဒီ‌နောက်ပိုင်းမှာ‌တော့ TOT ဆရာအတတ်သင်တန်းဖွင့်ပြီး သင်တန်း‌တွေ‌ပေးဖို့အတွက်ကျ‌တော့ ကျမတစ်‌ယောက် ထဲ မလုပ်နိုင်ဘူး။ ‌နောက်ပိုင်းကျ‌တော့ အာဖရိကမှာ စာ‌ပေနဲ့ ပတ်သက်ပြီး ‌ကျောင်းသွားတက်တဲ့ ဆရာတစ်‌ယောက်နဲ့‌တွေ့ တယ်။ သူပြန်လာပြီး ကျမနဲ့လာ‌တွေ့‌တော့ သူ‌ပြောတာက ဘွဲကရင်စာ‌ပေကို ပြန်လုပ်ကြမယ်‌ပေါ့။ အရင်က ‌ရေးသားတဲ့စာ‌ပေ ‌တွေကို သူကြည့်တယ်။ ကျမသူ့ကို‌ပြောတယ်။ ဘွဲစာကိုလုပ်မယ်ဆိုရင် သံ‌တောင်ကြီးမှာပဲ လုပ်ရမယ်။ ဘွဲမျိုးနွယ်စု‌တွေက အဲ့မှာပဲ ရှိကြတယ်‌လေ။ ကျမတို့တက်သွားပြီး‌တော့ ဆရာ‌တွေကို စု‌ခေါ်လိုက်တယ်။ ရန်ကုန်က စာ‌ပေပညာရှင်‌တွေလည်း ပါတယ်။ သူတို့‌တွေအားလုံးလာကြ‌တော့ ကျမတို့ IPA က‌ပေးတဲ့ စာ‌တွေကို‌တော့ အားလုံးမယူဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ သူတို့စာက အရမ်းခက်တယ်။ Phonetic ‌တွေကို ‌ကောင်း‌ကောင်းနားလည်မှ ‌ရေးလို့ရမယ်‌လေ။ ဒါ‌ကြောင့် စ‌ဝေါ်ကရင်စာရဲ့ အသံထွက်ကိုပဲ ယူလိုက်တယ်။ ဆိုလိုတာက က၊ ခ၊ ဂ၊ ဃ၊ ဒါ‌တွေကို ယူလိုက်တယ်။ ကျမတို့မှာ ဂ တစ်လုံးလည်း ရှိရမယ်။ ‌နောက်ပြီး ဃ တစ်လုံးလည်း ရှိရမယ်။ အဲလိုယူထား‌ပေမယ့် ကျမတို့က International Alphabet လိုပဲ‌ရေးတယ်‌လေ။
သ‌ဘောက၊ က ဆိုရင် Ka, ခ ဆိုရင်‌တော့ kh အဲ့လို‌ရေးတာ‌ပေါ့‌နော်။ အသံထွက်က‌တော့ ကျမတို့ ၉လုံးပဲ ယူထား တယ်။ အါး၊ အီး၊ ‌အေး၊ အဲ၊ အု ကျမတို့ ဘွဲကရင်မှာ‌တော့ ထူးခြားတာက အစ်တစ်လုံး ရယ်၊ ‌နောက်ထပ် အသံထွက်တစ်ခု ဖြစ်တဲ့ အိုး အွန်း အွန်း အဲဒီအသံထွက်‌တွေကို ပြန်ထည့်ထားတယ်။
စ‌ဝေါ်ကရင်စာ‌ပေမှာ‌တော့ အဲ့ဒီအသံထွက်‌တွေ မရှိဘူး။ ကျမထင်တာက စ‌ဝေါ်ကရင်စာ‌ပေမှာလည်း ပြန်ပြင်ရမယ် ဥပမာ “အင်းစိန်”ကို သူတို့က “‌အေး‌စေ”လို့ပဲ ‌ရေးလို့ရတယ်‌လေ။ အရင်ဆုံး‌တော့ ကျမတို့က Sunday school သင်တဲ့ ‌ကျောင်း ဆရာ‌တွေကို ‌ခေါ်ပြီးသင်‌ပေးတယ်။ ‌နောက်ပိုင်း ၂၀၁၈ မှာ မျိုးနွယ်စု‌တွေရဲ့စာ‌ပေ‌တွေ မပ‌ပျောက်သွားဖို့တွက် ရည်ရွယ်ပြီး အစိုး ရက မိခင်ဘာသာစကားကို ‌ကျောင်းမှာ သင်ကြားဖို့ အခွင့်အ‌ရေး‌ပေးလာတယ်။ အဲ့ဒါ‌ကြောင့်မို့ ‌ကျောင်းသား‌တွေကို သင်ကြား ‌ပေးဖို့အတွက် ‌ကျောင်းဆရာ‌တွေကို အရင်ဆုံး ‌ခေါ်သင်‌ပေးလိုက်တယ်‌လေ။ ဘွဲကရင်‌တွေကြီးပဲရှိတဲ့ ‌ကျောင်း‌ပေါင်းက ၂၃‌ကျောင်း ရှိတယ် အခုချိန်မှာ။ အဲဒီထဲမှာ‌တော့ ပကူးတို့၊ မိုဘွာတို့ လုံးဝ မရှိတဲ့‌ကျောင်း‌ပေါ့‌နော်။

‌မေး။ ။ ‌ဒေသခံလည်းဖြစ် အသက်အရွယ်အရလည်း အရင်ကာလ‌တွေကို လက်လှမ်းမှီခဲ့တာ မှတ်မိသ‌လောက် မျှ‌ဝေ‌ပေးပါ။
အဖီးရဲ့ ဖြတ်သန်းမှုအရဆိုရင် ဘုရားသခင်ရဲ့ ‌ကျေးဇူး‌တော်‌ကြောင့်ပါပဲ။ ဂျပန်‌ခေတ်ကို ဖြတ်သန်းခဲ့ရတယ်။ အဲ့တုန်း က အဖီးဟာ ၅နှစ်သမီးအရွယ်ပဲ ရှိ‌နေ‌သေး‌ပေမဲ့ အဲ့ဒီအချိန်က အဖြစ်အပျက်‌တွေကို အဖီးက ဒီ‌နေ့အချိန်ထိ ‌ကောင်း‌ကောင်း မှတ်မိ‌နေ‌သေးတယ်။ ဂျပန်‌တွေဝင်လာတုန်းက အဖီးရဲ့ဦး‌လေးတစ်‌ယောက်ကို ခုတ်သတ်ခဲ့‌သေးတယ်။ သူတို့‌တွေ မြင်တာက ‌တော့ များ‌သောအားဖြင့် ကရင်‌တွေဟာ အဂင်္လိပ်(ဗြိတိသျှ)ရဲ့လူ‌တွေလို့ စွပ်စွဲပြီး အပြစ်ရှာကြတာ‌ပေ့ါ။ အဲဒီအချိန်မှာ ပြည်သူလူ ထု‌တွေက‌တော့ ‌ပြေးကြရတာ‌ပေါ့‌လေ။ ‌နောက်ပြီး မြို့ထဲမှာ‌နေတဲ့သူ‌တွေဟာ ဘွယ်ဟီခိုကို တက်‌ပြေးလာကြတယ်။ အဲ့ဒါက ‌တော့ တစ်‌ခေတ်‌ပေါ့‌နော်။
အဖီးရဲ့ က‌လေးဘဝဖြတ်သန်းမှုနဲ့ က‌လေးတစ်‌ယောက်ရဲ့ အမြင်အ‌နေနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အဂင်္လိပ်၊ ဂျပန်၊ ‌ဂေါ်ရခါးနဲ့ ဂျပန်စစ်တပ်‌တွေကိုလည်း မြင်ခဲ့ရတယ်။
‌နောက်တ‌ခေတ်က‌တော့ ၁၉၄၉-၅၃ ကရင်အမျိုးသား‌တွေ ခုခံ‌တော်လှန်‌ရေးစစ်ကို စပြီး ဆင်နွဲတဲ့အချိန်‌ပေါ့။ အဲ့ဒီတုန်း က‌တော့ အဖီးတို့အားလုံးဟာ ‌ကော်သူး‌လေအစိုးရရဲ့ ထိန်းချုပ်မှု‌အောက်မှာပဲ ‌နေ‌နေရတယ်။ ‌တောင်ငူ‌လေးမိုင်က‌နေစပြီး ဒီအ ထက်ပိုင်းတစ်‌လျှောက်လုံးက ကရင်‌တွေရဲ့‌နေရာပဲ။ အဲဒီ‌အောက်ပိုင်းကျ‌တော့ ဗမာစစ်တပ်‌တွေရဲ့‌နေရာ‌ပေါ့။
၁၉၅၃ အဲ့ဒီအချိန်တုန်းက‌တော့ ပြည်‌တော်သာ‌ခေတ်လို့ ‌ခေါ်တာ‌ပေါ့‌နော်။ အဲ့ဒီအချိန်ကို‌တော့ အဖီး ‌ကောင်း‌ကောင်း မှီခဲ့တယ်။ ကျမတို့ကရင်‌တွေ ‌နေထိုင်တဲ့‌နေရာမှာ အခက်အခဲက‌တော့ ‌တောင်‌ပေါ်‌ဒေသဖြစ်တဲ့အတွက် ‌တောင်ယာလုပ်ကို်င်တဲ့ ‌နေရာမှာ ဆန်လုံ‌လောက်မှု မရှိဘူး။ အဲ့ဒါ‌ကြောင့်မို့လို့ ဟိုး မြို့ထဲကိုသွားပြီး ဝယ်စားရတယ်။ အဲဒီလိုသွားတဲ့အချိန်မှာဆိုရင် လည်း စစ်တပ်အ‌စောင့်‌တွေရှိတယ်‌လေ။ အဲ့မှာက ကရင်စစ်တပ်လည်း ‌စောင့်တယ်။ ဗမာစစ်တပ်လည်း ‌စောင့်တယ်။ အဲ့ဒါ ‌ကြောင့်မို့လို့ ‌တောင်‌ပေါ်လမ်းဖက်က‌နေ ပတ်သွားရပြီး ဟိုး‌အောက်ဖက်မှာရှိတဲ့ ဗမာရွာက‌နေ သွားရတယ်။ အဲ့ဒီ‌ခေတ်တုန်းက ‌တော့ အခက်အခဲဆုံးက အစားအစာပါပဲ။ အဖီးတို့ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါ‌ပေမယ့် အဖီးတို့ မငတ်ခဲ့ပါ ဘူး။ ‌ကောင်း‌ကောင်း ဖြတ်‌ကျော်နိုင်ခဲ့ပါတယ်။

‌မေး။ ။ ဘွယ်ဟီခို‌ဒေသရဲ့ အရင် အုပ်ချုပ်‌ရေး အ‌ခြေအ‌နေ‌တွေကိုလည်း ‌ပြောပြပါအုံး။
၁၉၅၃ က‌နေ ၁၉၅၉ခုနှစ်ထိမှာကျ‌တော့ ‌ပြောရမယ်ဆိုရင် နည်းနည်း‌တော့ ငြိမ်းချမ်းလာတယ်လို့ ‌ပြောလို့ရတာ‌ပေါ့ ‌နော်။ အဲ့တုန်းက‌တော့ သန့်ရှင်း ဖဆပလ ‌ခေတ်‌ပေ့ါ‌လေ။ ဒါ‌ပေမယ့်လည်း ‌ရွေး‌ကောက်ပွဲ‌တွေလုပ်လာ‌တော့ ၁၉၅၉ မှာ ဗမာစစ် တပ်က စပြီးနိုင်ငံကို် ချုပ်ကိုင်လာတဲ့အချိန်မှာဆိုရင် ဗမာစစ်တပ်က ကရင်ရွာ‌တွေ ‌တော်‌တော်များများကို ‌ပေါင်းခိုင်းပြီး ဒီမှာလာ ပြီး စု‌ပေါင်း‌နေထိုင်ခိုင်းတယ်။ ဒီသံ‌တောင်လို့ ‌ခေါ်တဲ့‌နေရာက ၁၉၅၉ခုနှစ်မှာ စပြီး ဖြစ်တည်လာခဲ့တာပါ။
အဲ့ဒီ နဝတ၊ နအဖ ‌ခေတ်ကို ပြန်ကြည့်မယ်ဆိုရင် သူတို့လုပ်တဲ့ ဖြတ်‌လေးဖြတ်ကို အဖီးတို့ ‌တောင်‌ပေါ်မှာ‌နေတဲ့ ကရင် ‌တွေက အကြီးမားဆုံး ခံစားရတယ်။ အဲ့ဒီထဲမှာ အဆိုးဆုံးက‌တော့ နင့်ကို သူတို့မယုံဘူး။ နင့်ညီအစ်ကို‌မောင်နှမ‌တွေက ကရင့် ‌တော်လှန်‌ရေးအဖွဲ့ထဲမှာ ရှိတယ်။ နင်ဟာ သူပုန်အမျိုးပဲ။ အဲ့ဒီလိုမျိုး‌တွေကို ကျမတို့ ခံခဲ့ရတယ်‌လေ။ အဲ့ဒီအချိန်တုန်းက အဖီး က ဗမာအစိုးရရဲ့ ‌ကျောင်းဆရာမတစ်‌ယောက်ဖြစ်သလို တစ်ချိန်ထဲမှာပဲ သူတို့က အဖီးကို မြို့နယ်တရားသူကြီးအဖြစ် ‌ရွေးချယ် ခဲ့‌သေးတယ်။ အဲ့တုန်းက‌တော့ အများဆုံးကြုံ‌တွေ့ရတဲ့ အမှုပြဿနာက‌တော့ ၁၇/၁ ပါပဲ။ ဘာ‌ကြောင့်လဲဆို‌တော့ များ‌သောအား ဖြင့်‌တော့ ကရင်စစ်သား‌တွေက ရွာထဲဝင်လာပြီး ပြန်ထွက်သွားတယ်‌လေ။ အဲ့ဒီ‌နောက်ပိုင်းမှာ သူတို့က ရွာသား‌တွေကို အ‌ရေး ယူချင်‌ပေမယ့် ယူလိုမရတဲ့ဟာ‌တွေပါပဲ။ အဲ့ဒါကလည်း အဖီးတို့ ကြုံ‌တွေ့ရတဲ့ အကြီးမားဆုံး အခက်အခဲပါပဲ။
အဖီးက‌တော့ အခု အငြိမ်းစား‌ကျောင်းဆရာမ‌ပေါ့‌နော်။ မြို့နယ်တရားသူကြီးက‌တော့ အချိန်ပိုင်းသက်တမ်းတစ်ခု အတိုင်းအတာ‌လောက်ပဲ လုပ်‌ပေးခဲ့ရတယ်‌လေ။ ၁၉၈၈ မှာ ‌ကျောင်းသား‌တွေ လှုပ်ရှားကြ‌တော့ ‌ကောင်စီလည်း ပျက်စီးသွား တယ်‌လေ။ အဲ့ဒီ‌နောက်ပိုင်းမှာ‌တော့ အဖီးလည်း ‌ကျောင်းဆရာအလုပ်ပဲ ပြန်လုပ်‌တော့တယ်။

‌မေး။ ။ ကရင်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်‌တွေထဲမှာ‌ကော ဘယ်သူ‌တွေကို အဖီး လက်လှမ်းမှီခဲ့သလဲ။
‌စောဘဦးကြီးကို‌တော့ မမြင်ဖူးဘူး။ ‌ကော်သူး‌လေ‌ခေတ်တုန်းကဆိုရင် ဒီမှာလာတာ‌တွေ့ရတာ‌တော့ မန်း‌ရောဘတ် ဇန်၊ ‌စောစံဖိုးသင် တို့‌လေ။ သူတို့က‌တော့ ခနတဖြုတ်ပဲလာကြတယ်‌လေ။ သူတို့ကို‌တော့မှီခဲ့ပါ‌သေးတယ်။
အဖီး ‌ကောင်း‌ကောင်း မှတ်မိတာတခုက‌တော့ အဲဒီ ၁၉၅ဝ ‌လောက်မှာ‌ပေါ့‌လေ။ စ‌ဝေါ်‌မော‌လေး(စ‌ကော‌မော‌လေး)က ဗမာစစ် တပ်‌တွေကို (၇)မိုင်မှာ ခံတိုက်‌တော့ ဗမာစစ်တပ်ရဲ့ သံချပ်ကာ ကားတစ်စီးကို်ဖျက်ဆီးနိုင်ခဲ့သလို သူလည်း အဲ့ဒီတိုက်ပွဲမှာပဲ ကျဆုံးခဲ့တယ်‌လေ။ သူ့ကို ဘွယ်ဟီခိုမှာပဲ စစ်အခမ်းအနားနဲ့ ခမ်းခမ်းနားနား ပြန်လာမြုပ်တယ်‌လေ။ အဲ့ဒါကို‌တော့ အဖီး ‌ကောင်း ‌ကောင်း မြင်ခဲ့ရတယ်။

‌မေး။ ။ မငြိမ်းချမ်းတဲ့‌ဒေသလိုလည်း တစ်ပိုင်းဖြစ်‌နေ‌တော့ ‌ဒေသထဲမှာ ဘယ်လိုပဋိပက္ခ‌တွေ ရှိခဲ့တာရှိလဲ။
အဖီးတို့ ဘွယ်ဟီခိုနယ်‌မြေတစ်ဝိုက်မှာ‌တော့ ဗမာစစ်တပ်ဘက်ကလာပြီး ရက်ရက်စက်စက် သတ်ဖြတ်တာ‌တွေ‌တော့ မရှိခဲ့ဘူး။ တစ်ခုရှိတာက‌တော့ အဲ့ဒီဗမာစစ်သား‌တွေ ရွာထဲကိုဝင်လာပြီး ရွာသား‌တွေကို ရက်ရက်စက်စက် ရိုက်နှက်တာ‌တွေ ‌တော့ ရှိခဲ့ပါတယ်။ များ‌သောအားဖြင့်‌တော့ တိုက်ပွဲ‌တွေ အကြီးအကျယ်ဖြစ်တာက‌တော့ ‌အောက်ပိုင်း‌ဒေသ‌တွေမှာပါပဲ။ အဖီးတို့ ဒီ‌တောင်‌ပေါ်‌ဒေသ‌တွေမှာက‌တော့ တိုက်ပွဲကြီးကြီး‌တွေ ဖြစ်တာ သိပ်မရှိဘူး။ ရှိတာက‌တော့ ကရင်စစ်သား‌တွေက ဗမာစစ်သား ‌တွေကို လာပစ်တယ်။ ပြီး‌တော့ ဗမာစစ်သား‌တွေက ပြန်ပစ်ကြတယ်။ ပြီး‌တော့လည်း ပြီးတာပါပဲ။ တစ်‌ခေတ်ပြီး တစ်‌ခေတ်‌ပေါ့ ‌နော်။ ရွာ‌တွေကို မီးရှို့တဲ့အဆင့်ထိ‌တော့ မရှိခဲ့ဘူး။
ဒါ‌ပေမယ့့် များ‌သောအားဖြင့် သူတို့‌တွေ ဟိုးရွာအပြင်ဖက် ‌ဒေးလိုရွာအ‌ရှေ့ဖက်ကို သွားရင်‌တော့ ဒီက ရွာသား‌တွေကို ‌ပေါ်တာအထမ်းသမားနဲ့ လမ်းပြအဖြစ် ‌ခေါ်သွားတာ‌တွေ‌တော့ ရှိတယ်၊ ပြီးရင်‌တော့ လမ်းမှာ ပစ်ခတ်ကြတာ‌ပေါ့။ အဲ့ဒီ‌နောက် ပိုင်းမှာ‌တော့ ပြန်လာကြပါတယ်‌လေ။
ကရင်နဲ့ ဗမာ‌တွေလို့ပဲ ‌ပြောကြပါစို့။ အဖီးတို့ကရင်‌တွေကို ဗမာ‌တွေ ဘယ်‌တော့မှာ နိုင်‌အောင် မတိုက်နိုင်ပါဘူး။ ဘာ ‌ကြောင့်လဲဆို‌တော့ အဖီးတို့ကရင်‌တွေက ဗမာ‌တောထဲမှာ ကြီးပြင်းလာကြတယ်။ မြို့ထဲမှာဆို‌တော့ တိုက်ပွဲ‌တွေကို တစ်ခါမှ မမြင်ရဘူး။ အဲ့ဒီလိုပဲ ‌တောင်‌ပေါ်‌ဒေသ‌တွေမှာ ‌နေထိုင်ပြီး ဗမာလူမျိုး‌တွေနဲ့ လုံးဝ‌ရော‌နှောပြီး မ‌နေထိုင်တဲ့သူ‌တွေကလည်း မျိုး ချစ်စိ်တ်ကိုယ်စီရှိကြပါတယ်။ အဲ့ဒါ‌ကြောင့် ဘယ်လိုတိုက်ပွဲ‌တွေပဲ ဖြစ်‌နေပါ‌စေ။ အဖီးတို့ကရင်လူမျိုး‌တွေဟာ ကိုယ့်အမျိုးသား ဖက်မှာပဲ ရပ်တည်ကြတယ်။ မျိုးချစ်စိတ်က‌တော့ ရင်ထဲမှာအပြည့်အဝရှိတယ်‌လေ။
အဖီး သတိရမိတာ တစ်ခုရှိတယ်။ အဲ့ဒါ ဗမာ‌လေး‌တွေ ကိုယ်တိုင်‌ပြောတာ‌နော်။ သူတို့‌ပြောတာက ကျ‌နော်တို့‌ခေါင်း ‌ဆောင်‌တွေက ‌ပြောတယ်။ ကရင်‌တွေကို ဘယ်‌တော့မှာ လွယ်လွယ်နဲ့ အပြုတ်တိုက်လို့မရဘူး။ အဲ့ဒါ‌ကြောင့် သူတို့မျိုးချစ်စိတ် နည်းသွား‌အောင်လို့ ‌သွေး‌ရောစနစ်လုပ်ရမယ်။ အဲ့ဒါမှာ မျိုးချစ်စိတ် နည်းလာမှာဖြစ်တယ်လို့ သူတို့‌ပြောတယ်။
အဲဒါ‌ကြောင့် အဲဒီအချိန်တုန်းကဆိုရင် ဗမာစစ်သား‌လေးတစ်‌ယောက်က ကရင်အမျိုးသမီးတ‌ယောက်နဲ့ အိမ်‌ထောင်ကျရင် တစ်ရစ် ရာထူးတိုး‌ပေးတာ‌တွေ ရှိတယ်‌လေ သူတို့မှာက။

‌မေး။ ။ အခုကာလ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေ လုပ်‌နေတဲ့အ‌ပေါ် အမြင်‌လေး ‌ပြော‌ပေးပါလား။
အခု အပစ်အခတ်ရပ်စဲ‌ရေးလုပ်တာကို အဖီးတစ်‌ယောက်အ‌နေနဲ့က‌တော့ သ‌ဘောကျပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီအပစ်အခတ်ရပ်စဲ‌ရေး လုပ်လိုက်တဲ့အတွက်‌ကြောင့်မို့လို့ အဖီးတို့ ကရင့်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်ကြီး‌တွေရဲ့ မျက်နှာကို မြင် ‌တွေ့ရတယ်။ ပြီး‌တော့ သူတို့က အမျိုးသား‌တွေဖက်က မားမားမတ်မတ် ရပ်တည်‌ပေးကြတယ်။ အရင်တုန်းဆို သူတို့‌တွေက ကိုယ်ထင်မပြကြဘူး‌လေ။ ပြီး‌တော့ သူတို့ရဲ့နံမည်‌တွေကိုပဲ ကြားဖူးတာ၊ ကိုယ်တိုင်မမြင်ဖူးဘူး‌လေ။ အဲဒါ‌ကြောင့်မို့လို့ အဲဒါ‌တွေ ကို သ‌ဘောကျတယ်‌လေ။

‌မေး။ ။ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းမှုအ‌ပေါ် အဖီးရဲ့အမြင်က ဘယ်လိုလဲ။
‌ပြောရမယ်ဆိုရင် အဖီးတို့ကရင်လူမျိုး‌တွေဟာ ဟိုးအရင်‌ခေတ်ကတည်းကိုက မိမိကိုယ်ကို နှိမ့်ချတယ်။ ပြီး‌တော့ တန်း တူညီမျှမှုရှိ‌အောင် ကြိုးစားလုပ်‌ဆောင်ကြတယ်။ ဒါ‌ပေမယ့် အခုမြင်ရတာက‌တော့ ဗမာစစ်တပ်ဟာ လူမျိုးကြီးဝါဒဆိုတဲ့အရာက သူတို့ စိတ်ထဲမှာ ရှိ‌နေ‌သေးတယ်လို့မြင်တယ်။ အဲ့ဒါ‌ကြောင့် အားလုံးတန်းတူူညီမျှမှု ရှိ‌အောင်လို့ အဲ့ဒါကို‌တော့ နည်းနည်း‌လျှော့ချ ရမယ်လို့ အဖီးက‌တော့ မြင်တယ်‌လေ။
‌ရှေးကရင်လူကြီး‌တွေက သူတို့ရဲ့ ‌နောင်လာ‌နောက်သား မျိုးဆက်သစ်‌တွေအတွက် ထားခဲ့‌ပေးတဲ့ အား‌ပေးစကား‌လေး ‌တော့ တစ်ခုရှိပါတယ်။ အဲ့ဒါက‌တော့ ‌တောင်ဘယ်‌လောက်မြင့်မြင့် ပုံမှန်ပဲ တက်သွားမယ်ဆို ဘယ်‌တော့ မ‌မောပမ်းဘူး‌ပေါ့။ အဲ့ဒါက‌တော့ အား‌ပေးစကား‌ပေါ့‌နော်။
‌ပြောရမယ်ဆိုရင် အဖီးတို့ဒီ‌ဒေသမှာ‌နေတဲ့သူ‌တွေက‌တော့ ဘွဲကရင်မျိုးနွယ်စု‌တွေပဲ ဖြစ်တယ်။ ကိုယ့်စကားကိုပဲ ကိုယ် ‌ပြောကြတယ်။ သူများနဲ့လည်း ‌ရော‌နှောပြီး မ‌နေဘူး။ အဲ့ဒါ‌ကြောင့် သူများ‌တွေ အနိုင်ကျင့်တာကိုလည်း မခံခဲ့ရဘူး။ ကိုယ့်ဘာ သာကိုယ် ဒီတိုင်းပဲ ‌နေထိုင်ကြတာ‌လေ။ ဒါ‌ပေမယ့် ရိုးရာပုံပြင်တို့၊ စကားထာတို့‌တော့ ရှိကြတာ‌ပေါ့‌နော်။